လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ
♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း
Related Post
Menu
Tuesday, February 28, 2012
ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင် နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးနဲ့ ပြန်လည် စတင်မိတ်ဆက် လိုက်ပါတယ်……
ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင် နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးနဲ့ ပြန်လည် စတင်မိတ်ဆက် လိုက်ပါတယ်……
၁။ ငါကိုယ်ငါ လေးစားမှု့ ရှိနေသေးသ၍ သူများဘယ်လိုထင်တယ်ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး ။
၂။ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။
၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။
**နေရာမှန်**
နေရာမှန်
လပြည့်ညရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
လပြည့်ဝန်းကို
မြစ်ချောင်းအင်းအိုင်
ကန်ရေပြင်ထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
လပြည့်ဝန်း အစစ်က
ကောင်းကင်မှာ …
Sunday, February 26, 2012
နာရီကြည့်တတ်ပါစေ
ဒို့ကျေးရွာဂျာနယ် အတွဲ(၈) အမှတ်(၁၈) ၂၀၁၁ စက်တင်ဘာလ (၁) ရက်နေ့ထုတ် ကာတွန်းငွေကြည် ၏ ဒို့ကျေးရွာ ဟာသလေးအကြောင်း ပြောချင်လို့ပါ၏ ။ ခေါင်းစဉ်က “အဖြေ” တဲ့။ ဦးမြသည် အသက် ၆၀ ပြည့်သော်လည်း နာရီမကြည့်တတ်ပေ။
စိတ်ဓာတ် (Morality)
********************************************************************
စိတ်ဓာတ် (Morality)
တချို့က ပြဿနာကို ရင်ဆိုင်ရမှာ ကြောက်ကြသည်.။
မိန်းမယူပြီး ကလေးတာဝန် မယူချင်သော စိတ်ဓာတ်များလည်း တွေ့ရသည်..။
တချို့က မဆုတ်မနစ် မပြီးမြောက်မချင်း မလျှော့သော ဇွဲဖြင့် စွမ်းဆောင်တတ်ကြသည်..။
အရွယ်နှင့် ရင့်ကျက်မှု .....
******************************************************************
အရွယ်နှင့် ရင့်ကျက်မှု ..(သိသင့်တယ်)
အသက်လေးဆယ်အရွယ်တွင် လူတိုင်း လေးဆယ်၏ အတွေးအခေါ် ၊
အတွေ့အကြုံကို ရမည်မှာ ဆန်းသည်မဟုတ်..။
အရွယ်နှင့်အမျှ ထိုက်တန်သော ရင့်ကျက်မှုကို ရစေသည်မှာ -
မှန်သော်လည်း ထိုအရွယ်မေ၇ာက်ခင် စောစီးစွာ ရင့်ကျက်မှုကို
ဖြစ်စေနိုင်ပါသည် ။
ပေါ့ဆစွာနေသူနှင့် လေးနက်တည်ကြည်စွာ စဉ်းစား တွေးခေါ်သူတို့၏
အရွယ်တူသော်လည်း ရင့်ကျက်မှု ကွာခြားသည်ကို တွေ့နိုင်မည် ဖြစ်သည်..။
တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက်
တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက် PDF Print
Monday, 27 February 2012 01:41    
AddThis Social Bookmark Button
ပြည်တွင်းဒီဇယ်ဈေးများမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဆိုင်တချို့တွင် အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၈၅၀ အထိ မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က တစ်ဂါ လန် ကျပ် ၃၅၀၀ သာရှိသည့် အနေအထားမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဒီဇယ်ဈေး မြင့်တက်သည်ဟုဆိုသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ၀န်းကျင်အထိ ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။ ဇန်န၀ါရီလ ၇ ရက်နေ့က ကမ္ဘာ့ ရေနံစိမ်းတစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေး ရှိပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၀၉ ဒသမ ၆၂ အထိ မြင့်တက်သည့်အတွက် တစ်စည်လျှင် ၇ ဒသမ ၆၉ အမေရိကန်ဒေါ်လာ (၆၂၅၂ကျပ်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်ဂါလန်နှုန်းဖြင့် တွက်ချက်ပါက(တစ်စည်လျှင် ၄၂ ဂါလန်) ၁၄၉ကျပ်သာ မြင့်တက်ခြင်းဖြစ်သည်။
Thursday, February 23, 2012
စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့တဲ့ (ပြဇာတ်)
ပြောင်လျှာရှည်တို့ ကတဲ့ဇာတ်
တိန်ဗျောင် ... တိန်းဗျောင်း ... တိန်းဗျောင်း .... ဒိန်တိန်တိန် ဒိန်တိန်တိန်
ဇာတ်မင်းသားကိုတေဇ ။     ။ မင်္ဂလာရှိတဲ့ မေရီခရစ်စမတ်အကြို ဘားအံမြို့ရဲ့ ညချမ်းအချိန်ခါ သာမယမှာ သားလေတေတေ .... အခုလိုကပြ အသုံးတော်ခံခွင့်ရတာ အထူးပဲ ၀မ်းသာကြည်နူးမိပါတယ်။  ချစ်စွာသော ပရိသတ်အပေါင်း ကိုယ်စိတ်နှပါး ရွှင်လန်းကြပါစေ... လို့ ... အဝေရာဟောတု မေတ္တာပြုလိုက်ပါတယ် ...။
(ပွဲခွင် ပြောင်းသွားပါပြီ ဇာတ်ဆရာ ပွဲသွင်းကောင်းလို့ ဘားအံကို ရောက်သွားပါလေရဲ့ ပရိသတ်ကြီးရေ)
ရွာစားကျော်စိန် ပတ်ရှည်ကလဲ အင်ထရို စပါလေရော (ဒန်းဒန်းဒန်းဒန်း ..)
