လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, August 21, 2012

ကျွန်တော့်ဘက်က သူ့ထက် ပိုချစ်တာ

အရက်ခွက်တွေနဲ့ နင်.. ငါ့ကို ဒဏ်ခက်ခဲ့တယ်..

♥*-♪ တို့နှစ်ယောက် ကမ္ဘာငယ်လေးလဲ စိမ်းလန်းလို့နေတာပေါ့..*-◄--♥

♥*-ချစ်သူအတွက်-*♥

♥*-မက်လုံးတစ်ခု-*♥-♦**♪

'ပုံလေးကို ကြည့်လေ... (နှစ်လွှာပေါင်းမှ စွယ်တော်ရွက်..ဆိုသလို)'






ပုံလေးကိုကြည့်လေ...
ငယ်ငယ်တုန်းကဆို နင်နဲ့အတူ ပြေးလွှာဆော့ကစားရင်း..
တစ်ယောက်နဲ့ တစ်ယောက် စိတ်စိုး စိတ်ကောက်ဆိုတာ ဘာမှန်းလည်း မသိဘူး.. အဖြူစင်ဆုံးသူငယ်ချင်းလေးတွေပေါ့..

ပုံလေးကိုကြည့်လေ..
ဆယ်ကျော်သက်အရွယ်လေးရဲ့ အလတ်ပိုင်းလေး ရောက်တဲ့အထိ..
နင့်နဲ့အတူ ရှိနေတုန်းဘဲ... တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှုတွေ သိလာကြပီ..

ပုံလေးကိုကြည့်လေ..
ငါတို့တွေ ဘ၀မှာ ရပ်တည်နိုင်ပြီလို့ထင်တဲ့ အရွယ်မှာ..
နင့်နဲ့ငါ့ ရဲ့ အချစ်တွေ.. ပိုမို တန်ဖိုးရှိပြီး... ကြင်နာမှု အနမ်းတွေ.. ပန်းခင်းလမ်းတွေ အပြည့်နဲ့..
အနာဂတ်တစ်ခု ရှင်သန်ရင်း.. နှစ်ကိုယ်တူ စိတ်ကူးတွေက အိမ်မက်ထဲထိ  တူတူ ဆုံမတ်တွေနဲ့ .. အိပ်စက်ခဲ့ရတဲ့ ညပေါင်းတွေ မနည်းဘူး..

Thursday, August 9, 2012

အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။

နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနူတ်ဆက်ကြတော့တယ်။

ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျမတို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။
တစ်ခါက မုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် လမ်းတွေ ပိတ်ဆို့နေခဲ့တယ်။ 

ကျမတို့နေတဲ့တိုက်က သောက်ရေ ကုန်သွားတဲ့အပြင် ဆိုင်ကလူတွေကလည်း အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြော ခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျမတို့ တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျမတို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျမတို့ သိခဲ့ရတယ်။
တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျမတွေးမိတယ်။ 
 အဲဒီလိုဆိုရင် ကျမတို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။

လာမပြောနဲ့ .. မောသွားမယ်.. ဟဲဟဲ ...


ချောကလက်နို့၏ ကျန်းမာရေး အကျိုးကျေးဇူး..................

ဆိုင်တွေရောက်လို့ ဘာမှာရမလဲ မသိရင် ချောကလက်နို့ ပူပူတစ်ခွက်ကိုသာ မှာပြီးသောက်လိုက်ပါ။ ချောကလက်နို့တစ်ခွက်မှာ ကျန်းမှာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။
ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း

ချောကလက်နို့ကို သောက်လိုက်တဲ့အခါ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူပြီး အဆီလျော့ကျအောင်နဲ့ အရိုးသန်မာအောင် လုပ်ဆောင်ပေးကြောင်း လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
ချောကလက်နို့မှာ ကယ်လ်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ခန္ဓာကိုယ်မှ အဆီစုပ်ယူနိုင်စွမ်းဟာလည်း လျော့ကျသွားပါတယ်။

ဗီတာမင်ဒီ ပါဝင်ခြင်း
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ အဆီလျော့ကျအောင် လက်တွဲလုပ်ဆောင်ကြပါတယ်။ ဗီတာမင်ဒီဟာ စားလိုက်တဲ့ အစားအသောက်မှ ကယ်လ်စီယမ်စုပ်ယူအားကောင်းအောင် ပံ့ပိုးပေးပါတယ်။ နို့မှာ ဗီတာမင်ဒီများစွာ ပါဝင်တဲ့အတွက် ချောကလက်နို့သောက်တာဟာ နေရောင်ခြည်ထဲနေတာလိုပဲ ဗီတာမင်ဒီကို ရရှိစေပါတယ်။

