လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, January 23, 2013

(ပလပ်ဖောင်းပေါ်က အရိပ်)


လမ်းဘေး ပလပ်ဖောင်းထပ်
စီးကရပ်စ် လက်ကြားညှပ်ကာ
ဆိုင်ကယ်ကိုလဲ တစ်ခါတစ်ခါပတ်စီးသည် ..

ပျော်စရာလဲ ရှိသည်
အမှတ်ရစရာလဲ ဖြစ်သည်
မေးရိုး ကကွဲ.... ဒူးကပြဲ အဖြစ်နဲ့
အမှောင်ထဲ တစ်ယောက်ထဲ လျှောက်နေတာ
လူစိုး လူမိုက်တော့ မဟုတ်ပါဘူးဗျ..။

(စစ်မှန်သော ဖြူစင်ခြင်း..ဘ၀)













ငယ်ဘ၀ကို တစ်ခါလောက် ပြန်လည်ကာ
သွားရောက်ချင်မိတယ်..
အနမ်းပေါင်းများစွာနဲ့ အများတကာရဲ့ လက်တွေပေါ်မှာ
မပီတပီ စကားသံလေးတွေပြောပြီး
ကမ္ဘာကြီးကို လှောင်ရယ်မိသည်...။

ပါပါ့... မါမါ့ဆိုတဲ့
မှုန်ဝါးဝါး အသိလေးနဲ့
ရှူရှူးတောထဲ လူးနေတဲ့ ပေတေနေသော
ကိုယ်လေးကို ပွေ့ချီကာ နဖူးလေးကို
နမ်းပြီး ... နွေးထွေးသော မေတ္တာပေး၏..။

Thursday, January 17, 2013

မောင့်ချစ်သူ မြန်မာမလေးတွေ


  • သနပ်ခါးကို ဘယ် ၊ ညာ လူး
  • ဆံထုံးလေးသာ ထုံး
  • မြန်မာ ရင်ဖုံးလေးနဲ့ လိုက်ပါတယ်
  • ကြည့်ဆန်းပါ မြင်သူ ငေး
  • ချောလှပါတယ်.. မောင့်ချစ်သူ မြန်မာမလေးရယ်...
 ကျွန်တော် ဒီသီချင်းလေးကို အလွန်ပင် စိတ်ဘ၀င်ကျမိပါ၏

မြန်မာလူမျိုးမှန်သော မြန်မာမလေးတွေ
မြန်မာ့ရဲ့ နိုင်ငံ့ဂုဏ် ၊ ဘိုးဘွား မိဘ ဂုဏ်၊
မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ် ၊
မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ဂုဏ် စသည့်အရာတွေကို
ကမ္ဘာက သိအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့လိုပါတယ်... ။

(အပြစ်မမြင်ပါဘူး ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်တော့မယ်)



  




နင်.. ပျော်ရင် ပီးတာပဲ ဆိုတဲ့ စိတ်နဲ့
နင်.. နဲ့ ပတ်သက်ပြီး ပြောတဲ့
နင့်.. မကောင်းကြောင်းတွေ ငါ နားထဲမဆန့်
တီးတိုး ပြောဆိုတဲ့ လူတွေရဲ့
တံတွေးအောက်မှာ ငါ .. ခေါင်းငှတ်နေမိတယ်.. ။

တစ်ခါတစ်ခါ သူက အဲ့သလို မဟုတ်ပါဘူးလို့
နင့်ကို ကာကွယ်စေချင်တဲ့ စိတ်အပြင်
အရပ် (လေး) မျက်နှာရှိ မျက်လုံးတွေနဲ့
ငါ .. ရင်ဆိုင်ပြောဆိုခဲ့တာ နင့်ကို ချစ်လို့ပါ..။

Sunday, January 13, 2013

ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက့့် 


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  
ဒီနေ့တော့ မောင်နှမတွေအတွက် ပုစွန်မရမ်းပြားချဉ်စပ်ဟင်းရည်သောက်လေး ချက်ကျွေးပါဦးမယ်နော့့် 

