လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, June 8, 2012

တွက်ကြ ချက်ကြသော နှစ်လုံးသမားများ

ဟီးးဟီးးးးးးးးးးးး ကျွန်တော်မပါဘူး...

သုညကနေစ .. ကိုး ..ထိ ဂဏန်းတွေကို
မေ့မရအောင်.. ချရေးကာ
တစ်ပတ် တစ်ပတ်နဲ့... Calendar ပြည့်နေပီ

ဟေ့.... ဘော်တာ သူငယ်ချင်းတို့...
ဘာတစ်လုံးကောင်းလည်း.. ထိပ်စည်း နောက်ပိတ်..
မေးရ မေးရတာ... မကြိုက်သေးသောကြောင့်
ပေါက်ဂဏန်းရဖို့.. .တွက်ရ .. ချက်ရ..ပြန်ပြီခင်ဗျာ..

အတွက် အချက်တွေကို တကယ်တော်တဲ့...လူတွေဘဲ..
သချာင်္ ပါမောက္ခလားလို့တောင် ပြောလို့ရတယ်...
တစ်ရက် တစ်ရက် ထွက်တဲ့ ... ဂဏန်းတွေကို ..
တစ်ပတ် . တစ်ပတ်နဲ့... တစ်လလုံးစာ အလွတ်ဆိုခိုင်းရင်တောင်...
easy ... question .. ဖြေရသလိုဘဲ..


အိတ်သာဖောင်းခြင်ဖောင်း... ပိန်ခြင်ပိန်...
အိမ်ထောင်ရေးမှာ မိန်းမနဲ့ယောက်ျား စကား ... စကားတွေ များတာကိုလည်း
တွေ့ရ ကြုံရ.. နဲ့...
ထိုးတဲ့ ဂဏန်း ပေါက်တော့လည်း..
မိန်းမနဲ့ ယောက်ျား .. အပြန်အလှန် သာသာယာယာလေသံနဲ့..
မောင် ပြောတဲ့ ဂဏန်းက မှန်တယ်နော်...
မိန်းမရေ.. မင်းပြောတာ မှန်တယ်ကွနဲ့..
ပျော်စရာ ကမ္ဘာလိုဘဲ...
တွက်ကာ ..တွက်ကာ... ချက်နေကြတာ.. ချက်နေကြတာ..
မှတ်ချက် /// ကျွန်တော့်အတွေး ကျွန်တော့်အရေးကြောင့် မည်သူကိုမှမဆို... မပြောလို...
လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...