လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label သိစေဖို့. Show all posts
Showing posts with label သိစေဖို့. Show all posts

Sunday, November 20, 2016

ဘုရင်နှင့် နက္ခတ်ဆရာတို့အကြောင်း

အသွားမတော်တော့ တစ်လှမ်း  အစားမတော်တော့ တစ်လုတ်
လက်ကြောင့် ကြေ / နှုတ်ကြောင့် သေ ဆိုသည့်
ရှေးဆရာသမားတို့၏ ဆိုမိန့်တွေဟာ အလကားတော့ မဟုတ်ပေ။ ထိုကြောင့်လဲ ကိုယ် နှုတ် စိတ် သုံးပါးကို
စောင့်တည်နေထိုင်ရခြင်းကလည်း အရေးကြီးသည်မှာ အမှန်ဧကန်။
စကားမစပ် အတွေးတစ်ခု ခေါင်းထဲကို ထိုင်နေရင်း ရောက်လာတော့သည်။ ဖတ်ခဲ့ဖူးသည့် ပုံပြင်တစ်ပုဒ်
အကြောင်း အဓိပ္ပါယ်ခြင်းတူပေမဲ့ မပြောတတ်တော့
ထောင်ထဲဝင်ရတယ် ပြောတတ်သူကတော့ ဆုလာဘ်တွေရခဲ့သည်ပေါ့ --- ပုံပြင်လေးကို အမြည်းလေး စားလို့ရအောင် ချပေးလိုက်ပါတယ် FB မိတ်ဆွေတို့ရေးးးး


ဘုရင်နှင့် နက္ခတ်ဆရာတို့အကြောင်း
======="======="============


ရှင်ဘုရင်က သူ့သွားတွေ အကုန်ကျွတ်ကျသည်ဟု အိပ်မက်မြင်သည်။ ထို့ကြောင့် နက္ခတ်ဆရာကို ခေါ်မေးရာ မင်းကြီး၏ သားသမီးများ မင်းကြီးနတ်ရွာမစံမီ ကွန်လွန်ကြပါလိမ့်မည်ဟု လျှောက်တင်သည်။ အမျက်တော်ရှိသောကြောင့် ထိုနက္ခတ်ဆရာအား ထောင်သွင်း အကျဉ်းထားစေသည်။
အခြားနက္ခတ်ဆရာများကို ခေါ်ပြီး မေးမြန်းသည်။
သူတို့က အရှင်မင်းကြီး သားတော် သမီးတော်တို့ထက် အသက်ရှည်ပါလိမ့်မည်ဟု လျှောက်ထားသည်။ ဘုရင်က ဝမ်းမြောက်ဝမ်းသာ ဆုတော်ပေးသနားသည်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် -- :-)
ဆိုလိုသည်မှာ စကားတော့ ဒီစကားပဲ
ပြောတတ်သူနှင့် မပြောတတ်သူတို့ ကွာခြားခြင်း၏
အကျိုးကို ထင်သာမြင်သာစေပါသည်။


အားလုံးကို လေးစားလျက်

Friday, February 13, 2015

အသက် / ၀င်လာခြင်း ဖြစ်တည်

( အသက် / ၀င်လာခြင်း ဖြစ်တည်)
( အသက် / ၀င်လာခြင်း ဖြစ်တည်)

အသက်သည် 
ကမ္ဘာဦး တိရစ္ဆာန်ကြီးများ၏
ဝမ်းဗိုက်တို့ကို ဆာလောင် မွတ်သိပ်စေ၍ 
ထို ဆာလောင်မွတ်သိပ်ခြင်းကို ဖြေဖျောက်ဖို့ 
တစ်ခုတည်းသာ အထောက်အထားက 

သတ္တ၀ါတစ်ကောင်က တစ်ကောင်ကို 
မညှာမတာ သတ်ဖြတ်ကိုက်ဖဲ့ ၀ါးခြေစားသောက်စေရန် 
ဖန်တီးပေးဖို့ ရောက်လာခဲ့ခြင်းပေလော....။