ပုစွန်လတ်လတ်ဆတ်ဆတ်များကို ခေါင်းက အခွံမာခွာ၊ မစင်အိတ်ဖယ် ထုတ်ပစ်ပါ။ 
ပီးရင် နောက်ကျောကနေ မစင်ကြောင်း ဖယ်ထုတ်ပစ်ပါ။ ပြီးရင် ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်နဲ့ ရောနယ်ထားပေးပါ။

ငှက်ပျောဖူးချဉ်စပ်ချက်


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  ဒီနေ့တော့ မောင်နှမတို့ကို ငှက်ပျောဖူးချဉ်စပ်ချက်လေး ချက်ကျွေးပါရစေရှင့့် 
ငှက်ပျောဖူး လတ်လတ်ဆတ်ဆတ် အခုပဲ အပင်ကနေ ချိုင်လိုက်တာ လက်ဆောင်ရလို့ ချက်ချင်းချက်လိုက်တာပါ့ 

ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေး ကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ပြီးတော့ ဆားနဲ့နယ်ပြီး ၃ ခါလောက် ရေဆေးပစ်ပါ၊

Saturday, January 12, 2013

( တောင်းစုတစ်ခု)

(အူဝဲ) ဆိုပြီး
လူ့လောက ရောက်မှ
အဖေ ၊ အမေ ဟုသည် မည်သူမည်ဝါမှန်းမသိ
နွေးထွေးမှုဆိုတာ
သူများတွေရဲ့ လက်ပေါ်မှာတင် ကြီးပြင်းခဲ့တယ် .. .။

ကိုယ်နှင့် နည်းတူ ဘယ်သူဘယ်ဝါမှန်းမသိ
ပခုံးဖက် ပေါင်းသင်းလာတဲ့ သူငယ်ချင်းများအပေါ်
ရင်းတွင်း ခံစားမှုကို ကိုယ်ချင်းစာနာမိတယ်... ။

အနာဂတ်ရဲ့ လမ်းတွေအပေါ်
သာယာလှပလာစေဖို့
ပန်းကလေးတွေ မညှိုနွမ်းအောင်
အမြဲတမ်း ပွင့်လန်းအောင်
ဂရုဏစိတ်နှင့် ရင်သား ကျောသားမခွဲ
ကူညီ ထောက်ပံ့ပေးကြသော (ပရဟိတ) အသင်းအဖွဲ့များနှင့်
ဆရာ ၊ ဆရာမ များ ဆရာတော်ကြီးများ
ပြောမပြတတ်အောင် ရင်ထဲဝယ်...........။

ဘ၀ = တိုက်ပွဲ

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပမာ
သဘာဝကြီးက ပေးတဲ့
လောကအလှတရားကြီးလည်း ရှိသေး၏

ရှုံးတစ်လဲ့  / နိုင်တစ်လဲ့ အဆုံးမရှိတဲ့
မိုးသားပြင်ထဲ လဲတဲ့သူက လဲ
ပြေးတဲ့ သူကပြေး

မျက်စိရှေ့မှာတင်
သေဆုံးခြင်း ၊ မွေးဖွားလာခြင်းတွေ
အမြောက်အများကြား
ရှိသောသူသည် ပျောက်လိုက်
ပျောက်သောသူသည် ပြန်ပေါ်လိုက်နဲ့

Friday, January 11, 2013

ဘ၀ကို လှည့်စားတတ်သူ

ဘ၀ ပျက်မတတ်ပဲ
ဝိုင်တစ်ခွက်လိုလဲ အရသာရှိတယ်
အရက်တစ်ခွက်လိုလဲ အရှိန်တတ်တယ်
ဆေးခြောက်တစ်ဖွာလိုလဲ ငြိမ်စေတတ်တယ်
ထွေပြားေ၀၀ါး သွားအောင်လဲ
လူတစ်ရောက်ကို ပြောင်းလဲစေတယ်..။

သိက္ခာ၊ ဂုဏ်ဓာတ်ကို ထိခိုက်နိုင်စေသလို
အများအမြင်မှာလဲ ထင်ပေါ်ကျော်ကြား စေတတ်တယ်
ကြောက်စရာလဲကောင်းတယ်
လိုအပ်သလောက်လဲ ရှိသင့်တယ်..။

"တော်ပါတယ် ချစ်သူ.."

