လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, November 29, 2013

Gentleman First ကို လေးစားပါတယ် အန်လ်အယ်လ်အေ

◄Gentleman First ကို လေးစားပါတယ် အန်လ်အယ်လ်အေ►

Lady First ...
လေဒီဖက်(စ်)

မိန်းမတွေ ယောက်ျားတွေနှင့်အတူ ..
ရင်ဘောင်တန်းလာတဲ့ခေတ် ...

မိန်းမတွေကို ဦးစားပေးရတဲ့ ခေတ် ...

သေချာတာတစ်ခုတော့ရှိတယ်..

Gentleman First ဆိုတဲ့ တစ်နေရာတော့ရှိတယ်..

အဲ့တာကတော့ အရက်ဆိုင် .... ။

Saturday, June 1, 2013

► ရယ်မိတယ် . . .◄



“ နားလေးသူမို့ပါ ”

“ ခုနက စင်ပေါ်မှာ အသံအားကောင်းကောင်းနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား ”
“ ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော်က တက်သစ်စ ဟဲဗီးအဆိုတော်ပါ ”
“ ဒါဆို တစ်ဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်လေးအော်ခေါ်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် ”
-------------------
“ အပင်ပန်းမခံပါနဲ့ ”

“ ခင်ဗျားကို ၀မ်းနည်းစကားပြောရဦးမယ်၊ ခင်ဗျားဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရမယ်ဗျာ ”
“ ဘာဖြစ်လို့လဲ ဒေါက်တာ ”
“ ခင်ဗျားဗိုက်ထဲမှာ ကပ်ကြေးတစ်လက်မေ့ကျန်ခဲ့လို့ပါ ”
“ ကတ်ကြေးတစ်လက်များ နှမြောမနေပါနဲ့တော့ ဒေါက်တာရယ်၊
ရော့...ပိုက်ဆံ၊ အသစ်တစ်လက် ၀ယ်လိုက်ပေါ့ ”


အကြွေးထဲကနှိမ်လိုက်

◄အကြွေးထဲကနှိမ်လိုက်►

ပည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။

မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။

ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။

မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။

ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။

တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။

“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”

မိန်းကလေးက ပြန်ပြောလိုက်သည်။

“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”
-------------------------------------------
ဟာသလေးများကို ပြန်လည်မျှဝေလိုက်သည် (အန်လ်)

Tuesday, December 18, 2012

ဟာသ အတို အတွာ

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ
လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊
ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။
ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ
ဝမ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့
မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

Monday, December 17, 2012

ကဲ......မိန်းမကိုစချင်ဦး

စုစုပေါင်းမိသားစုဝင် လေးယောက်ရှိတာပေါ့။ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကို အမြဲ စစ နောက်နောက်ပြောတတ်တယ်။ ဒါကို မမြင့်မြင့်ကလည်း မကြိုက်ဘူး။ ဒါပေမယ့် ကိုဝင်းမောင်ကလည်း ဘယ်တော့မှ မပြင်ဘူး အမြဲ အစအနောက်သန်နေတယ်။ တစ်ရက်ကျတော့ မမြင့်မြင့်တို့ရုံးက အစီအစဉ်နဲ့ မမြင့်မြင့်ကို ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားဖို့ အကြောင်းရှိလာတော့ မိသားစုတွေ ခဏခွဲဖို့ဖြစ်လာရော။ မမြင့်မြင့် ဂျပန်ကိုသွားတဲ့နေ့ကျတော့ ရုံးကလူကြီးတွေရော ယောက်ျားဖြစ်သူ ကိုဝင်းမောင် ပါ လေဆိပ်ကိုလိုက်ပို့ကြတယ်။ လေယာဉ်တက်ခါနီးတော့ မမြင့်မြင့်က စိတ်ထဲမကောင်းလှတဲ့ အသံလေးနဲ့ ကိုဝင်းမောင်ကို

