လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

♥ ( အချစ်ဆိုတာ ) ♥

အချစ်ဆိုတာ...
အမြဲတမ်း စိတ်ရှည် သည်းခံ ကြင်နာတယ်..။
ဘယ်တော့မှ မနာလိုမဖြစ်ဘူး..။
မရိုင်းစိုင်းဘူး
တစ်ကိုယ်ကောင်း မဆန်ဘူး..။
မစော်ကားဘူး ၊ ဒေါသမဖြစ်ဘူး

အချစ်က....
ခွင့်လွှတ်ဖို့ ယုံကြည်ဖို့ မျှော်လင့်ဖို့
ဘာပဲ ဖြစ်လာဖြစ်လာ ခံနိုင်ရည်ရှိဖို့
အမြဲတမ်း အဆင်သင့်ဖြစ်နေလေရဲ့..။


တစ်ထောင့်တစ်နေရာက (လမင်း)

** ငါ့ အချစ်တွေပေါ့မှာကြောက်လို့ ဆားခပ်ပေးပါ..**♥


Dynamo ရေပေါ်လမ်းလျှောက်တာလောက်တော့
ထိုင်ပါ ငိုသွားမယ်..
ငါက ရေပေါ်မှာ ထိုင်ပါချထားတာ..
နင် မအံ့သြဘူးလား.. မေးချင်တယ်...။

နင့်အတွက်ဆို အရာအားလုံး ငါပြောရဲတယ်..
ကျန်စစ်သားသာ ရှိနေရင် သူနဲ့အတူ စစ်ကစားပြအုန်းမယ်..
အနော်ရထားရှိအုန်းမယ်ဆို.. ထီးနန်းတွေကို အပြိုင်လုအုန်းမယ်.


နင်ယုံကြည်မှလည်း ယုံကြည်ပေါ့..
ငါက နင့်အတွက် ငါပေးအပ်နိုင်တဲ့ .. သတ္တိလို့ ပြောလို့ရတယ်..

♥-- စောင့်ကြိုလျက်ရှိပါစေ..♥

နှလုံးသားဝေဒနာ
အတိတ်မှာသာ ရှိခဲ့ရင်
ကန့်လန့်ကာချဆီးတား
ပြီးဆုံးသွားပါစေတော့လေ..။

အနာဂတ်အချစ်အတွက်
အနှောင့်အယှက် မဖြစ်ပါစေနဲ့

အသစ်အသစ် .... အချစ်တွေ
အပြစ်ကင်းမဲ့စွာ လာလို့နေ
စောင့်ကြိုလျက်ရှိပါစေ..။

တစ်ထောင့်တစ်နေရာက (လ♥မင်း)

(အမှန် / အမှား ) = ပုထုဇဉ်

အရှုံးမပေးချင်တဲ့ စကားလုံးတွေနဲ့
သုံးနှုန်းပြီး ကျွန်တော်ရေးပြခြင်သေးတယ်...

အမှန်တွေလား အမှားတွေလား
ရောယှက်နေတဲ့ ဘ၀မှာ အမှန်အမှားကို
မကွဲခြားနိုင်လို့ အသုံးမကြတဲ့ ကောင်ဖြစ်ရတယ်.. ။


ပုထုဇဉ်ပါလို့ ပြောကြတယ်
မှားတဲ့အခါလဲ မှားပါစေတော့
မှန်တဲ့အခါလဲ မှန်ပါစေတော့
လူဆိုတာ အမှားမကင်းနိုင်ကြပါဘူး...။

အလွမ်း သင့် လက်တစ်စုံ

ချစ်သူ..
မျှော်ကာ ကမ်းလှမ်းထားပင်မဲ့
ကြင်နာအနမ်းများ .. ဝေးလွင့်ပါပေ၏

မြင်သာ ခိုးနမ်းခွင့်မရခင်...
ထင်သာစွာ ရင်ထဲက ခံစားချက်ကို ပြသခဲ့လေသည်..။

မြင်သာစွာ မကြည့်လိုက်တဲ့
မင်းအပြုမှုတွေ ကြောင့် .. .မမှီကာ လှမ်းလိုက်ရတဲ့..
ပန်းတစ်ပွင့်လို ...

