လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, November 30, 2013

Gmailပို့ရင်နောက်ခံအေ၇ာင်ပါအောင်လုပ်နည်း

 ကေပီ-3 မှ ပြန်လည်ကိုးကား၍ မျှဝေလိုက်ပါသည် လေးစားလျက် (အန်လ်)

 ဒီနေ့ထပ်တင်တာလေးကတော့သိပြီးကြတဲ့ဘလော့မိတ်ဆွေတွေလည်းများမယ်ထင်ပါတယ်။လုပ်နည်းကတော့အောက်
မှာပုံနဲ့တကွအဆင့်ဆင့်ပြပေးထားပါတယ်။ရောက်လာမယ့်နှစ်မှာကျနော့ဘလော့မိတ်ဆွေအားလုံးကိုယ်စိတ်နှဖြာကျန်းမာရွင်း
လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ကေပီသရီးမိသားစု

                                     ၁။

                                     ၂။

                                         ၃။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု

ရွှေပြည်တော် မျှော်တိုင်းဝေး


◄ရွှေပြည်တော် မျှော်တိုင်းဝေး► (ဒေါက်တာ ခင်မောင်ညို)

ုမြန်မာနိုင်ငံမှ အလုပ်သမား ဦးရေ(နှစ်သန်း)ကျော်သည် ထိုင်း၊ မလေးနှင့် စင်္ကာပူတို့တွင်
အလုပ်လုပ်နေကြသည်..။

တကယ်တမ်း မြန်မာပြည်မှာ အလုပ်ကောင်းတွေရှိမယ်ဆိုရင်
လုံလောက်မှန်ကန်သော လစာကိုရမည်ဆိုလျှင် မြန်မာပြည်သားအများစုသည်
တစ်ဖက်နိုင်ငံတွင် အလုပ်သွားလုပ်မည် မဟုတ် ..။

(အရင်ခေတ်က စကားရှိတယ်ကွ - ကျွန်ကလား ၊ မယားတောသူတဲ့
အင်မတန်အလုပ်လုပ်တဲ့ အခိုင်းအစေ ကျွန်ပေါ့လေ)
သူ့ကို ရှာဖွေခိုင်းလို့ကောင်းတယ်..။ ဒီအတိုင်းပဲ
သဘောဖြူမနောဖြူ ၊ မယားကတော့ တောသူပဲ မဟုတ်လား .. .
ဒါက အတော်လေး အသုံးကျယ်ခဲ့တဲ့ စကားပုံပဲ..။)

Friday, November 29, 2013

ကဲပြော

 Photo: အတိုင်းအစမရှိတဲ့ ပင်လယ်ပြင်မှာ .. 
အတိုင်းအစမရှိတဲ့ အတွေးတွေနဲ့ .. 
လျှောက်သောလမ်း မပျောက်တမ်း.. 
ငါ ရှေ့ဆက်လှမ်းနေရဦးမယ်.. 

အိမ်မက်က ဟိုဘက်ကမ်း.. မှာ .. 
လက်တွေ့နယ်ပယ်ရဲ့ လှုပ်ရှားမှုက .. ဒီဘက်ကမ်းမှာ .. 
ယုံကြည်ချက်ဆိုတဲ့ တံတားကို .. တည်ဆောက်ရင်း
ငါ လျှောက်လှမ်းရမယ့် လမ်းဘယ်လောက် ကြမ်းတမ်းနေဦးမှာလဲ .. 

(ကဲ ပြောစမ်း.. ကံတရားကို ချုပ်ကိုင်ထားတဲ့ သူကြီးရေ)...။

(/\/|_@)
 
အတိုင်းအစမရှိတဲ့ ပင်လယ်ပြင်မှာ ..
အတိုင်းအစမရှိတဲ့ အတွေးတွေနဲ့ ..
လျှောက်သောလမ်း မပျောက်တမ်း..
ငါ ရှေ့ဆက်လှမ်းနေရဦးမယ်..

အိမ်မက်က ဟိုဘက်ကမ်း.. မှာ ..
လက်တွေ့နယ်ပယ်ရဲ့ လှုပ်ရှားမှုက .. ဒီဘက်ကမ်းမှာ ..
ယုံကြည်ချက်ဆိုတဲ့ တံတားကို .. တည်ဆောက်ရင်း
ငါ လျှောက်လှမ်းရမယ့် လမ်းဘယ်လောက် ကြမ်းတမ်းနေဦးမှာလဲ ..

(ကဲ ပြောစမ်း.. ကံတရားကို ချုပ်ကိုင်ထားတဲ့ သူကြီးရေ)...။

(/\/|_@)

သိစေဖို့

မမျှော်လင့်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ
ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ သူက ဘ၀မှာ အဆင်ပြေစ္စာ နေထိုင်နိုင်မယ်...။

ဘ၀ဆိုတာ ကိုယ့်ရဲ့ဥာဏ်ပညာ လုံ့လ၀ီရိယ
လုပ်ရည် ကိုင်ရည် ဘယ်လောက်ရှိတယ်ဆိုတာကို
စမ်းတဲ့ စာမေးပွဲလို့ သဘောထား

အရေးကြီးတာနဲ့ အရေးမကြီးတာ

အရေးကြီးတာနဲ့ အရေးမကြီးတာ

ဘ၀မှာ တကယ့် ဒုက္ခအစစ်ကြီးတွေရှိပါတယ်...
ဒုက္ခအတုယောင်တွေနဲ့ လုံးပန်းမနေပါနဲ့...

ဘ၀မှာ နေ့စဉ်ပြဿနာဆိုတာ ကြုံနေရမြဲပါပဲ ..
ဒါတွေကို တွေးပြီးကြောက်နေမလား ..
ဖြေရှင်းလိုက်ပါ..

ပြဿနာဟာ နေ့တိုင်းတွေ့ရမှာပါ..။
ပြဿနာကို ဖြေရှင်းနေရတာဟာ
ဘ၀မှာ ပုံမှန်လုပ်နေရတဲ့ အလုပ်ပဲ..။

ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့
စိတ်ညစ်နေဖို့ မဟုတ်ဘူး..။ ကိုယ့်မှာ အရည်အချင်းရှိသလောက်
လုပ်နိုင်သမျှ လုပ်ပါ.. ။ ကိုယ်မျှော်လင့်ထားသလောက် ရာနှုန်းပြည့်မှာတော့
မဟုတ်ဘူး ...။

ကန်တော့ပါသည် အို…အမိ

@ ကန်တော့ပါသည် အို…အမိ @

PhotoPhoto

ကျောင်းမနေရှာ ဖြတ်သန်းပါ၍
စာမတတ်သည့် ငါ့အမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို…အမိ ။

လုပ်ကိုင်ပင်ပန်း ဒုက္ခလမ်း၌
မကျန်းမာသည့် ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို…အမိ ။

ဘယ်လို နေထိုင်မှာလဲ


ဘယ်လို နေထိုင်မှာလဲ

လူဘ၀ဟာ ဆန်းကျယ်ပါတယ်.
ပျော်ရွှင်စရာတွေလဲ တွေ့နိုင်တယ်..
ဝမ်းနည်းစရာတွေလဲ ကြုံတွေ့နိုင်တယ်..
လွယ်လွယ်လေး မင်းဖြတ်ကျော်လိုက်ပါ...

မင်းရှိနေတဲ့ နေရာက မင်းကမ္ဘာပဲ ..
ဒါကို အဆင်မပြေလိုက်တာ / ဘ၀က ကြမ်းလိုက်တာ ..
အမျိုးမျိုး ပုံဖော်ပြီး စိတ်ရှုပ်နေမလား ..မင်းစဉ်းစားပါ...

မင်းကမ္ဘာကို မင်းစိတ်တိုင်းကျ ပုံဖော်နိုင်တယ်..
ဘယ်သူတွေမှာ မင်းကမ္ဘာကို ဆေးရောင်တွေလာသုတ်ပီး ချန်ထားလို့မရဘူး ..

အတတ်နိုင်ဆုံးလေးတစ်ခု

အချိန်တန်ရင် ပြန်သွားရတာကြီးပဲ ..
မတည်မြဲတဲ့ သဘောတရားတွေပေါ့ ..

လက်ရှိအချိန်တွေကို .. အကောင်ဆုံးဖြစ်လာဖို့ ..
မမျှော်လင့်ပါဘူး .. ဒါပင်မဲ့ ကောင်းတာလေးတွေတော့ တက်နိုင်သမျှ လုပ်နေချင်တယ်.. ။

ဥပမာ .- ကိုယ်တတ်မြှောက်တဲ့ ပညာလေးတွေနဲ့ .. သူများတွေကို ကူညီပြီး နေထိုင်သွားမယ် ဒီနေ့ရော် .. မနက်ဖြန်ရော်.. နောက်နေ့ နောက်နေ့တွေရော်..............။

အဲ့သလိုနေထိုင်မယ်ဆို.... စိတ်ချမ်းသာဖို့ ဘာလိုဦးမှာလဲ .. ကဲပြော..။

လေးစားလျက် (အန်လ်)

သိစေဖို့ - ၈

သိစေဖို့ - ၈

လောကကြီးကို ကောင်းအောင်လုပ်မယ်ဆိုရင်
လူတွေကို ကောင်းအောင်လုပ်ရမယ် ..။

လူတွေကို ကောင်းအောင်လုပ်မယ်ဆိုရင်
တစ်ခုပဲလုပ်လို့ရတယ်...။

ကိုယ့်ကိုယ်ကို ပိုကောင်းအောင် အရင်လုပ်ရမယ်
ကိုယ်ကိုယ်တိုင်က ပိုကောင်းဖို့ အမြဲကြိုးစားနေမှသာ
သူများကို ပိုကောင်းအောင်လုပ်ဖို့ စိတ်ကူးသင့်တယ်.. .။

ပြန်လည်မျှဝေသည် (အန်လ်)

သိစေဖို့ -၉

သိစေဖို့ -၉

လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ
မသင့်တော်တာ မကောင်းတာကို မြင်ရရင်
ပြုပြင်ချင်ကြတယ်.. ။ ပြုပြင်ဖို့လိုပါတယ်..။

ဒါပင်မဲ့ .. (ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့) ဆိုတဲ့
သဘောထားမျိုးနဲ့တော့ လောကကြီးကို ကောင်းအောင်
ပြုပြင်လို့မရပါဘူး...။

ငါလုပ်သလိုလုပ်ဆိုပြီး ကိုယ်က ကောင်းတာတွေကို
ရှေ့ကနေလုပ်သွားမှသာ ကိုယ့်စကားဟာ ထိရောက်မယ်...။

လူတိုင်း မရိုးသားတဲ့လူနဲ့ ဆက်ဆံရတဲ့ ဒုက္ခကို ကြုံဖူးပါတယ်..။
လူတွေရိုးသားကြရင် ကောင်းမှာပဲလို့ တွေးကြမှာပဲ..။ တောင့်တကြမှာပဲ..။
ရိုးသားတဲ့လူတွေကို တွေ့ချင်မှာပဲ..။

(ကိုယ်တွေ့ချင်နေတဲ့ ရိုးသားတဲ့လူကို မှန်ထဲမှာ မြင်ရရင် အကောင်းဆုံးပဲ)


ကိုးကားသမျှပြန်လည်မျှဝေသည်..။ (အန်လ်)

အဲ့တာ ယနေ့ခေတ် စတိုင်စ်

အဲ့တာ ယနေ့ခေတ် စတိုင်စ်

ကလိမ်ကကျစ် စီးပွားဖြစ်
သူခိုးဂျပိုး စီးပွားတိုး

လူရိုးလူမှန် နောက်မှာကျန်
အမှန်ပြောကြား လူမုန်းများ

ဟန်ဆောင်ကောင်းက လူခင်ကြ
အမှားပြောလိုက် လူ့အကြိုက်

မှတ်ချက် /- (သဘောကျလို့ပါ) ဖတ်ရှု့သမျှလေး ပြန်လည်တင်ပြလိုက်ပါတယ် လေးစားလျက် (အန်လ်အယ်လ်အေ)

ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ

◄ ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ ►

တော်တော်ကို ဆိုးပါတယ်..
စဉ်းစားတွေးခေါ်တတ်ဖို့ ... လမ်းမပြဘဲ .. ။

2 + 2= 5 တဲ့

မနေ့က အင်တာနက်ပေါ်မှာ ကလေးတွေကို စာသင်တာကို ..
ကြည့်လိုက်ရလို့ပါ ...

မဟုတ်ဘူး ဆရာ 2 + 2= 4 ပါ ..

ငါပြောသလိုလုပ်ကွ. ..

သိစေဖို့

Photo: မိတ်ဆွေဖွဲ့နည်း

သိစေဖို့ - (၁၁)

◄ သိစေဖို့ - (၁၁) ►

ယင်းကြွေးကြော်သံသည် လွန်ခဲ့သည့်
နှစ်ပေါင်း (၉၀)ကျော်ကာလက
ပြည်သူတစ်ရပ်လုံး၏ ရင်ထဲမှ
မျိုးချစ်စိတ်ကို အရင်းခံ၍
တစ်ညီတစ်ညွတ်တည်း စွဲမြဲခဲ့သည့် ခံစားမှုဖြစ်သည်..။

မြန်မာပြည်သည် - တို့ပြည်
မြန်မာစာသည် - တို့စာ

မြန်မာစကားသည် - တို့စကား

တို့ပြည်ကို - ချစ်ပါ
တို့စာကို - မြတ်နိုးပါ
တို့စကားကို - လေးစားပါ.. ။


ပြန်လည်ကာ မျှဝေလိုက်သည် လေးစားလျက် (အန်လ်အယ်လ်အေ)

သိစေဖို့

Photo

သိစေဖို့



ကျွန်တော်နှင့် စာမေးပွဲစနစ်


ကျွန်တော်နှင့် စာမေးပွဲစနစ်

အင် အတွေးပေါ်လို့
ဖတ်ရှု့ပီးတာလေး ပြန်မျှလိုက်အုန်းမယ်. .

၁၉ ရက်နေ့က ဖတ်ဖြစ်တာလေ ..
ရက်စွဲတောင် လွန်သွားတယ် မျှဝေဖို့အတွက်...