အသက်သည် လူ့ထံ ရောက်ရှိလာခြင်းမှစ 
လူသည် အသက်နှင့် မကွဲမကွာ အသက်ရှင် တည်တံ့နေရန်အတွက်
ပင်ပန်းတကြီး ရုန်းကန်လှုပ်ရှားရ၏....။

အသက်ရှိလာ၍ ဘ၀တစ်ခု ဖြစ်လာပြီဆိုကထည်းက 
ထိုဘ၀ တည်မြဲရန် အစာရေစာကို အပန်းတကြီး မနားမနေ
တလှုပ်လှုပ် တရွရွဖြင့် ရှာဖွေခဲ့ကြရ၏။

အခြားသတ္တ၀ါများကဲ့သို့ပင် 
အစာလုရင်း 
နယ်လုရင်း
လောဘ ဒေါသ မောဟ အမျိုးမျိုးဖြင့် 
လူအချင်းချင်း သတ်ဖြတ်ကြကုန်၏...။

တိုက်ကြ ခိုက်ကြ 
လူ့သမိုင်း လူ့ခရီးစဉ်ကို ပြန်ကြည့်လျှင် 
လူလူချင်း သတ်ပွဲကြီးများ သွေးစွန်းကွက်ကြီးများကို
မြင်ယောင် ထင်ယောင်လာရသည်.....။

မှတ်ချက် ။  ။ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း တရားတွေမှာ တိုက်ခိုက်ခြင်းသည် မမျှတခြင်းဖြစ်သည်။

( Thaza Bla )

အသက်သည်
ကမ္ဘာဦး တိရစ္ဆာန်ကြီးများ၏
ဝမ်းဗိုက်တို့ကို ဆာလောင် မွတ်သိပ်စေ၍
ထို ဆာလောင်မွတ်သိပ်ခြင်းကို ဖြေဖျောက်ဖို့
တစ်ခုတည်းသာ အထောက်အထားက

သတ္တ၀ါတစ်ကောင်က တစ်ကောင်ကို
မညှာမတာ သတ်ဖြတ်ကိုက်ဖဲ့ ၀ါးခြေစားသောက်စေရန်
ဖန်တီးပေးဖို့ ရောက်လာခဲ့ခြင်းပေလော....။

ဆောက်တည်ရာ

။ ဆောက်တည်ရာ ။

။ ဆောက်တည်ရာ ။

ငြိမ်သက်အေးချမ်းသော ကာလဟုသည်မှာ 
ပြဇာတ်တစ်ခုတွင် အခန်းတစ်ခုမှ တစ်ခုသို့ 
ကူးပြောင်းသည့် ကာလအပိုင်းအခြားကလေး
ကဲ့သို့သာဖြစ်သည် 

လူသည် အလိုမပြည့်ခြင်းများ
ငြီးငွေ့စိတ်ပျက်ခြင်းများနှင့်လည်း 
တိုက်ခိုက်နေရသူဖြစ်၍ 
လူအချင်းချင်းနှင့်လည်း 
ယှဉ်ပြိုင်တိုက်ခိုက်နေရသူဖြစ်သည် 

ထိုသို့သော တဏှာလောဘစိတ်တွေကို 
အဆုံးသတ် ပယ်ပျက်နိုင်လျှင် 

လူကို ရှုထောင့် တစ်မျိုးကကြည့်ပါက 
လူသည် သဘာဝ၏ ဖန်ဆင်းပေးမှုများအနက် 
အသပ်ရပ်ဆုံး အလှပဆုံးနှင့် အဆင့်အတန်း
အရည်အသွေး အမြင့်ဆုံး သတ္တဝါဖြစ်သည် 

အဆင့်မြင့်သည့် ဦးနှောက်ဆဲလ် အဖွဲ့အစည်း 
ရှိသောကြောင့် အသိဥာဏ်အရာ၌ 
သတ္တလောကတွင် ထိပ်တန်းကျသော သတ္တဝါဖြစ်သည် ။ 

