လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Wednesday, October 15, 2014

အနာဂတ်ရဲ့ အသီးပုတ်လေးတွေ

။ အနာဂတ်ရဲ့ အသီးပုတ်လေးတွေ ။

ရည်မှန်းချက်က မရှိ
ဘာ ဝါသနာပါမှန်း မသိ
ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုံးတတ်သည့်
ဟန် မာန်အပြည့်တွေနဲ့ 

ကိုယ်ပိုင် ဦးတည်ချက်
လမ်းကြောင်း အိမ်ရှေ့မှာလား
အိမ်နောက်မှာလား 


ရင်လေးတယ် သားတို့
ရင်လေးတယ် သမီးတို့

ငယ်ရွယ်ချိန် အား
ဇွဲ လုံ့လ ဝီရိယ ထားလို့ လမ်းကြောင်းတည်ပါစေ


14/10/14 (NTwe)

Friday, July 18, 2014

သုည နှင့် ဗလာ

(သုည နှင့် ဗလာ)
Photo: (သုည နှင့် ဗလာ)

လိုသလောက်ရှာနိုင်ပါတယ် 
လက်ထဲမှာ ပိုလျှံနေအောင်မထားနဲ့
စိတ်မချရသလို လောဘ ဒေါသ မီးတွေ 
ဖြစ်တည်လာလိမ့်မယ့် 

ဆန္ဒတစ်ခုတိုင်း ပြည့်ဖို့ ဖြစ်လာနိုင်ပါတယ် 
ဒီဆန္ဒပြီး နောက်ဆန္ဒတွေ များလာအောင် မပွားများပါနဲ့ 
ဖြည့်သလောက် မပြည့်တာ ဆန္ဒပဲ 
လိုချင်လို့ရတယ် အများကြီး မလိုအပ်ပဲ ကိုယ့်စီမှာ 
အပိုမခံပါနဲ့  ရောင်ရဲနိုင်ဖို့နှင့် ကျေနပ်စွာ လက်ခံနိုင်အောင် 
စိတ်စဉ်ကို ကြိုးစား 

လုပ်သလောက်တော့ ရနိုင်ပါတယ်

လေးစားလျက် (အန်လ်)
လိုသလောက်ရှာနိုင်ပါတယ်
လက်ထဲမှာ ပိုလျှံနေအောင်မထားနဲ့
စိတ်မချရသလို လောဘ ဒေါသ မီးတွေ
ြ ဖြစ်တည်လာလိမ့်မယ့်

ဆန္ဒတစ်ခုတိုင်း ပြည့်ဖို့ ဖြစ်လာနိုင်ပါတယ်
ဒီဆန္ဒပြီး နောက်ဆန္ဒတွေ များလာအောင် မပွားများပါနဲ့
ြ ဖြည့်သလောက် မပြည့်တာ ဆန္ဒပဲ
လိုချင်လို့ရတယ် အများကြီး မလိုအပ်ပဲ ကိုယ့်စီမှာ
အပိုမခံပါနဲ့ ရောင်ရဲနိုင်ဖို့နှင့် ကျေနပ်စွာ လက်ခံနိုင်အောင်
စိတ်စဉ်ကို ကြိုးစား

လုပ်သလောက်တော့ ရနိုင်ပါတယ်

လေးစားလျက် (အန်လ်)

Tuesday, June 3, 2014

(ချစ်က ကစားစရာမဟုတ်ဘူး ကစားရင် ချစ်စစ်ဆိုတာ ခံစားရမှာ မဟုတ်ဘူး)

အချစ်နဲ့ ထိတွေ့လိုက်ရင်
လောကတောင် လှသွားတယ်
အဲ့တာ အချစ် စစ်သာဖြစ်မယ်

အချစ်စစ်မှန်ရင် တန်ဖိုးထားရကောင်းမှန်း
သိတဲ့လူက ပြောင်းလဲသွားတတ်တယ်

မနက်ဖြန်ဆိုတာ အရင်ကလို တစ်ကိုယ်တည်း
သွားချင်တာသွား စားချင်တာစား လုပ်ချင်တာလုပ်
လုပ်နေတတ်ပင်မယ့်

တန်ဖိုးထားရမယ့် အချစ်စစ် လက်ခံရရှိချိန်မှာ
မနက်ဖြန်ဆိုတာ ပိုသေချာတဲ့ လုပ်ဆောင်မှု
တန်ဖိုးထား လေနက်မှုတွေနှင့် လူကိုယ်တိုင်ပါ
ပြောင်းလဲလိုက်ပါသွားတယ်

Saturday, April 5, 2014

ခံစားမိတိုင်း

(ခံစားမိတိုင်း)

ငါရင်ထဲက ငိုနေတာတွေ မထူးတော့ပါဘူး
ခုံ ပေါ်က ပြာခွက်ထဲက ဆေးလိပ်တောင် တိုလာပီ

မင်းအကြောင်း စဉ်းစားမိတိုင်း
အရက်ပြင်း တစ်ခွက်ကို ငါသောက်လိုက်ရသလိုပဲ
ငါ့ရင်ထဲမှာ ခံစားမိတယ်

