လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Friday, February 13, 2015

သံသယအမြင်

ဂုဏ်တွေ အဆင့်တွေ
ရှိမူ မရှိမူတွေ သံသယအမြင်တွေ
အတူလောက်ကြနေတာမှ
သူထက် ငါက ပိုတယ် ဆိုတဲ့စိတ်တွေ
ငါ့ ရွှေ ငါ့ ပစ္စည်း ငါ့တကား ငါဆိုတော့
မိတ်ဆွေဆိုသည်မှာ
အပေးအယူ အပြန်အလှန် ဆိုတာတွေနဲ့
ပေါင်းသင်းဆက်ဆံ မိတ်ဆွေ ဖွဲ့နေကြတာဆိုတော့
အစစ်ဆိုတာ မြင်နိုင်ပါဦးမလား ။

ပြည့်စုံခြင်းမရှိ ရောင်ရဲခြင်းသာ ရှိသည်

ရ လို သော အရာ ကို
ရပြီးလျှင် ထိုအရာပေါ်၌
ရိုးသွား တတ်သော သဘော ရှိသောကြောင့်
အလိုဆန္ဒ ပြည့်ခြင်း၏ အနောက်၌
ငြီးငွေ့ခြင်းသည် လိုက်ပါလာသည်

စင်စစ် လူသည် အလိုမပြည့်နိုင်ခြင်း ။

Wednesday, October 15, 2014

လူ့ သီလ


ေ လောကကြီးထဲမှာ ဘယ်သူမဆို
ချမ်းသာချင် ကြတာဘဲ
သူများဆင်းရဲဒုက္ခ ရောက်မှ
ကိုယ်ချမ်းသာရတာမျိုးတော့မဖြစ်စေနဲ့
မလို အပ်ဘူး
သူများဆင်းရဲ အောင် ကိုယ်ရော
စိတ် ရော မလုပ်ကြနဲ့
အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ
ဒါလူ့သီလဘဲ #


Credit-အရှင် ဇာနကာဘိဝံသ

ဆင်းရဲမှာပေါ့ နားမှမထောင်တာ

ဆင်းရဲမှာပေါ့ နားမှမထောင်တာ
--------=-----------------------------------

ဗုဒ္ဓက ငါဆိုတာမရှိပါဘူးလို့ 
ဟောထားတာတောင်

ငါ့ဥစ္စာ  ငါ့သားသမီး ငါ့ရွှေ  ငါ့မြေ
ငါ့အိမ် ငါ့ကား  လုပ်နေကြတာ

ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ

ဘုရားစကားကိုမှ မယုံကြည်ကြတာ
ဘုရားစကားကိုမှ နားမထောင်ကြတာ

မယုံကြည်သ၍
နားမထောင်သ၍ တော့
ဆင်းရဲနေကြဦးမှာပါ ပဲ
ပူလောင်နေကြဦးမှာ ပါပဲ
ဆင်းရဲမှာပေါ့ နားမှမထောင်တာ
--------=-----------------------------------
ဗုဒ္ဓက ငါဆိုတာမရှိပါဘူးလို့ 
ဟောထားတာတောင်
ငါ့ဥစ္စာ ငါ့သားသမီး ငါ့ရွှေ ငါ့မြေ
ငါ့အိမ် ငါ့ကား လုပ်နေကြတာ
ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ
ဘုရားစကားကိုမှ မယုံကြည်ကြတာ
ဘုရားစကားကိုမှ နားမထောင်ကြတာ
မယုံကြည်သ၍
နားမထောင်သ၍ တော့
ဆင်းရဲနေကြဦးမှာပါ ပဲ
ပူလောင်နေကြဦးမှာ ပါပဲ

Thursday, October 9, 2014

သိစေဖို့ - ၉

လူမိုက်တစ်ယောက်နဲ့ ပေါင်းပြီး လောကထဲကနေ အမြတ်အစွန်းတွေရနေတာထက် လူလိမ္မာတစ်ယောက်နဲ့ ပေါင်းပြီးအရှုံး တွေကိုရင်ဆိုင်ဖြေရှင်းနေရတာက ပိုမြင့်မြတ်ပါတယ်။

ဖုံးကွယ်လိမ်ညာပြီး ဟန်ဆောင်တဲ့အပြုံးတွေနဲ့ ရှင်သန်နေရတာထက် ရိုးသားမှုကိုအဖော်လုပ်ပြီး ၀မ်းနည်းငိုကြွေးနေရတာက ပိုအဓိပ္ပာယ်ရှိပါတယ်။
ငွေကြေးနဲ့ ရာထူးဂုဏ်ဒြပ်တွေ ဒလဟောဆုံးရှုံးသွားတာထက် နုပျိုတက်ကြွပြီး ငယ်ရွယ်လှတဲ့လူငယ်ဘ၀ကို ဆုံးရှုံးရသည် ကိုသာ ပိုနှမြောနေမိတယ်။