“ယောက်ျားရေ ကျွန်မတော့ သွားတော့မယ် ဘာမှာဦးမလဲ” လို့မေးတော့။ ကိုဝင်းမောင်က “ဘာမှတော့ ထူးထူးထွေထွေ မမှာတော့ပါဘူးကွာ၊ မင်းပြန်လာရင်သာ ငါ့အတွက် ဂျပန်မချောချောလေးတစ်ယောက်လောက်သယ်ခဲ့” လို့ သူ့အကျင့် အတိုင်း စစ နောက်နောက်ပြန်ပြောလိုက်တယ်။

အစကတည်းကမှ မိသားစုနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့ မမြင့်မြင့်က ယောက်ျားဖြစ်သူရဲ့ စနောက်တဲ့စကားကြောင့် စိတ်တိုသွားပါတယ်။ ရုံးက လူကြီးတွေရှေ့မှာဆိုတော့ ပိုပြီး ဒေါသဖြစ်ရတာပေါ့။

သမီးရည်စား (ဟာသ)

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကို ကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်
(လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်... အိပ်ထဲမှာ
ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)

ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

တစ်ကွက် ( ကာတွန်း) ..

ကိုးကားဖတ်ရှု့ သမျှ ရိုးသားစွာ.. ပြန်လည် မျှဝေလိုက်ပါသည်..။ လေးစားလျက် (လမင်း)




Monday, July 30, 2012

ပိုက်ပေါက်နေပါသဖြင့် ကျေးဇူးပြု၍ ပြင်းပြင်း မပေါက်ရ

ဟိုင်း.... ရတာလည်း အခုချိန်မှာ.. မျက်နှာက ပြောင်စပ်စပ်နဲ့.. မရှက်တော့ပါဘူး.. နောက်တစ်ခါ ဟိုင်းလိုက်ပါတယ်..
ချစ်သောသူငယ်ချင်းတို့...
ပြောရမှာ ရှက်လည်းရှက်တယ်.. ရှက်လည်းမရှက်တော့ပါဘူး... မရှက်တစ်ရှက်နဲ့ဘဲ ..ရေးချလိုက်တော့မယ်..
ဟီးး ဟီးး....

ကျွန်တော် လမင်း... အခုလေးတင် ဧပြီတို့ .. ပန်းသဇင်တို့ ..ကိုကွန်မန်တို့နဲ့.. အများပြောစကားဝိုင်းမှာ.. ပြောနေစဉ်ဘဲ
အလုပ်ကပေါ်လာလို့... လူကြီးတစ်ယောက်ကို .. စာရွက်လိုက်ပေးနေရင် ဖြစ်ပျက်တစ်ခုလေးပေါ့..


ရိုက်ရင်း.. ရိုက်ရင်းနဲ့... ပြောလည်းမပြောခြင်တော့ဘူး ပြောလည်းပြောခြင်တယ်... သားသား မျက်လုံးမှိတ်ပြီးဘဲထပ်ရိုက်လိုက်ပါတယ်..

ကျွန်တော်.. အထက်ပါသူငယ်ချင်းတို့နဲ့ စကားပြောနေစဉ်.. ဖုန်းဝင်လာလို့ ဖုန်းပြောအခိုက်. ... လက်ရှိ အလုပ်ရုံးကနေ.. တစ်ခြား ရုံးဘက်သို့
စာတစ်စောင် လူကြီးတစ်ယောက်ကို ပေးရန်.. ကြွမြန်းသွားပါတယ်.. မိုးကလည်းအေး .. သွားရလာရတာလည်း.. စိုစွတ်နေတော့

သွားရတာလည်း မကောင်းဘူးပေါ့...
ဒါနဲ့ ဟိုဘက်ရုံးကိုရောက်.. စာရွက်ပေးစရာပေး အပြန် .. မပြန်ခင် .. သေးကလည်း ပေါက်ခြင်တော့.. ဈေးဆိုင်အသိနေရာကိုသွားရင်..
ကော်ကော်လေး ဘာလေးလည်း သောက်အုံးမယ်ပေါ့.. ဒါနဲ့ ဈေးဆိုင်အရောက် .. ပါလာတဲ့ ထီးကို ခုံပေါ်တင်ပြီး..
ပေါက်တော် သွားဖို့.. အိမ်သာထဲဝင်ခဲ့ပါတယ်. .အိမ်သာထဲမှာလည်း ကျွန်တော်နဲ့ သိတဲ့ ကောင်ကလေး .. တစ်ယောက်ရှိပါတယ်..