လုပ်ငန်းခွင်မှာဆိုတော့ အင်တာနက်ဘက်ကို မလှည့်လိုက်ရဘူးဖြစ်သွားတယ်.. ၁၉ ရက်နေ့က

---------------------------

◄ ကျွန်တော်နှင့် စာမေးပွဲစနစ် ► (ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်)


၁၉ ရက်နေ့ထုတ် ကြေးမုံ စာမျက်နှာ - ၆ မှာ ဖော်ပြထားပါတယ်..
သဘောကျလို့ ပြန်လည်မျှဝေလိုက်ပါတယ်. ..

အဓိကတော့ စာမေးပွဲစနစ်မှာ ကျောင်းသား/သူ တွေ
စဉ်းစားခွင့်မရှိတဲ့ ကိစ္စပဲဖြစ်တယ် ..။

အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံများမှာ...

အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင်
ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံများမှာ....


အမျိုးကိုချစ်ပါ
ဘာသာကို လေးစားပါ
သာသနာကို ချီးမြှင့်ပါ
ပညာရေးကို အားပေးပါ
ပြည်တွင်းဖြစ်ကို အားပေးပါဟူ၍ ဖြစ်သည်..။

လေးစားလျက် (အန်လ်အယ်လ်အေ)

နင်ပျော်ရွှင်နိုင်ဖို့

နင်ပျော်ရွှင်နိုင်ဖို့ ..
အားပေးရုံကလွဲပြီး .. ဘာမှ မတက်နိုင်လို့ပါ.. ။

ရိုးသား ဖြူစင်စွာ ချစ်ခဲ့တာကြောင့် ..
နင်လိုအပ်မယ်ဆိုရင်.. ငါအဆင်သင့်ပါ ...။

နင့်အတွက် ငါဆိုတာ မရှိခဲ့ရင်လဲ ....
ငါ့အတွက် နင်ဆိုတဲ့ စိတ်ကြောင့် ..
နင်ပျော်ရွှင်နိုင်ဖို့
အားပေးရုံလေးကလွဲပြီး .... ကျန်တာ ငါ မပေးဆပ်နိုင်ပါဘူး .. ။


နင့်စီက တုန့်ပြန်မှုတွေကို နင့်သဘောတိုင်း လက်ခံရင်း ...
ငါဆိုတဲ့ ကောင်လေးတစ်ယောက်အတွက်
မျှော်လင့်ခွင့်လေးသာရှိရင် .... မျှော်လင့်နေသူပါ ... ။

(အန်လ်)

Gentleman First ကို လေးစားပါတယ် အန်လ်အယ်လ်အေ

◄Gentleman First ကို လေးစားပါတယ် အန်လ်အယ်လ်အေ►

Lady First ...
လေဒီဖက်(စ်)

မိန်းမတွေ ယောက်ျားတွေနှင့်အတူ ..
ရင်ဘောင်တန်းလာတဲ့ခေတ် ...

မိန်းမတွေကို ဦးစားပေးရတဲ့ ခေတ် ...

သေချာတာတစ်ခုတော့ရှိတယ်..

Gentleman First ဆိုတဲ့ တစ်နေရာတော့ရှိတယ်..

အဲ့တာကတော့ အရက်ဆိုင် .... ။

လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ


လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ

တော်တော်ကို စဉ်းစားလိုက်ရတယ်..
ကိုယ်လုပ်နေတဲ့ အလုပ်ကို
ကိုယ်ကမှ မကောင်းရင် ဘယ်သူက ကောင်းပါတယ်ဆိုပီး ..
လာလာပြောနေမှာလဲ ..... တခါတလေ တစ်ချို့တစ်ယောက်တော့ ဖြစ်ကောင်းဖြစ်မယ်..

ငွေချေးရတာ အရင်ကရှက်တယ်လို့..
စိတ်ခံစားမီလိုက်သေးတယ်..

တကယ်တော့ ဘယ်ဟုတ်မလဲ ..
ယုံကြည်ချက်ပဲ ... အဲ့တာ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိလို့ ..
သူ့ဘက်ကလဲ ချေးငှားတာကို တွေ့လိုက်ရတယ်..

ကိုယ်လုပ်ရမှာက .. ဒီယုံကြည်ချက်ကို ..
တည်ဆောက်ထားပြီး ... အချိန်မှန် အချိန်တန်ရင်...
ပြန်ပေးနိုင်ဖို့ပဲ ... အရေးကြီးတယ်..

အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင်

(သိုစေဖို့ - ၁၀)

◄ အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင် ►

လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး
ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့ အသိအမြင်၊
မှန်ကန်တဲ့ သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာ အခြေခံတဲ့
မှန်ကန်တဲ့အလုပ်တွေကို လူတွေ များများလုပ်နိုင်ဖို့ လိုတယ်..။

ဆရာတော်ဦးဇောတိက ...

ဖတ်ရှု့သမျှ ပြန်လည်မျှဝေလိုက်သည် --- (အန်လ်အယ်လ်အေ)

ကျေးဇူးရှင် ၁၀ ပါး

" ကျေးဇူးရှင် ၁၀ ပါး "
Photo: " ကျေးဇူးရှင် ၁၀ ပါး "
လောကမှာ လူသားတွေအတွက် အင်မတန် ကျေးဇူးရှိတဲ့ မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ် ၁၀ ပါး ရှိပါတယ်။ ထိုပုဂ္ဂိုလ် ၁၀ ပါးက တော့ ခင် ပွန်းကြီး ၁၀ ပါးပဲ ဖြစ်ပါတယ်။ လောကလူသား တော်တော်များများဟာ ခင် ပွန်းကြီး ၁၀ပါး ကို သိကြ ပေမယ့်လို့ ထိုခင် ပွန်းကြီး ၁၀ ပါးကို ပူဇော်ရိုသေ ခြင်းကြောင့် ရရှိတဲ့ အကျိုး နှင့် ပစ်မှားခြင်းကြောင့် ရရှိတဲ့ အပြစ်တွေ ကိုတော့ သိသူနည်းပါးကြပါတယ်။ ဒီလိုသိသူနည်းပါးခြင်း၏ ရလဒ်က တော့ လူသားတွေဟာ ခင် ပွန်ကြီး ၁၀ ပါး ကို လွယ်လွယ်ကူကူ ပြစ်မှား ကြ တော့တာပါပဲ။ ဒါကြောင့် ထိုခင် ပွန်းကြီး ၁၀ ပါး ကို ပူဇော်ရိုသေ ခြင်ကြောင့် ရရှိတဲ့အကျိုး ပြစ်မှား ခြင်းကြောင့် ရရှိတဲ့ အပြစ်တွေကို ဖော်ပြ ပေးလိုယ် ရပါတယ်။
" ခင် ပွန်း ကြီး ၁၀ ပါး "
၁။ ဗုဒ္ဓ- ဘုရား
၂။ ပ စ္စေကဗုဒ္ဓါ- အသီးအခြား ဖြစ်သော ဘုရားငယ်
၃။ အရဟ- ရဟန္တာ
၎။ အဂ္ဂသာဝက- မြတ်စွာဘုရား၏ တပည့်ကြီး
၅။ မာတာ- အမိ
၆။ ပိတာ- အဘ
၇။ ဂုရု- အ လေးအမြတ် ပြုအပ်သော ဆရာ
၈။ သတ္ထာ- ဆုံးမ သော ဆရာ
၉။ ဓမ္မဒေသကာ- တရားဟောပြသူ
၁၀။ ဒါယကာ- ပေးကမ်းသောသူ။
ထိုကျေးဇူးရှင်ဖြစ်သော ခင် ပွန်း ကြီး ၁၀ ပါးကို ပူဇော်ရိုသေသူတို့ ရရှိသော အကျိုး ၁၀ ပါး-----
၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာ မရှားပါးခြင်း။
၂။ ရောက် ရာ အရပ်၌ အပူဇော် ခံရခြင်း။
၃။ ရန်သူမျိုး ငါးပါးက မနှိပ်စက်ခြင်း
၎။ မျက်နှာမြင် က ချစ်ခင် သူ ပေါများခြင်း။
၅။ ပွဲအလယ်၌ ရဲဂုဏ် ရှိခြင်း။
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။
၇။ အခြံအရံ အမြဲမပျက် ရှိခြင်း။
၈။ ဆင် မြင်း ကျွဲ နွား ပေါများလျက် စပါးသီးနှံ မပျက်မစီးခြင်း။
၉။ တောင်စောက် ချောက်ကမ်း၌ ကျသော်လည်း တည် ရာ ရနိုင်ခြင်း
၁၀။ သားသမီးနှင့်တကွ အ ခြေ အမြစ် ကြီးကျယ်ခြင်း။ 
" ပြစ်မှားသူတို့ ရရှိသော အပြစ် ၁၀ ပါး ကား-----
၁။ ကြီးမားသော ဝေဒနာမျိုးကို ခံစားရတတ်ခြင်း။
၂။ စည်းစိမ်လျော့ပါးတတ်ခြင်း။
၃။ နေအိမ်မီးလောင် တတ်ခြင်း။
၎။ ကျိုးပျက်သော အင်္ဂါနှင့် သက်တမ်းကုန် ရခြင်း။
၅။ နူနာရောဂါ စွဲကပ်တတ်ခြင်း။
၆။ စိတ်ဖောက်ပြန်သော သူရူးဖြစ်တတ်ခြင်း။
၇။ မင်းဘေးမင်းဒဏ် ကျရောက်တတ်ခြင်း။
၈။ မျိုဆွေတို့နှင့် ကွဲပြားရတတ်ခြင်း
၉။ သူတစ်ပါး အစွပ်အစွဲ ခံရတတ်ခြင်း။
၁၀။ ရွှေ ငွေ ကျွဲ နွား ပျက်ပြား တတ်ခြင်း။ တို့ဖြစ်ပါသည်။
အားလုံးသော ခုနှစ် ရက် သားသမီး သူတော်စင် အ ပေါင်းတို့ ကိုယ်စိတ် နှစ်ဖြာ ကျမ်းမာစွာဖြင့် ခင် ပွန်း ကြီး ၁၀ ပါးကို အသက်ထက်ဆုံး ပူဇော် ရိုသေနိုင်ကြပါစေ -----
လောကမှာ လူသားတွေအတွက် အင်မတန် ကျေးဇူးရှိတဲ့ မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ် ၁၀ ပါး ရှိပါတယ်။ ထိုပုဂ္ဂိုလ် ၁၀ ပါးက တော့ ခင် ပွန်းကြီး ၁၀ ပါးပဲ ဖြစ်ပါတယ်။ လောကလူသား တော်တော်များများဟာ ခင် ပွန်းကြီး ၁၀ပါး ကို သိကြ ပေမယ့်လို့ ထိုခင် ပွန်းကြီး ၁၀ ပါးကို ပူဇော်ရိုသေ ခြင်းကြောင့် ရရှိတဲ့ အကျိုး နှင့် ပစ်မှားခြင်းကြောင့် ရရှိတဲ့ အပြစ်တွေ ကိုတော့ သိသူနည်းပါးကြပါတယ်။ ဒီလိုသိသူနည်းပါးခြင်း၏ ရလဒ်က တော့ လူသားတွေဟာ ခင် ပွန်ကြီး ၁၀ ပါး ကို လွယ်လွယ်ကူကူ ပြစ်မှား ကြ တော့တာပါပဲ။ ဒါကြောင့် ထိုခင် ပွန်းကြီး ၁၀ ပါး ကို ပူဇော်ရိုသေ ခြင်ကြောင့် ရရှိတဲ့အကျိုး ပြစ်မှား ခြင်းကြောင့် ရရှိတဲ့ အပြစ်တွေကို ဖော်ပြ ပေးလိုယ် ရပါတယ်။
" ခင် ပွန်း ကြီး ၁၀ ပါး "

Wednesday, October 30, 2013

Internet Speed Up

  Mozilla Firefox Browser ရဲ့ Speed ကိုမြန်အောင်ပြုလုပ်ခြင်း
မလှိုင်သာနည်းပညာဆိုဒ်မှ ပြန်လည် ကူးယူ၍ ဖော်ပြလိုက်သည် လေးစားလျက် (လမင်း)

Computer PC သုံးစွဲသူတော်တော်များများဟာ အင်တာနက်အသုံးပြုရာ၌ PC Browser တစ်ခုဖြစ်သော Mozilla Firefox Browser ကို အသုံးပြုတာများပါတယ်။ Blog အသုံးပြုသူများ၊ Gmail အသုံးပြုသူများ၊ Facebook အသုံးပြုသူများဟာ Mozilla Firefox Browser ကိုအများအားဖြင့်အသုံးပြုတတ်တာမို့ မိမိရဲ့ Browser ဟာ လျှင်မြန်သွက်လပ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ Mozilla Firefox Browser ကိုမြန်ဆန်အောင်ပြုလုပ်နည်းလေးကို မသိသေးသူများအတွက်ရည်ရွယ်ပြီးတော့ မျှဝေခြင်းဖြစ်ပါတယ်။



Mozilla Firefox Browser ကို Online မှမဟုတ်ပဲ Offline အနေဖြင့် Speed တင်နည်းလေးပါ။
လက်တွေ့သုံးကြည့်ပါ တကယ်အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။

 PDF ကလေးအနေနဲ့ Offline ဖတ်လို့ရအောင်တင်ပေးထားပါတယ်...........
 အောက်ကလင့်မှာဒေါင်းယူပါ........

Sunday, October 20, 2013

◄ Samsung Galaxy S အတွက် Pattern Lock မေ့သွားပါက ဖြုတ်နည်း ►

◄ Samsung Galaxy S အတွက် Pattern Lock မေ့သွားပါက ဖြုတ်နည်း ►
◄ Samsung Galaxy S အတွက် Pattern Lock မေ့သွားပါက ဖြုတ်နည်း ►

ကဲကဲ .. ဖေ့ဘုတ်စ်သူငယ်ချင်းတို့ရေ .. 
ဘာတင်ရမလဲ တွေးကာနေတာ ... ဖုန်းတွေအတွက်.. 
တစ်ထောင့်တစ်နေရာကနေ အထောင့်အကူရအောင်. တင်ပြလိုက်ပါတယ်.. ။ 

တတ်သည့်ပညာမနေသာ အသိတစ်လုံးအမြတ်ဆုံး တစ်လုံးအသိ အကျိုးရှိသလို..။
ဒီပို့စ်လေးကို ဖတ်ပြီး နည်းပညာတစ်ခုတော့ ရမယ်ထင်ပါတယ်.. 