ငါ့ရဲ ခံစားမှုကို မင်းအသိမှတ်မပြုနိုင်ပါဘူး

နွေဦးရဲ့ လေပူပူတွေထဲမှာ မြေပေါ် ကြွေကျတဲ့ သစ်ရွက်ခြောက်
တစ်ရွက်လို ဟောင်းလည်း နွမ်း
မဟောင်းလည်း နွမ်း ရမှာမို့

တစ်ချို့သော အလွမ်းသီချင်း
နှလုံးသားထဲ တိုးဝင်လို့ ခံစားမိတိုင်း
ငါ့ရင်မှာ ငိုကြွေနေပါပြီ


တစ်ထောင့်တစ်နေရာက (အန်လ်)

Friday, February 21, 2014

လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း

(လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း)

မနက်ခင်းအလင်းနှင့်အတူ
ကျွန်တော့် ဘဝနေ့သစ်လေး စပီ
နောက်အရက်ဆိုတာ မရှိပါဘူး
ယခုအချိန်ကိုသာ အားကျ လုပ်ကိုင်နေသူပါ

ဘာကိုမှလည်း မမျှော်လင့်ဘူး
ဘာအတွက်မှလည်း တောင်းတပီး မရှင်သန်ဘူး
ယနေ့အချိန်ကိုသာ အကောင်းဆုံး နေထိုင် ဖြတ်သန်းသူ


မနက်ဖြန်ဆိုတာကို လွမ်းမနေတော့ပါဘူး
နေ့မြင် ညပျောက် လောကင်္ကြီးမှာ
အမှောင်ထုကြီးက ပိုပီး ပိုင်ဆိုင်မှုများပါတယ်
ယခုအချိန်ကိုသာ တတ်သိပညာ တတ်နိုင်သည့် ခွန်အား သိလိုရာ တတ်လိုရာ နည်းပညာများနှင့်တကွ
နည်းသည်ဖြစ် များသည်ဖြစ်စေ ကူညီဖေးမ ပြန်လည်မျှဝေရင်း စီးဆင်းမည်

အားလုံးကိုလေးစားလျက် (အန်လ်)

Tuesday, January 14, 2014

၂၀၁၄ ခုနှစ် (အမေများနေ့)


◄ အမေ ►
Photo: ◄ အမေ ►

အမေ့ဆီက ဘာလိုချင်သေးလို့လဲ ..
ရိုးသားတဲ့ ပထ၀ီမြေကြီးပေါ်မှာ 
အရိုးသားဆုံး ရှင်သန်နေထိုင်ခွင့်ရအောင် 
အမေက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့ပြီးပြီ
 
အမေရဲ့ မေတ္တာတွေ အမေ့ရဲ့ ဂရုဏတွေ 
အလုံခြုံဆုံးအမေ့အိမ်မှာ အခုချိန်တိုင်တိုင် နေခွင့်ရပြီး
အမေ.. သင်ကြားဆုံးမပေးခဲ့တာတွေနှင့်အတူ လောကအတွက်
ရုန်းကန်ခြင်းအမွေးတွေကိုပါ ပေးခဲ့ပြီးပြီ..။

ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ကို အမေမမျှော်လင့်ဘူး .. 
ပြန်လည် ဂရုစိုက်မှုမျိုးကို အမေမတောင်းတဘူး .. 

ပြန်လည် သိတတ်နားလည်မှုနှင့်အတူ ချစ်သောမေမေအား
မောင်/နှမ များ၏ ကိုယ်စား

ိစိတ်၏ ချမ်းသာခြင်း 
ကိုယ်၏ ကျန်းမာခြင်းနှင့်.. ပျော်ရွှင်သောနေ့ရက်များကို 
ပိုင်ဆိုင်ပါစေသားလို့ သားဆုတောင်းပေးလိုက်ပါသည်..။ 

အမေ့ကိုချစ်သောသား (အန်လ်အယ်လ်အေ)
အမေ့ဆီက ဘာလိုချင်သေးလို့လဲ ..
ရိုးသားတဲ့ ပထ၀ီမြေကြီးပေါ်မှာ
အရိုးသားဆုံး ရှင်သန်နေထိုင်ခွင့်ရအောင်
အမေက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့ပြီးပြီ

အမေရဲ့ မေတ္တာတွေ အမေ့ရဲ့ ဂရုဏတွေ
အလုံခြုံဆုံးအမေ့အိမ်မှာ အခုချိန်တိုင်တိုင် နေခွင့်ရပြီး
အမေ.. သင်ကြားဆုံးမပေးခဲ့တာတွေနှင့်အတူ လောကအတွက်
ရုန်းကန်ခြင်းအမွေးတွေကိုပါ ပေးခဲ့ပြီးပြီ..။


ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ကို အမေမမျှော်လင့်ဘူး ..
ပြန်လည် ဂရုစိုက်မှုမျိုးကို အမေမတောင်းတဘူး ..