ဘ၀သမားလေး မှန်တဲ့

ဖြစ်သမျှအကြောင်း အကောင်းလို့သာထင်
ဘ၀သမားမှန်တော့
အဘက်ဘက်က တွေးကာ ပူရတာပေါ့...
ပြန်ဆူရဖို့ ဘယ်သူမှမရှိတော့
လောကရဲ့ လမ်းတွေအပေါ်မှာ
တစ်နေ့လုပ် တစ်နေစား ကျွန်တော်
အဖော်အယော်တွေကလည်း
ကြီးကြီးမားမား သိပ့်မရှိတော့
အဆက်အသွယ်ကလဲ ကောင်းကောင်း မပေါ်..
တိုးတက်ပြောင်းလဲဖို့အတွက်
မျှော်ခါ .. မျှော်ခါ... ခေါ်
ကိုယ့် ပညာအရည်ချင်းထက်သာတဲ့ အလုပ်ကခေါ်
ကျောခိုင်း ထွက်ထွက်လာရတာ
အထပ်ထပ်နဲ့ ကျွန်တော်..

" လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ "



၂၀၁၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လ များတုန်းက ကမ္ဘောဒီယားမှာ ပုံမှန်မဟုတ်တဲ့ ဖျားနာမှုတွေနဲ့ ကလေးငယ် အယောက် (၅၀)ကျော် သေဆုံးခဲ့ရပြီးနောက် ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO တို့ ပူးပေါင်း အဖြေရှာခဲ့တော့ Hand, foot and mouth disease (HFMD) ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရှိ ခဲ့ရပါတယ်။

တကယ်တော့ HFMD ဟာ သာမန်ရောဂါငယ်မျှသာ ဖြစ်ပြီး တစ်ပတ်ကနေ ဆယ်ရက်ကြာခံစားပြီးရင် ဘာဆေးမှ မသောက်ရပါဘဲ သူ့ဘာသာ ပြန်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ ကလေးတွေ အသေအပျောက်များခဲ့ရခြင်းအပေါ် WHO နဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း သတင်းထုတ်ပြန်ခဲ့ရာမှာ HFMD ခံစားနေရတဲ့ ကလေးအတော်များများ Setroid ဆေးတွေနဲ့ ကနဦးကုသမှု ခံယူ ခဲ့ကြရပြီးနောက် အဲဒီ Steroid ဆေးတွေက EV71 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတဲ့ HFMD လူနာတွေရဲ့ အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တာပါတဲ့။

Question:
လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ (HFMD) ဆိုတာ ဘာလဲ ?

Answer:
ဒီရောဂါဟာ မွေးကင်းစအပါအ၀င် အသက် (၁၀)နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး ဖျားခြင်း၊ ပါးစပ်ထဲမှာ အနာတွေပေါက်ခြင်း၊ လက်၊ ခြေထောက်နဲ့ တင်ပါးတွေမှာ အနီစက်နဲ့ အရည်ကြည်ဖုတွေဖြစ်ပေါ်ခြင်း စတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။

ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ
ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။
ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
"အကောင်းဆုံး ထင်းရူးပင် တစ်ပင်"ကို ယူစေခဲ့တယ်။

`ပျိုကညာ´...တို့ သိသင့် ၊ သိထိုက်သော မှတ်သားဖွယ်ရာ `ဆောင်ပုဒ်´ လေး ။

`ပျိုကညာ´...တို့ သိသင့် ၊ သိထိုက်သော မှတ်သားဖွယ်ရာ `ဆောင်ပုဒ်´ လေး ။

from - http://thazivoice.blogspot.com

Wednesday, August 8, 2012

ဗုဒ္ဓဘာသာ နှင့် အမျိုးသ္မီးများ၏ နေရာ

အမျိုးသ္မီးများ၏ နေရာ


        အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရား အလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊



ဟိန္ဒူဘာသာ၊
ခရာစ်ယာန်ဘာသာ၊
ဗုဒ္ဓဘာသာ၊
မူစလင်ဘာသာ၊
      အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာ ကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ်မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့ မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့်သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာပေ အထောက်အထားများဖြင့် ဖော်ပြမည်ဖြစ်ပါ သည်၊၊