နင်တော်ပါတယ်
ငါ့ကို အရုပ်တစ်ရုပ်လို
လှလှပပ ကစားခဲ့နိုင်လို့

နင်တော်ပါတယ်....
ငါ့ကို မျက်ရည်ကျအောင်
လုပ်ခဲ့နိုင်လို့

နင်တော်ပါတယ်.....
ငါ့ဘ၀ ကို
ပြောင်းပြန်ဖြစ်အောင်
လုပ်ခဲ့နိုင်လို့

နင်တော်ပါတယ်.....
ငါ့ကို မုန်းတတ်အောင်
သင်ပေးနိုင်လို့

ပူစီ ကိုက်တဲ့ချစ်သူ *-♥












ကိုယ်ထက် ငယ်သူကို
ချစ်မိတာ အပြစ်တော့ မတင်ပါဘူးဗျာ..

တစ်ခါတစ်ခါ လာပြန်သည်
စိတ်စိုး စိတ်ကောက်တွေနဲ့
အဆုံးမသတ်တော့တဲ့
နေ့ / ညများထဲ အလှုပ်မဟုတ်တဲ့ ကိစ္စတွေ
လာလာနှောက်နေတာ ရပ်တန်းကရပ်ပါတော့
ငယ်သူမို့ ချစ်ရတဲ့သူရေ

မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်

တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း

မြန်မာနိုင်ငံ ကချင် ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေတွေကြောင့် မြန်မာ နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေး အင်အားတွေကို တိုးမြင့်ထားတယ် လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြ ထားပါတယ်။ ဒါ့အပြင် နယ်စပ်တိုက်ပွဲ အခြေအနေတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်း လေယာဉ်ခရီးစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရတယ် လို့လည်း ဖော်ပြပါတယ်။ တရုတ် မြန်မာနယ်စပ် အခြေအနေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးမှာပါ။

Friday, January 4, 2013

တစ်ကွက် ကာတွန်း



ဆက်သွယ်ရေးရုံးများ၌သာ ရောင်းချမည့် တစ်သိန်းနှင့် တစ်သိန်းနှစ်သောင်းတန် ဖုန်းကဒ်များ

 from; thithtoolwin

ဇန်န၀ါရီလ ဒုတိယ အပတ်အတွင်း ထွက်ရှိမည့် တန်ဖိုးနည်း မိုဘိုင်း ဖုန်းကဒ်များအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံး များ၌သာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ GSM ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှင့် WCDMA ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ရောင်းချ မည်ဖြစ်ကြောင်းနှင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ



ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(ဆား)


မနက်ခင်း  ရောက်ပြီးလို့ ကျွေးကြော်
ကျေးဌက်  အော်မြည်သံ  အချို့ နဲ့ 
လူးလဲထ   ပြူးတူးတူး  မျက်လုံးအဖွင့်
ရောင်နီက  လင်း......

အို.......ကွယ်
မနက်ခင်းက  လှလိုက်တာ
ဘ၀ သမား  မို့   ကိုယ်လက်  သန့် စင်
ငါ ... တို့   လုပ်ငန်းခွင်ထဲ  ၀င်ရတော့မှာပါလား
တစ်ထွား  မပြည့်  ၀မ်းရေ  အေးဖို့ 
နဖူးက  ချွေး  ခြေမ  အကျ
လှုပ်ရှား  ခဲ့ရ  နေ့ တွေက ရင်လေးပါဘိ
အတွေး  ကိုယ်ဆီ  မျှော်လင့်ချက်နဲ့ 
အသက်ရှင်ကျတဲ့   သူတွေ  ထဲ
ငါ  လဲ အပါဝင်  ပေါ့ ...