ပြန်လည် သိတတ်နားလည်မှုနှင့်အတူ ချစ်သောမေမေအား
မောင်/နှမ များ၏ ကိုယ်စား


ိစိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့်.. ပျော်ရွှင်သောနေ့ရက်များကို
ပိုင်ဆိုင်ပါစေသားလို့ သားဆုတောင်းပေးလိုက်ပါသည်..။

အမေ့ကိုချစ်သောသား (အန်လ်အယ်လ်အေ)

Monday, January 6, 2014

စကား

◄ စကား ►

စကားစကား ပြောပါများတော့ ဆန္ဒစောတယ်..
စကားစကား ပြောပါများတော့ အမှားပါလာတတ်တယ်..
စကားစကား ပြောပါများတော့ လောဘ ဒေါသထွက်လာတယ်..
စကားစကား ပြောပါများတော့ တဖြည်းဖြည်း အတ္တဆန်လာတယ်..

မပြောခင်ထည်းက သေချာစဉ်းစားထားမှ တော်ရာချမယ်..။

လေ့လာအားနည်းတော့ မသိဘူးဖြစ်နေတဲ့အချိန်
နည်းနည်းသိလာတဲ့အခါကြတော့လဲ နည်းနည်းရှုပ်လာပြန်သည်..
များများသိလာတဲ့အခါကြရင်တော့ များများရှုပ်လာမလား ... ။

ဖြူစင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်မီတယ်..
သီချင်းကိုတောင် ပြေးပီး သတိယ ..

Friday, January 3, 2014

အမတ်ကြီးသို့ပေး..စာ


(အမတ်ကြီးသို့ပေး..စာ)

အချစ်မရှိတဲ့ ..သူဟာ
အမြစ်မရှိတဲ့ သစ်ပင်ပမာ
ဘယ်လိုလုပ် ရှင်သန်ကြီးထွားနိုင်မှာလဲ..။

ရတနာကောင်း မှန်သမျှ
တွင်းနက်ကြီးတွေမှာ အောင်းနေတာပါ..
အပေါ်ယံ (ကျောက်စိမ်း ၊ စိန်)တွေထက်
အရောင်အဆင်း အရည်အသွေး ပိုပြည့်တာဧကန်..။


လွယ်လွယ်ကူကူနဲ့ ပင်ပန်းမခံဘူးဆိုရင် မရနိုင်ဘူး
မရထိုက်ဘူးမပြောဘူးနော်
ကြိုးစားရင် ကြိုးစားသလောက်ပေါ့...။

Friday, November 29, 2013

ကဲပြော

 Photo: အတိုင်းအစမရှိတဲ့ ပင်လယ်ပြင်မှာ .. 
အတိုင်းအစမရှိတဲ့ အတွေးတွေနဲ့ .. 
လျှောက်သောလမ်း မပျောက်တမ်း.. 
ငါ ရှေ့ဆက်လှမ်းနေရဦးမယ်.. 

အိမ်မက်က ဟိုဘက်ကမ်း.. မှာ .. 
လက်တွေ့နယ်ပယ်ရဲ့ လှုပ်ရှားမှုက .. ဒီဘက်ကမ်းမှာ .. 
ယုံကြည်ချက်ဆိုတဲ့ တံတားကို .. တည်ဆောက်ရင်း
ငါ လျှောက်လှမ်းရမယ့် လမ်းဘယ်လောက် ကြမ်းတမ်းနေဦးမှာလဲ .. 

(ကဲ ပြောစမ်း.. ကံတရားကို ချုပ်ကိုင်ထားတဲ့ သူကြီးရေ)...။

(/\/|_@)
 
အတိုင်းအစမရှိတဲ့ ပင်လယ်ပြင်မှာ ..
အတိုင်းအစမရှိတဲ့ အတွေးတွေနဲ့ ..
လျှောက်သောလမ်း မပျောက်တမ်း..
ငါ ရှေ့ဆက်လှမ်းနေရဦးမယ်..

အိမ်မက်က ဟိုဘက်ကမ်း.. မှာ ..
လက်တွေ့နယ်ပယ်ရဲ့ လှုပ်ရှားမှုက .. ဒီဘက်ကမ်းမှာ ..
ယုံကြည်ချက်ဆိုတဲ့ တံတားကို .. တည်ဆောက်ရင်း
ငါ လျှောက်လှမ်းရမယ့် လမ်းဘယ်လောက် ကြမ်းတမ်းနေဦးမှာလဲ ..

(ကဲ ပြောစမ်း.. ကံတရားကို ချုပ်ကိုင်ထားတဲ့ သူကြီးရေ)...။

(/\/|_@)

အတတ်နိုင်ဆုံးလေးတစ်ခု

အချိန်တန်ရင် ပြန်သွားရတာကြီးပဲ ..
မတည်မြဲတဲ့ သဘောတရားတွေပေါ့ ..