ခူးစွတ်မရလိုက်တော့ ..
နမ်းခွင့်တောင် မကြုံလိုက်ရသေးပါဘူး ...

နံပါတ်တစ်

အရွယ်သုံးပါး ..
ကွာခြားသောလည်း ဘ၀မခြားနားသေးပါ..
သင်ဘာကိုလုပ်မှာလည်း .. ဘယ်အထိလျှောက်မှာလည်း..

သင့်လုပ်ရက်တွေမှန်နေသမျှ သင့်ကိုချီးမွမ်းခန်း ဖွင့်နေကြမှာပါ..
ဘယ်လိုသေသွားတာလည်း အရေးမကြီးပါဘူး..
ဘယ်လို ရှင်သန် ဖြတ်သန်းခဲ့လည်းဆိုတာ အရေးကြီးပါပေ၏

အလင်းနဲ့ အမှောင်လို .. ကွာခြားချက်များအကြား
အားသာချက် အားနည်းချက်တွေ အတွက်..
ညီမျှခြင်း တစ်ခုတည်းဖြစ်အောင် ဖန်တီးဖို့ ခက်ပါပေ၏

ငယ်သမျှ ဆရာ မကြပေမဲ့..
မှန်သမျှကိုတော့ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်..
ပုံစံခွက်တွေနဲ့ ထုစစ်ခံမနေပါနဲ့..

ကြင်နာပေးပါ

မင်းတို့ရဲ့ သွေးဆာနေတဲ့ လက်တစ်စုံနဲ့

ဘာကြောင့် အပြစ်မဲ့တဲ့ နှလုံးသားတွေကို သွေးအေးစွာ

သတ်ဖြတ်ချင်ရတာလဲ…………

ကြည့်စမ်းပါဦး အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေ

ဘယ်ရင်ခွင် ပြေးပုန်းလို့ နေရမလဲလေ

စာနာမှုမရှိတဲ့ မင်းတို့ရဲ့လောကအလယ်မှာ

သူတို့လေးတွေ သောကဝေရတော့မှာလား

ကြင်နာစမ်းပါကွာ ကြင်နာလိုက်စမ်းပါကွာ

မင်းတို့ရဲ့ သွေးဆာနေတဲ့လက်တွေကို

ရင်မှာအေးမြတဲ့ တရားသံတွေရဲ့အောက်မှာ

ဘယ်တော့များ ကျဆုံးခြင်းကို ရောက်နိုင်မလဲကွယ်

(ကွက်လပ်မြို့က) ကောင်မလေး

တောင်းတပါတယ် ဟိုတစ်ချိန်ကို ..
ဟောင်းသွားပါတယ်.. အသစ်ပြန်မဖြစ်သလို..
အကြောင်းက မလှတော့ ထက်နီးစပ်ခွင့်က
ဝေးလွှင့်တာပေါ့..

ပြောင်းသွားပြီးလား ကောင်မလေးရေ..
တစ်စိမ်းတွေလို စိမ်းကာသွားခဲ့ရင်တောင်...
မမြင်ကွယ်ရာကနေ စောင်းစောင်းလေးတော့ ကြည့်ပါအုန်း..


မြို့ပတ်လမ်းတွေနဲ့ ငါ့ တစ်သက် လွမ်းခဲ့ရတာ ..
အေးစပ်တဲ့ လေထုက ငါ့ရင်ဝကို တိုးပြီး ဖောက်ထွက်
တိုးတိုးလေး ပြောသွားတယ်..

မင်းစီးလာတဲ့ ကားနဲ့ဘဲ လှည့်ပြန်သွားပါတော့တဲ့..
ပေါင်းဖက်မဲ့ အကြောင်းအလမ်းတွေက
မင်းဘက်မှာ ရစရာမရှိအောင်
ကံကြမ္မာက စုတ်ဖြဲလိုက်ပြီတဲ့...။

တစ်ထောင့်တစ်နေရာက (လမင်း)

ပန်းကောင်းတစ်ပွင့်

ပေးဆပ်ခဲ့ပါတယ်
တစ်ချိန်က အရင်က ..
အတွေးဟောင်းမသွားပါနဲ့ ကောင်မလေး..
အရောင်စုံတဲ့ မြို့ပြရဲ့ လှည့်စားမှုတွေနောက်..
လိုက်ပါသွားရင် ..မင်း ဘ၀လည်း တစ်နေ့ ပြိုလဲသွားလိမ့်မယ်..