မှတ်ချက် ။ ။ တဏှာလောဘ ဒေါသ စိတ်များ အဆုံးမသတ်နိုင်လျှင် သတ္တလောက၌ ထိပ်တန်းကျ 
ကြောက်စရာအကောင်းဆုံး သတ္တဝါဖြစ်သည်။

( ThaZa Bla )

ငြိမ်သက်အေးချမ်းသော ကာလဟုသည်မှာ
ပြဇာတ်တစ်ခုတွင် အခန်းတစ်ခုမှ တစ်ခုသို့
ကူးပြောင်းသည့် ကာလအပိုင်းအခြားကလေး
ကဲ့သို့သာဖြစ်သည်

လူသည် အလိုမပြည့်ခြင်းများ
ငြီးငွေ့စိတ်ပျက်ခြင်းများနှင့်လည်း
တိုက်ခိုက်နေရသူဖြစ်၍
လူအချင်းချင်းနှင့်လည်း
ယှဉ်ပြိုင်တိုက်ခိုက်နေရသူဖြစ်သည်
ထိုသို့သော တဏှာလောဘစိတ်တွေကို
အဆုံးသတ် ပယ်ပျက်နိုင်လျှင်

သိစေဖို့

သမိုင်းကြောင်းနဲ့ ပက်သတ်လို့  
လူငယ်တွေကို ပြောချင်တာက သမိုင်းကိုလေ့လာပြီး 
ဒီသမိုင်းထဲမှာ နစ်မျောနေဖို့ မဟုတ်ဘူးဆိုတာပဲ။ 

သမိုင်းဆိုတာ ကိုယ့်အလှည့်ကျ ဘယ်လိုကောင်းအောင် ဖန်တီးရမလည်းဆိုတာ သင်ခန်းစာယူဖို့ သာဖြစ်တယ်။

သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်၊ 

ကိုယ့်လူမျိုး ညံ့ခဲ့တာတွေပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။ 
ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်လို့  
ဆရာကြီးအောင်သင်းပြောတာလေး မှတ်သားဖူးတယ်။

Wednesday, October 15, 2014

သိစေဖို့

အမြန်ရောက်ဖို့ မလိုပါဘူး၊ အမှန်ရောက်ဖို့ သာလိုပါတယ်။ လူ့ သဘာဝဟာ အမြန်လိုချင်ရင် မမှန်တဲ့နည်းလမ်းတွေ တွေးလာတတ်ပါတယ်။ ကိုယ့်ရဲ့စွမ်းအားကို တဖြည်းဖြည်းနဲ့ မြှင့်တင်ပြီး ယူသွားပါ။ 

ကလေးဘ၀ လမ်းလျှောက်နိုင်ဖို့ အတွက် အရင်ဆုံးမတ်မတ်ရပ်နိုင်အောင်ကျင့်ယူ
ရပါတယ်။ ပြေးသွားနိုင်ဖို့ အတွက် ခြေတစ်လှမ်းကနေ အဆင့်ဆင့်မြှင့်တင်သွားရပါတယ်။

ဘ၀လေ့ကျင့်ရေးကွင်းထဲမှာ မိမိကိုယ်ကို ထိန်းနိုင်ဖို့ လိုတယ်။ ဘယ်တစ်ဦးတစ်ယောက်မှ လာထိန်းပေးမမှာ မဟုတ်ပါဘူး။

တွန်းထိုးလှဲသွား မယ့်သူတွေသာ တန်းစီနေတယ်ဆိုတာကို သိထားပါ။ ကိုယ့်ရဲ့နေ့ စဉ်ဖြတ်သန်းမှုတိုင်းကို သုံးသပ်မှု၊ ဝေဖန်မှု၊ ဆန်းစစ်မှုတွေနဲ့  တည်တည်ငြိမ် ငြိမ် ခရီးဆက်နေဖို့ လိုပါတယ်။ လိပ်တို့ မည်သည် ပန်းတိုင်သို့ တရွေ့ ရွေ့ နဲ့ ချီတက်အောင်ပွဲခံကြပါတယ်။

Thursday, October 2, 2014

အားဆေး(၁၀)မျိုး

VALUE KNOWLEDGE
Its readable therefore
pls, sharing to everyone.