ွှToo many pattern attempts..?
ဖြစ်နေရင် User name and Password တောင်းပါတယ်.. 

Pattern Lock တွေ မေ့လို့ ပြန်ပီး ဖြုတ်လို့မရ ဖြေလို့မရတာအတွက်.. 
ကျွန်တော်ဒီနေ့တင် စမ်းသပ်ကြည့်လိုက်ပါတယ်.. ..။ စမ်းသပ်တာလေး ..အောင်မြင်လို့ ..
ပြန်လည်မျှဝေ အသိပေးလိုက်ပါတယ်..။

အရင် ကျွန်တော် အင်တာနက်ပေါ်ကနေ Pattern Lock တွေ ဘယ်လို ပြန်ဖြေရမလဲ
ဆိုတာကို လေ့လာဖတ်ရှုဘူးပါတယ်.. တစ်ထောင့်တစ်နေရာကကနေ 
အထောက်အကူရတယ် ဆိုင်ပြေးစရာမလိုတော့ဘူးပေါ့ဗျာ.. 

ဒီနေ့လည်း လုပ်ငန်းခွင်က မိတ်ဆွေတစ်ယောက် ဖုန်းက 
Pattern Lock နှိပ်တာများပြီး ဖြုတ်လို့မရ ဖြေလို့မရဖြစ်နေတာ ဖုန်းဆက်လာပါတယ်..။

အရင် ကျွန်တော်စမ်းသပ်ဘူးတဲ့ ဖုန်းတွေက .. Samsung Galaxy W , Y , Ace , S2 တွေပါ 
မိတ်ဆွေဖုန်း ဘာအမျိုးအစားလဲ မေးတော့ . Samsung Galaxy S ပါတဲ့ 
ဟာ... ဒုက္ခ ... ကျွန်တော်လုပ်ကြည့်မယ်ပေါ့ ..။

အရင်လုပ်ဘူးတဲ့ ဖုန်းတွေလို ပြန်ဖြေကြည့်ပါတယ်...။မရပါဘူး .. ။
ဒါနဲ့ အင်တာနက်ပေါ်ကနေ လုပ်နည်းလေးရှာဖွေရင်း.. Samsung Galaxy S အတွက် Pattern Lock ဖြေတာ အဆင်ပြေသွားပါတယ်.. ။

ကဲကဲ... စကားတွေလဲရှည်လို့ လိုရင်းမရောက် ဖြစ်တော့မယ်
တတ်သည့်ပညာမနေသာဆိုသလို အသိတစ်လုံးအမြတ်ဆုံး တစ်လုံးအသိအကျိုးရှိ၏ပေါ့ဗျာ..။

Samsung Galaxy S အတွက် Pattern Lock ဖြေနည်းလေးစလိုက်ရအောင်ဗျာ..
Galaxy S  အတွက် အရင်ဆုံး ဖုန်းကို ဖွင့်ထားလိုက်ပါ.. 

ဖွင့်လျက် battery ကို ဖြုတ်လိုက်ပါ... ပြီးရင်
Volume + Up နှင့် Home button ကို တစ်ပြိုင်ထည်း ဖိထားပါ မလွှတ်လိုက်ပါနဲ့ ...ပြီးရင်
Power button ခလုတ်ကို နှစ်စက္ကန့်လောက် နှိပ်လိုက်ပါ ..ပြီးရင်...

ဖိနှိပ်ထားသမျှ လွှတ်ပြီး ဖြုတ်ထားတဲ့ 
battery ကို ပြန်ထည့်လိုက်ပါ.. ။ ထည့်ပြီးရင် Volume Up + Home button + Power button သုံးခုကို တစ်ပြိုင်ထဲ နှိပ်လိုက်ပါ.. ။.. 

Logo Screen ပေါ်လာရင် ပါဝါ ခလုတ်ကို လွှတ်လိုက်ပါ .. ဒါဆိုရင် . reboot system now ဆိုပီး
 List ကျလာပါလိမ့်မယ်.. .။

အဲ့ဒီ လစ် ထဲမှာ wipe data / factory reset ဆိုတဲ့နေရာထိရောက်အောင် Volume Down နဲ့ သွားပါ သွားပီးပီးဆိုရင် ... Home button လေးနှိပ်လိုက်ပါ .. 

Delete all user data No (or) Yes မှာ ... Yes ပေါ့ ပြီးရင် ... reboot system now  ဆိုတာ
ထပ်နှိပ်ပေးလိုက်ပါ ... အားလုံးပြီပြီးဆိုရင်တော့ .. ပါဝါ ကျသွားပါလိမ့်မယ်.. ။

ပြန်ပေါ်လာရင် Select Language မှာ English (united kingdom) ရွေးပြီး Skip (or) Next နှိပ်သွားပါ ဒါဆိုရသွားပါပြီးခင်ဗျာ... အဆင်ပြေမယ်လို့ထင်ပါတယ်.. ။

ဖော်ပြမှုလေး လိုအပ်ချက်ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ .. 
ပြောရင်း...အားလုံးကို လေးစားလျက် (အန်လ်အယ်လ်အေ) 

20/10/2013
ကဲကဲ .. ဖေ့ဘုတ်စ်သူငယ်ချင်းတို့ရေ ..
ဘာတင်ရမလဲ တွေးကာနေတာ ... ဖုန်းတွေအတွက်..
တစ်ထောင့်တစ်နေရာကနေ အထောင့်အကူရအောင်. တင်ပြလိုက်ပါတယ်.. ။

တတ်သည့်ပညာမနေသာ အသိတစ်လုံးအမြတ်ဆုံး တစ်လုံးအသိ အကျိုးရှိသလို..။
ဒီပို့စ်လေးကို ဖတ်ပြီး နည်းပညာတစ်ခုတော့ ရမယ်ထင်ပါတယ်..

ွှToo many pattern attempts..?
ဖြစ်နေရင် User name and Password တောင်းပါတယ်..

Saturday, October 19, 2013

Window XP, 7, 8 တင်နည်းလေးပါ

From ; Eco lay .., 
ကျွန်တော် မနေ့ကစာအုပ်ကလေးတစ်အုပ် အပီးသတ်ရေးပီးလို့တင်ပေးထားပါတယ်.......

Window XP, 7, 8 တင်နည်းလေးပါ။။။။ မြန်မာလို ရိုးရိုးလေးပဲရေးထားပါတယ်........

လူတိုင်းအတွက်အသုံးမ၀င်ခဲ့ရင်တောင် လူတစ်ယောက်အတွက်အကျိုးရှိမယ်ဆိုရင် ကျွန်တော်ပင်ပန်းရကျိုးနပ်ပါတယ်

အောက်လလင့်မှာဒေါင်းယူလို့ရပါတယ်.......

http://www.mediafire.com/download/5be6218bdj9abqm/Window+XP%2C+7%2C+8+Installation+Guide%28www.ecolayit.blogspot.com.pdf

ကျွန်တော့်ဘလော့လေးထဲကိုလည်းအလည်လာရန်ဖိတ်ခေါ်ပါတယ်ဗျ........

http://www.ecolayit.blogspot.com/2013/10/window-xp-7-8.html
 Copy: lamin
 

Computer ကို System Password အလွယ်ပေးနည်း


မိမိ computer ကို System password ပေးထားခြင်းဟာ အရမ်းကို တင်းကြပ်တဲ့ လုံခြုံမှုတစ်ခုပါ..
လုံခြုံမှုအရေးကြီးရင် ဒီနည်းလေးကိုသာသုံးလိုက်ပါ
၁။ Run>syskey> enter ခေါက် (သို့) ok ပေးပါ

၂။ ပေါ်လာသော Securing the Windows Account Database box လေးတွင် Encryption Enabled
ကို ရွေးပြီး Update ကို နှိပ်ပါ။

Wednesday, October 16, 2013

( I can not fly )

( I can not fly )
Photo: ( I can not fly ) 

အခုတော့ အားလုံး .. 
အိမ်မက်ပါပဲ .. 
ဒဏ်ရာတွေကို ခံစားတက်အောင်.. 
ပေးခဲ့တာလား .. 

အကြောင်းမလှတဲ့ .. 
ဘ၀မှာ .. မျှော်လင့်ချက်ဆိုတဲ့ .. 
အရှေ့က ပန်းတိုင်ကို .. မျှော်လင့်ရင်း.. 
အသက်ရှင်နေရတာ အပြစ်လား .. 

ငါအများကြီးတွေးဘူးတယ်.. 
ငါအများကြီး တောင်းတဘူးတဲ့ .. 
အိမ်မက်တွေ ..အခု .. ရပ်တန့်နေပါပြီ .. 

ဟုတ်ပါတယ်.. မင်းတို့ သူတို့တွေ.. 
ပြောတာမှန်ပါတယ်.. အဲ့တာ အိမ်မက်တွေပါ.. အိမ်မက်တွေပါ.. 

ငါဘယ်လောက် ကြိုးစားကြိုးစား .. ဒီနေရာပဲ. . 
ငါဘယ်လောက် လုပ်လုပ် .. ဒီနေရာပဲ .. 
ငါဘယ်လောက် မျှော်လင့် မျှော်လင့် .. ဒီနေရာပဲ ..
ငါသိလိုက်ရတယ် တကယ်တော့ ဒီနေရာနဲ့ပဲ .. ငါက တန်တာပါ.. 

ငါ တော်တယ် တတ်တယ်ဆိုတဲ့ လူတစ်ယောက်မဖြစ်ချင်နေပါစေ.. 
လူညံ့တစ်ယောက်ဖြစ်မှာကိုတော့ .. ငါကြောက်တယ်.. 

ငါ့အိမ်မက် .. ငါ့ဘ၀ .. ငါ့အနာဂတ်.. 
ငါ ကြိုက်သလို .. ရေးဆွဲနိုင်ပါတယ်.. 
ငါလိုချင်တာ .. ဖေးမမှုတွေပါ.. 
မင်းတို့ .. သူတို့ရဲ့ ကူညီမှုတွေကို မတောင်းတခဲ့ပါဘူး .. 
မင်းတို့ ..သူတို့ရဲ့ .. ဖေးမမှု.. အားပေးမှုလေးတွေသာ ငါတောင်းတခဲ့တာပါ...။

(/\_/l_@)4*10*2013
အခုတော့ အားလုံး ..
အိမ်မက်ပါပဲ ..
ဒဏ်ရာတွေကို ခံစားတက်အောင်..
ပေးခဲ့တာလား ..

အကြောင်းမလှတဲ့ ..
ဘ၀မှာ .. မျှော်လင့်ချက်ဆိုတဲ့ ..
အရှေ့က ပန်းတိုင်ကို .. မျှော်လင့်ရင်း..
အသက်ရှင်နေရတာ အပြစ်လား ..

ငါအများကြီးတွေးဘူးတယ်..
ငါအများကြီး တောင်းတဘူးတဲ့ ..
အိမ်မက်တွေ ..အခု .. ရပ်တန့်နေပါပြီ ..

◄ ချစ်စရာ .. ဓလေ့တစ်ခုပါ .. ►

◄ ချစ်စရာ .. ဓလေ့တစ်ခုပါ .. ►
Photo: ◄ ချစ်စရာ .. ဓလေ့တစ်ခုပါ .. ►

တစ်ချို့က မာနကြီး .. လက်သီးဆိုပဲ .. 
တစ်ချို့က .. မသိချင်ယောင်ဆောင် .. ခြင်ထောင် ထောင်တက်ကြတယ်.. 
တွေ့လို့ နှုတ်ဆက်.. မင်းတော်တော် အလုပ်လက်မဲ့ဖြစ်နေလားတဲ့.. 
ဟော် .. ကိုယ်ပဲ မှားပါတယ်... 

တစ်ခုတော့သိထား . 
ဒို့မြန်မာတွေက .. 
ခင်မင်မှုရှိတဲ့ လူတွေကို တွေ့ရင် ..
နှုတ်ဆက်တက်ကြတယ်.. မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့တစ်ခုပဲ .. 

ထက်ပြောမယ်နော်.. 
အကျွမ်းတ၀င်ရှိတဲ့ သူတွေကို မြင်ရင် 
နှုတ်ဆက်တက်ကြတာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့လေး တစ်ခုပါကွာ..။

(အန်လ်)
တစ်ချို့က မာနကြီး .. လက်သီးဆိုပဲ ..
တစ်ချို့က .. မသိချင်ယောင်ဆောင် .. ခြင်ထောင် ထောင်တက်ကြတယ်..
တွေ့လို့ နှုတ်ဆက်.. မင်းတော်တော် အလုပ်လက်မဲ့ဖြစ်နေလားတဲ့..
ဟော် .. ကိုယ်ပဲ မှားပါတယ်...

တစ်ခုတော့သိထား .
ဒို့မြန်မာတွေက ..
ခင်မင်မှုရှိတဲ့ လူတွေကို တွေ့ရင် ..
နှုတ်ဆက်တက်ကြတယ်.. မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့တစ်ခုပဲ ..


ထက်ပြောမယ်နော်..
အကျွမ်းတ၀င်ရှိတဲ့ သူတွေကို မြင်ရင်
နှုတ်ဆက်တက်ကြတာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့လေး တစ်ခုပါကွာ..။

(အန်လ်)

◄ ဒီစကားလေးတစ်ခွန်း Promise ►


Photo: ◄ ဒီစကားလေးတစ်ခွန်း Promise ►

တကယ်ကို အထင်ကြီးလုပ်ပြီး .. 
Promise တွေ ပေးခဲ့တယ်.. 
ဒါကို ငါက ရှေ့နေကြီးတစ်ယောက်လို .. 
အရာအရာ ဖြေရှင်းပေးနိုင်တယ် ထင်ခဲ့လို့.. 

အပြောကလွယ် တယ်.. 
လက်တွေ့က ခက်ခဲတယ်ဆိုတာ .. 
ငါကြုံမှ သိလိုက်တာလား .. 
တကယ်တော့မဟုတ်ဘူး .. 
ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်လိုက်တာ .. 
အမှားတွေ အထပ်ထပ် ပုံရိပ်တွေ အခုဖြစ်လာတယ်.. 