လက်ရှိအချိန်တွေကို .. အကောင်ဆုံးဖြစ်လာဖို့ ..
မမျှော်လင့်ပါဘူး .. ဒါပင်မဲ့ ကောင်းတာလေးတွေတော့ တက်နိုင်သမျှ လုပ်နေချင်တယ်.. ။

ဥပမာ .- ကိုယ်တတ်မြှောက်တဲ့ ပညာလေးတွေနဲ့ .. သူများတွေကို ကူညီပြီး နေထိုင်သွားမယ် ဒီနေ့ရော် .. မနက်ဖြန်ရော်.. နောက်နေ့ နောက်နေ့တွေရော်..............။

အဲ့သလိုနေထိုင်မယ်ဆို.... စိတ်ချမ်းသာဖို့ ဘာလိုဦးမှာလဲ .. ကဲပြော..။

လေးစားလျက် (အန်လ်)

လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ


လိုအပ်ရင် အကူညီတောင်းပါ ရှက်စရာမဟုတ်ပါ

တော်တော်ကို စဉ်းစားလိုက်ရတယ်..
ကိုယ်လုပ်နေတဲ့ အလုပ်ကို
ကိုယ်ကမှ မကောင်းရင် ဘယ်သူက ကောင်းပါတယ်ဆိုပီး ..
လာလာပြောနေမှာလဲ ..... တခါတလေ တစ်ချို့တစ်ယောက်တော့ ဖြစ်ကောင်းဖြစ်မယ်..

ငွေချေးရတာ အရင်ကရှက်တယ်လို့..
စိတ်ခံစားမီလိုက်သေးတယ်..

တကယ်တော့ ဘယ်ဟုတ်မလဲ ..
ယုံကြည်ချက်ပဲ ... အဲ့တာ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိလို့ ..
သူ့ဘက်ကလဲ ချေးငှားတာကို တွေ့လိုက်ရတယ်..

ကိုယ်လုပ်ရမှာက .. ဒီယုံကြည်ချက်ကို ..
တည်ဆောက်ထားပြီး ... အချိန်မှန် အချိန်တန်ရင်...
ပြန်ပေးနိုင်ဖို့ပဲ ... အရေးကြီးတယ်..

Wednesday, October 16, 2013

( I can not fly )

( I can not fly )
Photo: ( I can not fly ) 

အခုတော့ အားလုံး .. 
အိမ်မက်ပါပဲ .. 
ဒဏ်ရာတွေကို ခံစားတက်အောင်.. 
ပေးခဲ့တာလား .. 

အကြောင်းမလှတဲ့ .. 
ဘ၀မှာ .. မျှော်လင့်ချက်ဆိုတဲ့ .. 
အရှေ့က ပန်းတိုင်ကို .. မျှော်လင့်ရင်း.. 
အသက်ရှင်နေရတာ အပြစ်လား .. 

ငါအများကြီးတွေးဘူးတယ်.. 
ငါအများကြီး တောင်းတဘူးတဲ့ .. 
အိမ်မက်တွေ ..အခု .. ရပ်တန့်နေပါပြီ .. 

ဟုတ်ပါတယ်.. မင်းတို့ သူတို့တွေ.. 
ပြောတာမှန်ပါတယ်.. အဲ့တာ အိမ်မက်တွေပါ.. အိမ်မက်တွေပါ.. 

ငါဘယ်လောက် ကြိုးစားကြိုးစား .. ဒီနေရာပဲ. . 
ငါဘယ်လောက် လုပ်လုပ် .. ဒီနေရာပဲ .. 
ငါဘယ်လောက် မျှော်လင့် မျှော်လင့် .. ဒီနေရာပဲ ..
ငါသိလိုက်ရတယ် တကယ်တော့ ဒီနေရာနဲ့ပဲ .. ငါက တန်တာပါ.. 

ငါ တော်တယ် တတ်တယ်ဆိုတဲ့ လူတစ်ယောက်မဖြစ်ချင်နေပါစေ.. 
လူညံ့တစ်ယောက်ဖြစ်မှာကိုတော့ .. ငါကြောက်တယ်.. 

ငါ့အိမ်မက် .. ငါ့ဘ၀ .. ငါ့အနာဂတ်.. 
ငါ ကြိုက်သလို .. ရေးဆွဲနိုင်ပါတယ်.. 
ငါလိုချင်တာ .. ဖေးမမှုတွေပါ.. 
မင်းတို့ .. သူတို့ရဲ့ ကူညီမှုတွေကို မတောင်းတခဲ့ပါဘူး .. 
မင်းတို့ ..သူတို့ရဲ့ .. ဖေးမမှု.. အားပေးမှုလေးတွေသာ ငါတောင်းတခဲ့တာပါ...။

(/\_/l_@)4*10*2013
အခုတော့ အားလုံး ..
အိမ်မက်ပါပဲ ..
ဒဏ်ရာတွေကို ခံစားတက်အောင်..
ပေးခဲ့တာလား ..