အားဆေး (၁၀) မျိုး
စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ
(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

Tuesday, June 3, 2014

လူ နှင့် တိရစ္ဆာန်

လူနှင့် တိရစ္ဆာန် တစ်မိုးတစ်မြေ ၊ တစ်ကမ္ဘာတည်းမှာ
အတူနေနေကြရပေမယ့် ဘ၀တန်ဖိုးချင်းကတော့
မိုးနဲ့မြေလောက် ခြားနားတယ်။

-လူက အကျိုး၊အပြစ် ခွဲခြားသိတယ်။
တိရစ္ဆာန်က ကြိုက်၊မကြိုက်ပဲသိတယ်။

-လူက ကိုယ်ဖို့ ၊ သူ့ဖို့ဆိုတဲ့ မျှတတဲ့အကျင့်ရှိတယ်။
တိရစ္ဆာန်က ကိုယ့်ဖို့သာ အရယူတယ်။

-လူမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ရှိတဲ့ အတွက် ပန်းတိုင်လည်း ရှိတယ်။
တိရစ္ဆာန်တွေမှာ ယုံကြည်ချက်မရှိတဲ့အတွက် ပန်းတိုင်လည်း မရှိဘူး။

သြကာသ ဘုရားရှစ်ခိုး

 Photo: သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ 
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှါ ပထမ ၊ ဒုတိယ ၊ တတိယ 
တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် မျှအောင်
ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ
ရတနာမြတ်သုံးပါး နှင့် အမိအဖတို့ကို အရိုအသေ
အလေးအမြတ် လက်စုံမိုး၍ ရှစ်ခိုးပူဇော် ဖူးမြော်
မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။
ကန်တော့ရသော အကျိုးအားကြောင့်
အပ္ပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး
ရန်သူမျိုးငါးပါး ၀ိပ္ပတ္တိတရားလေးပါး
ဗျသနတရား၅ပါးတို့မှ အခါခတ်သိမ်း ကင်းလွတ်
ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
ချမ်းသာ တရားတော်မြတ်ကို 
ရပါလို၏ 
ရောက်ပါလို၏ အရှင်ဘုရား
* ရှစ်ခိုးပါရစေ သို့ ကန်တော့ပါရစေ ဟု
ခွင့်တောင်းခြင်းဟာ သြကာသ မည်သည်။ရိုသေမူ
ကိုအသိမှတ်ပြုစေလိုသောကြောင့် ၃ကြိမ် ၃ခါ
ရွတ်ဆိုစေသည် ။      ။ *
 
သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှါ ပထမ ၊ ဒုတိယ ၊ တတိယ
တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် မျှအောင်
ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ
ရတနာမြတ်သုံးပါး နှင့် အမိအဖတို့ကို အရိုအသေ
အလေးအမြတ် လက်စုံမိုး၍ ရှစ်ခိုးပူဇော် ဖူးမြော်
မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။

Saturday, November 30, 2013

ရွှေပြည်တော် မျှော်တိုင်းဝေး


◄ရွှေပြည်တော် မျှော်တိုင်းဝေး► (ဒေါက်တာ ခင်မောင်ညို)

ုမြန်မာနိုင်ငံမှ အလုပ်သမား ဦးရေ(နှစ်သန်း)ကျော်သည် ထိုင်း၊ မလေးနှင့် စင်္ကာပူတို့တွင်
အလုပ်လုပ်နေကြသည်..။

တကယ်တမ်း မြန်မာပြည်မှာ အလုပ်ကောင်းတွေရှိမယ်ဆိုရင်
လုံလောက်မှန်ကန်သော လစာကိုရမည်ဆိုလျှင် မြန်မာပြည်သားအများစုသည်
တစ်ဖက်နိုင်ငံတွင် အလုပ်သွားလုပ်မည် မဟုတ် ..။