လောကထဲကနေ ရသမျှယူနိုင်တဲ့လူတစ်ယောက်ထက် ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူနိုင်တဲ့လူတစ်ယောက်အဖြစ်နဲ့ ဘဲ
ရှင်သန်ရပ်တည်နေချင်ပါတော့တယ်။

ရိုးရိုးရှင်းရှင်းလေးပါ


Thursday, October 2, 2014

ရှာဖွေတတ်ခြင်း

 
အတွေ့ အကြုံကို ရှာတဲ့သူတွေက သူတို့ ဘ၀မှာ မြင်သမျှလူတွေဟာ ဘ၀အတွက်
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ခံယူတတ်ကြတယ်။
သူတို့ က သူတို့ ဘ၀ကို ပေးဆပ်ပြီးတော့ ပညာကိုရှာကြတယ်၊ 
အတွေ့ အကြုံကို ယူကြတယ်။ သူတို့ ကိုယ်တိုင်လည်း ကျောင်းသားပဲလို့ ခံယူကြတယ်။
သူများရဲ့ အခက်ခဲတွေကို ဖြေရှင်းပေးပြီး သူတို့ လိုချင်တဲ့ အတွေ့ အကြုံကောင်းတွေကို ရယူကြတယ်။ သင်စရာတွေ တမက်တမော သင်ယူလေ့ရှိကြတယ်။ ဒီ့အတွက်ကြောင့်
အများရဲ့ မေတ္တာကို အပြည့်ရတယ်။

လက်တစ်ဖက်


လက်တစ်ဖက် ကမ်းပေးခြင်းဖြင့် ကိုယ်ကမ်းပေးလိုက်တဲ့ လက်တစ်ဖက်
ကနေ အားအင်တွေ တိုးပြီး ရလာပါတယ်။
လက်တစ်ဖက် ဖြုတ်ချလိုက်ခြင်းဖြင့် ကိုယ်ဖြုတ်လိုက်တဲ့ လက်တစ်ဖက်
စာ အားအင်တွေ လျော့ပါးသွားပါတယ်။

ကမ်းမယ့်လက်များလည်း အဆင်သင့်ဖြစ်နေအောင် ကြိုးစားပါ။ ချိတ်ထား
သော လက်များလည်း ပိုခိုင်မာလာအောင် ဆုပ်ကိုင်ထားကြပါ။
သို့ သော် မတွယ်သင့်တဲ့လက်ကိုတော့ လွှတ်ပေးလိုက်ပါ။ ဒါမှ တန်ဖိုးရှိတဲ့
လက်တွေကိုဆုပ်ကိုင်ထားဖို့ အဆင်ပြေမှာဖြစ်ပါတယ်။

Friday, July 18, 2014

ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်..

မမြင်မကန်းနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတာက အသိမဲ့ဝင့်ကြွားသူရဲ့ လူ့ဘဝဖြစ်တယ်။
စမ်းတဝါးဝါးနဲ့ ကိုယ့်ကိုယ်ကိုလက်လွတ်ဆုံးရှုံးတာက အဆိုးမြင်သူရဲ့ လူ့ဘဝဖြစ်တယ်။
ကိုယ့်ကိုယ်ကိုနားလည်နိုင်ဖို့က တခြားသူကိုနားလည်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုနှစ်သက်နိုင်ဖို့က တခြားသူကို နှစ်သက်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့ကျန်းမာစိတ်ရှိမှ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မယ်၊ မာယာများတဲ့ လောကဓံကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး၊ တစ်ခေါက်တစ်ခါကြုံရတဲ့ အခက်အခဲနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်ဘူး၊ အမြဲတမ်း အကောင်းမြင်စိတ်၊ တည်ငြိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်မယ်၊ ပျော်ရွှင်စိတ်၊ ခိုင်မာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုမယ်။

ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်... တဲ့။


ကိုးကားသမျှ ပြန်လည်မျှဝေသည် လေးစားလျက်
Photo: လူတွေ လူတွေ အားလုံးပဲ သေမှာကို မေ့နေကြတယ်  မေ့မနေကြနဲ့....

သူငယ်ချင်းကောင်းဆိုတာ


Photo: သူငယ်ချင်းကောင်းဆိုတာ 

သူငယ်ချင်းတွေ အပေါ် ဂရုစိုက်တတ်တဲ့ သူတွေဟာ --- " တစ်ခါတစ်ရံမှာတော့ သူတို့ကို ပြန်လည်ပြီး ဂရိုစိုက်စေ ချင်တဲ့ ဆန္ဒမျိုး အလို ရှိနေကြတယ် "

သူငယ်ချင်းတွေ အပေါ်  ရယ်မော ပျော်ရွှင်အောင် လုပ်ပေး သူတွေဟာ ----- " တစ်ခါတစ်ရံ မှာတော့ သူတို့ရဲ့ ရင်ထဲမှာတော့ နာကျင်စွာ ခံစားနေရတယ် "

သူငယ်ချင်းတွေ အပေါ်  သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေကြ သူတွေဟာ ----- " တစ်ခါတစ်ရံမှာတော့ သူတို့ရင်ထဲမှာ သူငယ်ချင်းကောင်းကို အလိုရှိနေတယ် "