ငါနဲ့ နင်နဲ့ ပတ်သက်သမျှ ပြီးတာတွေလည်း ပြီးပါစေ ..
ငါ မခူးစွတ်ရတဲ့ ပန်းကောင်းလေးတစ်ပွင့်..
သူများတွေ ကြောင့် နွမ်းလျသွားမှာကို စိုးရိမ်လို့ပါ..
အချစ်ကြီးလို့ အမြတ်ကြီးတာမဟုတ်ရပါဘူး ..
နှလုံးသားနဲ့ အတူ နီးစပ်ခွင့်မရထိုက်ပင်မဲ့..
မင်းဘ၀လည်း လဲပြိုမသွားစေချင်လို့ပါ..

YouTube mp3 ပြောင်းတဲ့ အင်တာနက်ပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်သော ဆော့ဝဲလေးတစ်ခုပါ.. (မသိသေးသူများအတွက်)

ဟိုင်း ..
ဒီနေ့ အစီအစဉ်တစ်ခုမှာတော့ YouTube က သီချင်းတွေကို .. မိမိတို့ စတစ်..တွေ .. ဖုန်းတွေထဲ ထည့်ခြင်သောသူငယ်ချင်းများအတွက်..
အင်တာနက်ပေါ်ကနေဘဲ တိုက်ရိုက် အသုံးပြုလို့ရတယ်.. ဆိုဒ်တစ်ခုလေးဖြစ်ပါတယ်.. သိသောသူများလည်း သိရှိပြီးဖြစ်ပင်မဲ့ မသိသော သူငယ်ချင်းများအတွက် အသုံးတည့်မယ်ထင်လို့ တင်ပြလိုက်ခြင်ဖြစ်ပါတယ်..။
အသုံးပြုပုံ
အသုံးပြုပုံလေးကတော့ လွယ်ပါတယ်.. သူငယ်ချင်းတို့..
YouTube က ရုပ်ပါတဲ့ သီချင်းတွေကို သူငယ်ချင်းအတွက် တစ်ခါတည်းနဲ့
အယ်ပီ-3 အဖြစ်ပြောင်းပီး နှစ်သက်လိုရာထဲသို့ သိမ်းထားနိုင်ပါတယ်.. ခင်ဗျာ...

အောက်ပါပုံကို ကြည့်ပါ...

မျှားအနီလေးနဲ့ ထိုးပြထားတဲ့ နေရာမှာ YouTube က မိမိနှစ်သက်တဲ့ သီချင်း လင့်စ်လေး ပြောင်းပေးလိုက်ရုံပါဘဲ ခင်ဗျာ...

ဘ၀ခရီးအဖော်

ချစ်သူ ရည်းစားဘ၀မှာ
ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော
ဘ၀အတွက် လက်တွဲဖော် ဆိုတာ ဖြစ်ချင်မှ ဖြစ်တာပါ။
အိမ်ထောင်တစ်ခု ထူထောင်ပြီး
ဘ၀ခရီး အတူတူ လျှောက်ပြီဆိုတဲ့ အချိန်မှာလည်း
အိမ်ထောင် တည်မြဲ ခိုင်မာဖို့ လိုအပ်ပါသေးတယ်။

လေးစားလျက် (လမင်း)

လက်ထပ်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး



ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။


တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်းကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

စလုံးချစ်သူ......(တကယ့်အဖြစ်ပျက်လေးပါ)

သူနဲ့ကျွန်တော်ကတော်တော်လေးကိုထူးဆန်းတယ် သူမြန်မာပြည်မှာရှိနေတုန်းကသူရှိလို့ရှိမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး

ကျွန်တော်လည်းကိုယ့်သူငယ်ချင်းတွေနဲ့ကိုပေါ့...(ကဲနေတာ) ချက်တင်ဆိုတဲ့အင်တာနက်ကြီးကလည်းခောတ်စားလာတယ်...(ကျူပြီပေါ့လေ)
ဒီလိုနဲ့စလုံးမှာရောက်နေတဲ့...(Sg) ပေါ့နော် သူနဲ့ကျွန်တော်စတွေ့မိတယ် သူများ (acc) ကနေခိုးတာ...လို့မထင်နဲ့နော် မသိမသာယူလိုက်တာ

စပြီးအပ်တယ်ပေါ့လေ အပ်အပ်ချင်းပဲလက်ခံတယ်ဗျ.....ရေစက်ပါတယ်ထင်တယ်နော် အဲ့မှာသူ့ပုံတင်ထားတယ်ဗျ ဘယ်လိုဖြစ်သွားလည်းမသိဖူး ကျွန်တော့်စိတ်တွေ...(မြင်မြင်ချင်း) ကိုချစ်မိသွားတယ်ပေါ့ သူ့နာမည်မေးတော့သူကဖြေတယ် (NN) တဲ့ဒါနဲ့ကျွန်တော်လည်းသူ့ကိုစားလိုက်တယ် (NN) ကကျွန်တော့်သူငယ်ချင်းနဲ့တူတယ်လို့အစပျိုးလိုက်တယ် သူကဟုတ်လားတဲ့ (အင်း)ပေါ့
ဘယ်လိုတူတာလဲတဲ့မျက်နှာမှာမှဲ့ပါလားလို့ကျွန်တော်ကမေးလိုက်တယ် သူ ကပါတယ်တဲ့ ဒါဆိုဟုတ်များနေမလားမသိဖူးလို့ ထပ်ဖောလိုက်တယ် သူကပြန်မေးတယ် ယူ့နာမည်ကရောတဲ့ ကျွန်တော်လည်းပြန်ဖြေလိုက်တာပေါ့ (KZH) လို့ aww....တဲ့ ပြောရအုန်းမယ် အဲ့တုန်းကသူကမြန်မာဖောင့်မရဖူး.ဗျ မြန်းဂလိလိုပြောတာ ဘယ်ရမလဲဒီကမြန်မာလိုအသေကျူတာပေါ့.....(:P) ကဗျာတွေရေး ပိုစ့်ကဒ်တွေပေး (mail) ကနေပြောတာပါ သူကြိုက်တဲ့နှင်းဆီပုံလေးတွေလည်းပါတာပေါ့နော်.....(ပိုက်ပိုက်မှမကုန်တာ) (mail) ကနေပို့တာပဲဟာ ဒီလိုနဲ့ရင်းနှီးလာတယ်ပေါ့လေ အဲ့ဒါနဲ့ တစ်ပါတ်လောက်ကြာတော့ မေးကြည့်တာပေါ့လေ.....(NN) မှာချစ်သူရှိလားပေါ့

မိမိ ဘလော့ကို Andriod ဖုန်းမှ ကြည့်ရန်

ကျွန်တော့် ဘလော့လေးကို Andirod ဖုန်းကနေကြည့်လို့ရအောင် ကို ဖြူသားလေး လုပ်ပေးထား လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပေးထားတဲ့လင့်ကနေ App လေးဒေါင်းပြီး Andriod ဖုန်းထဲမှာ install လုပ်ထားရင် ကျွန်တော့် ဘလော့ကို ဖုန်းကနေကြည့်လို့ရပါပြီ။ အစ်ကို ဖြူသားလေးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲလိုပဲ မိမိတို့ဆိုက်တွေကိုလည်း လုပ်ချင်တယ်ဆိုရင် တခါတည်းပြောပြပါ့မယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံး အောက်ဆုံးမှာပေးထာသော လင့်လေးကိုအရင်သွားပါ။
အဆင့်(၁) ဒီလင့် လေးကိုသွားပါ။

အဆင့်(၂) အဲဒီအပေါ်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW ! ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Website ကိုကလစ်ပေးပါ။ Website URL မှာ မိမိတို့ ဆိုက်လင့်ကိုထည့်ပါ။ App name မှာမိမိတို့လိုချင်သော နာမည်ကိုရိုက်ထည့်ပါ။ ပြီးရင် create ဆိုတာကိုနှိပ်ပါ။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...