အမေရိကန်မှာ ဗုဒ္ဓပုံကို ဖိနပ်မှာ ပုံနှိပ် – Buddha’s images on shoes

M_Id_305837_Buddha_Icon_shoes.jpg
ဗုဒ္ဓပုံကို ဖိနပ်တွင် ပုံနှိပ်ရောင်းချသည့် အမေရိကန် ကုမ္ပဏီတခုကို ကန့်ကွက်နေကြသည်။
ကုမ္ပဏီ Facebook တွင် ကန့်ကွက်စာ သွားရေးနေကြခြင်း ဖြစ်သည်။ တိဘက်အရေး လှုပ်ရှားသူများက ကန့်ကွက်သကဲ့သို့ မြန်မာမီဒီယာတခုကလည်း သောကြာနေ့က ကန့်ကွက်စာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ကယ်လီဖိုးနီးယားမှ Icon ဖိနပ်ကုမ္ပဏီ ဗုဒ္ဓမြတ်စွာပုံပါ ဖိနပ်များ ထုတ်လုပ်ရောင်းချ
ရွှေလုံး မီဒီယာ
ကယ်လီဖိုးနီးယားပြည်နယ်မှ Icon Shoes ဟု အမည်ရသည့် ဖိနပ်ကုမ္ပဏီတစ်ခုသည် ဗုဒ္ဓမြတ်စွာ၏ ပုံတော်များအား ကနုတ်ပန်း များဖြင့် အလှဆင် ဒီဇိုင်းရေးဆွဲထားသည့် ဖိနပ်များအား ထုတ်လုပ်ရောင်းချနေသည်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။

အဆိုပါ ဖိနပ်များအား အမေရိကန်နိုင်ငံ၌ ထုတ်လုပ်ထားပြီး ပုံစံ ၃ မျိုးအား ရောင်းဈေး ဒေါ်လာ ၂၉-၁၄၉ အထိရှိသည်ကို တွေ့ရှိခဲ့ ရသည်။

Windows 8 ကိုသုံးသင့်သော အကြောင်းများ



အောက်တိုဘာလကုန်တွင် Windows 8ကို အပြီးသတ်ထုတ်လုပ်မည်ဟု Microsoft ကကြေညာခဲ့
ပြီးဖြစ်ရာ Windows 8ထွက်ပေါ်လာမည့် ကာလသည် မဝေးတော့ပြီ။ Windows Vista ထွက်လာ ပြီးသည့်နောက်တွင် ပြဿနာပေါင်းစုံထွေပြားမှုကြောင့် OS အသစ်သုံးသူတို့သည် Windows XP သို့နောက်ပြန်ဆုတ်ပြီး အသုံးပြုခဲ့ကြရသည်။

Windows 7 ထွက်ပေါ်လာသည့်အခါတွင်လည်း ထိုသံသယက မကုန်စင်သေး။ ထို့ကြောင့် ယနေ့အချိန်ထိတိုင် Windows XP သုံးသူနှင့် ၇ သုံးသူအရေအတွက်သည် အတူနီးပါးရှိနေသည်။

သို့သော် Windows 7 က သုံးစွဲရာ၌အဆင်ပြေပါသည်။ အလုပ်လုပ်ရာ၌လည်း ပို၍လျှင်မြန်သည်။
နောင်ထွက်လာမည့် Windows 8 က ပို၍ပင်လျှင်မြန်လာပါဦးမည်။

Windows 8သည် Windows 7 လို Vista အစပ်အခြေပြုပြီး ပြင်ဆင်ထားသော OS မဟုတ်ပါ။ အစအဆုံး ဒီဇိုင်းအသစ်ဖြင့် ရေးဆွဲထားသော OS ဖြစ်ပါသည်။

Windows 8သို့ ပြောင်းလဲအသုံးပြုသင့်သလားဟုမေးလျှင် သုံးသင့်သည်ဟုဖြေပါမည်။
Windows 8 သို့ ပြောင်းလဲအသုံးပြုသင့်သော အကြောင်းရင်းခံတို့ကိုကြည့်လျှင် အောက်ပါအတိုင်း
တွေ့ရပါမည်။

မီးလောင်နေသော ဆိုင်ကယ်ကို စီးပြပြီးဆိုင်ကယ်မှာ ပေါက်ကွဲသွားသော်လည်း မောင်းသူမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိ


မင်းသားနီကိုလပ်ကေ့ဂ်ျ ပါဝင်သော GhostRiderဇာတ်ကားထဲမှ မြင်ကွင်းမျိုးကို ဆွီဒင်နိုင်ငံသား ဆိုင်ကယ်စတန့်သမား ဂရီဂါဂျိုဟန်ဆင်က ပြုလုပ်ပြခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၄ ရက်နေ့တွင် ဖော်ပြသည်။
သူသည်၁၉၅၀ မော်ဒယ် ဆလင်ဒါနှစ်လုံးပါ ဆိုင်ကယ်ကို စတော့ဟုမ်းမြို့၌ စီးပြရာ ဆိုင်ကယ်သည် မီးလောင်ပြီး ပေါက်ကွဲသွားသော်လည်း သူသည် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အပူချိန်မြင့်မားလာကာ သူ၏ဆိုင်ကယ်တာယာများမှ မီးထတောက်ကာ ဆိုင်ကယ်မီးလောင် ပေါက်ကွဲသွားခြင်းဖြစ်သည်။