မင်းသားတေဇ ။     ။ " အဖြူရောင်မမ သိပ်လှနေတော့ ဒီကမင်းသား ချစ်မိတာပေါ့ ... "
မင်းသမီးများ ။     ။ " ချစ်မိတာပေါ့ .. ချစ်မိတာပေါ့ .."
မင်းသားတေဇ ။     ။ " အ၀ါရောင်မမ သိပ်လှနေတော့ ဒီက မင်းသား.. သား.. သား… "
အချိန်ကို ချုံ့၍ရသည်။
အချိန်ကို ချုံ့၍ရသည်။
Time Waits for No Man သည် လူကိုအချိန်က မစောင့်ခြင်းသာ ဖြစ်ပါသည်။
ဥာဏ်ရှိသူအဖို့ အချိန်ကိုချုံ့၍ရကြောင်း ထင်ရှားစွာသိမြင်နိုင်မည်ဖြစ်သည်။ ကြီးမားသော
ဝတ္ထုအတွက် ရွေ့လျားရန် လိမ့်သွားပွတ်မှုအား သုံးခြင်းသည် ရှေးကအချိန်ချုံ့ခြင်း တစ်မျိုးဖြစ်သည်။
ရှေးက တွေ့၇ှိခဲ့ပြီးသောရလဒ်များအတွက် ထပ်မံစမ်းသပ်ခြင်းမပြုဘဲ သင်ကြားခြင်းသည်..
ယခုခေတ်၏ အချိန်ချုံ့ခြင်း ဥပမာဖြစ်သည်။ အသက် 50 မှ ရမည့်အတွေ့အကြုံကို 40 အရွယ်တွင်ရ
အောင် မှတ်သား၊ ဖတ်ရှု၊ ဖလှယ်မျှော်တွေးခြင်းဖြင့် အချိန်ကို ချုံ့၍ရသည်။
ယူတတ်ရင် ပညာပါပဲ
ကျွန်တော်ဒီပို့စ်လေးကို forward mail တစ်ခုကနေရလို့ ပြန်လည် ဖော်ပြလိုက်တာပါ။
စာဖတ်သူများလည်း ဒီထက်မက စဉ်းစားတွေးခေါ်တတ်ပါစေ။ စဉ်းစားစရာ မှတ်သားစရာလေးတွေမို့လို့ ပါ။
တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မအမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံးကျောက်တုံးကြီးကို ခလုတ်တိုက်ကြတယ်။ သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား
”ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာအဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာဂရုစိုက်လိုက်ရင်ပြီးရော မလား”
ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့
အုန်းဖျံ ဒုက္ခသည် စခန်းမီး လူလေးထောင်ကျော် အိုးအိမ်မဲ့ဖြစ်ကုန်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာဒုက္ခသည်များ ခိုလှုံနေထိုင်သော အုန်းဖျံ ဒုက္ခသည်စခန်းတွင် ရပ်ကွက် ၆ ခုကို ကြာသပတေးနေ့က နှစ်နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပြီးနောက် လူဦးရေ လေးထောင်ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသည်။
ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိသော အဆိုပါ ဒုက္ခသည်စခန်းထဲရှိ အမှတ် ၉ ရပ်ကွက်မှ မုန့်ကြော်နေသည့် မီးဖိုမှ တဆင့် မွန်းတည့်ချိန်မှ မွန်းလွဲ နှစ်နာရီခွဲချိန်ထိ အပြင်းအထန် လောင်ကျွမ်းခဲ့ပြီး စခန်းတွင်းရှိ ဇုန် A ရပ်ကွက် ၆၊ ၇ နှင့် ဇုန် B ရပ်ကွက် ၆၊ ၇၊ ၈ တို့မှ အိမ်ခြေ ၅၆၆ လုံး မီးထဲပါသွားပြီး လူဦးရေ ၄၄၁၀ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု စခန်း ဥက္ကဋ္ဌ စောဝါးထီး က မဇ္ဈိမကို ပြောသည်။
လက်ကိုက်ခွေး
လက်ကိုက်ခွေး 
Honey ကို ကျုပ်မွေးတုန်းက နှစ်လသမီး..။ သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့
ဝယ်ဖြစ်လိုက်တဲ့ St.Bernard အမျိုးအစားခွေးမလေး..။ အုန်းခွံေ၇ာင်မှာ..
လည်ပတ် အဖြူဖောက်ပြီး အမွေးရှည်မျိုးဖြစ်ပါတယ်..။ သမီး တစ်ယောက်လို
ချစ်ရတဲ့ သမီးငယ်လို့ ပြောရင်လည်း ရမယ်ထင်တာပဲ..။ ခွေးကြီးမျိုးဆိုတော့
Honey တစ်နှစ်သမီးမှာ (မတ်တတ်) ရပ်ရင် လူတစ်ရပ်ကျော်အောင်ထိ ထွားလာခဲ့ပါတယ်..။
အဖေ့မိုးက ရေပါမိုး
အဖေ့မိုးက ရေပါမိုး
Print Friendly and PDF
မိုးဆိုရင် ရေပါမှ မိုးလို့ အဖေကပြောတယ်..။ ဖက်ဆွတ်မိုးလောက်ကို အဖေက
မိုးလို့ထင်တာမဟုတ်ဘူး...။ ကျွန်တော်ငယ်ငယ်က အဖေက ဆုံးမဖူးတယ်..။
ဘာလုပ်လုပ်သူများနောက်ကတော့မလိုက်နဲ့တဲ့..။ (ရေ) ပါရမယ်ဆိုပါတော့..။
အဖေ့ခံယူချက်က မရွာချင်မရွာနဲ့..၊ ခြိမ်းနေတာလောက်နဲ့ သဘောမကျဘူး..၊
ဖွဲဖွဲလောက်နဲ့လည်းမကျေနပ်ဘူး..၊ လျှံချင်လျှံပလေ့စေ၊ သဲသဲမဲမဲရွာမှ မိုးလို့ခံယူတာ..။
ထက်မြတ်သူတွေနဲ့.. စွမ်း  သူတွေရဲ့ ၀ိသေသကိုး..။
အဖေ့ဆုံးမစကားတွေက အဖေခိုင်းနှိုင်းခဲ့တဲ့ရေထဲ ပါသွားတယ်.