♥-*မင်းရှိပါစေ*-♥


 

မခမ်းနားတဲ့ ငါ့ဘ၀အခန်းထဲ
မကြောက်တန်း မင်းလှမ်းလာခဲ့တာ
ငါအတိုင်းမသိ ၀မ်းသာမိတယ်
ဒါတင်မက ငါ့ဘ၀ကို မင်းက
ရည်မှန်းချက်ကောင်းကောင်းနဲ့ ခမ်းနားသွားအောင်လဲ
နင် ဖန်တီးပေးခဲ့တယ်....

ချစ်သူ ... ဖေးမကူညီ နားလည်ပေးတဲ့ စိတ်နဲ့
ကြင်နာမှုပါပေးလို့ ..ဒီဘ၀နဲ့တင်မဟုတ်
နောက်ဘ၀များစွာလဲ..
ငါ ဘေးနား ... မင်းရှိပါစေ ..
(ဆုတောင်းနေမိတယ်)
(ဆုတောင်းနေမိတယ်)

 လမင်း

ကင်ဆာဝေဒနာရှင်များ ရဲယိုသီးစားသုံးပါ










ရဲယိုသီးကို အခြေခံပြီးထုတ်လုပ်ထားသည့် ဆေးတောင့်များနှင့် ဖျော်ရည်များသုံးစွဲခြင်းသည် ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် အကျိုးများစွာရှိနိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသန်းထွန်းက ပြောသည်။”ကင်ဆာရောဂါကို ကုသတဲ့ အခါမှာအသုံးပြုတဲ့ ဆေးဝါးအများစု ဟာလည်း ဒီအပင်ကနေလာတာ ဖြစ်တယ်။ ရဲယိုဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ အစွမ်း အာနိသင် အရှိဆုံးပဲ။ နောက်ပိုင်းမှာ ရဲယိုကနေ ထုတ်လုပ်တဲ့ ကင်ဆာဆေးစွမ်းကောင်းတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်တယ်” ဟု ၄င်းက ဆက်လက် ပြောသည်။ရဲယိုသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ ဟန့်တားစေနိုင်သည့် အဓိကရောဂါများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ် ကင်ဆာများပင် ဖြစ်ကြောင်း သိရသည်။”ရဲယိုသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ခုခံအားစနစ်ကို တိုးတက်အောင် ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင် စွမ်းရရှိလာမှာ ဖြစ်တယ်။

ရွေတိဂုံစေတီတွင် ဠင်းတနားခြင်းနှင့် ပတ်သက်ပြီး သံဃာတော်များ ပရိတ်တရားနှင့် ကမ္မ၀ါရွတ်ဖတ်

ရွေတိဂုံ စေတီတော်တွင် ၂၃ရက်နေ့ ညနေ ၅ နာရီတွင် ဠင်းတ ၆ ကောင်နားခြင်းနှင့် ပက်သက်ပြီး သံဃာတော်များသည် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန် ယနေ့ညနေ ၃နာရီတွင် ပရိတ်တရားနှင့် ကမ္မ၀ါစာများကို ရွတ်ဖက်ခြင်း ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Thursday, January 3, 2013

Blogger နွေဦးလေနှင့် အင်တာဗျူး




lamin: ဟိုင်း နေကောင်းတယ်နော်. .
thetzawhun: ဟုတ် ကောင်းတယ်ခင်ဗျ

lamin:  ဒီနေ့ အလုပ်ပိတ်ရက်ပဲ ..ပို့စ်တွေ အသစ်တွေ တင်ဖြစ်လားဗျ..
thetzawhun:  ဘလော့တော့ မတင်ဖြစ်ဘူးဗျ ဖေ့ဘွတ်တော့တင်ဖြစ်နေတယ်

lamin:  ဟုတ်ကဲ့ .. ဒီနေ့အချိန်ပေးနိုင်မလား ..20 မီနစ်လောက်ပေါ့ ..
thetzawhun:  ဟုတ်

lamin: အဆင်ပြေရင် ဒီနေ့ ..ကျွန်တော် ညီ့ကို အမေး အမြန်းလေး လုပ်ချင်တယ်. .နည်းနည်းပေါ့ .. ဖြေပေးနိုင်မလား ..
thetzawhun:  ဟုတ်ရပါတယ်
 -----------------------------------------------------------------------------------------------------------------------------------------------------------