အသက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများအနေဖြင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းကြောင်းတွေ့ရှိ


အသက်ငယ်ရွယ်စဉ်၌ ကလေးမွေးဖွားသော မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော် လေ့လာချက်အသစ်တစ်ရပ်အရ အသက်ကြီးမှ ကလေးမွေးဖွားခြင်းတွင်လည်း ကောင်းကျိုးများရှိကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းလေ့လာချက်များအရ အသက်၎ဝသို့မဟုတ် ယင်းထက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများသည် အသက်၂၅နှစ်ခန့်၌ ကလေးမွေးဖွားသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၄၄ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။

သားအိမ်ကင်ဆာ အများစုသည် အသက်၅ဝကျော်နှင့် ၆ဝကျော်အရွယ်များ၌ အဖြစ်များသည်။

အနုပညာဖန်တီးသူ တစ်ယောက်ရဲ့ ဘ၀ကိုအင်မတန် မက်မောပါတယ်ဆိုသည့် မင်းကိုနိုင်၏ ပထမဆုံးလုံးချင်း ၀တ္ထုထွက်ရှိ




၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ လုံးချင်းဝတ္ထုဖြစ်သည့် နောက်ကြည့်မှန်အမည်ရှိ ၀တ္ထုစာအုပ် မိတ်ဆက်ပွဲနှင့် အမှတ်တရ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၁၅-၇-၂၀၁၂ရက်က ရန်ကုန်မြို့ရန်ကင်းစင်တာတွင် ကျင်းပခဲ့သည်။ထိုစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''ဒီစာအုပ်ကို ကျွန်တော်ဒီစာအုပ်ကို ကျွန်တော်၂၆နှစ်သားက ရေးသားထားတာပါ။အကြမ်းရေးထားတာ ပြန်မပြင်တော့ဘူး။ ငယ်ပုံအတိုင်းထားချင်လို့ နောက်ဆုံးတစ်မျက် နှာပဲထပ်ဖြည့်လိုက်တာ။ ကျွန်တော့်ကိုယ်ကျွန်တော် အနုပညာဖန်တီးသူ တစ်ယောက်လို့ပဲသဘောထားတယ်။ အဲဒီဘ၀ကို အင်မတန်မက်မောတယ်။ ဒီဘ၀ကကျွန်တော် တစ်သက်လုံး မက်ခဲ့တဲ့အိပ်မက်ပါ။ တာဝန်ဝတ္တရားအရ တစ်ဖက်ကလုပ်နေရတဲ့ အလုပ်တစ်ခုရှိပါတယ်။ အဲဒါကိုဒီအချိန်လေးမှာပဲ ခဏမေ့ထားလို့ရတာပါ။ ကောင်လေးတစ်ယောက် ထွက်ပြေးရင်း ၁၀တန်းကျောင်းသူ တစ်ယောက်က ကူညီကယ်ဆယ်ခဲ့တဲ့ အကြောင်းလေးပါ။ အမှန်တကယ်ကျေးဇူးဆပ်ချင်တာပါ။

Tuesday, August 7, 2012

လိမ္မာစေချင်ပါတယ် ... ရွှေမြန်မာမလေးတို့ရယ် ... ( မလေးရှားရာက် မြန်မာမလေးတချို့အကြောင်း...)

ယခု... ကျွန်တော်... ရေးသာတင်ပြလိုက်သော.. စာသားတချို့ကြောင့်...
တချို့သောမိန်းလေးတွေကို ... ထိခိုက်စော်ကားသလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ...
ဦးစွာပထမ ... တောင်းပန်ပါရစေ ... ၊


အမှားတစ်ခုအနေနဲ့ ... အပြစ်တင်... ဝေဖန်ရေးသားထားခြင်းမဟုတ်သလို...
မိန်းကလေးတွေကို ...ကဲ့ရဲ့ ... အပုပ်ချ... လုပ်ကြံဖန်တီး... ထိခိုက်စော်ကားလိုသော... ဆန္ဒစိတ်ကူးတွေနဲ့ ...
ဇာတ်လမ်းဆင် ...စတန့်ထွင်ပြီး ... ပုံကြီးချဲ့ကာ ...
အချိန်ကုန်ခံပြီး ... ရေးဖွဲ့သီကုံးထားခြင်းမဟုတ်ပါဘူး ...
မလေးရှားရောက် မြန်မာမိန်ကလေးတချို့အကြောင်း ... ကိုယ်တိုင်မြင်တွေ့ရေးဖွဲ့သီကုံးထားတာ ...
လွန်ခဲ့တဲ့ ... ၂၀၁၁ ခုနှစ်... အစောပိုင်းထဲကပါ ... အကြောင်းတိုက်ဆိုင်စွာနဲ့ ...
ခုမှရေးသားတင်ပြဖြစ်ခဲ့တာပါ ... ၊

" လိမ္မာစေချင်ပါတယ် ... ရွှေမြန်မာမလေးတို့ရယ် ..."