အကြောင်းမလှတဲ့ ..
ဘ၀မှာ .. မျှော်လင့်ချက်ဆိုတဲ့ ..
အရှေ့က ပန်းတိုင်ကို .. မျှော်လင့်ရင်း..
အသက်ရှင်နေရတာ အပြစ်လား ..

ငါအများကြီးတွေးဘူးတယ်..
ငါအများကြီး တောင်းတဘူးတဲ့ ..
အိမ်မက်တွေ ..အခု .. ရပ်တန့်နေပါပြီ ..

Saturday, September 7, 2013

ပျော်ရွှင်မှုတစ်ခုလေးသာ

◄ ပျော်ရွှင်မှုတစ်ခုလေးသာ ►

ကျွန်တော် လုပ်နေတဲ့ အရာတွေက ..
ကျွန်တော့်ရဲ့ ပျော်ရွှင်ချင်တွေပါ..
ကျွန်တော့်ရဲ့ ပျော်ရွှင်ချင်တွေကို ..
ရွှေ / ငွေ / ဂုဏ် /ရာထူးတွေနဲ့ ..
ဘယ်တော့မှ မလဲလည်ပါဘူး ..

လူဖြစ်လာမှတော့ ..
လိုအပ်ချက်ဆိုတာရှိဆဲပါပဲ ..
ဒါတွေကို ဖြည့်စွက်နားလည်ပေးနိုင်တဲ့ ..
နေရာမျိုးတွေမှာ နေထိုင်ချင်ပါတယ်..

အောင်မြင်မှုကို ရဖို့အတွက်..
ပန်းတိုင်ကို ရောက်ဖို့အတွက်.. နေရာမျိုးစုံမှာ ..
ဘယ်လိုနည်းနဲ့ ကြိုးစားနေခိုက်..
ပျော်ရွှင်မှုဆိုတဲ့ အရာလေးမရှိရင်..
ဘယ်လောက်ပဲ အလုပ်တွေအဆင်ပြေနေပါစေ ..
အလုပ်လုပ်နေတဲ့ နေရာက ပျော်ရွှင်စရာမကောင်းရင်တော့.
အောင်မြင်မှုဆိုတာလဲ ရနိုင်ပါမလား ..

Tuesday, August 13, 2013

တိုက်ဆိုင်မှုတွေအတွက်

 Photo: လာချင်ရင် အနီးလေးပါ .. 
မလာချင်ရင် ခရီးဝေးပါတယ်.. 
မင်းက မလာချင်ဘူးဆိုတာ .. 
သိလိုက်ရတဲ့ နောက်ပိုင်းမှာ 
မျက်လုံးကိုမှိတ် တိုးတိုးတိတ်တိတ်လေး ... 
ထွက်ခွာသွားရတဲ့သူက ... ငါပါကွာ... ။ 

မှတ်ချက် ။ တစ်ချိန်တုန်းက အရာတွေက ငါ့အတွက် ဒဏ်ရာတွေပါ .. ။

တစ်ထောင့်တစ်နေရာက (အန်လ်အယ်လ်အေ)
 
လာချင်ရင် အနီးလေးပါ ..
မလာချင်ရင် ခရီးဝေးပါတယ်..
မင်းက မလာချင်ဘူးဆိုတာ ..
သိလိုက်ရတဲ့ နောက်ပိုင်းမှာ
မျက်လုံးကိုမှိတ် တိုးတိုးတိတ်တိတ်လေး ...
ထွက်ခွာသွားရတဲ့သူက ... ငါပါကွာ... ။

မှတ်ချက် ။ တစ်ချိန်တုန်းက အရာတွေက ငါ့အတွက် ဒဏ်ရာတွေပါ .. ။

တစ်ထောင့်တစ်နေရာက (အန်လ်အယ်လ်အေ)

ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ


ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ

Photo: ♥ ခေတ်သင်တန်း တက်ပါ ကျွန်တော့် မိန်းမ ♥

အိမ်ရှင်မ . .. နင် သချာင်္မရတော့ .. 
အလိမ်ခံရ.. အချိန်သိပ်မရတဲ့ ငါ့မှာ .. တစ်ခါတစ်ခါ ဈေးဝယ်ထွက်နေရတယ်..

ပြန်ကာပြရမယ်ဆို သချာင်္သင်ဖို့ အချိန်လွန်သမျှ .. 
နင်.. နောက်တရမှ သိတော့ ဘယ်လို ပြင်ဆင်ပေးရမလဲ .. ကြံကစ .. 

ဒီခေတ်ကိုက ပညာပြ လိမ်တာတဖွဖွပြောတက်မှ .. အောင်မြင်ရ
ရိုးရိုးကြီး နင်.. နေသမျှတော့ .. သူများ နင်းတာ နင်ခံရ .. 

ငွေတစ်ခုအတွက် ငါရှာဖွေရ .. အိမ်အတွက်လဲ ၀င်လုပ်ရ .. 
အချိန်ကာလများရင်တော့ ... စိတ်ပုရတော့မယ် .. 