နုတ်ကြောင့်သေ .. ဆိုတဲ့ စကားအတိုင်း .. 
အပြောကထွက်လွယ်တယ် လူတစ်ယောက်အပေါ်.. 
လွယ်လွယ်လေး အမှတ်မထင် Promise ပေးလိုက်တတ်တာ .. 
မစွမ်းဆောင်ပေးနိုင်ရင် .. တော်တော် နေရခက်ပါတယ်.. 

တကယ်ဆို ငါ့ အတ္တတွေက အဓိကကြနေပါလား .. 
မသိဘူး /မရှိဘူး .. /နားမလည်ဘူး .. ပြောရမှာ ရှက်လို့လား .. 
အကြိမ်ကြိမ် စိတ်ထဲ မေးမြန်းခဲ့တယ်.. 

အခုတော့ နောင်တဆိုတဲ့ .. 
နောက်ဘ၀တောင်မကူးဘူး .. ခံစားမီလိုက်တယ်.. 
တကယ်ကို လုပ်ပေးနိုင်ရင်. . 
တကယ်ကို စွမ်းဆောင်ပေးနိုင်ရင် .. 
တကယ်ကို ကူညီပေးနိုင်ရင်.. ဒီလို အခြေအနေရှိမှ .. 
Promise ပေးတာ အကောင်းဆုံးဖြစ်တယ်.. ။

ကူညီချင်တဲ့ စိတ်လေးရှိတာလေးနဲ့ .. 
လုပ်ပေးနိုင်မယ်ထင်ပီး ..မလုပ်ပေးနိုင်ဖြစ်သွားတဲ့အခါ.. 
ိကိုယ့်ကိုယ်ကိုလဲ .. တစ်မျိုး.. 
သူကလည်း တစ်မျိုး.. ထင်စရာ .. မြင်စရာတွေ.. ဖြစ်လာနိုင်တယ်.. 

ဒါကြောင့် .. ပါးစပ်က .. ပြောလို့လွယ်.. 
အမှတ်မထင် ကတိတွေပေးတဲ့ အကျင့်ကို .. 
တစ်ခြားသော သူငယ်ချင်းများကိုလဲ ဂရုစိုက်စေချင်ပါတယ်.. 

တကယ်ကို ကူညီနိုင်မှ ကူညီပေးလိုက်တာ .. 
နှစ်ဦးနှစ်ဖက် ပိုပြီး အကျိုးသက်ရောက်မှာပါ.. ။

မှတ်ချက် /- ကူညီချင်တာ/- စေတနာထားတက်တာ ကောင်းပါတယ်.. 
အဲ့သလို ကူညီနိုင်ဖို့လဲ .. ကိုယ့်ကိုယ်ကို မှန်တစ်ချက်ထောင်ပြီး .. 
ကြည့်သင့်ပါတယ်.. မဟုတ်ရင်.. .။ လွှဲချော်နိုင်တယ်..။

(ပစ္စည်း ဥစ္စာ တစ်ခုတစ်ခု အကြွေးတင်တာက တစ်နည်းနည်းနဲ့ ပြန်ဆပ်လို့ လွယ်ပါသေးတယ်.. 
ကတိအကြွေးလေး တစ်ခုတင်တယ်ဆိုရင် ပြန်ဆပ်ဖို့ တစ်ခြားသော ပစ္စည်းဥစ္စာတွေထက် ပိုဆိုးပါတယ်..)

(/\_/!_@)10*9*13

တကယ်ကို အထင်ကြီးလုပ်ပြီး ..
Promise တွေ ပေးခဲ့တယ်..
ဒါကို ငါက ရှေ့နေကြီးတစ်ယောက်လို ..
အရာအရာ ဖြေရှင်းပေးနိုင်တယ် ထင်ခဲ့လို့..

အပြောကလွယ် တယ်..
လက်တွေ့က ခက်ခဲတယ်ဆိုတာ ..
ငါကြုံမှ သိလိုက်တာလား ..
တကယ်တော့မဟုတ်ဘူး ..
ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်လိုက်တာ ..
အမှားတွေ အထပ်ထပ် ပုံရိပ်တွေ အခုဖြစ်လာတယ်..

(ငါသိလိုက်တဲ့ ◄ ခဲတံ နှင့် ဘော်ပင် ►)


(ငါသိလိုက်တဲ့ ◄ ခဲတံ နှင့် ဘော်ပင် ►)
Photo: (ငါသိလိုက်တဲ့ ◄ ခဲတံ နှင့် ဘော်ပင် ►)

ငယ်ငယ်တုန်းက .. 
စာသင်ကျောင်းအရွယ်လေးရောက်တော့ . .. 
ခဲတံလေးတွေကို အမြဲတမ်း ကိုင်ထားရတယ်.. 
အမြဲတမ်းလဲ .. ကုန်သွားလိုက် ၀ယ်လိုက်နဲ့ပေါ့ .. 

ဘာကြောင့်လဲ စဉ်းစားမီတယ်.. 
ဘာမှ မသိသေးတဲ့အချိန်တွေဆိုတော့ .. 
အမှားတွေလုပ်တက်လို့ .. ခဲဖျက်လေးနဲ့ 
ပြင်လိုက် အမှန်ရေးလိုက် ..
ဖျက်လိုက် အမှန်ရေးလိုက် .. ပေါ့ .. 

အခုတော့ လုပ်ငန်းခွင်ဝင်တစ်ယောက်ဖြစ်နေပြီ.. 
ခဲတံမြင်ချင်ရင်တောင် ငယ်ရွယ်တဲ့ ကလေးတွေ .. ဆီမှာ သွားသွားပြန်ကြည့်ရတယ်
အမြဲတမ်းဆောင်ထားတာကတော့ ဘော်ပင်ပေါ့ .. 
သေချာပါတယ်. .မှားသွားလဲ ခြစ်ချလိုက် ..
ဖျက်မယ်ဆိုလဲ ခြစ်ချလိုက်နဲ့ .. လုံးဝကိုတော့ ပျက်မသွားဘူးနော်.. 

ခဲတံနဲ့ ရေးတဲ့ စာလေးတွေက .. 
မှားရင် လုံးဝ ပျက်ပျက်သွားတယ်..

ဘော်ပင်နဲ့ ရေးတဲ့ စာလေးတွေက .. 
မှားရင် လုံးဝကို ပျက်မသွားဘူး .. 

စဉ်းစားကြည့်လိုက်တော့ .. 
အမှားမဖြစ်အောင် အရွယ်က သတိကိုဆောင်ဖို့.. 
လှုပ်နိုးနေတယ်.. ဘာကြောင့်လဲဆိုတော့ ... အသက်ကြီးတဲ့ လူတွေ.. မှားတာ .. 
ပိုပြီး .. ရှက်စရာကောင်းလို့ပဲထင်တယ်.. ။ 

(အန်လ်)
ငယ်ငယ်တုန်းက ..
စာသင်ကျောင်းအရွယ်လေးရောက်တော့ . ..
ခဲတံလေးတွေကို အမြဲတမ်း ကိုင်ထားရတယ်..
အမြဲတမ်းလဲ .. ကုန်သွားလိုက် ၀ယ်လိုက်နဲ့ပေါ့ ..

ဘာကြောင့်လဲ စဉ်းစားမီတယ်..
ဘာမှ မသိသေးတဲ့အချိန်တွေဆိုတော့ ..
အမှားတွေလုပ်တက်လို့ .. ခဲဖျက်လေးနဲ့
ပြင်လိုက် အမှန်ရေးလိုက် ..
ဖျက်လိုက် အမှန်ရေးလိုက် .. ပေါ့ ..

◄ သိစေဖို့ ►


အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင်နေပါ
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး
သူ့နေရာမှာသူ အမြဲရှိနေတယ်.. ။ ဒါကြောင့် အခု စိတ်ချမ်းသာအောင်နေနိုင်မှ
အမြဲစိတ်ချမ်းသာမယ်..။

ကိုယ့်ဘ၀မှာ ဘာအခက်အခဲ ဘာပြဿနာမှမရှိရင် ကောင်းမှာပဲလို့
မျှော်လင့်နေရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး ..။
အရေးကြီးတာက ပြဿနာမရှိဖို့ မဟုတ်ဘူး..။

ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့..။


ငါဟာ လွတ်လပ်တဲ့သူလို့ ပြောချင်ရင် ငါ့စိတ်ချမ်းသာမှုဟာ
ငါ့လက်ထဲမှာ ရှိတယ်လို့ ပြောနိုင်မှ ရမယ်..။ စိတ်မချမ်းသာသေးဘူးဆိုရင်
မလွတ်လပ်သေးဘူး ..။

ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ့ဖို့ မလွယ်ဘူး .. ဆိုပေမယ့်..
တစ်ခြားနေရာမှာ ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး ..။


ကိုးကားဖတ်ရှုသမျှ ပြန်လည်မျှဝေလိုက်ပါတယ်.. လေးစားလျက်

◄ သိစေဖို့ (2)►



ဘ၀ကို ကျေနပ်မှုဘယ်လောက်ရတယ်ဆိုတာ
ခန့်မှန်းချင်ရင် အကောင်းဆုံးအချက်က ကိုယ့်ကိုယ်ကို ဘယ်လောက်
ကျေနပ်သလဲ ဆိုတဲ့ အချက်က အကောင်းဆုံးပဲ .. ။

မိသားစုဘ၀က အကောင်းဆုံးအချက် မဟုတ်ဘူး ..။
မိတ်ဆွေ အပေါင်းအသင်းက အကောင်းဆုံးအချက် မဟုတ်ဘူး ..။
ဝင်ငွေက အကောင်းဆုံးအချက် မဟုတ်ဘူး ..။

အဲဒါကို ကြည့်ရင် တစ်ခြားအချက်တွေ ဘယ်လောက်ပဲ ..
ပြည့်စုံနေပါစေ.. ကိုယ့်ကိုယ်ကို ကိုယ် မကျေနပ်တဲ့သူ အားမရတဲ့သူက ..
စိတ်ချမ်းသာမှု ပြည့်ပြည့်၀၀ မရနိုင်ဘူး ..။
ကိုယ်နဲအမြဲတန်းရှိနေတာ ကိုယ်ပဲ..။ ဘယ်သွားသွား အမြဲ ကိုယ်နဲ့ ပါနေတယ်..။

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။


Photo: ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ
ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ
ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ
အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်
ဖြေရှင်းရတာကို သဘောကျတယ်။
=========

(ကိုးကားစမျှ ပြန်လည်မျှဝေလိုက်ပါသည် လေးစားလျက် (အန်လ်)

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

◄သိစေဖို့ (3) ►



Photo: ◄သိစေဖို့ (3) ►

စိတ်ချမ်းသာချင်ရင်စိတ်အကြောင်းကိုနားလည်ဖို့လိုတယ်။
စိတ်...အကြောင်းကိုစာဖတ်ရုံနဲ့တကယ်နားမလည်နိုင်ဘူး။အထောက်အပံ့တော့ရမယ်။
ကိုယ့်စိတ်ကိုကိုယ်တည့်တည့်ကြည်ထားတတ်မှ ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။
လူ့ဂုဏ်သိက္ခာနဲ့စိတ်ချမ်းသာမှုဟာဆက်စပ်နေပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ရနိုင်တယ်။ကိုယ်ကျင့်တရား
 ကောင်းတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။ ကိုယ်ချင်းစာတတ်တဲ့သူ၊ကူညီတတ်တဲ့သူ၊ ရိုးသားတဲ့သူဟာစိတ်ပို ချမ်းသာတယ်။

 နောင်တရစရာ မရှိတဲ့သူဟာ စိတ်ပို ချမ်းသာတယ်။
ငါဟာဂုဏ်သိက္ခာရှိတဲ့သူလို့ မှန်မှန်ကန်ကန် ခံစားရဖို့လိုပါတယ်။
အများကကိုယ့်ကို ဂုဏ်သိက္ခာရှိတဲ့သူလို့ အသိအမှတ်ပြုတာကို ရဖို့လည်းလိုပါတယ်။
ပုဗ္ဗေစ ကတပုညတာ " ကောင်းတာကိုလုပ်ခဲ့ခြင်း " ဆိုတာ မင်္ဂလာတရားမှာပါတယ်။
မင်္ဂလာဆိုတာ ပြည့်စုံဖို့ ကြီးပွားဖို့ အောင်မြင်ဖို့ အကြောင်းကိုခေါ်တာ။
စိတ်ချမ်းသာဖို့ အကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာချင်ရင်
မင်္ဂလာတရားနဲ့အညီ နေဖို့လည်းလိုပါတယ်။

စိတ်ချမ်းသာချင်ရင် မရိုးသားတဲ့သူနဲ့ မပေါင်းနဲ့။ လိမ်ညာလှည့်စား
တတ်တဲ့သူနဲ့ပေါင်းရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။ စိတ်ချမ်းသာချင်ရင်
ကိုယ့်ကို အထက်စီးကဆက်ဆံချင်တဲ့သူနဲ့ မပေါင်းနဲ့။ အမြဲတမ်းအောက်
ကျို့ပြီးပေါင်းရတဲ့သူနဲ့ မပေါင်းနဲ့။ ကိုယ့်ဂုဏ်သိက္ခာကို
မလေးစားတဲ့သူနဲ့ ပေါင်းရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။

စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုဆိုတာ ဆက်ဆံရေးကြောင့်ဖြစ်ရတာ
များပါတယ်။ဒါကြောင့်စိတ်ချမ်းသာချင်ရင် ဆက်ဆံရေးမှာအပြန်အလှန် လေးစားမှု၊
အသိအမှတ်ပြုမှုရှိတဲ့ ဆက်ဆံရေးကိုဖန်တီးပါ။ လူတိုင်းကိုယ့်ကို အသိအမှတ်
ပြုတာ၊ သိပ် လိုချင်ပါတယ် အသိအမှတ်ပြုတာခံရရင် သိပ်စိတ်ချမ်းသာတယ်။
ဒါကြောင့် လူ လူချင်း အသိအမှတ်ပြုပါ၊ တန်ဖိုးထားပါ၊ လေးစားပါ။ အဲဒါစိတ်ချမ်းသာမှု ပေးလိုက်တာပါပဲ ။

( ဆရာတော် ဦးဇောတိက )