ကျွန်တော်က " ဗုဒ္ဓဘာသာ " ... ယဉ်ကျေးမှုမြန်မာလူမျိုးမို့...
မြန်မာ့ယဉ်ကျေးမှုရှေးရှု၍...
မလေးရှားရောက်... မြန်မာမလေးတွေရဲ့ ...
အမြင်မတော်ရာမတော်ကြောင်း ...
ဒီစာကြောင်းလေးတွေနဲ့ ... ရေးဖွဲ့စာစီပြောပြချင်ပါသည် ... ၊
ကိုယ့်နိုင်ငံမှာ ... စီးပွားရေးမကောင်းလို့ ...
မလေးရှာကိုလာ ... စီးပွားရှာကြရာ ...
ဒုက္ခများစွာ ... ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည် ...
စီးပွားရှာသူအချင်းချင်း ... လောဘမကင်းသူတွေမို့ ...
အပြစ်မဆို ... မပြောလိုပါဘူး ... ၊
ဒါပေမယ့် ... ရုပ်ရည်လေးသနားကမားနဲ့ ...
ကိုယ်ခန္ဓာကိုအကြောင်းပြု ...မကောင်းမှုတွေကိုကျူးလွန်ရင်း ...

ချစ်သော မေမေကို သည်ကဗျာနဲ့ ကန်တော့ လိုက်ပါသည်

တုနှိုင်းမဲ့ မေမေ
မေမေ
နေကောင်းလား မေမေ
လွမ်းနေလား မေမေ
သားအတွက်ပူပန်နေလား မေမေ။

မေမေ

သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ့ မေမေ
သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။

မေမေ
မေမေ့ကို ထားခဲ့ရပြီလေ
မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော်
မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။

မေမေ
စိတ်ချနေပါ မေမေ
မေမေ သိအောင်ပြောပြရအုံးမယ် မေမေ
တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာလေ
မော်ဒယ်လ်ဆန်တဲ့အလှပတွေ
ရေပန်းစားနေပြီ မေမေ
ဒါတွေလဲ...သားမခံစားတတ်ပါဘူး မေမေ
သားကို ရင်ဝယ်ပိုက်ပြီး
လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...မေမေရဲ့
အပြုံးပန်းတပွင့်ကိုလေ
ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။

Monday, August 6, 2012

၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ရရှိ

CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ရရှိကြောင်း သိရှိရသည်။ CNN က ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz, Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏ အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်းခဲ့သည်။ CNN ၏ ၂၀၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်စရာ ထိပ်တန်းနေရာများတွင် အင်္ဂလန်နိုင်ငံက နံပါတ် ၁ နှင့် မက္ကစီကိုနိုင်ငံရှိ World of the Maya က နံပါတ် ၂ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်အတွက် CNN က ရွေးချယ်ခဲ့သည့် သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ ( အောက်ပါ Link မှာ ဖတ်ရှူနိုင် http://edition.cnn.com/2011/12/27/travel/top-destinations-2012/inde... )


Sunday, August 5, 2012

ဒီလေးမျိုးမှာ မင်းကဘာလဲ..။

လူမိုက် ဆိုတာ အသိဥာဏ်မဲ့စွာနဲ့
မကောင်းတာလုပ်တာ

လူဆိုး ဆိုတာ သိရက်နဲ့
ဇွတ်ထိုး ဆိုးသွမ်းတာ

ပညာရှိ ဆိုတာ
အရာရာအကောင်းနဲ့အဆိုး
အကျိုး နဲ့ အပြစ်
အမှားနဲ့ အမှန် ခွဲခြားတတ်တာ

လူလိမ္မာ
ဆိုတာ မကောင်းတာ ဖယ်ရှားပြီး
ကောင်းတာကို ကျင့်သုံးတတ်တာ
ဒီလေးမျိုးမှာ မင်းကဘာလဲ..။

လေးစားလျက် (လမင်း)

စည်းကမ်းရှိကြပါ..

ရဟန်းဝိနည်း.. ရွာကြီးစည်းရိုး
လူမျိုးစည်းကမ်း .. တဲ့

စည်းကမ်းဖော်ရင် ထီးနန်းပျောက်

သတဲ့

စည်းကမ်းမရှိရင် တန်ဖိုးမရှိ

စည်းကမ်းမြင့်ရင် တန်ဖိုးမြင့်တယ်

စည်းကမ်းကြီးမှ တန်ဖိုးကြီးတယ်

ဒါကြောင့် စည်းကမ်းရှိကြဟေ့.. ။


လေးစားလျက် (လမင်း)

မင်းဘ၀ရဲ့ နေရာ....