ကျွန်တော့်ဘ၀က ဘာမှဖြစ်မလာဘူး..၊ ဖက်ဆွတ်မိုးလို ဆွတ်ရုံမည်ကာ.
ကျွန်တော့်ဘ၀ အဖေ့အတွက် ဘာမှမပေးလိုက်ရသေးဘူး..။
Wednesday, February 22, 2012
သင်..အားနာတတ်ပါသလား…????မကောင်းသော အားနာခြင်းမျိုးများ”
သင်..အားနာတတ်ပါသလား…????မကောင်းသော အားနာခြင်းမျိုးများ”
(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်
မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က
ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏
စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်
မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်
အားလုံးပြေလည်သွားနိုင်သည်။
အားမာန်နှင့်ရှင်သန်ခြင်း
ငါစိုက်ထားတဲ့အပင်တွေအတွက်..
တစ်ခါတလေ..
ငါ စိုးရိမ်စိတ်တွေမလိုအပ်ဘဲ..
ဝင်မီတယ်..။
ဒီအပင်တွေ
တောင်ကုန်းတစ်ဝက်သေသွားဦးတော့
တစ်ဝက်ကျန်နေမှာပဲလေ..။
နည်းပညာမရှိရင် ကြီးမားတဲ့ သစ်တုံးကြီးတောင်.. သွားကြားထိုးတံဖြစ်တတ်တယ်..။
Print Friendly and PDF
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးဟာ ကုန်ပစ္စည်းတစ်ခုလုပ်ဖို့ ရွာတစ်ရွာကို
သစ်တုံးကြီးတစ်တုံးစီပေးတယ်တဲ့…
ရွာတစ်ရွာမှာတော့ သူကြီးက တုံးခေါက်ပြီး.. ရွာသားတွေကို စုဝေးစေသတဲ့..။
ပြီးတော့ သူကြီးက ဘရင်ကြီးပို့လိုက်တဲ့ သစ်တုံးပေါ်မှာ ခန့်ခန့်ညားညားကြီးရပ်ပြီး..
ဘုရင်မင်းမြတ်က.. ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ ရွာတစ်ရွာကို သစ်တုံးကြီးတစ်တုံးစီ..
ပေးသနားတော်မူတယ်….
ကဲ….
သစ်တုံးကြီးကို ဒို့ဘာလုပ်ရင်ကောင်းမလဲ.. လို့ ရွာသားတွေကို မေးတယ်တဲ့..။
ရွာသားတွေလည်း သစ်တုံးကြီးကို ဟိုပတ်လိုက် ဒီပတ်လိုက်ကြည့်ပြီး..
သူကြီးကို ဒီလောက်ကြီးတဲ့ သစ်တုံးကြီးကို လှေထွင်းရင်ရလောက်တယ်…လို့ပြောတော့
အားလုံးသဘောတူပြီး… လှေထွင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်..။
(၂၁)ရာစုထဲက အရှုံးမပေးတဲ့ လူငယ်တွေ
(၂၁)ရာစုထဲက အရှုံးမပေးတဲ့ လူငယ်တွေ
• ဘ၀ကိုလွယ်လွယ်ကူကူ ဖြတ်သန်းခွင့်ရခဲ့သူဟာ. ဘ၀ရဲ့ လေးနက်တဲ့ အရသာတွေကို ခံစားဘူးမှာမဟုတ် ဒါကြောင့် မတည်ငြိမ်ဘဲ မြုပ်လိုက်ပေါ်လိုက် ဖြစ်နေမှာပါ **
• ငါတော်တယ် တတ်တယ်ဆိုတဲ့ လူအချို့ကို ခေါ်လာခဲ့ပါ.. ခင်ဗျာ မသိသေးတာတစ်ခုတော့ရှိပါတယ်လို့ ကျွန်တော်ပြောလိုက်မယ်**
• ဒီခေတ်ဟာ ကျွန်တော်တို့လူငယ်တွေအတွက် မနေ့ကထက် မနက်ဖြန်တိုင်းဟာ ပိုပြီးတောက်ပနေမှာပါ**
• သူငယ်ချင်းတို့ရေ မင်းရှေ့ကိုကြည့်လိုက်ရင် တန်းစီနေတဲ့ လူတွေအများကြီးပါ.. ဒီလိုဘဲ မင်းနောက်ကို ကြည့်လိုက်ရင်လဲ တန်းစီပြီး ရပ်စောင့်နေတဲ့သူတွေ အများကြီးတွေ့မှာပါ**
“နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ”ဟု ဦးရွှေမန်း ပြော
ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် အဂတိ ရှောင်ရှားကာ သတ္တိရှိစွာဖြင့် ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ၌ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။
“သူတို့တွေ ကြောက်နေကြသေးတယ်။ ပြောလိုက်ရင် ဘာဖြစ်မလဲဆိုပြီး ကြောက်နေကြသေးတယ်။ ကိုယ်ပြောလိုက် လို့ ဒုက္ခရောက်မှာ ကြောက်တယ်ဆိုတာ အဂတိတရား လိုက်စားတာ။ ဒါကြောင့်မို့လို့ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ခင်ဗျားတို့ အဂတိရှေးရှုစေသော အပြုအမူများ မဖြစ်စေနဲ့။ နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ” ဟု လွှတ်တော် ကိုယ်စားလှယ်များကို ရည်ညွှန်း၍ ဦးရွှေမန်းက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရန်ကုန်တိုင်းလွှတ်တော်တွင် သတင်းမီဒီယာများနှင့် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