နတ်ကတော် ဘာသာ

ဘာသာရေးအရ
အမဲသားမစားတာ၊ဟိန္ဒူဘာသာ
၀က္သားမစားတာ၊အစၥလာမ္ဘာသာ
အမဲမစား၊၀က်သားကိုရှောင်
သက်သတ်လွတ်ဆောင်တာ
ဒို့မြန်မာ၊
ဘယ်ဘာသာက၊လာတာပါလိမ့်နော်
သိသူဖော်စား၊မသိသူကျော်သွား
အဲဒါနတ်ကတော်ဆီက လာသောကိုးကွယ်မှု့တရား။

post by : yelattkoko

ချွေးထုတ် ပြီးအဆိပ်ထုတ်နည်း

 Facebook က ဖတ်မီသမျှပြန်လည်ဝေမျှလိုက်သည် လေးစားလျက် (လမင်း)

သင့်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းတယ် ၊ မျက်နှာမွဲခြောက်တယ် ။ စိတ်လေးလံနေတယ် ဆိုလျှင် ဒါတွေကို ပပျောက်စေဖို့ အထိရောက်ဆုံး နည်းကတော့ ပေါ့ပါး ပျော်ရွှင်စွာ ဆောင်ရွက်နိုင်တဲ့ အဆိပ်အပုပ် ရှင်းထုတ်နည်းပါပဲ. . . . နေ့တိုင်း အချိန်တိုင်းမှာ အဆိပ်အပုပ် ရှင်းထုတ်နည်း တစ်မျိုးမျိုးကို ရွေးချယ်လုပ်ဆောင် ပြီး အကျိုးသက်ရောက်မှု အာနိသင့်ကို လည်း လက်တွေ့ ခံစားကြည့်ပါ. . .

မိမိခန္ဓာကိုယ်ရှိ အဆိပ်အပုပ်များကို ချွေးထုတ်ခြင်းဖြင့် လည်း ရှင်းထုတ်နိုင်ပါသည်
အစာခြေလမ်းကြောင်း၊ ဆီးစွန့်လမ်းကြောင့် နှင့်ချွေးဂလင်းတို့ဟာ ခန္ဓာကိုယ်ရဲ့ အဆိတ်အပုပ် စွန့်ထုတ်ရာ လမ်းကြောင်းကြိး ၃ ခုဖြစ်ပါတယ်. . . အဆိပ်အပုပ်တွေ ရှင်းထုတ်အားမြင့်မားဖို့ ၊ ခန္ဓာကိုယ်ပြင်ပသို့ အချိန်မှီ စွန့်ပစ်နိုင်ဖို့ ဆိုလျှင် ဒီလမ်းကြောင်း ၃ ခု ပွင့်နေရပါမယ်. . . ဒါဟာရောဂါ ကာကွယ်ရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုအပ်ချက်လည်းဖြစ်ပါသည်။.

ချွေးထွက်တဲ့ နည်းနဲ့ အဆိပ်အပုပ်ကို စွန့်ထုတ်တာဟာ ခန္ဓာကိုယ်ပေါ်က မျက်နှာပြင် ဧရိယာ အကျယ်ဆုံးဖြစ်တဲ့ အရေပြားကို အသုံးပြုခြင်းပါပဲ. . . . တစ်ကိုယ်လုံးက အမွေးကျင်းတွေ အားလုံး ပွင့်ပြီး ချွေးတွေ ဖြိုင်ဖြိုင်ကျလာခြင်းဖြင့် ချွေးရည်နဲ့အတူ အဆိပ်အပုပ်များကိုလည်း ပါသွားနိုင်ပါသည်. .

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

From : Myanmar Volunteer 
ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်
ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ 

မေမေ မသွားပါနဲ့..