မိဘ ၊ ဆရာ ဆိုတဲ့
အိုးခတ်သမားကောင်းကြောင့်

အိုးကောင်းကလေး
ဖြစ်လာပြီ

ဘာရေထည့်မလဲ

သောက်တော်ရေ ထည့်မလား
 အိမ်သာရေ ထည့်မလား
ခြေဆေးရေ ထည့်မလား
သုံးရေ ထည့်မလား
သောက်ရေ ထည့်မလား

ထည့်တဲ့ရေအလိုက် နေလိုက်ရမှာ
မင်းဘ၀ရဲ့ နေရာ..။

လေးစားလျက် (လမင်း)

အစားလည်းမမှားစေနဲ့ ... ။ စကားလည်း မမှားစေနဲ့ ...

ပါးစပ်ဟာ အ၀င်မှားရင်
အသက်သေ တယ်
(အစားမှားရင်ပေါ့ကွယ်)

အထွက်မှားရင်
အခက်ပွေ တယ်
(စကားမှားရင် ပေါ့ကွယ်)

အစားလည်း မမှားစေနဲ့

စကားလည်း မမှားစေနဲ့

ဘ၀ဆိုတာ
အသိတရား
လက်ကိုင်ထားမှ တန်ကာကျတာ..။

လေးစားလျက် (လမင်း)

အပေါင်းအသင်းဆိုတာ

အပေါင်းအသင်းဆိုတာ
ပေါင်း ရင် သင်း တာပဲ

ကောင်းတဲ့သူနဲ့ပေါင်းရင်
ကောင်းတဲ့ရနံ့သင်းမယ်

ဆိုးတဲ့လူနဲ့ပေါင်းရင်
ဆိုးတဲ့ရနံ့သင်းမယ်

အပေါင်းကြောင့်
ဂုဏ်တက်ပါစေ

အပေါင်းကြောင့်
ဂုဏ်မပျက်ပါစေနဲ့

လေးစားလျက်(လမင်း)

ကဲ... မပျင်းမရိ လုံ့လရှိ .. .ကြနော်

ပညာရှိတွေ ဆုံးမခဲ့တယ်
အပျင်းလွန်ကျွန်ဖြစ် . .ကျွန်ဖြစ်

အပျင်းရဲရင် ဆင်းရဲတယ်
ပျင်းရိသောသူ ရောဂါထူ
လူပျင်းလုံ့လတစ်ခဏ

လူပျင်းမချွန် လူချွန် မပျင်း တဲ့
ကဲ... မပျင်းမရိ လုံ့လရှိ .. .ကြနော်.. သူငယ်ချင်းတို့..

လေးစားလျက် (လမင်း)

Friday, August 3, 2012

Virus Scan ဖတ်နိုင်သောလင့်များ


Virus ကိုကြောက်တတ်တဲ့သူငယ်ချင်းများအတွက်
လင့်တွေကို Scan ဖတ်ပေးတဲ့ ဆိုဒ်တွေပါ။
Download လင့်တွေ့တိုင်း ဒေါင်းချင်တဲ့သူငယ်ချင်းများ
လင့်ကို အရင်စစ်ပြီးမှ ဒေါင်းကြပါလို့ ပြောချင်ပါတယ်..။
https://www.virustotal.com/
http://vms.drweb.com/online
http://www.viruschief.com/
http://www.pandasecurity.com/activescan/index/
http://usa.kaspersky.com/downloads/free-anti-virus-scan
http://onlinelinkscan.com/
အားလုံးအဆင်ပြေကြပါစေ