၎င်းကိုယ်တိုင်လည်း လိုက်နာကျင့်ကြံသည့် အနေဖြင့် ဖေဖေါ်ဝါရီ ၇ ရက်နေ့က ဝန်ထမ်း လစာတိုးရေးနှင့် ပြည်သူ့ငွေ များဖြင့် စံမံကိန်း အကောင်အထည်ဖော်မှုများကို စိစစ်လျှော့ချရန် ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြောဆိုခဲ့သည် ဟု ဆိုသည်။
ကိုဘမောင်နှင့် ဗေဒင်ဆရာ
ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့် လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”
ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”
ငါတို့ကရှေ့နေကွ
ငါတို့ကရှေ့နေကွ
From mail
အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ။
ရှေ့နေ ၃ ယောက်၊ စာရင်းစစ် ၃ ဦးတို့ ရထားဖြင့် ခရီးသွား ကြသည်။ စာရင်းစစ် ၃ ဦးက လက်မှတ် ၃ စောင် ၀ယ်သော်လည်း ရှေ့နေ ၃ ဦးက လက်မှတ် ၁ စောင်သာ ၀ယ်သဖြင့် တရားမ၀င် ရထား စီးသည်ဟု စာရင်းစစ် ၃ ဦးက ပြစ်တင် ဝေဖန် ကြသည်။ ရှေ့နေ ၃ ဦးက “ငါတို့က ရှေ့နေကွ” ဟုပြန်ပြောသည်။ 
မကြာမီ ရထား ထွက်၍ ရထား လက်မှတ် လာစစ် နေသည်ကို တွေ့သော အခါ ရှေ့နေ ၃ ဦးက ရထား နောက်ဖက် အိမ်သာသို့ ၃ ယောက်စလုံး ၀င်၍ တံခါး ပိတ်လိုက် ကြသည်။ လက်မှတ်စစ်က အိမ်သာ တံခါး ပိတ်ထား သည်ကို တွေ့၍ တံခါး လာခေါက်သည်။ အိမ်သာ တံခါး အနည်းငယ် ဟ၍ ရထား လက်မှတ်ကို ပေးလိုက်သည်။ 
အမြင် (Vision)
အမြင် (Vision)
မြင်သိနိင်သော စွမ်းအားဖြစ်သည်..။ အပြောင်းအလဲ
မြန်ဆန်သော ခေတ် ဖြစ်သည်နှင့်အမျှ ပိုမိုမြင်နိုင်သောသူက ပို၍
အောင်မြင်မည်ဖြစ်သည်..။
သာမန် ရောင်းဝယ်ဖောက်ကားသူထက်
ရာသီဥတု၊ သုံးစွဲနိုင်သောအား ၊ လူများ။ အကြိုက်ကို မြင်နိုင်သူက ပို၍ အမြတ်အစွန်း
ရမည် ဖြစ်သည်.။ ဖောက်ကားခြင်းထက် သိုလှောင်ခြင်းက အမြတ်အစွန်းများလာနိုင်သည်..။
Tuesday, February 21, 2012
မျှော်လင့်နေမယ့်သူပါ
မျှော်လင့်နေမယ့်သူပါ
   * ခံစားခွင့်ရဖို့     ချစ်ခဲ့တာမဟုတ်ပါသလို
   * မထင်ခဲ့သူပါ      လွတ်လပ်စွာချစ်နိုင်ခွင့်
   * လူတိုင်းမှာရှိပါတယ်  ချစ်ရသူ
   * အတူတူမက်တဲ့ အိမ်မက်တွေကို
   * ဘယ်ဂုဏ်ဓန တွေနဲ့ တားတား
   * အချစ်ဆိုတဲ့ အရာနဲ့ ဖြတ်ကျော်ပါ
   * စက်ဝိုင်းကွင်းမှာ ဆန်ကျင်ဘက်အရပ်ဆီ
   * နှစ်ယောက်သွားခဲ့ရင်တောင်
   * တစ်ချိန်မှာ ဆုံဆည်ကြမှာပါ
   * ချစ်တယ်ဆိုတဲ့ စကားကိုကြားဖို့ 
   * အကြိမ်ကြိမ် အရှူံးပေးနေတဲ့သူကို
   * မျှော်လင့်ချက်လေး ပေးနိုင်မယ်ဆို
   * တစ်ချိန်ချိန်ကျရင် ကိုယ်ရင်ခွင်ကို
   * ပြန်လာခဲ့ပါ
ဆိုးမွေ - ကောင်းမွေ
**********************************
ဆိုးမွေ - ကောင်းမွေ
ဦးဆောင်သူ၏ ဆိုးမွေ - ကောင်းမွေကို နောက်လိုက်များ အမွေလက်ခံခြင်းအပေါ်
ငြင်းသူရှိမည်မဟုတ်.. ။ ရိုးစင်းသော နှစ်ပေါင်း အရာ၊ အထောင်မှ စကားချပ်
ဖြစ်သော်လည်း လိုက်နာသူရှိသလို အရေးမထားသူများလည်း ရေတွက်၍ မကုန်..။
လောက နှင့် သင်
************************************************
 လောက နှင့် သင်
တစ်လောကလုံး မင်းကို ပြုံးပြမယ်လို မထင်နဲ့
သူ့အပူနဲ့ သူ...
မင်းကတော့ ခေါင်းငုံ့ရင်းလည်းပြုံး အမုန်းတွေ ချည်နှောင်မထားနဲ့ အထုံးတွေဖြေ..။
လမင်းငယ်
လမင်းငယ်
ထိုကဗျာလေးကို ဖတ်ရှု့သောသူငယ်ချင်းများ မမြင်ရပါက ကလစ် တစ်ချက်နှိပ်၍ ကြည့်ပေးပါရန်
မေတ္တာရပ်ခံပါတယ်.
ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ
ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ
ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတွေပေါ်မှာ သွားလာနေကြသူတချို့ (နိုဝင်ဘာလ ၆၊ ၂၀၁၁)
ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၅၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ တဖြည်းဖြည်းတက်လာနေတဲ့ရေဟာ ဘန်ကောက်မြို့ပြင်က နံမည်ကြီး Chatuchak လေဟာပြင်ဈေးကိုပါ ခြိမ်းခြောက်လာနေပြီလို့ ဆိုပါတယ်။
စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်
  စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁
စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများ၏ ကျောင်းလခများမြင့်တက်သွားခြင်းကြောင့် ၎င်းကျောင်းများတွင်သွားရောက်ပညာသင်ယူရန် ပြင်ဆင်နေကြသည့် မြန်မာကျောင်း သားများအတွက် အခက်အခဲကြုံ တွေ့နိုင်ကြောင်း စင်ကာပူပညာရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်သည်။
စင်ကာပူအစိုးရသည် လာမည့်စာသင်နှစ်မှစတင်၍တက္ကသိုလ်များ၏ ပညာသင်စရိတ်ကို ၄ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းနှင့် ပိုလီကျောင်းများ၏ ပညာသင်စရိတ်ကို ၂၂ရာခိုင် နှုန်းမှ ၂၈ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ “ပိုလီကျောင်းလခတွေက တချို့ပုဂလိကကျောင်းတွေရဲ့ ဒီပလိုမာသင်တန်းကြေးထက်ကို ကျော်သွားပြီ။ အခု သင်တန်းကြေး စင်ကာပူဒေါ် လာ ၅၀၀၀၊ ၆၀၀၀ကနေ ၈၀၀၀လောက်ထိပေးရမယ့် ဘာသာရပ်တွေရှိတယ်။ ဒီတစ်ခါတက်တာကြမ်းတယ်။ နောက်ဆို ပိုက်ဆံချေးပြီး အလုပ်သွားလုပ်သလိုဖြစ်လာမယ်။ ကျောင်းသွားတက်ပြီး အလုပ်လုပ်မယ်ဆိုရင် မကိုက်လောက်တော့ဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။
လစာတိုးဖို့ ဦးရွှေမန်း သဝဏ်လွှာထပ်ပို့
ချင်းမိုင် (မဇ္ဈိမ) ။        ။ ဝန်ထမ်းများ လစာတိုးရေး အဆိုကို ဘဏ္ဍာရေးဝန်ကြီးက ငြင်းပယ်လိုက်ပြီးနောက် သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့တွင် သဝဏ်လွှာပေးပို့ကာ ထပ်မံ တောင်းဆိုလိုက်သည်။
ဖေဖေါ်ဝါရီလ ၂၁ ရက် ရက်စွဲဖြင့်ပေးပို့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “ဝန်ထမ်းတဦး၏ လစာ သည် အနည်းဆုံး တသိန်းဖြစ်သင့်ပြီး ထိုက်သင့်သည့် အခွန်များ နုတ်ပယ်ပြီးပါက ရှစ်သောင်းခန့် ကျန်ရှိနေသင့်
ကြောင်း” ပါရှိသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
နေပြည်တော် အနီးပတ်ဝန်းကျင်ရှိ အခြေခံလုပ်သားတို့၏ တနေ့လုပ်ခ ကျပ် နှစ်ထောင်သာ ရှိပြီး၊ ကျွမ်းကျင် လုပ်သား
နှင့် လုပ်သက် ငါးနှစ်အထက် လုပ်သားများမှာ တနေ့ဝင်ငွေ သုံးထောင်မှ ငါးထောင်သာ ရရှိနေသည်ကို သူ၏ သဝဏ်လွှာတွင် ထောက်ပြထားကာ အစိုးရဝန်ထမ်းများ လစာတိုးပေးသင့်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း
ရေးသားထားသည်။
“ဝန်ထမ်းကောင်းမှ အစိုးရကောင်းမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းဖို့ဆိုတာက သူတို့ရဲ့ လုပ်ခ လစာတွေဟာ
လျော်ကန်သင့်မြတ်တဲ့ လုပ်ခလစာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကလည်း ဥပဒေပြုရေး အတွက် စေတနာ
ကောင်း စိတ်ထားကောင်းနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်” ဟု ဦးရွှေမန်း၏ သဝဏ်လွှာ တွင် ပါရှိကြောင်းလည်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
ခြေလှမ်းများ...
**************************************
ခြေလှမ်းများ...
ရှေ့တိုးဖို့ပဲ
အလောတကြီး ကြိုးစားမနေနဲ့....
တခါတလေ
နောက်တစ်လှမ်း နှစ်လှမ်း ဆုတ်လိုက်ခြင်းဟာ..
ကြည်လင်တဲ့ ကောင်းကင်ကြီးနဲ့..
ကျယ်ဝန်းတဲ့ ပင်လယ်ကြီးကို  တွေ့ရှိခြင်းပဲ...။
လမ်းဘေးက သစ်ပင်အိုပမာ..
*************************************
လမ်းဘေးက သစ်ပင်အိုပမာ..
ငါဟာ လမ်းဘေးက သစ်ပင်အိုလေ.. မင်းကတော့ ခရီးသွားပေါ့..
တစ်ခါတုန်းက မင်းငါ့အရိပ်မှာ လာနားတုန်းက ငါကြည်နူးလိုက်တာ..
ပေးဆပ်သူတို့ လျှောက်သောလမ်း..
**********************************************
ပေးဆပ်သူတို့ လျှောက်သောလမ်း..
လောကလှိုင်းတံပိုးကြားမှာ ... မင်းမောနေသလား..