Thursday, July 26, 2012

ဒါကြောင့်ရှုံးတာ



မသန်စွမ်းသူများရေကူးပြိုင်ပွဲကျင်းပနေပါတယ်။ ပထမတစ်ယောက်က လက်တွေမရှိပါဘူး။ ဒုတိယကခြေထောက်မပါဘဲ တတိယတစ်ယောက် ကတော့ ခေါင်းပဲရှိပါတယ်။ပြိုင်ပွဲစတော့ လက်မပါတဲ့သူက ရှေ့ဆုံးကဦး ဆောင်ပြီးခြေထောက်မပါတဲ့သူက နောက်ကလိုက်နေပါတယ်။ ဦးခေါင်း ပဲ ရှိတဲ့သူကတော့ တစ်ခါတည်းကို မြုပ်သွား တာပါပဲ။ ခြေမရှိတဲ့ သူက ဗိုလ်စွဲပြီးပြီးချင်းပဲ နစ်သွားတဲ့ ဦးခေါင်းကိုသွားကယ်ပါတယ်။
ရေထဲက တက်တက် လာချင်း သူပြောတာက "ငါ့မှာ သုံးနှစ် လုံးလုံး နားရွက်နဲ့ရေကူးတတ်ဖို့လေ့ကျင့်လိုက်ရတာ။ ပြိုင်ပွဲခရာမမှုတ်ခင် နှစ် မိနစ်အလိုမှာ ငါ့ခေါင်းကိုရေကူးရင်ဝတ်တဲ့ ဦးထုပ်လာဝတ်သွားတယ်ကွာ" တဲ့။

Wednesday, May 9, 2012

မိန်းမမရသင့်သောယောင်္ကျားများ


၁။ကြောင်တောင်တောင်အထာနဲ့ အိမ်ပစ္စည်းဗလာနဲ့ယောင်္ကျား
၂။ခွေးချစ်ဟန်ဆောင် ဖွန်အလွန်ကြောင်တဲ့ယောင်္ကျား
၃။ဂိုက်ပေးကြမ်းပြီး လက်သရမ်းတဲ့ယောင်္ကျား
၎။ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောင်္ကျား
၅။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား
၆။ဆရာကြီး အရမ်းလုပ် ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောင်္ကျား
၇။“ဇ”ကိုမသုံး အကြံတုံးတဲ့ယောင်္ကျား
၈။ဈေးဝယ်ရင်ကပ်စီး လက်ချည်းပြန်လာတဲ့ယောင်္ကျား
၉။ညစ်ငြမ်းတဲ့ကား မတရားကြည့်တဲ့ယောင်္ကျား
၁၀။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား
၁၁။ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောင်္ကျား

Thursday, May 3, 2012

အတူတူစားချင်တယ်..


မမြင်ရပါက ..ကလစ်လေး တစ်ချက် ပုံပေါ်နှိပ်၍ ကြည့်ပေးစေချင်ပါသည်... ။ လေးစားလျက် လမင်း

Sunday, April 1, 2012

မျှော်ရ.....မျှော်ရ ....မျှော်ရ..

မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာဗျ.....
ဖုန်းဈေးကျမယ်ဆိုလည်း... မျှော်ရ...
လစာတိုးမယ်ဆိုလည်း ... မျှော်ရ..
ဆင်းရဲသား ပပျောက်မယ်ဆိုလည်း မျှော်ရ...
အင်တာနက် လိုင်းကောင်းမယ်ဆိုလည်း .. မျှော်ရ...
*******************မျှော်ရ....
*******************မျှော်ရ....
*******************မျှော်ရ....