တစ်ရက်ပြီး တစ်ရက် ခေါင်းကကြီး .. 
နင့်အတွက် .. စဉ်းစားပြီး .. အရိုးလွန်တဲ့ ငါ့မိန်းမ
ခေတ်သင်တန်း တက်ဖို့ပြင်ဆင်ထား ..  .။ 

မှတ်ချက် ၊ ၊ အငှားခံစားချက်ဖြင့် ပြန်လည်ကာ ရေးသားတင်ပြလိုက်ပါသည်။
လေးစားလျက် (အန်လ်အယ်လ်အေ)

အိမ်ရှင်မ . .. နင် သချာင်္မရတော့ ..
အလိမ်ခံရ.. အချိန်သိပ်မရတဲ့ ငါ့မှာ .. တစ်ခါတစ်ခါ ဈေးဝယ်ထွက်နေရတယ်..

ပြန်ကာပြရမယ်ဆို သချာင်္သင်ဖို့ အချိန်လွန်သမျှ ..
နင်.. နောက်တရမှ သိတော့ ဘယ်လို ပြင်ဆင်ပေးရမလဲ .. ကြံကစ ..

ဒီခေတ်ကိုက ပညာပြ လိမ်တာတဖွဖွပြောတက်မှ .. အောင်မြင်ရ
ရိုးရိုးကြီး နင်.. နေသမျှတော့ .. သူများ နင်းတာ နင်ခံရ ..

ငွေတစ်ခုအတွက် ငါရှာဖွေရ .. အိမ်အတွက်လဲ ၀င်လုပ်ရ ..
အချိန်ကာလများရင်တော့ ... စိတ်ပုရတော့မယ် ..

တစ်ရက်ပြီး တစ်ရက် ခေါင်းကကြီး ..
နင့်အတွက် .. စဉ်းစားပြီး .. အရိုးလွန်တဲ့ ငါ့မိန်းမ
ခေတ်သင်တန်း တက်ဖို့ပြင်ဆင်ထား .. .။

မှတ်ချက် ၊ ၊ အငှားခံစားချက်ဖြင့် ပြန်လည်ကာ ရေးသားတင်ပြလိုက်ပါသည်။
လေးစားလျက် (အန်လ်အယ်လ်အေ)

◄ နာကျင်သော မျက်ရည်များ ►

◄ နာကျင်သော မျက်ရည်များ ►

မွန်းကြပ်တဲ့ နေ့ရက်တွေကို ..
ဖွင့်ဟဖို့ တစ်ယောက်ယောက်ကို အတင်းအကြပ်လုပ်ခိုင်းချင်တယ်..
စိတ်ထဲရှိအတိုင်း ..

မကျေနပ်ချက်တွေကို လက်ညှိုးထိုးပြီး ...
မင်းဘာဖြစ်တယ် မင်းကြောင့် မင်းပုံစံတွေကြောင့်ဆိုပြီ.. အော်ပြောလိုက်ချင်တယ်..

ဒါပင်မဲ့ လက်တွေ့မှာတော့ တစ်ခြားဆီ ..
မျက်နှာကို မြင်ရုံလေးနဲ့ ဘာမှမပြောချင်ပဲ အောင့်အီးနေလိုက်ရတာ ကြိမ်ပေါင်းများစွာ..

ငါခံစားနေရတယ်. .. မင်းကြောင့် ..
ငါစိတ်ဆင်းရဲနေရတယ်.. မင်းကြောင့်..
ငါ့စိတ်တွေ မွန်းကြပ်နေရတယ် .. မင်းကြောင့် ..

မင်းကြောင့် ..မင်းကြောင့်သာ ပြောနေပင်မဲ့
တိုးတိုးတိတ်တိတ် စိတ်ထဲမှာ အံတကြိတ်ကြတ် နှုတ်စိတ်နေရတာ
ငါ့.. ရင်တွေ မွန်းကြပ်လှပါပီ .. မွန်းကြပ်လှပါပီ...။

တစ်ထောင့်တစ်နေရာက (အန်လ်)

(ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ)

(ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ)

ကျွန်တော် ဘာရေးရမလဲ
သမိုင်းကြောင်းလဲမမှီ
နိုင်ငံကို တိုးတက်အောင် ကြိုးစားနေတာ ဘာတွေလဲ 


၈၈ အရေးခင်းတောင် မမှီပဲ နောက်ပိုင်း မွေးလာတဲ့ ကလေးတွေက ဘယ်သူကို ဖအေ ခေါ်ရမလဲ 
ဘာမှလဲမသိ သိတဲ့သူတွေကလဲ မင်းတို့လူုငယ်တွေပဲ ကြိုးစားပါတဲ့ တော်တော်ကို ရှုံးတာပဲ 
ပုံစံခွက်ကြီးထဲမှာ ကျွန်တော်တို့ လူငယ်တွေ ရိုက်သွင်းခံထားရတာပဲ 