မျောက် က နေ လူ ဖြစ် သ တဲ့ လား။

၂၀၀၉ ခု နှစ် တွင် ကျ ရောက် သော ဒါ ၀င် ၏ နှစ် ၂၀၀ ပြည့်  မွေး နေ့  ကို ပ ညာ ရှင် အ သိုင်း အ ၀ိုင်း များ က သောင်း သောင်း ဖြ ဖြ ကြို ဆို ကျင်း ပ နေ ကြ သည်။ ဒါ ၀င် ၏ နှစ် ၂၀၀ ပြည့် အ ထိမ်း အမှတ် အ ဖြစ် ထုတ် ဝေ သော ”မျိုး နွယ် တို့  ၏ မူ လ အ စ” (On the Origin of Species) စာ အုပ် များ၊ စာ အုပ် ဆိုင် တို့  ၌ ပ လူ ပျံ အောင် ရောက် ရှိ လာ သည်။ ဒါ ၀င် ကို ထိပ် တန်း ပ ညာ ရှင် ကြီး အ ဖြစ် လူ တို့  ဂုဏ် ပြု ကြ သည် ။ ခေတ် သည် ပြောင်း လဲ ခဲ့ ပေ ပြီ ။ လွန် ခဲ့ သော နှစ် ၂၀၀ ခန့်  က Evolution Theory အကြောင်း သင် ကြား ခြင်း ကို ဘာ သာ ရေး ခေါင်း ဆောင် များ က သော် လည်း ကောင်း ၊ လူ မှု အ ဖွဲ့  အ စည်း များ က သော် လည်း ကောင်း ၊ ပိတ် ပင် တား မြစ် ခဲ့ သည်။ ကျမ်း စာ မှ လာ သော က မ္ဘာ ဦး ကျမ်း ၏ သင် ကြား ချက် များ ကို အ မှန် ဖြစ် ကြောင်း လက် ခံ ခဲ့ ကြ သည်။ ယ ခု ခေတ် တွင် မူ အ ခြေ အ နေ တို့ သည် ပြောင်း ပြန် ဖြစ် ခဲ့ ပေ ပြီ။  ကျမ်း စာ ကို စာ သင် ကျောင်း များ ၌ သင် ကြား ခြင်း ကို ပိတ် ပင် ခံ ရ ပြီး၊ ဘု ရား ရှင် မှ သက် ရှိ အား လုံး တို့  အား ဖန် ဆင်း ခဲ့ ကြောင်း ပြော ဆို သူ များ သည် ကဲ့ ရဲ့ ခြင်း ခံ ရ ကြ လေ ပြီ။ အ သိ ဥာဏ် ပ ညာ မြင့် မား သော သိ ပ္ပံ ပ ညာ ရှင် များ က ဒါ ၀င် ၏ အ ယူ ၀ါ ဒ ကို ဘု ရား တ ဆူ အ ဖြစ် ကိုး ကွယ် လာ ကြ ပြီး ဒါဝင် ဘာ သာ ၀င် များ မ သိ မ သာ ဖြစ် လာ ကြ သည်။ တ ခု သော ဘာ သာ ရေး အ ဖွဲ့  အ စည်း က မူ Evolution ကို လက် ခံ လိုက် ကြ ပြီး ၊ ကမ္ဘာ ဦး ကျမ်း ကို Symbolism ဟု သတ် မှတ် လိုက် ကြ သည်။ Evolution ကို ငြင်း ပယ် သူ တို့  သည် သိ ပ္ပံ နှင့် ဆိုင် သော အ လုပ် အ ကိုင် များ တွင် နေ ရာ မ ရ ခြင်း များ ဖြစ် လာ သည်။ ၀မ်း နည်း စ ရာ ကောင်း လေ စွ။ Evolution တစ္ဆေ သည် ကျွန် တော် တို့  အား ခြောက် လှန့်  နေ ပြီ တ ကား။ ဤ လော က ကြီး အား ပြောင်း ပြန် လှန် ပစ် လိုက် သော Evolution Theory သည် အ ဘယ် ကဲ့ သို့  အ စ ပြု ခဲ့ ပါ သ နည်း။

ထိတွေ့ခြင်း အနုပညာ

ချစ်သူရည်းစားဖြစ်စမှာ လူအများစုက တစ်ယောက်ကိုတစ်ယောက် ထိတွေ့ဖို့အတွက် ဘယ်လိုစရမှန်းမသိ ခေါင်းစားတတ်ကြတယ်။ ယောက်ျားလေးက ကိုယ့်အပြုအမူ ရိုင်းစိုင်းသွားမှာကို စိုးရိမ်တယ်။ မိန်းကလေးက ယောက်ျားလေး ကိုယ့်ကိုအထင်သေးသွားမှာကို စိုးရိမ်တယ်။ တစ်ယောက်ကိုတစ်ယောက် ထိတွေ့တာကို ယောက်ျားလေးဖက်က စတင်သင့်ပါတယ်။ ချစ်သူအမြင်မှာ ကိုယ့်အပြုအမူ မရိုင်းစိုင်းရအောင် ထိတွေ့တဲ့အနုပညာတချို့ မျှဝေလိုက်ပါတယ်။