ကိုးကားသမျှ ပြန်လည်ဝေမျှလိုက်သည် လေးစားလျက် (အန်လ်ဝ

စိတ်ချမ်းသာချင်ရင်စိတ်အကြောင်းကိုနားလည်ဖို့လိုတယ်။
စိတ်...အကြောင်းကိုစာဖတ်ရုံနဲ့တကယ်နားမလည်နိုင်ဘူး။အထောက်အပံ့တော့ရမယ်။
ကိုယ့်စိတ်ကိုကိုယ်တည့်တည့်ကြည်ထားတတ်မှ ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။
လူ့ဂုဏ်သိက္ခာနဲ့စိတ်ချမ်းသာမှုဟာဆက်စပ်နေပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ရနိုင်တယ်။ကိုယ်ကျင့်တရား
ကောင်းတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။ ကိုယ်ချင်းစာတတ်တဲ့သူ၊ကူညီတတ်တဲ့သူ၊ ရိုးသားတဲ့သူဟာစိတ်ပို ချမ်းသာတယ်။

◄သိစေဖို့ (၄)►


◄သိစေဖို့ (၄)►

Photo: ◄သိစေဖို့ (၄)►

မလိုအပ်တဲ့အတွေးတွေကို 
မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှုရမယ်။"

အပျော်အပါးကို ဦးစားပေးပြီးတော့
ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို
မလုပ်တဲ့သူဟာ ရေရှည်မှာ
မပျော်နိုင်တော့ဘူး။
ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ ဖြစ်မှာပဲ။

ငွေကြေးချမ်းသာရင် ပစ္စည်းတွေ
အများကြီး စုမိလိမ့်မယ်။
ဒါပေမယ့် စိတ်ထားကောင်းမှ
အဲ့ပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့
သုံးနိုင်မယ်။

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်
လုပ်တာဟာ သူများမဟုတ်ပါဘူး။
ကိုယ့်စိတ်ပါ ကိုယ့်အတွေးပါ။
ကိုယ့်သဘောထား မှားနေလို့ပါ။

ကိုယ်က သူများ မကောင်းကြောင်းကို ပြောရင်
ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာ သေချာတယ်။
ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ဘယ်လိုလူ
ဆိုတာကို ဖော်ပြတယ်။

ကိုယ်မှားနေတာကို ထောက်ပြတာကို
လက်မခံနိုင်ဘူးဆိုရင် အဲဒီလူဟာ
ကိုယ့်ကိုကိုယ် မပြုပြင်နိုင်တော့ဘူး။
တနည်းအားဖြင့် မာနခံနေတဲ့သဘောဖြစ်တယ်။
အဲဒီလို မာနကြီးရှိနေလို့ ရှိရင်လည်းပဲ
တရားအားထုတ်လို့ မရဘူး။

လူ့ဘဝမှာ ဒုက္ခအစစ်တွေ
အလုံအလောက် ရှိပါတယ်။
သင့်စိတ်က ဒုက္ခအတုတွေ
ဖန်တီးတာကို ခွင့်မပြုပါနဲ့။

စိတ်ချမ်းသာအောင် နေချင်ရင်
စိတ်ဆင်းရဲစရာကို ရှာပြီး မပြောပါနဲ့။
စိတ်ချမ်းသာစရာကို ရှာတွေးပါ။
စိတ်ချမ်းသာစရာကို ပြောပါ။

ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကိုက
ကိုယ့်ကို တစ်ခါတစ်ရံမှာ မကောင်းမှုပြုလုပ်ဖို့
တိုက်တွန်းတတ်တယ်။
ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က
အကျင့်သီလနဲ့ ပက်သက်ပြီး
တိတိကျကျ တင်းတင်းကျပ်ကျပ်
ထိန်းသိမ်းဖို့ရာ ရည်ရွယ်ချက် မရှိဘူး။

ကိုယ်သိထားတဲ့ အကြောင်းအရာ တစ်ချက်နှစ်ချက်လေးနဲ့
လူတစ်ယောက်ကို ဘယ်လိုလူပါလို့ သတ်မှတ်ထားတာဟာ
အင်မတန်ညာဏ်နဲလို့ပါ။

ကြော်ငြာတွေက ဘာကိုပြောနေသလဲ။
သင့်စိတ်ချမ်းသာမှုဟာ သူတို့ပစ္စည်းထဲမှာရှိနေတယ်လို့
ပြောနေတယ်။
ယုံသလား?
ယုံတဲ့သူ များပါတယ်။
သင်ဟာ အဲ့ဒီအထဲပါနေရင် သင်ဟာအများထဲကတစ်ယောက်ပါပဲ။

ငါမှန်တယ်ဆိုပြီး အနိုင်ယူတိုင်းလည်း စိတ်မချမ်းသာဘူး။
တကယ်တော့ စိတ်ချမ်းသာအောင် နေလိုက်တာက အနိုင်ရတာ။
အနိုင်ယူချင်သလား? စိတ်ချမ်းသာချင်သလား?
စိတ်ချမ်းသာချင်ရင် အနိုင်အရှုံးမရှိအောင် နေပါ။

သင့်စိတ်ချမ်းသာမှုဟာ တစ်စုံတစ်ယောက် တစ်ခုခု
လုပ်တာ မလုပ်တာပေါ်မှာပဲ မူတည်နေတယ်ဆိုရင်တော့
သင့်မှာ ကြီးမားတဲ့ပြဿနာ ရှိနေပြီ။

လေးလာဖတ်ရှု့သမျှ ပြန်လည်မျှဝေလိုက်ပါသည် ..။ အန်လ်
မလိုအပ်တဲ့အတွေးတွေကို
မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှုရမယ်။"

အပျော်အပါးကို ဦးစားပေးပြီးတော့
ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို
မလုပ်တဲ့သူဟာ ရေရှည်မှာ
မပျော်နိုင်တော့ဘူး။
ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ ဖြစ်မှာပဲ။


ငွေကြေးချမ်းသာရင် ပစ္စည်းတွေ
အများကြီး စုမိလိမ့်မယ်။
ဒါပေမယ့် စိတ်ထားကောင်းမှ
အဲ့ပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့
သုံးနိုင်မယ်။

◄အလောင်းတော်ကဿပ ထေရုပတ္တိ►




(ကောင်းလိုရာလေးများ ပြန်လည်မျှဝေလိုက်ပါသည်) လေးစားလျက်

ဗျာဒိတ်တော်ခံယူခန်း
လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌ သီတင်းသုံးနေစဉ် ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ သံဃာတော်ခြောက်သောင်းတို့အား ဆွမ်းဘုန်းပေးကြွရောက်ရန် အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့ ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်၍ မိမိအလိုရှိသော ဆု.... “ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော ကုသိုလ်စေတနာကြောင့် အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး များကို ချီးကျူးမြှောက်စား တော်မူပါဘုရား” ဟု လျှောက်ထားတောင်းပန်လိုက်သည်။ ထိုအခါ ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်.... “ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။

ထိုသို့ဗျာဒိတ်တော်ရအပြီး နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ်္တာတရားများပွားများ၍ အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည် လှည့်လည်ကာ ဖြစ်ကြလေသည်။

(၁) ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်
(၂) ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်
(၃) ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်
(၄) ဗာရာဏသီပြည်၌ နန်္ဒိယမင်းကြီး အဖြစ်
(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌ ကဿပနွယ်ဖြစ်သော မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သောအခါ မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့် မိဘတို့၏သဘောအတိုင်း အိမ်ရာထူထောင်ခဲ့သည်။

ေေေေေေေ တောထွက်ခန်း
မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တနေ့သ၌ ဇနီးမောင်နှံနှစ်ဦးစလုံးသည် “ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့”ဟု အကြံရလျှက် ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍ တစ်ဦးကိုတစ်ဦးဆံချပေးပြီး ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍ တောထွက်ကြလေသည်။ ထိုသို့ တောထွက်လာကြပြီးနောက် တောမြိုင်တခု၌ လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍ ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့် တပြိုင်နက် မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။

Saturday, September 7, 2013

ပျော်ရွှင်မှုတစ်ခုလေးသာ

◄ ပျော်ရွှင်မှုတစ်ခုလေးသာ ►

ကျွန်တော် လုပ်နေတဲ့ အရာတွေက ..
ကျွန်တော့်ရဲ့ ပျော်ရွှင်ချင်တွေပါ..
ကျွန်တော့်ရဲ့ ပျော်ရွှင်ချင်တွေကို ..
ရွှေ / ငွေ / ဂုဏ် /ရာထူးတွေနဲ့ ..
ဘယ်တော့မှ မလဲလည်ပါဘူး ..

လူဖြစ်လာမှတော့ ..
လိုအပ်ချက်ဆိုတာရှိဆဲပါပဲ ..
ဒါတွေကို ဖြည့်စွက်နားလည်ပေးနိုင်တဲ့ ..
နေရာမျိုးတွေမှာ နေထိုင်ချင်ပါတယ်..

အောင်မြင်မှုကို ရဖို့အတွက်..
ပန်းတိုင်ကို ရောက်ဖို့အတွက်.. နေရာမျိုးစုံမှာ ..
ဘယ်လိုနည်းနဲ့ ကြိုးစားနေခိုက်..
ပျော်ရွှင်မှုဆိုတဲ့ အရာလေးမရှိရင်..
ဘယ်လောက်ပဲ အလုပ်တွေအဆင်ပြေနေပါစေ ..
အလုပ်လုပ်နေတဲ့ နေရာက ပျော်ရွှင်စရာမကောင်းရင်တော့.
အောင်မြင်မှုဆိုတာလဲ ရနိုင်ပါမလား ..

Friday, August 23, 2013

Team viewer မသုံးပဲ window 7 ကနေပြီး အင်တာနတ်က တခြားကွန်ပြူတာကို ပြုပြင်နည်း

Team viewer မသုံးပဲ window 7 ကနေပြီး အင်တာနတ်က တခြားကွန်ပြူတာကို ပြုပြင်နည်း


 ကျနော်Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်...

Team viewer တို့လို အသုံးပြုနိုင်တဲ့ Tools လေးပါ.. မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့်

တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ

လုပ်ပေးလို့ရတဲ့ Toolsလေးပါ...WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့

သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ...အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး...

window တင်ပြီးမှ Local Disk နောက်တစ်ခုထပ်ခွဲနည်း

window တင်ပြီးမှ Local Disk နောက်တစ်ခုထပ်ခွဲနည်း

ကဲ.........သူငယ်ချင်းတို့ရေ.....
ဒါလေးကတော့နည်းပညာလေးတစ်ခုပါ။ သူငယ်ချင်းတို့ ကွန်ပြူတာမှာ
Local Disk C နဲ့ Local Disk D ကိုပြန်ပေါင်းချင်ရင်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ်
နောက်ထပ် Local Disk E လေးတစ်ခုထပ်ပြီး လုပ်ချင်ရင်ပဲဖြစ်ဖြစ် ပြုလုပ်နည်း

လေးတစ်ခုပါ...မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်.....။
အရမ်းကိုလွယ်ပါတယ် ဗျာ...............
၁။အရင်ဦးဆုံးမိမိ desktop ပေါ်က computer icon လေးမှာ right click နှိပ်ပြီး manage ကို ကလစ်လိုက်ပါ...
၂။ဒီလိုလေးပေါ်လာခဲ့ရင်


Storage ထဲက Disk Management ကိုထပ်ပြီးကလစ်လိုက်ပါ...ဒီလိုလေးပေါ်လာရင်..........................

Thursday, August 22, 2013

You Tube က movies ဖိုင်စ်တွေကို Download software တွေရဲ့ အကူအညီမလိုပဲ ယူရအောင်


You Tube က movies ဖိုင်စ်တွေကို Download software တွေရဲ့ အကူအညီမလိုပဲ ယူရအောင်

ကဲ ချစ်ခင်လှသော သူငယ်ချင်းတို့ ..
You Tube က movies ဖိုင်စ်တွေကို ပုံစံအမျိုးမျိုးနဲ့ ဒေါင်းလော့စ် လုပ်ပြီးယူနိုင်တာကတော့ ..
လူတိုင်း အမျိုးမျိုးသုံးဖြစ်ကြပါတယ်..

ဒါပင်မဲ့ မိမိ စက်မှာ Download Software တွေမရှိတဲ့ ကွန်ပျူတာတွေ..အတွက် ..
တင်ပြလိုက်ပါတယ်..

တစ်ချို့ဆို Internet Download Manager ဆိုတဲ့ ဆော့စ်ဝဲကို အသုံးပြုသူများပါတယ်..
ထိုနည်းအတူ .. မိမိ ကွန်ပျူတာမှာ ... ဒေါင်းလော့စ် ဆော့စ်ဝဲမလိုပဲ .. ယူနည်းလေး တစ်ခု မျှဝေလိုက်ပါတယ်.. ။။

အရမ်းကို လွယ်ပြီး မသိတဲ့သူတွေအတွက် .. ဟာာာာာာာာာာာာ ဆိုပြီး ဖြစ်သွားပါမယ်..
တကယ်တော့ လွယ်လွန်းလို့ပါ....

ပထမဆုံး You Tube ကိုသွားပြီး ..မိမိနှစ်သက်တဲ့ သီချင်းကို ရှာလိုက်ပါ..ဖွင့်လိုက်ပါ..
ပီးရင်... ဒေါင်းလော့စ် လုပ်ယူမယ်ဆိုလျှင်

Window 7 အသုံးပြုသူများအတွက် ◄ User account အသစ်ဖွင့်နည်း

Window 7 အသုံးပြုသူများအတွက် ◄ User account အသစ်ဖွင့်နည်း

တတ်သည့် ပညာမနေသာဆိုသလို ..
တတ်ထားတာလေး နည်းနည်း ပြန်မျှလိုက်တယ်..
ညက သူငယ်ချင်း ညီညီနဲ့ ... ဒီကြောင်းလေးပြောဖြစ်လို့ .. တင်ပြလိုက်တာပါ..

သိပီးသောသူတွေအတွက် မရည်၇ွယ်ပါဘူး မသိသေးသော သူများအတွက် ...
ရည်ရွယ်၍ တင်ပြလိုက်ပါတယ်..

ကဲ ကဲ... စလုပ်ကြည့်လိုက်ရအောင်

ပထမဆုံး Control Panel ကို သွားလိုက်ပါ ... ရောက်ပြီဆို..
(User Accounts and Family Safety) ခေါင်းစဉ်ကို ရှာပါ .. တွေ့ရင် ..
သူ့အောက်မှာ - Add or remove user accounts ကိုနှိပ်ပါ..

