(ပေ) ခုံပေါ်တွင် ကြိမ်ဖန်များစွာ အထုခံရသော သံချောင်းသည်
ပို၍ မာသည်ထက် မာဖို့သာရှိ၏ အကြိမ်ကြိမ်ထုခံရ၍
သံသားပျက်စီးသွားခြင်း ၊ သံရည်သံသွေး ကျဆင်းသွားခြင်းကား အလျဉ်းမရှိ။
အကြိမ်ကြိမ်ထုလေလေ သံရည်သံသားသည် မာကျောပြီးပို၍ ကောင်းလာလေလေဖြစ်၏။
ထိုနည်းတူစွာပင် မီးပြင်းပြင်းဖြင့် ကြိမ်ဖန်များစွာ မီးတိုက်ခံရသော ရွှေသည်
ပို၍ ပြောင်သည်ထက် ပြောင်လက်လာ၏ မီးပြင်းပြင်းတိုက်လေလေ ရွှေသားသည်လည်းပို၍
တောက်ပလာလေလေ ဖြစ်၏.။
ကျွန်တော်တို့ လူ့လောကတွင်လည်း အထက်ပါ ဥပမာများ ကဲ့သို့ပင်ဖြစ်၏။