ငါ့နားခဏလာလဲလျောင်း .. မင်းမျက်လုံးတွေ မှိတ်ထား ..
အတိတ်က ကြောင်းတွေမေ့လိုက် ... တိုးတိုးလေးသီးချင်းနဲ့ ချော့သိပ်မယ်..
လောကရဲ့အလှတရားတွေကို ... မင်းနားထောင်ပြီး အိပ်လိုက်..။
Monday, February 20, 2012
တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းချက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သရုပ်ဆောင်မင်းအုပ်စိုးအား မူးယစ်ရမ်းကားသောကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထား
သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ မင်းအုပ်စိုးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် မူးယစ်ရမ်းကားသောကြောင့် ဗဟန်းရဲစခန်းမှ သက်ဆိုင် ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို ၂ ရပ်ကွက် ဖိုးစိန်လမ်း ဟောလီးဒေးစားသောက်ဆိုင်ထောင့်၌ ပုံထားသော သစ်ကိုင်း ခြောက်များကို မီးရှို့သဖြင့် လာရောက် မီးငြှိမ်းသတ်သောမီးသတ်များကို အော်ဟစ်ဆဲဆိုခြင်း၊ တုတ်ဖြင့် ရမ်းခြင်းအပါအ၀င် လမ်းသွားလမ်းလာများကို လိုက်လံထိုးနှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
လူ့ဘ၀ဆိုတာ
ပေဖူးလွှာမှ ကိုးကားထားခြင်းပါ .. လေးစားလျက် ..။ လမင်း
အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း
အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း
လောကတွင် အဖြစ်လုပ် ကြသူများနှင့် အလုပ်ဖြစ် ကြသူများကို
နေရာတိုင်းမှာ တွေ့နိုင်မည် ဖြစ်သည်...။ အလုပ်လုပ်ကြသည် ချင်းတူသော်လည်း
အနှစ်သာရအားဖြင့် ကွဲပြားခြားနားသည်..။ တစ်ချို့ မိမိ ကိုယ်ကို  အဖြစ်လုပ် သူလား
အလုပ်ဖြစ် ကြသူလားကိုပင် ကိုယ်တိုင်မသိရှိကြချေ..။ 
အမေဟာအမေပါ။
အမေဟာအမေပါ။
တုနှိုင်းမရတဲ့အမေလည်းဖြစ်ပါတယ်။
အမေ့ဆုံးမသံတွေက အလင်္ကာမမြောက်ပေမယ့် သဒ္ဒါပေါက်တယ်..။
မွေးကတည်းက (အူဝဲ) ဆိုတဲ့အသံနဲ့အတူ ခြေစုံကန်ပြီး
အတောင်စုံလို ကျောခိုင်းကြတဲ့အထိ ခွင့်လွှတ်ခြင်းပေါင်းများစွာနဲ့
အကြင်နာပေးနိုင်ကြသော အမေများရဲ့ မဟာကရုဏတွေပါ...။
Sunday, February 19, 2012
ပုဂံဒေသ Historical Park သို့မဟုတ် Archaeological Park တည်ဆောက်ရေး ဆွေးနွေး
ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် အနာဂတ်တွင် Historical Park သို့မဟုတ် Archaeological Park တည် ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ဖေဖော်ဝါရီ ၁၅ ရက် က ကျင်းပသည်။ ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ရှေးဟောင်းသုတသေန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နှင့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မူရင်းလင့်လေးပါ..
http://burma.irrawaddy.org/archives/6286
အခွင့်အရေးသမားတွေဖြစ်နေတာ ရှက်တတ်စမ်းပါ
အခွင့်အရေးသမားတွေဖြစ်နေတာ ရှက်တတ်စမ်းပါ
‘ပြည်ထောင်စုအရေးနှင့် အတွေးအမြင်များ’ အမည်ရှိစာအုပ် ထုတ်ဝေတယ်ဆိုတော့ စိတ်ဝင်စားပြီး သွားကြည့်လိုက်တယ်။ ထုံးဆန်အတိုင်းပဲ သူတို့ပြည်နယ် သူတို့လူမျိုးစုအတွက် အခွင့်အရေးတောင်းထားတာကြီး ဖြစ်နေတယ်။ ငါတို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ဒါ့ကြောင့် ဟိုအခွင့်အရေး ရသင့်တယ်။ ဒီအခွင့်အရေးရမှ ဖြစ်မယ် (ဗမာလဲ တိုင်းရင်းသားပဲဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ တိုင်းရင်းသားလူများစုဖြစ်တာနဲ့ တိုင်းရင်းသားလူနည်းစုဖြစ်တာပဲ ကွာခြားတာပါ) စသဖြင့် ၊ စသဖြင့် အခွင့်အရေးတောင်းထားတဲ့ စာအုပ်ကြီးဗျ။ တကယ့် အတ္တကြီးတဲ့ သူတွေပဲဗျာ။ ခင်ဗျားတို့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်း တွေက ယောကျားတွေဖြစ်ပြီး. . . ဘာလို့ အခွင့်အရေးတွေပဲ ထိုင်တောင်းနေကြတာလဲ? အမြဲဆိုသလို ခင်ဗျားတို့ ပြည်နယ်နဲ့ လူမျိုးစု အခွင့်အရေးပဲ တောင်းနေကြတယ်။ မင်းတို့ မိဘတွေက လူ့ဘ၀ဆိုတာ အခွင့်အရေးပဲ တောင်းနေရမယ်လို့ သင်ပေးထားတယ် ထင်တယ်။ အမိနိုင်ငံကို ချစ်ရကောင်းမှန်း … .. မသိ.. . အမိနိုင်ငံအပေါ်မှာ တာဝန်ကျေရမှန်း . . . မသိကြဘူးနော်။ ခင်ဗျားတို့ကို အခြေခံ လူကျင့်ဝတ်လေး တစ်ခုကို ပြောပြမယ်ဗျ။ နိုင်ငံသားရဲ့ အခွင့်အရေးကို လိုချင်ရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုသိရမယ်.. ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လဲ ကြိုးစားရမယ်ကွ။ လူပီသချင်ရင် မင်းတို့တွေ နေ့စဉ်နဲ့အမျှ အခွင့်အရေးပဲ တောင်းနေတာကိုရပ်ပြီး
မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်
၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့်
နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။
အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။
အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။
“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။
အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။
ဦးလေး အမြည်းနော်
ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။
ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။
သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။
အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။
အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။
အစိုးရက အများပြည်သူသို့ ရွှေများထုတ်ရောင်း
ရန်ကုန်၊ ဒီဇင်ဘာ-၁၂
နိုင်ငံတော်အစိုးရမှ ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ရွှေများထုတ်ရောင်းနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးလျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်ရေးနှင့်အသုံးပြုသူများ အရည်အသွေးမြင့်ရွှေသုံးနိုင်ရန်အတွက်  ရည်ရွယ်ရောင်းချခြင်းဖြစ်ကြာင်းသိရသည်။
ရန်ကုန်နှင့် နေပြည်တော်ကျောက်မျက်ရတနာပြခန်းတွင် ရောင်းချပေးလျက်ရှိပြီး မန္တလေး၌ အစိုးရဘဏ်တစ်ခုနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့တွင် ရောင်းချပေးနေကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရသည်။
    ရောင်းချမှုပုံစံမှာ သာမန်ပြည်သူများအပြင် ရွှေလုပ်ငန်းရှင် များကိုပါ ရောင်းချပေးပြီး ရောင်းချမှုပမာဏကန့်သတ်ထားခြင်း မရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ဖြစ်၍ စာရင်းပေးဝယ် ယူနိုင်သည်ဟုသိရသည်။
အမည်မသိသောသူ
အမည်မသိသောသူ
ငါဟာ အရင်တုန်းကနဲ့မတူ .. ပြောင်းလဲနေခဲ့သူ
ငါဟာ ဖြတ်လို့ ငါမနိုင် .. ငါပြန်ခေါ်ရတဲ့သူ
အတွေးကြကြ ပြတ်ပြတ်သားစကား .. ငါထက်လုပ်လို့မှား...
သီချင်းတစ်ပုဒ်လို သူ့စာသား... ငါဟာ သံဇဉ်လေးပါလား..
အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
ကျွန်တော်ဟာ ၂၁ ရာစုထဲမှာ လမ်းလျှောက်နေရတဲ့ လူငယ်တစ်ယောက်ပါ
ကျွန်တော်တို့ ခေတ်မှာတော့ အရမ်းကို တိုးတက်လာပါပီ .. နည်းပညာ၊ အတတ်ပညာ
ပိုင်းဆိုင်ရာ ဗဟုသုတ၊ ပညာများနှင့်အတူ တိုးတက်ခေတ်မှီလာသည့် ခေတ်ကြီး တစ်ရက်လည်း
ဖြစ်ပေသည်..။
ကျွန်တော်သိခဲ့တဲ့ ခေတ်ကြီးမှာ ငွေဟာလည်း ဒုတိယ ဘုရားသခင် အဖြစ် သတ်မှတ်နေရာယူ
ဝင်ရောက်လာပါတယ်.. ဘယ်လောက်တောင်လဲဆိုတော့ ပျက်စီးမှုအားလုံးအတွက် ငွေအဖြစ်အစားထိုး
လဲလှယ်ခြင်းဟာ လူတွေရဲ့ စိတ်ထဲမှာ ၇၅ / ၈၀ % လောက် ဒီလိုတွေပါဘဲ.. ကျွန်တော့် ပတ်ဝန်းကျင်မှာ
မြင်နေထင်နေရပါတယ်.. ။
နွားကလေးနို့ နွားကြီးစို့
*********************************************************************
နွားကလေးနို့ နွားကြီးစို့
လူငယ်တွေပြုသမျှကို အကောင်းမမြင် အကြောင်းထင်တတ်တဲ့ လူကြီးအချို့
အဖြစ်မရှိ အတတ်ဆန်းတယ်ဆိုကျသော လူကြီးအချို့
သူတို့တတ်သူတို့သိအစုံသိသောလည်း သူတို့မသိတာတစ်ခုတော့ ရှိပါတယ်..။
လူကြီးတွေကများသောအားဖြင့် သူတို့လုပ်သမျှကို ကောင်းတယ်ထင်ကျသူတွေပါ..
လူကြီးတွေရဲ့ အတွေးအခေါ်တွေက တခါတလေ လူငယ်တွေနာခံစရာကောင်းပေမဲ့
နည်းလမ်းကျသောလဲ.. တခါတလေ အတွေးခေါ် ဟောင်းကြီးတွေ ဖြစ်နေပါတယ်
တစ်ချို့ လူကြီးတွေကလည်း လူငယ်တွေအပေါ် နားလည်ပေးတတ်ကျတယ် စကားလုံး လှလှလေးတွေနဲ့
ပညာတွေပေးတတ်ကျပါတယ် .. အဲ့ဒီအခါကျရင်တော့ လူငယ်တွေ သဘောကျလေ့ ရှိတတ်တာပေါ့...