 
သူ့အသက်ငါးနှစ်….
“မေမေ.. မေမေ့စကားကို သားနားထောင်ပါမယ်။ မေမေ မသွားပါနဲ့..”

မူကြိုကျောင်းရဲ့ ကျောင်းပေါက်ဝမှာ မေမေ့ခြေထောက်ကိုဖက်ပြီး သူငိုယိုတောင်းပန်တယ်။ မေမေကထိုင်ချပြီး သူ့ပါးနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ ကိုင်လိုက်တယ်။

“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူး သား… အထဲမှာ သားနဲ့အတူ ဆော့ကစားမယ့် ကိုကိုမမတွေ အများကြီးရှိတယ်။ ပြီးတော့ ဆရာမကလည်း သားကို သီချင်းတွေ အများကြီးသင်ပေးဦးမှာ။ သား သေချာလိုက်ဆိုပြီး မေမေ့ကိုပြန်ဆိုပြနော်။ မေမေရုံးဆင်းတာနဲ့ သားကို လာကြိုမယ်” မေမေ့ပြောစကားကို သူမျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြတယ်။

ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆)


(၁) အာရာမရောပဒါန- ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များကို လှူဒါန်းခြင်း။

(၂) ၀နရောပဒါန- အရိပ်ကောင်းတဲ့သစ်ပင် များကို စိုက်ပျိုးလှူဒါန်းခြင်း။

(၃) သေတုကာရကဒါန- တံတားခင်းပြီး လှူဒါန်းခြင်း။

(၄) ပပါဒါန- ရေအိုးစင်တည်၍ လှူဒါန်းခြင်း။

(၅) ဥပပါနဒါန- ရေတွင်းရေကန်တူး၍ လှူဒါန်းခြင်း။

(၆) ဥပဿယဒါန - ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်၊ သိမ်၊ ဓမ္မာရုံ လှူဒါန်းခြင်း။

ဒီဒါန (၆) မျိုးအနက် တစ်မျိုးမျိုးကို လှူဒါန်းသူဟာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား တိုးပွားတယ်။ သေလွန်တဲ့အခါ နတ်ပြည်သို့ လားရောက်ရတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ မြတ်စွာဘုရားသီတင်းသုံးစဉ်အခါ ညဥ့်သန်းခေါင်ယံမှာ နတ်သားတစ်ပါး မေးလျောက်တယ်။

(နှစ်ဟောင်းကြီးကုန်ခဲ့ပါပြီ)











နှစ်ဟောင်း သက္ကရာဇ်တွေသာ ကုန်သွားလို့
နှစ်သစ်သာရောက်ခဲ့တယ်
စွဲလန်းစိတ်တွေနဲ့ .. အတ္တစကားတွေ
ကမ္ဘာကို လွှမ်းမိုးနေသေးမလား ..
ဘာလဲ.. ငါ့ ဟာ ၊ အဲ့တာ ငါ့ဟာ ၊ ငါ့ နေရာ ၊ ငါ့ ထိုင်ခုံ ၊ ငါ့ ပစ္စည်း ၊ ငါ့ ဥစ္စာ ၊
ငါဆိုတဲ့ အတ္တစိတ်တွေ မကင်းသေးတာ ဧကန်....။

Wednesday, January 2, 2013

၂၀၁၃ အတွက် ကြိုတင် ဟောကိန်းများ

ဒီ ၂၀၁၃ နှစ်သစ်မှာ မြန်မာ နိုင်ငံရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ပတ်သက်လို့ နက္ခတ် ဗေဒင် ပညာရှင် တွေက ဘယ်လို သုံးသပ် ကြပါသလဲ။ ၂၀၁၃ အတွင်း ကြုံတွေ့ လာရမယ့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ အဖုံဖုံနဲ့ ပတ်သက်လို့ ဆရာ စံဇာဏီဘို ကတော့ နိုင်ငံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အငှားဘဝ