(Choose the account you would like to change) တွေ့ပါမယ် အဲ့အောက်မှာ -
Create a new account လေးကို နှိပ်လိုက်ပါ.. ပြီးရင် ...

(Name the account and choose an account type) ခေါင်းစဉ်တွေ့ပါမယ် ..
account name ကို မိမိ၏ အမည် (သို့) မိမိကြိုက်နှစ်သက်ရာ နာမည်ပေးလိုက်ပါ..
ပေးပြီးရင် .. create account ကို နှိပ်လိုက်ပါ.. ဒါဆိုရင် ရပါပြီ.. User Account အသစ်တစ်ခု .. ။

မိမိ အသစ်ပြုလုပ်ထားတဲ့ နာမည်အပေါ်ကို တစ်ချက်နှိပ်လိုက်ပါ ..အဲ့ထဲမှာ ..
ပတ်ဝေါ့စ် / လိုကို ပုံတွေ ပြောင်းလို့ရပါတယ်.. / အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်.. ။

အခုလို User Account အသစ်ဖွင့်လိုက်တော့ ကိုယ့်ရဲ့ Data တွေ ကိုယ့်စက်ကို လာအသုံးပြုသူတွေကြောင့် တစ်စုံတစ်ရာကို မနှစ်သက် မသုံးနဲ့လို့လဲ ပြောရမှာ မကောင်း ..
ဒါကြောင့် ဒီလို အကောင့်အသစ်တစ်ခုဖွင့်ပြီး ... အဆင်ပြေစွာနေနိုင်ပါတယ်.. ။

ကျွန်တော်လည်း .. အခု သင်တန်းကနေ တင်ပြလိုက်တာမို့ ..
ပြောပြတာလေးတွေ အဆင်မပြေ / လိုအပ်ချက်ရှိမယ်ဆိုရင် .. ဖြည့်စွက်နားလည်ပေးပါလို့ ..
ပြောရင်...။ အဆင်ပြေနိုင်ကြပါစေသား .....

သိသမျှ တတ်သမျှလေးကို တတ်အားသ၍ ပြန်လည်ကာ မျှဝေလိုက်ပါသည်..
အားလုံးကို လေးစားလျက် ( အန်လ်အယ်လ်အေ) /-

Blogger Labels တွေကို Scorrl Bar လေးနဲ့ထားနည်း


Blogger Labels တွေကို Scorrl Bar လေးနဲ့ထားနည်း



ကဲ ဒီနေ့လေးဖို့ သူငယ်ချင်းတွေ မိမိကိုယ်ပိုင် ဘလော့ဆိုဒ်လေးရှိရင် အောက်ပါနည်းလမ်းလေးကို သဘောကျမယ် ထင်လို့ လေ့လာထားသမျှ ကိုးကားထားသမျှ ကျွန်တော်(အန်လ်အယ်လ်အေ) ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ်.. ။

 
 မင်္ဂလာပါ  ဘလော့မိတ်ဆွေအပေါင်းးတို့....သည်တခါတင်မဲ့ နည်းလမ်းလေးကတော့  ဘလော့ကာ များအတွက် အတော်လေးကိုအသုံးဝင်ပြီး  ထိရောက်စေတဲ့နည်းပညာလေးပါ...ဘာလဲဆိုတော့
ကျနော်တို့ ဘလော့ကာတွေမှာ Labels  တွေများပျားလာတာနဲ့အမျှ နေရာအခက်ခဲတွေ့နေကြရပါတယ်.
အဲအတွက်  လေဘယ်တွေကို  cloud  ထားကြရပြန်တယ်.အဲလို ထားပြန်တော့ လေဘယ်တွေက
အက္ခရာအစီစဉ်မကျတော့ပြန်ဘူးးဗျ.... အဲတော့ ကျွန်တော်  တင်ဖို့ သည်နည်းလေးကို သိမ်းးထားတာ ကြာပြီ.....ဆောရီးးပါ  အမှတ်တမဲ့နဲ့ မေ့လျော့နေခဲ့တယ်... အခု  ကျနော်  လယ်တီမြေသား   ဆိုဒ်မှာ လေဘယ်တွေ အရမ်းများနေတော့မှ  ပြန်သတိယတယ်... သိမ်းးထားတာ မနည်းလိုက်ရှာယူရတယ်...
လက်တွေ့ကျကျ စမ်းသတ်ပေးပြီးမှပြန်လည် မျှဝေခြင်းပါ
ယုံကြည်စွာ  အသုံးပြု နှို်ပါတယ်...နော်
အောက်မှာ နည်းလမ်းနဲ့  လိုအပ်သော ကုဒ်တွေပေးထားပါတယ်...

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ..
►5- Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

 "]]></b:skin>" သည်ကုဒ်ကို ရှာလိုက်ပါ.. တွေ့ပြီဆိုတာနဲ့ သူ့အပေါ်ကနေကပ်လျှက်  အောက်မှာ ပေးထားတဲ့ကုဒ်တွေ ထည့်လိုက်ပါ။

မိမိကိုယ်ပိုင် FACEBOOK အကောင့်ကို HACK ခံရခြင်းမှကာကွယ်ခြင်း


မိမိကိုယ်ပိုင် FACEBOOK အကောင့်ကို HACK ခံရခြင်းမှကာကွယ်ခြင်း
Photo: ◄ မိမိကိုယ်ပိုင် FACEBOOK အကောင့်ကို HACK ခံရခြင်းမှကာကွယ်ခြင်း ►

ကျနော်တို့ဒီရက်ပိုင်းမှာ Virus တွေတော်တော်များများပြန့်နှံနေပြီး စိတ်ရူပ်စရာကောင်းနေပါတယ်။
ပြီးတော့ နာမည်ကြီး Celebrity တွေရဲ့အကောင့်တွေ Hack ခံနေရတာလည်း တွေ့ရှိနေရပါတယ်။
ဒီဆောင်းပါးလေးကတော့ တင်ပြီးသားပါခင်ဗျာ။ အခုကျနော်တို့ဆီကို နာမည်ကြီး ပေ့ခ်ျတွေလည်းအဟက်ခံနေရပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တခြားလူတွေကိုလည်း သတိလေးေ ပးပေးပါဆိုပြီး မက်ဆေ့လေးတွေတော်တော်များများ ရောက်ရှိလာတဲ့အတွက် ထပ်မံတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ကျနော်တို့မိမိတို့အကောင့်ကို မိမိတို့ သူများရန်မှ ကာကွယ်နိုင်၇န် အောက်ပါအချက်အလက်လေးများအတိုင်း လိုက်နာကြပါရန် ဒီဆောင်းပါးလေးအား တင်ပြလိုက်ပါတယ်ခင်ဗျာ။

(၁) မနှိပ်ခင်စဉ်းစားပါ။
မိမိရဲ့ Chat Box or Wall ပေါ်ဖြစ်စေ လင့်တွေတစ်ခါတစ်လေရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်းကိုယ်မတဲ့သူကပို့တာ...တစ်ခါတစ်လေတော့လည်း ကို့သူငယ်ချင်း တစ်ယောက်ယောက် ကပို့တာ။ ဘယ်လိုပဲဖြစ်နေပါစေ..ပုံမှန်မဟုတ်တဲ့လင့်တစ်ခုလို့ကို့စိတ်ထဲကထင်နေရင် ဘယ်တော့မှ စူးစမ်းချင်စိတ်နဲ့ မနှိပ်လိုက်ပါနဲ့။ အဲဒီလိုလင့်တွေဟာများသောအားဖြင့် Virus တွေဖြစ်နေတတ်ပါတယ် အဲဒီ Virus တွေဟာ ကို့နာမည်တွေနဲ့ သူငယ်ချင်းတွေ Wall ပေါ်မှာ Post တွေအလိုအလျောက် သွားတင်တတ်ပါတယ်။ စသည်ဖြင့် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မည်သည့်လင့်မဆို မနှိပ်ခင်စဉ်းစားပါခင်ဗျာ။

(၂) Strong Password ထားပါ။
မိမိရဲ့ Facebook Password ကိုလွယ်ကူတဲ့စကားလုံးများဖြင့်မဖွဲ့စည်းထားပါနှင့်။ အနည်းဆုံး စာလုံးခြောက်လုံး၊ နံပါတ်တွေ၊ Punctuation Marks တွေပါဝင်တဲ့ Password ကိုသာအသုံးပြု ပါ။ ပြီးတော့ မိမိမှာအကောင့် ၂ခုရှိနေတယ်ဆိုရင် တူညီတဲ့ Password ကိုအသုံးမပြုဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ။

(၃) မိမိ၏အချက်အလက်များအားသူများအားဘယ်တော့မှမပေးပါနှင့်။ မိမိ၏ Facebook အချက်အလက်များ ဥပမာ gmail account or login info စတာတွေကို မည်သူနှင့်မျှ မမျှဝေ ပါနှင့်။ ပြီးတော့တစ်ခါတစ်လေ Facebook ကနေတစ်ဆင့် တခြား Website များကိုသွားရာတွင် Password အားနောက်တစ်ခါရိုက်ပါဟု တောင်းဆိုခြင်းခံလာရပါက URL bar မှာ facebook.com/ ဆိုတာပါမပါဆိုတာကို စစ်ပြီးမှ ရိုက်သင့်မရိုက်သင့် စဉ်းစားပါခင်ဗျာ။

(၄) www.facebook.com မှာသာ Login ၀င်ပါ။
တစ်ခါတစ်လေကျရင် Hacker တွေဟာ Facebook Login ပေ့ခ်ျအတုနဲ့ အသုံးပြုတွေကိုလှည့်စားတတ်ပါတယ်။ အဲဒီအချိန်မှာသာကိုယ်ကရိုက်ထည့်လိုက်ပြီဆိုရင် ကို့ရဲ့အကောင့်ဟာ သူတို့လက်ထဲရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Login ၀င်တော့မည်ဆိုလျှင်www.facebook.com မှာသာ Login ၀င်ရောက်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ

(၅) မိမိရဲ့ Browser ကို Update လုပ်ပါ။
နောက်ဆုံးထွက်ရှိလာတဲ့ Internet Browser များဟာ Security Protections ပိုမြင့်ပါတယ်။ ဒါကြောင့် Browser တွေကို Update လုပ်ထားခြင်းအားဖြင့် ကျနော်တို့ မသိတဲ့ လင့်တွေ Website တွေကိုသွားမည်ဆိုလျှင် ထို Browser မှသတိပေးစာများတတ်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုအသုံးပြုတဲံ browser ကိုလည်း Update ပြုလုပ်ဖို့မမေ့ပါနှင့်ခင်ဗျာ။

(၆) Anti Virus Software များအသုံးပြုပါ
Viruses and Malware တွေရန်ကကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ Anti virus software တွေအသုံးပြုပြီး မိမိတို့စက်ကို ကာကွယ်ကြပါခင်ဗျာ။

ဒီလောက်ဆိုရင် မိမိတို့ Facebook အကောင့်များအား မည်ကဲ့သို့ကာကွယ်ရမည်ဆိုသည်ကို သိရှိသွားပြီဟု ထင်ပါတယ်ခင်ဗျာ။ အားလုံးအဆင်ပြေကြပါစေ။

သန်းတိုးအောင် ဆိုဒ်မှာ ပြန်လည်ကာ ဖတ်ရှုမီလို့ မျှဝေလိုက်ပါသည် ..လေးစားလျက် (အန်လ်အယ်လ်အေ)
ကျနော်တို့ဒီရက်ပိုင်းမှာ Virus တွေတော်တော်များများပြန့်နှံနေပြီး စိတ်ရူပ်စရာကောင်းနေပါတယ်။
ပြီးတော့ နာမည်ကြီး Celebrity တွေရဲ့အကောင့်တွေ Hack ခံနေရတာလည်း တွေ့ရှိနေရပါတယ်။
ဒီဆောင်းပါးလေးကတော့ တင်ပြီးသားပါခင်ဗျာ။ အခုကျနော်တို့ဆီကို နာမည်ကြီး ပေ့ခ်ျတွေလည်းအဟက်ခံနေရပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တခြားလူတွေကိုလည်း သတိလေးေ ပးပေးပါဆိုပြီး မက်ဆေ့လေးတွေတော်တော်များများ ရောက်ရှိလာတဲ့အတွက် ထပ်မံတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ကျနော်တို့မိမိတို့အကောင့်ကို မိမိတို့ သူများရန်မှ ကာကွယ်နိုင်၇န် အောက်ပါအချက်အလက်လေးများအတိုင်း လိုက်နာကြပါရန် ဒီဆောင်းပါးလေးအား တင်ပြလိုက်ပါတယ်ခင်ဗျာ။

(၁) မနှိပ်ခင်စဉ်းစားပါ။
မိမိရဲ့ Chat Box or Wall ပေါ်ဖြစ်စေ လင့်တွေတစ်ခါတစ်လေရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်းကိုယ်မတဲ့သူကပို့တာ...တစ်ခါတစ်လေတော့လည်း ကို့သူငယ်ချင်း တစ်ယောက်ယောက် ကပို့တာ။ ဘယ်လိုပဲဖြစ်နေပါစေ..ပုံမှန်မဟုတ်တဲ့လင့်တစ်ခုလို့ကို့စိတ်ထဲကထင်နေရင် ဘယ်တော့မှ စူးစမ်းချင်စိတ်နဲ့ မနှိပ်လိုက်ပါနဲ့။ အဲဒီလိုလင့်တွေဟာများသောအားဖြင့် Virus တွေဖြစ်နေတတ်ပါတယ် အဲဒီ Virus တွေဟာ ကို့နာမည်တွေနဲ့ သူငယ်ချင်းတွေ Wall ပေါ်မှာ Post တွေအလိုအလျောက် သွားတင်တတ်ပါတယ်။ စသည်ဖြင့် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မည်သည့်လင့်မဆို မနှိပ်ခင်စဉ်းစားပါခင်ဗျာ။

(၂) Strong Password ထားပါ။
မိမိရဲ့ Facebook Password ကိုလွယ်ကူတဲ့စကားလုံးများဖြင့်မဖွဲ့စည်းထားပါနှင့်။ အနည်းဆုံး စာလုံးခြောက်လုံး၊ နံပါတ်တွေ၊ Punctuation Marks တွေပါဝင်တဲ့ Password ကိုသာအသုံးပြု ပါ။ ပြီးတော့ မိမိမှာအကောင့် ၂ခုရှိနေတယ်ဆိုရင် တူညီတဲ့ Password ကိုအသုံးမပြုဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ။

CD or DVD Drive Missing (CD/DVD Drive မပေါ်တဲ့ပြဿနာ)ကို ဖြေရှင်းနည်း

CD or DVD Drive Missing (CD/DVD Drive မပေါ်တဲ့ပြဿနာ)ကို ဖြေရှင်းနည်း

ဟိုင်း.. .ချစ်လှစ္စာသော သူငယ်ချင်းတို့ရေ..
ဒီနေ့လေးအတွက် လေ့လာစရာကောင်းတဲ့ ဆိုဒ်တွေထဲ ..
သိသင့် သိထိုက်တဲ့ အကြောင်းလေး ပြန်လည် မျှဝေလိုက်ပါတယ်..