Sunday, February 26, 2012

နာရီကြည့်တတ်ပါစေ



ဒို့ကျေးရွာဂျာနယ် အတွဲ(၈) အမှတ်(၁၈) ၂၀၁၁ စက်တင်ဘာလ (၁) ရက်နေ့ထုတ် ကာတွန်းငွေကြည် ၏ ဒို့ကျေးရွာ ဟာသလေးအကြောင်း ပြောချင်လို့ပါ၏ ။ ခေါင်းစဉ်က “အဖြေ” တဲ့။ ဦးမြသည် အသက် ၆၀ ပြည့်သော်လည်း နာရီမကြည့်တတ်ပေ။

Thursday, February 23, 2012

စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့တဲ့ (ပြဇာတ်)

ပြောင်လျှာရှည်တို့ ကတဲ့ဇာတ်

တိန်ဗျောင် ... တိန်းဗျောင်း ... တိန်းဗျောင်း .... ဒိန်တိန်တိန် ဒိန်တိန်တိန်
ဇာတ်မင်းသားကိုတေဇ ။     ။ မင်္ဂလာရှိတဲ့ မေရီခရစ်စမတ်အကြို ဘားအံမြို့ရဲ့ ညချမ်းအချိန်ခါ သာမယမှာ သားလေတေတေ .... အခုလိုကပြ အသုံးတော်ခံခွင့်ရတာ အထူးပဲ ၀မ်းသာကြည်နူးမိပါတယ်။  ချစ်စွာသော ပရိသတ်အပေါင်း ကိုယ်စိတ်နှပါး ရွှင်လန်းကြပါစေ... လို့ ... အဝေရာဟောတု မေတ္တာပြုလိုက်ပါတယ် ...။
(ပွဲခွင် ပြောင်းသွားပါပြီ ဇာတ်ဆရာ ပွဲသွင်းကောင်းလို့ ဘားအံကို ရောက်သွားပါလေရဲ့ ပရိသတ်ကြီးရေ)

ရွာစားကျော်စိန် ပတ်ရှည်ကလဲ အင်ထရို စပါလေရော (ဒန်းဒန်းဒန်းဒန်း ..)

မင်းသားတေဇ ။     ။ " အဖြူရောင်မမ သိပ်လှနေတော့ ဒီကမင်းသား ချစ်မိတာပေါ့ ... "

မင်းသမီးများ ။     ။ " ချစ်မိတာပေါ့ .. ချစ်မိတာပေါ့ .."

မင်းသားတေဇ ။     ။ " အ၀ါရောင်မမ သိပ်လှနေတော့ ဒီက မင်းသား.. သား.. သား… "

Wednesday, February 22, 2012

ကိုဘမောင်နှင့် ဗေဒင်ဆရာ


ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့် လေတော့သည်။

အိမ်သို့ ရောက်ရောက်ခြင်းပင်...

ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”

ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”

ငါတို့ကရှေ့နေကွ

ငါတို့ကရှေ့နေကွ

From mail
အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ။

ရှေ့နေ ၃ ယောက်၊ စာရင်းစစ် ၃ ဦးတို့ ရထားဖြင့် ခရီးသွား ကြသည်။ စာရင်းစစ် ၃ ဦးက လက်မှတ် ၃ စောင် ၀ယ်သော်လည်း ရှေ့နေ ၃ ဦးက လက်မှတ် ၁ စောင်သာ ၀ယ်သဖြင့် တရားမ၀င် ရထား စီးသည်ဟု စာရင်းစစ် ၃ ဦးက ပြစ်တင် ဝေဖန် ကြသည်။ ရှေ့နေ ၃ ဦးက “ငါတို့က ရှေ့နေကွ” ဟုပြန်ပြောသည်။ 

မကြာမီ ရထား ထွက်၍ ရထား လက်မှတ် လာစစ် နေသည်ကို တွေ့သော အခါ ရှေ့နေ ၃ ဦးက ရထား နောက်ဖက် အိမ်သာသို့ ၃ ယောက်စလုံး ၀င်၍ တံခါး ပိတ်လိုက် ကြသည်။ လက်မှတ်စစ်က အိမ်သာ တံခါး ပိတ်ထား သည်ကို တွေ့၍ တံခါး လာခေါက်သည်။ အိမ်သာ တံခါး အနည်းငယ် ဟ၍ ရထား လက်မှတ်ကို ပေးလိုက်သည်။ 

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...