ဘာတွေကို တွယ်တာနေသလဲ
ခဏတာ ဘဝမှာ အဌားရုပ်နဲ့
ရှင်သန်နေခိုက် ရုပ်လာဘ်မရွေး
ဆင်းရဲ ချမ်းသား အတိတ်ကံ အကျိုးပေး
ကြောင့် ပစွည်း ဥစွာ ကွာခြားသောလဲ
လူတိုင်း သွားရမဲ့နေရာက တစ်နေရာထဲပါ
အဲ့ကို ဘာမှလည်း ယူသွားလို့မရတာ အသေချာ
လက်ရှိ ရှင်သန်နေခိုက် 

ဘယ်လို ပရဟိတ အလုပ်လေးနဲ့အတူ 
တစ်ထောင့်တစ်နေရာက အားဖြည့်ရင်း
နောင်သံသရာအတွက် ကောင်းအောင် 
ကုသိုလ်စိတ်လေးတွေ ယူပြီး သေးဆုံးခြင်း ပန်းတိုင်ကို ခြေလမ်းသစ်လေးဖြင့် လှမ်းရင်း.....

လုတစ်ယောက် ဘာကြောင့် သေတာလဲဆိုတာ အရေးမကြီးပါဘူး သက်ရှိနေထိုင်ချိန်မှာ ဘယ်လို နေထိုင်သွားလည်းဆိုတာ အရေးကြီးသည်

နှစ်သစ်ကူးညမှာ လူအုပ်စုကြား တိုးဝှေ့ပိသေ

အိုင်ဗရီကိုးစ် နိုင်ငံမှာ လူခြောက်ဆယ် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တဲ့ အတွက် နိုင်ငံတလွှား ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်တာ သတ်မှတ် ကျင်းပခဲ့ပါတယ်။ နှစ်သစ်ကူး ညတုန်းက မီးရူးမီးပန်း ဖောက်ပွဲ ကျင်းပနေတုန်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက်---

သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူအုပ်ကြား တိုးပိ သေဆုံးသူတွေရဲ့ ကျန်ရစ်ပစ္စည်းတွေ

ခရစ္စမတ်တေးသံတွေတိတ် ဗုံးသံတွေကြောင့် စိုးထိတ်နေသော ကချင်မြေ



တစ်နှစ်နှင့် ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ကချင် စစ်ပွဲများမှာ ယခုအချိန်ထိ တိုက်ပွဲပေါင်း
၂၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ဒဏ်ရာရ၊ သေဆုံးသူစာရင်းမှာ ထောင်ဂဏန်းခန့် ရှိလာပြီဖြစ်သည်

တောင်ကြားနယ်စပ်မြို့ လိုင်ဇာ၏ ခရစ္စမတ်မှာ သေနတ်သံများဖြင့် စတင်ခဲ့သည်။ သန်းခေါင်ယံအချိန်တွင်
တိတ်ဆိတ်သောညကို ဖြိုခွင်းလိုက်သည့် သေနတ်သံများက မြို့နှင့် ခုနစ်မိုင်သာကွာဝေးသည့် အလျှမ်းဘွမ်းတောင်ကုန်းမှဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရစ်တော်၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရစ္စမတ်နေ့ ကူးပြောင်းချိန် သန်းခေါင်ယံတွင် မြန်မာနိုင်ငံအနှံ့၌ ခရစ္စမတ်တေးသံများ၊ ဆုတောင်းသံများ ညံနေသော်လည်း လိုင်ဇာမြို့တွင်တော့ သေနတ်သံများဖြင့်သာ စတင်ခဲ့သည်။

Tuesday, January 1, 2013

( အမယ်အိုတစ်ယောက်ရဲ့ ပုံရိပ် )











ဘ၀ရဲ့ စိန်ခေါ်မှုတွေကြား
တိုးဝှေ့ခဲ့ ပြီးပြီ
အပူဒဏ် အအေးဒဏ် မှန်သမျှနဲ့
လောကမှာ ရှင်သန်နေထိုင်ခဲ့တာ
(၇၅) နှစ်ကျော် ရှိပြီ
အခုချိန်ထိလည်း ရပ်နား၍
နေထိုင်ရသည်မဟုတ်
ကံကြမ္မာ အကျိုးမျှော်ကာကိုး၍
အပူမီးလည်း တောက်လောင်ခဲ့ပြီ
စိတ်ချမ်းသာခြင်းမျိုးလဲ တွေ့ရှိခံစားခဲ့ရပြီ