သူငယ်ချင်းတို့လည်း သိချင်မယ်ထင်ပါတယ်..
ဒါကြောင့် ... အောက်ပါ လင့်စ်လေးကို နှိပ်၍ အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်.ခင်ဗျာ..
 

မူရင်းလင့်စ်
http://thantoeaung.blogspot.com/2013/08/cd-or-dvd-drive-missing-cddvd-drive.html

အားလုံးကိုလေးစားလျက် (အန်လ်အယ်လ်အေ)

Window 7 သမားတွေအတွက် Format ချ Window အသစ်တင်နည်းစာအုပ်

Window 7 သမားတွေအတွက် Format ချ Window အသစ်တင်နည်းစာအုပ်
Photo: ◄ Window 7 သမားတွေအတွက် Format ချ Window အသစ်တင်နည်းစာအုပ် ►

(ကိုးကားသမျှကို နိုးနိုးကြားကြား ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ် .. လေးစားလျက် /- အန်လ်အယ်လ်အေ)

Virus ရှိလို့  တစ်ခုခုကြောင့်ဆိုရင် Hardisk ကို Format ချပီးမှ ပြန်တင်သင့်တယ်

Partation လည်း ဖျက်လိုက် ၀င်းဒိုးတင်ပီးမှ ပြန်ခွဲလို့ ရတယ် ။ ကောင်းနေတဲ့စက်

မှာဆို  အခွေထဲ့တာနဲ့ Auto PLay မပိတ်ထားရင် Install ပေါ်တယ် ။ပိတ်ထားရင်

DVD ROOM ထဲကနေ ၀င်လုပ်လည်းရတယ် ။ အကယ်၍ Format ချမယ်ဆိုခဲ့ရင်

Setup ကနေလုပ်မှရမယ် ။ တင်တာကမခက်ပါဘူး။  စာအုပ်ဖတ်ပီးလိုက်လုပ်မယ်

လေ့လာမယ်ဆို  ခဏလေးနဲ့ တတ်တယ် ။ ၀င်းဒိုးတင်တတ်ပီဆို  ကွန်ပျုတာပျက်

လေ့လံနှေးကွေးလာပီဆို ကိုယ့်ဟာကို  အခွေနဲ့ ပြန်တင်လိုက် ။ ပိုက်ဆံမကုန်ဘူး

ဆော့ဝဲတွေက လိုင်းကောင်းရင် အကုန်ပြန်ရနိုင်တယ်။ Driver လည်းပေါပါတယ်

စက်ဝယ်တော့ Driver အခွေထည့်ပေးတတ်တယ် ။ အဲ့အခွေလေးသေချာသိမ်းပါ

မဟုတ်ရင်  Package တစ်ခုလုံး ပြန်ပြီး  Download ယူရတာ အချိန်ကုန်ပါသည်

ဝင်းဒိုးတင်တတ်ချင်သူများ စာအုပ်ဖတ်ပြီးလက်တည့်စမ်းချင်ရင် ဆွဲထားလိုက်...။


ဒီလင့်မှာ Download ယူပါ =www.mediafire.com-၀င်ဒိုးတင်နည်းစာအုပ်
http://www.zwmnna.com/2013/02/window-7-format-window.html

(ကိုးကားသမျှကို နိုးနိုးကြားကြား ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ် .. လေးစားလျက် /- အန်လ်အယ်လ်အေ)

Virus ရှိလို့  တစ်ခုခုကြောင့်ဆိုရင် Hardisk ကို Format ချပီးမှ ပြန်တင်သင့်တယ်

Partation လည်း ဖျက်လိုက် ၀င်းဒိုးတင်ပီးမှ ပြန်ခွဲလို့ ရတယ် ။ ကောင်းနေတဲ့စက်

မှာဆို အခွေထဲ့တာနဲ့ Auto PLay မပိတ်ထားရင် Install ပေါ်တယ် ။ပိတ်ထားရင်

DVD ROOM ထဲကနေ ၀င်လုပ်လည်းရတယ် ။ အကယ်၍ Format ချမယ်ဆိုခဲ့ရင်

Setup ကနေလုပ်မှရမယ် ။ တင်တာကမခက်ပါဘူး။ စာအုပ်ဖတ်ပီးလိုက်လုပ်မယ်

လေ့လာမယ်ဆို ခဏလေးနဲ့ တတ်တယ် ။ ၀င်းဒိုးတင်တတ်ပီဆို ကွန်ပျုတာပျက်

လေ့လံနှေးကွေးလာပီဆို ကိုယ့်ဟာကို အခွေနဲ့ ပြန်တင်လိုက် ။ ပိုက်ဆံမကုန်ဘူး

ဆော့ဝဲတွေက လိုင်းကောင်းရင် အကုန်ပြန်ရနိုင်တယ်။ Driver လည်းပေါပါတယ်

စက်ဝယ်တော့ Driver အခွေထည့်ပေးတတ်တယ် ။ အဲ့အခွေလေးသေချာသိမ်းပါ

မဟုတ်ရင် Package တစ်ခုလုံး ပြန်ပြီး Download ယူရတာ အချိန်ကုန်ပါသည်

ဝင်းဒိုးတင်တတ်ချင်သူများ စာအုပ်ဖတ်ပြီးလက်တည့်စမ်းချင်ရင် ဆွဲထားလိုက်...။


ဒီလင့်မှာ Download ယူပါ =www.mediafire.com-၀င်ဒိုးတင်နည်းစာအုပ်
http://www.zwmnna.com/2013/02/window-7-format-window.html

◄ Iphone ကနေ အင်တာနက် ကွန်နက်ရှင်ကို မိမိ pc မှာပြန်ရှယ်မယ် ►

◄ Iphone ကနေ အင်တာနက် ကွန်နက်ရှင်ကို မိမိ pc မှာပြန်ရှယ်မယ် ►

မသိသေးသော သူတွေအတွက်ပါ သိချင် သုံးချင်တဲ့ သူငယ်ချင်းတို့အတွက် ..
ပြန်လည်ကာ မျှဝေလိုက်တယ်.. နော်....

အောက်ပါ လင့်စ်လေးကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်.. ။

http://thantoeaung.blogspot.com/2013/07/iphone-pc.html

Tuesday, August 13, 2013

အိမ်ထောင်ရေးကံကောင်းစေတဲ့ မောင်လမင်း

အိမ်ထောင်ရေးကံကောင်းစေတဲ့မောင်လမင်း

ရတာကို မလို
လိုတာကို မရရှာ
ဘ၀တာ တိုတိုမှာ
အရသာချိုချို ရှာခြင်သော မောင်လမင်း။


ရေစက် အရှင်းမပါတာကြောင့်
ချိန်ပါ သာဆင်းနေရတဲ့ဘ၀။
နေပြည်တော်ရွာ စတည်ကတဲက
ရောက်လာရှာကြတဲ့ အပျိုကြီးမမတွေ
ကံခေလို့ရီးစားကွဲ အနေအထိုင်လဲ
ဆင်းရဲတဲ့ဘ၀မှာ အားကိုးရှာခြင်တာ မ သဘာဝ။


ကြံရာမရရင် မောင်လမင်းနဲ့ခဏတွဲ
တစ်လမမြဲပေမဲ့ တနှစ်အတွင်း အိမ်ထောင်ကျ
ရည်ရွယ်သူနဲ့ ရသွားကြကုန်ပြီ။
လူကသာ ချစ်ကံခေ
ယတြာခြေရာမှာ အတော်စွမ်း
မောင်လမင်း ကံကလဲ စမ်းကြယ်သဗျ။


အထီးကျန်

အထီးကျန်

မျက်နှာကို ခြေနှင့် ကျောက်စေတော့ 
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ
ကျွန်တော်က မလွဲ
တစ်သက်လုံးလင်ငယ်နေပါ
သည်မေကို ရိုးပြာကျစွဲ
ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေးသံကိုလည်း
အငြိမ့် သံပွဲလို့ 
စိတ်ထဲကထင်တယ် ၊
ကွာမည်ကို မဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ် ၊
ဖိနပ်နှင့် အရပ်လယ်မှာ
မပြတ်ကွယ် မယ်ရိုက်တော့ 
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေးမျှော်လျှင်
ထမီလျှော်ခိုင်းပါတော့ လေး ။ ။

ရေးသားသူ စလေဦးပုည

မွေးနေ့ဆုတောင်း

(မွေးနေ့ဆုတောင်း)
·
လူဖြစ်အောင် ကျွေးမွေး

ခလေးဘ၀ထဲက အနစ်နာခံ

အနွံအတာ ခံခဲ့တဲ့မိဘ။

ဘ၀အစမှာ ပညာရဖို့

အစစ သွန်သင်

စာသင်ခဲ့ ဆရာများအပါအ၀င်။

ချစ်သူ ကညာစင်အလှ

ခလေးဘ၀က သူငယ်ချင်း

ငယ်ရောင်းရင်း တွေနဲ့

ရေရှည်မှာ လက်တွဲ

◄ ( ခိုင်းဖုန်းလေး....နှင့် ကျွန်တော်) ►

◄ ( ခိုင်းဖုန်းလေး....နှင့် ကျွန်တော်) ►

အော်..
အတွေးစလေးတစ်ခု ..
ဖြည်းဖြည်းခြင်း ခေါင်းထဲ ၀င်လာလို့ ...
ခိုင်းလိုက်တယ်.. လက်တွေကို .. ရေးချဖို့ပေါ့ .. .။

ဖုန်းတွေ ပလူမပြန်တုန်းက .. စတိုင်စ်ထုတ် .. အဟုတ်လုပ်ချင်လို့ ..
နှစ်သိန်းတန် ဖုန်းတစ်လုံး ၀ယ်လိုက်တယ်..

တစ်နေ့တစ်နေ့.. ဟန်လုပ်ပြီး.. အလုပ်ရှုပ်နေတုန်းမှာ..
ဖုန်းရှိမှန်း လူသိသွားတာပေါ့ ...

အခုတော့ ကုန်လိုက်တဲ့ ဖုန်းပိုက်ဆံကဒ် ..
တစ်လ တစ်လ ..နဲ့ ရက်/ လ ကြာလာတော့ .. ငွေဖြည့်ကဒ်က ..
အခုဝယ်ထားတဲ့ ဖုန်းကဒ်ထက်တောင် ကျော်လို့ ... ။

တိုက်ဆိုင်မှုတွေအတွက်

 Photo: လာချင်ရင် အနီးလေးပါ .. 
မလာချင်ရင် ခရီးဝေးပါတယ်.. 
မင်းက မလာချင်ဘူးဆိုတာ .. 
သိလိုက်ရတဲ့ နောက်ပိုင်းမှာ 
မျက်လုံးကိုမှိတ် တိုးတိုးတိတ်တိတ်လေး ... 
ထွက်ခွာသွားရတဲ့သူက ... ငါပါကွာ... ။ 

မှတ်ချက် ။ တစ်ချိန်တုန်းက အရာတွေက ငါ့အတွက် ဒဏ်ရာတွေပါ .. ။

တစ်ထောင့်တစ်နေရာက (အန်လ်အယ်လ်အေ)
 
လာချင်ရင် အနီးလေးပါ ..
မလာချင်ရင် ခရီးဝေးပါတယ်..
မင်းက မလာချင်ဘူးဆိုတာ ..
သိလိုက်ရတဲ့ နောက်ပိုင်းမှာ
မျက်လုံးကိုမှိတ် တိုးတိုးတိတ်တိတ်လေး ...
ထွက်ခွာသွားရတဲ့သူက ... ငါပါကွာ... ။

မှတ်ချက် ။ တစ်ချိန်တုန်းက အရာတွေက ငါ့အတွက် ဒဏ်ရာတွေပါ .. ။

တစ်ထောင့်တစ်နေရာက (အန်လ်အယ်လ်အေ)

ဝဋ်ဆိုတာပြန်လည်တတ်တယ်

အချစ် = အဆိပ်


အချစ် = အဆိပ်

Photo: ♥ အချစ် = အဆိပ် ♥

ဘယ်လောက်ချစ်ပါတယ် ပြောပါစေ 
ချစ်တာတွေများလာတဲ့အခါ အချစ်ခံရတဲ့သူဖို့ .. 
အနေအထိုင် ကျဉ်းသွားတက်ပါတယ်.. 

ချစ်တာတွေများလာတဲ့အခါ သ၀န်တိုမှုတွေနဲ့ .. 
သူဘာကို လုပ်လုပ် အဘက်ဘက်က စိုးရိမ် စိတ်တွေကြောင့် .. 
အချစ်ခံရတဲ့သူဖို့.... အပြစ်မြင်ယောင်စေပါတယ်.. 

အချစ်က တကယ်တော့ အနှစ်လိုပါပဲ .. 
အနှစ်ဆိုတာ လူတော်တော်များများ ကြိုက်ကြတယ်.. 
အကာကိုတော့ လူကြိုက်နည်းတာပေါ့ .. 

ကျွန်တော်ကိုယ်တိုင်ကလဲ ဘဲဥဆို အနှစ်ပဲ ပိုကြိုက်ပါတယ်..
ဆိုချင်တာကတော့ .. 

အချစ်က အနှစ်လို အရသာရှိတယ်.. 
အချစ်တာက လွန်သွားရင် အချစ်ရဲ့ တကယ့် အချစ်စစ်ပုံစံတွေ ပျောက်သွားနိုင်တယ်.. 