(အရင်ခေတ်က စကားရှိတယ်ကွ - ကျွန်ကလား ၊ မယားတောသူတဲ့
အင်မတန်အလုပ်လုပ်တဲ့ အခိုင်းအစေ ကျွန်ပေါ့လေ)
သူ့ကို ရှာဖွေခိုင်းလို့ကောင်းတယ်..။ ဒီအတိုင်းပဲ
သဘောဖြူမနောဖြူ ၊ မယားကတော့ တောသူပဲ မဟုတ်လား .. .
ဒါက အတော်လေး အသုံးကျယ်ခဲ့တဲ့ စကားပုံပဲ..။)

Friday, November 29, 2013

သိစေဖို့

မမျှော်လင့်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ
ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ သူက ဘ၀မှာ အဆင်ပြေစ္စာ နေထိုင်နိုင်မယ်...။

ဘ၀ဆိုတာ ကိုယ့်ရဲ့ဥာဏ်ပညာ လုံ့လ၀ီရိယ
လုပ်ရည် ကိုင်ရည် ဘယ်လောက်ရှိတယ်ဆိုတာကို
စမ်းတဲ့ စာမေးပွဲလို့ သဘောထား

အရေးကြီးတာနဲ့ အရေးမကြီးတာ

အရေးကြီးတာနဲ့ အရေးမကြီးတာ

ဘ၀မှာ တကယ့် ဒုက္ခအစစ်ကြီးတွေရှိပါတယ်...
ဒုက္ခအတုယောင်တွေနဲ့ လုံးပန်းမနေပါနဲ့...

ဘ၀မှာ နေ့စဉ်ပြဿနာဆိုတာ ကြုံနေရမြဲပါပဲ ..
ဒါတွေကို တွေးပြီးကြောက်နေမလား ..
ဖြေရှင်းလိုက်ပါ..

ပြဿနာဟာ နေ့တိုင်းတွေ့ရမှာပါ..။
ပြဿနာကို ဖြေရှင်းနေရတာဟာ
ဘ၀မှာ ပုံမှန်လုပ်နေရတဲ့ အလုပ်ပဲ..။

ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့
စိတ်ညစ်နေဖို့ မဟုတ်ဘူး..။ ကိုယ့်မှာ အရည်အချင်းရှိသလောက်
လုပ်နိုင်သမျှ လုပ်ပါ.. ။ ကိုယ်မျှော်လင့်ထားသလောက် ရာနှုန်းပြည့်မှာတော့
မဟုတ်ဘူး ...။

သိစေဖို့ - ၈

သိစေဖို့ - ၈

လောကကြီးကို ကောင်းအောင်လုပ်မယ်ဆိုရင်
လူတွေကို ကောင်းအောင်လုပ်ရမယ် ..။

လူတွေကို ကောင်းအောင်လုပ်မယ်ဆိုရင်
တစ်ခုပဲလုပ်လို့ရတယ်...။

ကိုယ့်ကိုယ်ကို ပိုကောင်းအောင် အရင်လုပ်ရမယ်
ကိုယ်ကိုယ်တိုင်က ပိုကောင်းဖို့ အမြဲကြိုးစားနေမှသာ
သူများကို ပိုကောင်းအောင်လုပ်ဖို့ စိတ်ကူးသင့်တယ်.. .။

ပြန်လည်မျှဝေသည် (အန်လ်)

သိစေဖို့ -၉

သိစေဖို့ -၉

လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ
မသင့်တော်တာ မကောင်းတာကို မြင်ရရင်
ပြုပြင်ချင်ကြတယ်.. ။ ပြုပြင်ဖို့လိုပါတယ်..။

ဒါပင်မဲ့ .. (ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့) ဆိုတဲ့
သဘောထားမျိုးနဲ့တော့ လောကကြီးကို ကောင်းအောင်
ပြုပြင်လို့မရပါဘူး...။

ငါလုပ်သလိုလုပ်ဆိုပြီး ကိုယ်က ကောင်းတာတွေကို
ရှေ့ကနေလုပ်သွားမှသာ ကိုယ့်စကားဟာ ထိရောက်မယ်...။