နိုင်ငံရေးလဲမသိ ဘာသာရေးလဲ ကောင်းကောင်းမသိတဲ့ 
ဒီခေတ် လူငယ်တွေ အပြစ်တင်မှာ မင်းတို့တွေ ကြိုးစားပါတဲ့ ရယ်တောင်ချင်တယ် 
သူတို့တွေ ခေတ်တုန်း ကတည်းက သိပီး ရေလိုက်ငါးလိုက်နေတာကို အပြစ်မြင် စေချင်တယ် 

ကျွန်တော်တို့ အခုလူငယ်တွေကို လုပ်ဆန်းပါ ကြိုးစားဆန်းပါ ဒါဆိုရင်မေးချင်ပါတယ် 
သမိုင်းမှီတဲ့လူကြီးတွေ မှားမှန်သိရဲ့နဲ့ ဦးလေးတို့က ဘာကြောင့်မလုပ်ခဲ့တာလဲ 
အခုအနေအထားရ စဉ်စားရမယ်ဆို သိရင်တောင် လုပ်ပိုင်ခွင့်ဆိုတာ မရှိသေး တာပဲ 

အများကြီး သိချင်ပေးမဲ့ အခုခေတ်လူငယ်တွေ ကျိန်းသေတာက ပုံစံခွက်ကြီးထဲမှာ အရိုက်ခံနေရတာပဲ အခုမွေးဖွားလာတဲ့ ကလေးလေးတွေက ဥာဏ်ကောင်းပါတယ် စိုးတာက သမိုင်းကြောင်းတွေကို မသိသေးတာပဲ 

လူကြီးတွေက လူကြီးပေါင်းစုံ မှန်တာတွေပဲ ကြားနေရတော့ ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ အခုတော့ ကျွန်တော်တို့လဲ ပုံစံ ခွက်ထဲကအတိုင် ဖြစ်ရတော့မှာလား အမှန် အမှားက သိသိသာသာ ကွဲပြားပါတယ် ဆောက်သုံးမကျတာက သိသိရဲ့နဲ့ လုပ်ထုံးလုပ်နည်းအတိုင် လုပ်နေသေးတာပဲ ဘာမှမသိသေးသော 

လူငယ်တွေအတွက် (အန်လ်အယ်လ်အေ)

Saturday, June 1, 2013

နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့

နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့
Photo: ► နောက်နေ့တွေအတွက် .. ငါဘာကြောင့် အခုထိမမေ့ ◄ ရှင်သန်ခြင်းကို .. လက်ခံထားရပင်မဲ့ .. . တစ်နေ့ပြီး တစ်နေ့ဟာ .. ငါ့အတွက် ..ဟောင်းသွားပါတယ်. ဘာကြောင့် အသစ်မဖြစ်တဲ့ .. ငါ့ရဲ့ အနာဂတ်က .. မင်းမကြိုက်တာကို ဘာလုပ်မီလို့လည်း .. ပြန်ပြန်မေးတိုင်း ..နောက်နေ့တွေဟာ .. ပိုပြီး သေဆုံးသွားကုန်တယ်.. အခ်ျိန်တွေ အားလုံးလည်း မင်းအကြောင်းတွေး .. မင်းအကြောင်းရေးပြီး .. အနာဂတ်ဟာ ဒီလိုနဲ့ .. မှောင်မိုက်သွားတယ်.. မင်းစိတ်နဲ့ ငါအသက်ရှင်ပြီး .. ငါ့စိတ်နဲ့ .. ငါ့အနာဂတ်ဟာ ရပ်တန့်နေရတယ်.. မှန်ထဲက ပြန်မြင်နေရတဲ့ .. ငါ့ ရုပ် ငါတောင် .. ငါ့ရော် ဟုတ်ပါသလား .. ငါရော် ဟုတ်ပါသလား... ။ အတိတ်က ငါ့ဘ၀ ၀ဋ်ကျွေးလား .. ငါယုံကြည်ထားပင်မဲ့လည်း အားမတင်းနိုင်တော့ဘူး နောက်နေ့တွေအတွက်... ။ (အန်)


ရှင်သန်ခြင်းကို .. လက်ခံထားရပင်မဲ့ .. .
တစ်နေ့ပြီး တစ်နေ့ဟာ .. ငါ့အတွက် ..ဟောင်းသွားပါတယ်.
ဘာကြောင့် အသစ်မဖြစ်တဲ့ .. ငါ့ရဲ့ အနာဂတ်က ..
မင်းမကြိုက်တာကို ဘာလုပ်မီလို့လည်း ..
ပြန်ပြန်မေးတိုင်း ..နောက်နေ့တွေဟာ ..
ပိုပြီး သေဆုံးသွားကုန်တယ်..