သင်သေသွားသော်



 ဪ လူ့ပြည်လောက
 လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။

ပါရမီ(၁၀)ပါး



(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)
(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)
(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)
(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)
(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)
(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)
(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)
(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=အဓိဋ္ဌာန်ပါရမီ (Determination)
(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ(Loving-kindness)
(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)

ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)


ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)
 စာဆို န၀ဒေး၏ လူးတားမှ -

၁။ဓားချီ
၂။ဓားခင်း
၃။ မျက်နှာကာ
၎။ ဓားလှ
၅။ ဓားလျှိုး
၆။ မှောက်ထိုးရပ်
၇။ ရင်ခွဲ
၈။အသားလှန်
၉။ ဓားခုတ်
၁၀။ ဇင်ယော်သုတ်
၁၁။ တဖက်ထိုး
၁၂။ ရှေ့လှည်း
၁၃။ နောက်လှည်း

နောင်တ - ၁၀ မျိုး


နောင်တ - ၁၀ မျိုး

၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေခြင်း

၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း

၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း

၅။ သူတစ်ပါးသားမယားကို ပစ်မှားမိခဲ့လေခြင်း

၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း

၇။ ဆုံးမ စကားကိုနားမထောင်မိခဲ့လေခြင်း

၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း

၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း

၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း

ဆေးလိပ်လက်ဆောင်


ဆေးလိပ်လက်ဆောင် (မယ်ခွေ)

မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို၊
မီးမကူ၊ နေပူမှာ မတင်အားလို့
ထားရတယ်၊ အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား၊ ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ၀ါချည်ဖြူရက်ကယ်နှင့်
ငယ်ချစ်လင်၊ ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

ပျဉ်းမငုတ်တို


ဖုထစ်ရွတ်တွ၊
ငှက်ဠင်းတသို့ 
ပျဉ်းမငုတ်တို၊
သက်ကြားအိုသည်
ကုန်းမိုထက်တွင်
တစ်ပင်တည်း။

ခွဆုံအကွေး၊
သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ
အိုင်းအမာသို့ 
ကျယ်စွာဟက်ပက်
ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊
မြေပတ်ကြားတွင်
စစ်သားခမောက်၊
ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


တောင်ပံကွန့်မြူး၊
ပိုးစုန်းကြူး၊
အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊
ထွန်းလင်းခဲ့၊
မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊အိပ်နေပါ၊
ရောင်ဝါမပေါ်လွင်။

ထိုနည်းတူစွာ၊လူတို့မှာ၊
ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊အလုပ်ရှိ၊
လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊
အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။

လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ


လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ


ငါးအာရုံဘင်အစု၊
ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊
တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင်အဖျင်းပိုထက်သာပို။

ရေထွက်ပေါက် လျော့နည်း လာခြင်း အတွက် စိတ်ပူ နေကြသည့် ပုပ္ပါး ဒေသခံများ

ပုပ္ပါးတောင် ဒေသတွင်း သဘာဝ အလျှောက် ထွက်ရှိသော ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်    ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင် ချစ်သူများ အသင်းက သုံးသပ်ပြောဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်း အချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေးများ ပါဝင်နေသည့် အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထား သော်လည်း ယခုအချိန်တိုင် ဆက်လက် ရောင်းချ လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





from , thithtoolwin

ရန်ကုန် နှစ်သစ်ကူးပွဲ ပြင်ဆင်

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် လူအများအပြား နှစ်သစ်ကူး မီးပန်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင် နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ထားခဲ့ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုင်ဒါကွင်းမှာ ကျင်းပမယ်

from : thithtoolwin

လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်

From ; thithtoolwin

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်း ကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...