လူတိုင်း မရိုးသားတဲ့လူနဲ့ ဆက်ဆံရတဲ့ ဒုက္ခကို ကြုံဖူးပါတယ်..။
လူတွေရိုးသားကြရင် ကောင်းမှာပဲလို့ တွေးကြမှာပဲ..။ တောင့်တကြမှာပဲ..။
ရိုးသားတဲ့လူတွေကို တွေ့ချင်မှာပဲ..။

(ကိုယ်တွေ့ချင်နေတဲ့ ရိုးသားတဲ့လူကို မှန်ထဲမှာ မြင်ရရင် အကောင်းဆုံးပဲ)


ကိုးကားသမျှပြန်လည်မျှဝေသည်..။ (အန်လ်)

သိစေဖို့

Photo: မိတ်ဆွေဖွဲ့နည်း

သိစေဖို့ - (၁၁)

◄ သိစေဖို့ - (၁၁) ►

ယင်းကြွေးကြော်သံသည် လွန်ခဲ့သည့်
နှစ်ပေါင်း (၉၀)ကျော်ကာလက
ပြည်သူတစ်ရပ်လုံး၏ ရင်ထဲမှ
မျိုးချစ်စိတ်ကို အရင်းခံ၍
တစ်ညီတစ်ညွတ်တည်း စွဲမြဲခဲ့သည့် ခံစားမှုဖြစ်သည်..။

မြန်မာပြည်သည် - တို့ပြည်
မြန်မာစာသည် - တို့စာ

မြန်မာစကားသည် - တို့စကား

တို့ပြည်ကို - ချစ်ပါ
တို့စာကို - မြတ်နိုးပါ
တို့စကားကို - လေးစားပါ.. ။


ပြန်လည်ကာ မျှဝေလိုက်သည် လေးစားလျက် (အန်လ်အယ်လ်အေ)

သိစေဖို့

Photo

သိစေဖို့



ကျွန်တော်နှင့် စာမေးပွဲစနစ်


ကျွန်တော်နှင့် စာမေးပွဲစနစ်

အင် အတွေးပေါ်လို့
ဖတ်ရှု့ပီးတာလေး ပြန်မျှလိုက်အုန်းမယ်. .

၁၉ ရက်နေ့က ဖတ်ဖြစ်တာလေ ..
ရက်စွဲတောင် လွန်သွားတယ် မျှဝေဖို့အတွက်...

လုပ်ငန်းခွင်မှာဆိုတော့ အင်တာနက်ဘက်ကို မလှည့်လိုက်ရဘူးဖြစ်သွားတယ်.. ၁၉ ရက်နေ့က

---------------------------

◄ ကျွန်တော်နှင့် စာမေးပွဲစနစ် ► (ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်)


၁၉ ရက်နေ့ထုတ် ကြေးမုံ စာမျက်နှာ - ၆ မှာ ဖော်ပြထားပါတယ်..
သဘောကျလို့ ပြန်လည်မျှဝေလိုက်ပါတယ်. ..

အဓိကတော့ စာမေးပွဲစနစ်မှာ ကျောင်းသား/သူ တွေ
စဉ်းစားခွင့်မရှိတဲ့ ကိစ္စပဲဖြစ်တယ် ..။

အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံများမှာ...

အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင်
ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံများမှာ....


အမျိုးကိုချစ်ပါ
ဘာသာကို လေးစားပါ
သာသနာကို ချီးမြှင့်ပါ
ပညာရေးကို အားပေးပါ
ပြည်တွင်းဖြစ်ကို အားပေးပါဟူ၍ ဖြစ်သည်..။

လေးစားလျက် (အန်လ်အယ်လ်အေ)

အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင်

(သိုစေဖို့ - ၁၀)

◄ အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင် ►

လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး
ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့ အသိအမြင်၊
မှန်ကန်တဲ့ သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာ အခြေခံတဲ့
မှန်ကန်တဲ့အလုပ်တွေကို လူတွေ များများလုပ်နိုင်ဖို့ လိုတယ်..။

ဆရာတော်ဦးဇောတိက ...

ဖတ်ရှု့သမျှ ပြန်လည်မျှဝေလိုက်သည် --- (အန်လ်အယ်လ်အေ)
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...