နောက်ထပ်အသည်း မကွဲရပါစေနဲ့

နောက်ထပ်အသည်း မကွဲရပါစေနဲ့
Photo: ♥ နောက်ထပ်အသည်း မကွဲရပါစေနဲ့ ♥ ဘယ်လောက်ပဲ ..ဖေ့ဘုတ်စ်ပေါ်မှာ ကဗျာတွေ စာတွေ တင်နေဖြစ်ပါစေ ..လက်တွေ့မှာ စာသားနဲ့ လူနဲ့က တစ်ခြားဖြစ်နေတယ်.. အရမ်းချစ်တတ်တဲ့ ငါ့ခံစားချက်တွေက .. အပြင်ဘက်မှာတော့ ... သုံးစားမရပဲ .. ဖေ့ဘုတ်စ်မှာ .. လူကြိုက်များလာတဲ့ ကဗျာသာဖြစ်လာတယ်.. ဒီတစ်သက် မိန်မတောင်ရပါမလား .. စိုးရိမ်မိတယ်.. အိမ်မက်နဲ့ စိတ်ကူးယဉ်ဆန်နေတဲ့ ..အချစ်ကို ယဉ်ယဉ်လေးရူးနေတဲ့ .. ကောင်လို့တောင် ဖေ့ဘုတ်စ်သူငယ်ချင်းတွေက သတ်မှတ်ထားနိုင်လောက်တယ်.. အချစ်ကြောင်းတွေကို စာသင်ကျောင်းမှာတော့ မသင်ခဲ့ရဘူး .. အချစ်ကြောင်းတွေကို များများ သိနေတော့လည်း မကောင်းဘူး .. သိတာတွေများလာတော့ အကြိုက်တွေကို ရွေးချယ်တတ်လာတယ်.. ဒါကြောင့်ပဲ ..အခုချိန်ထိ.. ချစ်သူတောင် ရေရေရာရာမပြနိုင်ဘူး .. ဒါကို အပြစ်တော့ မဆိုလိုက်ပါနဲ့ သူငယ်ချင်းတို့ .. ပေါများနေတဲ့ မသေချာမရေရာတဲ့ ဘ၀ထဲမှာ.. လိမ်လည်တာတွေများနေတော့ .. နောက်တစ်ခါ အသည်းကွဲမခံနိုင်လို့ပါ.. ။ (အန်လ်) 1/6/13


ဘယ်လောက်ပဲ ..ဖေ့ဘုတ်စ်ပေါ်မှာ ကဗျာတွေ စာတွေ
တင်နေဖြစ်ပါစေ ..လက်တွေ့မှာ စာသားနဲ့ လူနဲ့က တစ်ခြားဖြစ်နေတယ်..

အရမ်းချစ်တတ်တဲ့ ငါ့ခံစားချက်တွေက ..
အပြင်ဘက်မှာတော့ ... သုံးစားမရပဲ ..
ဖေ့ဘုတ်စ်နှင့် အင်တာနက်မှာ.. လူကြိုက်များလာတဲ့ ကဗျာသာဖြစ်လာတယ်..

◄ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့ပြီ... ဘ၀စာမျက်နှာတစ်နေရာရဲ့ အမှတ်တရ ►

◄ကျွန်တော့်သွေး အောင်ပွဲဝင်ခဲ့ပြီ... ဘ၀စာမျက်နှာတစ်နေရာရဲ့ အမှတ်တရ ►

အမှတ်တရဆိုတာ လူတိုင်းမှာ ရှိဆဲ ထုံးစံပါပဲ
ကျွန်တော့်အတွက် 30-May-2013 နေ့ဟာ ကျန်ခဲ့တဲ့နေ့တွေအတွက်
ပိုပြီး ဘ၀စာမျက်နှာ တစ်နေရာမှာ 
အကောင်းဆုံး အမှတ်တရလို့ ထင်မိပါတယ်.. ။

ဒီအမှတ်တရအကြောင်းလေးကတော့
(ဘီ)သွေးလိုအပ်နေတဲ့ လူကို သွေးလှူလိုက်ရခြင်း ရလဒ်ပါပဲ .. ။

သွေးလှူဘူးတဲ့အလုပ်ကို ကျွန်တော် 2011 ခုနှစ် 6 လပိုင်းလောက်မှာ
တစ်ခါလှူခဲ့ဘူးပါတယ်... ။ အခုတစ်ခါမှာလည်း.....

ကျွန်တော် မြတ်ပါရမီ လူမှုကူညီရေးအသင်းကားနှင့်
နေပြည်တော်ရှိ ဇမ္မူသီရိအထူးကုဆေးရုံကြီးကို ရောက်ခဲ့ပါတယ်... .

(ဘီ)သွေးလိုအပ်တဲ့ လူနာရှင်အတွက် ကျွန်တော့်သွေးကို ထည့်ဖို့
ပထမဆုံး သွေးထုတ်ပြီး သွေးစစ်နေချိန်မှာ ကျွန်တော် စိတ်တွေ ပထမဆုံး
အတွေးပေါင်းများစွာ ၀င်ခဲ့မီနေတာကိုပဲ...။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...