Saturday, February 18, 2012
************************************************************
သဘာဝပေးတာတွေ
သဘာဝသည် လူတိုင်းကို မြင်နိုင်သည့်အရာတွင် ဘာမှ ပိုမပေးခဲ့..။
ကျား နှင့် မ ခွဲခြားရုံမျှဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ညီမျှစွာပေးခဲ့သည်။
မျက်လုံး ၊ နား ၊ နှာခေါင်း ၊ ခြေ ၊ လက်စသည် တို့ကို တစ်စုံစီပေး၍
ပါးစပ်ကို တစ်ပေါက်တည်း ပေးခြင်းမှာ နည်းနည်းပြော၍ များများလုပ်စေရန်ဖြစ်သည်..။
သည်နေ့ညံ့သော်လည်း မနက်ဖြန်တော်နိုင်သည်
*******************************************************************
သည်နေ့ညံ့သော်လည်း မနက်ဖြန်တော်နိုင်သည်
လူတိုင်း မွေးကတည်းကတော်ကြသည်မဟုတ်။ ညံ့ပြီးမှ
တော်ကြသူတွေ အများကြီးရှီ၏..။ ကမ္ဘာကျော် အဲလ်ဘတ်
အိုင်းစတိုင်းသည် ငယ်စဉ်ဘ၀မှာ ထူးချွန်ခဲ့ခြင်းမရှိဘဲ
တက္ကသိုလ်ဝင်ခွင့် ထပ်ဆင့်ဖြေခဲ့ပြီးမှ ကမ္ဘာကျော်ခဲ့ခြင်း
ဖြစ်သည်..။
သူရ ဦးရွှေမန်းတင်သည့် ဝန်ထမ်းလစာတိုးရေးအဆို ဦးသိန်းစိန်အစိုးရ ပယ်ချ
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်း လစာများ မဖြစ်မနေ တိုးမြှင့်ပေးရေး အဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု အစိုးရက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း (ဓာတ်ပုံ - AP)
ပြည်ထောင်စု အစိုးရသည် ပြည်တွင်း၌ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ ကျင့်သုံးမှုများ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ဖျက်သိမ်းမည်ဆိုသည့် FEC က ဒေါ်လာထက် တန်ဖိုးတက်
မြန်မာအစိုးရက FEC (Foreign Exchange Certificate) ငွေကြေး ဖျက်သိမ်းမည်ဟု တရားဝင် ထုတ်ဖော်ပြောဆို ထားသော်လည်း လက်ရှိတွင် FEC သည် အသုံးပြုမှုကျယ်ပြန့်နေပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာထက် ပိုမိုတန်ဖိုးမြင့်ကာ ၀ယ်ယူစုဆောင်းသူ များပြားကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက FEC ဖျက်သိမ်းရန် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ အစိုးရကိုယ်တိုင်က FEC ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လက်ခံသုံးစွဲလျက် ရှိနေခြင်းကြောင့် FEC တန်ဖိုး မြင့်မားလာခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးအသိုင်းအ၀န်းမှ သိရှိရသည်။
စူးတဲ့ဆူး / ဆူးမဲ့ဆူး
***************************************************************
စူးတဲ့ဆူး / ဆူးမဲ့ဆူး
ငယ်ငယ်ကမဆင်မခြင်ကိုင်မိလို့ နှင်းဆီဆူး စူးဖူးတယ်..။
အရွယ်လေးမရှိတရှိ ဖြစ်လာတော့ နှင်းဆီဆူးထက် ပိုနက်တဲ့ဆူး
တွေက ကျွန်တော့ရင်မှာ အပြည့်..။
ရယ်စရာ ပြုံးစရာ ဟာသ ကာတွန်းလေးတွေပါ..။
အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
***************************************************
ယနေ့ IQ မြင့်မားသော ကလေးငယ်များသည် ဖြစ်၍ အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
IQ မြင့်မားလာတဲ့ ကလေးငယ်များ ယနေ့ခေတ်တွင် ပေါ်များလာတာ သိသိသာသာပါပဲ..
ယနေ့ခေတ်ဟာ coumputer ကို ဖတ်မွေးလာသောကြောင့် ညံ့သူမရှိနိုင် ဖျင်းရင်သာ ဘာမှမတတ်နိုင်ပါ..။
အတတ်ပညာ မြန်ဆန်တိုးတက်လာသောကြောင့် အသိပညာမှာလည်း ကြွယ်ဝလာကြပါတယ်..
Friday, February 17, 2012
ဆောင်းရွက်ကြွေ ချစ်သက်သေ
**********************************************
ဆောင်းရွက်ကြွေ ချစ်သက်သေ
အေးမြသော် ရင်ခွင်ထဲကို
လေပြေလေညှင်းနဲ့ အတူ
ရှုရှိုက်ရင်း ပြန်လည် နိုးထခဲ့ပြီ
ချစ်သက်သေ..
ယနေ့ခေတ် မိန်းကလေးဦးရေ များလာသည်ဖြစ်၍ ယော်ကျားလေးများ တန်ဖိုးထားပါ..
**************************************************************************
ယနေ့ခေတ် မိန်းကလေးဦးရေ များလာသည်ဖြစ်၍ ယော်ကျားလေးများ တန်ဖိုးထားပါ..
မွေးလိုက်တိုင်း မိန်းကလေး .. မိန်းကလေး များလာသောကြောင့်
အမှန်တကယ်ဘဲ မိန်းကလေး ဦးရေ ကမ္ဘာမှာ များလာသည်ကို မြင်တွေ့ရပါသည်..။
ထို့ကြောင့် မိန်းကလေးများ သည် ယောက်ျားလေးများနှင့်အတူ ရင်မောင်တန်းလာပါပြီး
ယောက်ျားများနှင့်အတူ ရဲရင့်လာပါပြီး...
ဟိုတုန်းက မိန်းကလေး ပြုလုပ်ကြသော အလှအပ နှင့် မီးဖိုချောင် ကိစ္စများကို
ယနေ့ခေတ် များသောအားဖြင့် ယောက်ျားလေးများလည်း စိတ်ဝင်စားလာသည်ကို
တွေ့မြင်ရပါသည်..။
Related Posts Plugin for WordPress, Blogger...
Comment ;
HTML Comment Box is loading comments...