နှစ်ဖက်လုံး အဆင်ပြေဖို့အတွက် အချစ်ကို အနှစ်ကလေးလို . . ကြိုက်နှစ်သက်ပါစေ...။

မဟုတ်ရင်တော့ အချစ်တွေလွန်နေရင် အချစ်တွေပျောက်သွားပါလိမ့်မယ်.. 
အချစ်တွေပေးတာများပြီး ကိုယ့်မှာ အချစ်တွေမရှိတော့တဲ့အချိန် သူ့စီက အချစ်တွေ ပြန်မရပဲ ..
အမုန်းဆိုတဲ့ လမ်းမှာ .. အချစ်ဆိပ်တက်ကာ ဖျားနေပါလိမ့်မယ်.. ။ 

မှတ်ချက် ..။ ...။ ဘာရယ်မဟုတ် တစ်ထောင့်တစ်နေရာက (အန်လ်)

ဘယ်လောက်ချစ်ပါတယ် ပြောပါစေ
ချစ်တာတွေများလာတဲ့အခါ အချစ်ခံရတဲ့သူဖို့ ..
အနေအထိုင် ကျဉ်းသွားတက်ပါတယ်..

ချစ်တာတွေများလာတဲ့အခါ သ၀န်တိုမှုတွေနဲ့ ..
သူဘာကို လုပ်လုပ် အဘက်ဘက်က စိုးရိမ် စိတ်တွေကြောင့် ..
အချစ်ခံရတဲ့သူဖို့.... အပြစ်မြင်ယောင်စေပါတယ်..

အချစ်က တကယ်တော့ အနှစ်လိုပါပဲ ..
အနှစ်ဆိုတာ လူတော်တော်များများ ကြိုက်ကြတယ်..
အကာကိုတော့ လူကြိုက်နည်းတာပေါ့ ..

ကျွန်တော်ကိုယ်တိုင်ကလဲ ဘဲဥဆို အနှစ်ပဲ ပိုကြိုက်ပါတယ်..
ဆိုချင်တာကတော့ ..

အချစ်က အနှစ်လို အရသာရှိတယ်..
အချစ်တာက လွန်သွားရင် အချစ်ရဲ့ တကယ့် အချစ်စစ်ပုံစံတွေ ပျောက်သွားနိုင်တယ်..

နှစ်ဖက်လုံး အဆင်ပြေဖို့အတွက် အချစ်ကို အနှစ်ကလေးလို . . ကြိုက်နှစ်သက်ပါစေ...။

မဟုတ်ရင်တော့ အချစ်တွေလွန်နေရင် အချစ်တွေပျောက်သွားပါလိမ့်မယ်..
အချစ်တွေပေးတာများပြီး ကိုယ့်မှာ အချစ်တွေမရှိတော့တဲ့အချိန် သူ့စီက အချစ်တွေ ပြန်မရပဲ ..
အမုန်းဆိုတဲ့ လမ်းမှာ .. အချစ်ဆိပ်တက်ကာ ဖျားနေပါလိမ့်မယ်.. ။

မှတ်ချက် ..။ ...။ ဘာရယ်မဟုတ် တစ်ထောင့်တစ်နေရာက (အန်လ်)

မချစ် မနှစ်သက်တဲ့ စကားတွေ မပြောပါနဲ့


မချစ် မနှစ်သက်တဲ့ စကားတွေ မပြောပါနဲ့

Photo: ♥ မချစ် မနှစ်သက်တဲ့ စကားတွေ မပြောပါနဲ့ ♥


မချစ် မနှစ်သက်တဲ့ စကားတွေ မပြောပါနဲ့ ချစ်သူရယ်.. 
ချစ် နှစ်သက်တာလေးတွေနဲ့ အတူ .. ဘ၀ လောက ဒဏ်ကို . . 
နှစ်ကိုယ်တူ ဖြတ်ကျော်နိုင်မဲ့ အားပေးစကားတွေ ပြောပါလား .. ။ 

ပိုးဖလံမျိုး မီးကိုတိုးသလို .. သတ္တိနဲ့
မင်းရဲ့ ရင်ခွင်ကို .. အလည်တစ်ခေါက်လာတာမဟုတ်ပါဘူး .. 
တည့်တည့်ကြီး ၀င်ရောက်လာခဲ့သူပါ.. 

ဒါကြောင့် မချစ် မနှစ်သက်တဲ့ စကားတွေနဲ့ .. 
ဒဏ်ရိုက်မနေပါနဲ့ ..  ချစ် နှစ်သက်တဲ့ အတွေးတွေနဲ့ ကိုယ့်ကို ဖြည့်စီးပေပါ..။ 

တစ်ထောင့်တစ်နေရာက (အန်လ်)

မချစ် မနှစ်သက်တဲ့ စကားတွေ မပြောပါနဲ့ ချစ်သူရယ်..
ချစ် နှစ်သက်တာလေးတွေနဲ့ အတူ .. ဘ၀ လောက ဒဏ်ကို . .
နှစ်ကိုယ်တူ ဖြတ်ကျော်နိုင်မဲ့ အားပေးစကားတွေ ပြောပါလား .. ။

ပိုးဖလံမျိုး မီးကိုတိုးသလို .. သတ္တိနဲ့
မင်းရဲ့ ရင်ခွင်ကို .. အလည်တစ်ခေါက်လာတာမဟုတ်ပါဘူး ..
တည့်တည့်ကြီး ၀င်ရောက်လာခဲ့သူပါ..

ဒါကြောင့် မချစ် မနှစ်သက်တဲ့ စကားတွေနဲ့ ..
ဒဏ်ရိုက်မနေပါနဲ့ .. ချစ် နှစ်သက်တဲ့ အတွေးတွေနဲ့ ကိုယ့်ကို ဖြည့်စီးပေပါ..။

တစ်ထောင့်တစ်နေရာက (အန်လ်)

ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ


ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ

Photo: ♥ ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ ♥

အိမ်ရှင်မ . .. နင် သချာင်္မရတော့ .. 
အလိမ်ခံရ.. အချိန်သိပ်မရတဲ့ ငါ့မှာ .. တစ်ခါတစ်ခါ ဈေးဝယ်ထွက်နေရတယ်..

ပြန်ကာပြရမယ်ဆို သချာင်္သင်ဖို့ အချိန်လွန်သမျှ .. 
နင်.. နောက်တရမှ သိတော့ ဘယ်လို ပြင်ဆင်ပေးရမလဲ .. ကြံကစ .. 

ဒီခေတ်ကိုက ပညာပြ လိမ်တာတဖွဖွပြောတက်မှ .. အောင်မြင်ရ
ရိုးရိုးကြီး နင်.. နေသမျှတော့ .. သူများ နင်းတာ နင်ခံရ .. 

ငွေတစ်ခုအတွက် ငါရှာဖွေရ .. အိမ်အတွက်လဲ ၀င်လုပ်ရ .. 
အချိန်ကာလများရင်တော့ ... စိတ်ပုရတော့မယ် .. 

တစ်ရက်ပြီး တစ်ရက် ခေါင်းကကြီး .. 
နင့်အတွက် .. စဉ်းစားပြီး .. အရိုးလွန်တဲ့ ငါ့မိန်းမ
ခေတ်သင်တန်း တက်ဖို့ပြင်ဆင်ထား ..  .။ 

မှတ်ချက် ၊ ၊ အငှားခံစားချက်ဖြင့် ပြန်လည်ကာ ရေးသားတင်ပြလိုက်ပါသည်။
လေးစားလျက် (အန်လ်အယ်လ်အေ)

အိမ်ရှင်မ . .. နင် သချာင်္မရတော့ ..
အလိမ်ခံရ.. အချိန်သိပ်မရတဲ့ ငါ့မှာ .. တစ်ခါတစ်ခါ ဈေးဝယ်ထွက်နေရတယ်..

ပြန်ကာပြရမယ်ဆို သချာင်္သင်ဖို့ အချိန်လွန်သမျှ ..
နင်.. နောက်တရမှ သိတော့ ဘယ်လို ပြင်ဆင်ပေးရမလဲ .. ကြံကစ ..

ဒီခေတ်ကိုက ပညာပြ လိမ်တာတဖွဖွပြောတက်မှ .. အောင်မြင်ရ
ရိုးရိုးကြီး နင်.. နေသမျှတော့ .. သူများ နင်းတာ နင်ခံရ ..

ငွေတစ်ခုအတွက် ငါရှာဖွေရ .. အိမ်အတွက်လဲ ၀င်လုပ်ရ ..
အချိန်ကာလများရင်တော့ ... စိတ်ပုရတော့မယ် ..

တစ်ရက်ပြီး တစ်ရက် ခေါင်းကကြီး ..
နင့်အတွက် .. စဉ်းစားပြီး .. အရိုးလွန်တဲ့ ငါ့မိန်းမ
ခေတ်သင်တန်း တက်ဖို့ပြင်ဆင်ထား .. .။

မှတ်ချက် ၊ ၊ အငှားခံစားချက်ဖြင့် ပြန်လည်ကာ ရေးသားတင်ပြလိုက်ပါသည်။
လေးစားလျက် (အန်လ်အယ်လ်အေ)

◄ နာကျင်သော မျက်ရည်များ ►

◄ နာကျင်သော မျက်ရည်များ ►

မွန်းကြပ်တဲ့ နေ့ရက်တွေကို ..
ဖွင့်ဟဖို့ တစ်ယောက်ယောက်ကို အတင်းအကြပ်လုပ်ခိုင်းချင်တယ်..
စိတ်ထဲရှိအတိုင်း ..

မကျေနပ်ချက်တွေကို လက်ညှိုးထိုးပြီး ...
မင်းဘာဖြစ်တယ် မင်းကြောင့် မင်းပုံစံတွေကြောင့်ဆိုပြီ.. အော်ပြောလိုက်ချင်တယ်..

ဒါပင်မဲ့ လက်တွေ့မှာတော့ တစ်ခြားဆီ ..
မျက်နှာကို မြင်ရုံလေးနဲ့ ဘာမှမပြောချင်ပဲ အောင့်အီးနေလိုက်ရတာ ကြိမ်ပေါင်းများစွာ..

ငါခံစားနေရတယ်. .. မင်းကြောင့် ..
ငါစိတ်ဆင်းရဲနေရတယ်.. မင်းကြောင့်..
ငါ့စိတ်တွေ မွန်းကြပ်နေရတယ် .. မင်းကြောင့် ..

မင်းကြောင့် ..မင်းကြောင့်သာ ပြောနေပင်မဲ့
တိုးတိုးတိတ်တိတ် စိတ်ထဲမှာ အံတကြိတ်ကြတ် နှုတ်စိတ်နေရတာ
ငါ့.. ရင်တွေ မွန်းကြပ်လှပါပီ .. မွန်းကြပ်လှပါပီ...။

တစ်ထောင့်တစ်နေရာက (အန်လ်)

မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ...


မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ...

Photo: ♥ မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ... ♥

ငါ အရမ်းမောတယ် နင်သိလား .. 
နင့်ရှေ့ရောက်ရင် ငါ ပြုံးနေတဲ့ အပြုံးတွေက အတုဆိုတာ နင်သိလား .. 
တကယ်တော့ ငါ..က  ဟန်ဆောင်ကောင်းတဲ့ကောင်ပါ.. 

အဖြစ်မရှိတဲ့ ငါ့ရင်ခွင်မှာ 
နင်.. နင်နေထိုင်ဖို့အတွက် ပြန်ပြီးစဉ်းစားကြည့်မီတယ်... 
နင့်ကို .. အချိန်နဲ့မျှ အချိန်ပေးနိုင်မယ်လို မထင်ပါဘူး .. 

နင်ကို ပျော်စေချင်တဲ့ ငါ့ရင်ခွင်ဟာ ..
နင် မပျော်ရွှင်ရတဲ့ ရင်ခွင်တစ်ခုဖြစ်မှာ ငါကြောက်လို့ပါ.. ။ 

အလှဆုံး မက်ခဲ့တဲ့ ငါ့စိတ်ကူးထဲက အိမ်မက်က 
နင်နဲ့ နှစ်ကိုယ်တူ ဘ၀လေးအဖြစ် သာယာချင်တာပါ .. ။ 

လက်တွေ့မှာတော့ လာချင်စရာ မလှတဲ့ ငါ့ရင်ခွင်မှာ . 
နင်..နေချင်ပါတယ်ဆိုရင်တောင်.. ငါနေထိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး .. ။ 

ဘာကြောင့်လဲဆိုတော့ နင့်ကို ချစ်တဲ့ အချစ်တွေက .. 
နှိုင်းပြလို့မရအောင် ချစ်ခဲ့လို့ပါ ... ။

ရင်တွင်းဖြစ် (အန်လ်အယ်လ်အေ)

ငါ အရမ်းမောတယ် နင်သိလား ..
နင့်ရှေ့ရောက်ရင် ငါ ပြုံးနေတဲ့ အပြုံးတွေက အတုဆိုတာ နင်သိလား ..
တကယ်တော့ ငါ..က ဟန်ဆောင်ကောင်းတဲ့ကောင်ပါ..

အဖြစ်မရှိတဲ့ ငါ့ရင်ခွင်မှာ
နင်.. နင်နေထိုင်ဖို့အတွက် ပြန်ပြီးစဉ်းစားကြည့်မီတယ်...
နင့်ကို .. အချိန်နဲ့မျှ အချိန်ပေးနိုင်မယ်လို မထင်ပါဘူး ..

နင်ကို ပျော်စေချင်တဲ့ ငါ့ရင်ခွင်ဟာ ..
နင် မပျော်ရွှင်ရတဲ့ ရင်ခွင်တစ်ခုဖြစ်မှာ ငါကြောက်လို့ပါ.. ။

အလှဆုံး မက်ခဲ့တဲ့ ငါ့စိတ်ကူးထဲက အိမ်မက်က
နင်နဲ့ နှစ်ကိုယ်တူ ဘ၀လေးအဖြစ် သာယာချင်တာပါ .. ။

လက်တွေ့မှာတော့ လာချင်စရာ မလှတဲ့ ငါ့ရင်ခွင်မှာ .
နင်..နေချင်ပါတယ်ဆိုရင်တောင်.. ငါနေထိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး .. ။

ဘာကြောင့်လဲဆိုတော့ နင့်ကို ချစ်တဲ့ အချစ်တွေက ..
နှိုင်းပြလို့မရအောင် ချစ်ခဲ့လို့ပါ ... ။
ရင်တွင်းဖြစ် (အန်လ်အယ်လ်အေ)

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...