လက်နဲ့ ထိတွေ့တဲ့အနုပညာ
(၁) မျဉ်းကြားဖြတ်ကူးချိန်မှာ “လာ.. မီးနီတော့မယ်”ဆိုပြီး သူ့လက်ကိုတွဲပြီး မျဉ်းကြားဖြတ်ကူးနိုင်တယ်။
(၂) လှေ၊ သဗ္ဗာန်ပေါ်က ဆင်းချိန်၊ ဒါမှမဟုတ် မညီညာတဲ့လမ်းပေါ် လျှောက်တဲ့အချိန် ကိုယ့်လက်ကို အလိုအလျှောက် ကမ်းပြီး “လာ.. သတိထား.. ငါ့လက်ကိုဆွဲ လဲကျတတ်တယ်” လို့ ပြောနိုင်တယ်။
(၃) လူတွေတိုးဝှေ့ချိန် “လူကွဲသွားမှာစိုးတယ်.. ငါ့လက်ကိုတွဲထား” လို့ ပြောနိုင်တယ်။ တကယ်လို့ သူက ရှက်ကိုးရှက်ကန်းလုပ်နေရင် သူ့လက်ကို ဖျတ်ခနဲတွဲထားနိုင်တယ်။ တကယ်လို့ သင့်ကို သူတကယ်နှစ်သက်ရင် လက်ရုန်းချင်ဟန်ဆောင်ပြီး ငြိမ်သွားလိမ့်မယ်။ တကယ်လို့ လက်အတွဲမခံရင် မတွဲပါနဲ့။ သူ့ဆန္ဒကို ဦးစားပေး လေးစားလိုက်ပါ။ ဒါဟာ သင်ပျော့ညံ့တယ်လို့ သဘောမဆောင်ပါဘူး။
(၄) ထိုင်ရာက သူထရပ်ဖို့ပြင်ချိန် “လာ.. ငါတွဲထမယ်”ဆိုပြီး လက်ကိုတွဲထနိုင်တယ်။
(၅) သူနဲ့ လက်ဖဝါးအကြီးအငယ်ချင်း တိုင်းကြည့်နိုင်ပြီး သူ့လက်က ချစ်စရာကောင်းကြောင်း ပြောနိုင်တယ်။
(၆) သင့်လက်ကောက်ဝတ် သူ့ကိုဆွဲစေပြီး အားစမ်းကစားနိုင်တယ်။
(၇) လက္ခဏာကြည့်နိုင်တယ်။ ဒီနည်းက ရိုးပြီး ဟောင်းနေပြီဆိုပေမယ့် အကျိုးရှိပါတယ်။ တကယ်လို့ လက္ခဏာပညာကို သင်အနည်းအကျဉ်း လေ့လာထားတယ်ဆိုရင် ငါးမိနစ်ပြောရုံနဲ့ သူ့ကိုစိတ်ဝင်တစားဖြစ်စေနိုင်ပါတယ်။

♠ ပီတိတွေ အရည်ပျော်တဲ့ည ♠

တစ်နေတာရဲ့ မှေးစက်ချိန်တွေမှာ
မင်းအပြုံးတွေနဲ့
ငါ့ညတွေ အသက်သွင်း
ဒီ အချစ်တွေ ခင်းကျင်းထားလိုက်မယ်


မင်းရဲ့ လှုပ်ရှားမှုတွေကတော့
ငါ့ညရဲ့ သံစဉ်တွေမှာ
Rhythm ကျကျ ယိမ်းနွဲ့လို့
ငါ့ညတွေတောင် ရောင်နီသန်းစေခဲ့ပေါ့

အဲဒီလို မှောင်နေအောင် မူးတဲ့ညကပေါ့

အဲဒီလို မှောင်နေအောင် မူးတဲ့ညကပေါ့
ငါ့ခွက်ထဲကို ဘယ်သူရေရောခဲ့သလဲ
အဲဒီလို ကိုယ့်ရိပ်နဲ့ကိုယ် ပျောက်ဆုံးနေတုန်း
ခွက်ထဲက အလွမ်းဟာ တဖြည်းဖြည်းနဲ့
အရောင်တွေရင့်လာ

အဲ့ဒီလို မှောင်နေအောင် မူးတဲ့ညကပေါ့
ညီမလေးရဲ့ အမုန်းတွေကို မျက်နှာလွှဲဖို့ကြိုးစားရင်း
တိမ်တွေဟာ ငါ့ခေါင်းပေါ်ကို ရွေ့လာ
အကြောင်းအရာကလည်း ဒီနေမှာ ကုန်ခမ်းသွားလို့

အောက်ပါစာကြောင်းများသည် အချစ်နဲ့မသက်ဆိုင်ပါ
ကျောခိုင်းလျက်သား ဝေးကွာခြင်းက
ဘယ်တော့မှ မဆုံနိုင်သောကမ္ဘာ
ငါ့စိတ်က အိပ်မက်ကို လိုက်ဖမ်းနေတုန်း
အိပ်မက်ဟာ ခြေရာအထပ်ထပ်နဲ့ ညစ်ပေလို့
ငါလည်း အဲဒီညက မှောင်နေအောင် မူးခဲ့တယ်.. ။


Nl (ခ) လမင်း
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...