သူငယ်ချင်းကောင်းဆိုတာ အမှားကို ထောက်ပြပြီး သင့်ကို မိဘ တစ်ယောက်လို ဆူပူပြော ဆိုကာ အမှန်တရားကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်း များနဲ့ ကြုံတွေ့ကာ ဘဝ လမ်းခရီးတွေကို အတူတကွ ဖြတ်ကျော်နိုင်ပါစေ။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး) 

သူငယ်ချင်းတွေ အပေါ် ဂရုစိုက်တတ်တဲ့ သူတွေဟာ --- " တစ်ခါတစ်ရံမှာတော့ သူတို့ကို ပြန်လည်ပြီး ဂရိုစိုက်စေ ချင်တဲ့ ဆန္ဒမျိုး အလို ရှိနေကြတယ် "

သူငယ်ချင်းတွေ အပေါ် ရယ်မော ပျော်ရွှင်အောင် လုပ်ပေး သူတွေဟာ ----- " တစ်ခါတစ်ရံ မှာ
တော့ သူတို့ရဲ့ ရင်ထဲမှာတော့ နာကျင်စွာ ခံစားနေရတယ် "

သူငယ်ချင်းတွေ အပေါ် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေကြ သူတွေဟာ ----- " တစ်ခါတစ်ရံမှာတော့ သူတို့ရင်ထဲမှာ သူငယ်ချင်းကောင်းကို အလိုရှိနေတယ် "

သူငယ်ချင်းကောင်းဆိုတာ အမှားကို ထောက်ပြပြီး သင့်ကို မိဘ တစ်ယောက်လို ဆူပူပြော ဆိုကာ အမှန်တရားကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်း များနဲ့ ကြုံတွေ့ကာ ဘဝ လမ်းခရီးတွေကို အတူတကွ ဖြတ်ကျော်နိုင်ပါစေ။

www.yoyarlay.com

တို့တိုင်းပြည်


တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်

စေတီ စပါး၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျှက်

မစားလေရ၊ ဝမ်းမဝ၍

ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။


ကိုယ့်စိတ်ပါပဲ

Photo: ဘဝမှာ အစဉ်ထာဝရ 
ဦးညွန့်လေးစားတဲ့ အရာက

ထိုလူစားမျိုးလို မနေမိအောင်

Photo

Monday, June 16, 2014

လူပီသချင်လို့ပါ

Photo: လူပီသချင်လို့ပါ။

သိမှတ်သင့်သော စကားလုံးတစ်ချို့




(က) သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု

(၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း
(၂) စစ်မှန်သော စေတနာ
(၃) ခင်မင်ရင်းနှီးမှု

(ခ) သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု

(၁) အမုန်း
(၂) မာန
(၃) ဒေါသ

(ဂ) သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုဆက်ဆံသင့်သော အရာသုံးခု

(၁) လေးစားမှု
(၂) တန်ဖိုး
(၃) ကျေးဇူး

Tuesday, June 3, 2014

ကြောင်ကို ခြူဆွဲခြင်း

Photo: ကြောင်ကို ခြူဆွဲခြင်း

ခြင်္သေ့ရေခြုံသော မြည်း

Photo: ခြင်္သေ့ရေခြုံသော မြည်း

ခွေး နှင့် သူခိုး

ပုံပြင်ကောင်းလေးပါ

အကြား အမြင်

Photo: အကြား အမြင်

တစ်နေ့တော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဈေးတစ်ခုထဲကို လှည့်လာရင်းနဲ့ ဈေးထဲမှာ လျှောက်ကြည့်ကြသတဲ့။လျှောက်ကြည့်ရင်းနဲ့ ဘုရင့်သားက " အမတ်ကြီး ဘာလို့ ဈေးထဲကို ခေါ်လာတာလဲ တခြားသွားစရာနေရာမရှိတော့ ဘူးလား " လို့မေးသတဲ့။

အမတ်ကြီးကတော့ " အရှင့်သား ဈေးဆိုတာက လူအမျိုးမျိုးကြင်လည် ကျက်စားရာဒေသဖြစ်ပြီး အမျိုးမျိုးသော စီးပွားရေး၊လူမှုရေး တွေကို မြင်တွေ့နိုင်မှာ ဖြစ်တယ်"

မကြာမီ ဈေးအတွင်း ဆိုင်ခန်းနှစ်ခန်း ရန်ဖြစ်နေတာကို တွေ့လိုက်ရသတဲ့။မကြာမီ ရန်မီးပြန့်နှံလာပြီးတော့ ဈေးတစ်ခုလုံးနီးပါး တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်နေကြပါတယ်။မင်းသားက အမတ်ကြီးကို ဘာလို့ရန်ဖြစ်နေကြတာလဲလို့ မေးသတဲ့။

" အရှင့်သား များသောအားဖြင့် ရန်ဖြစ်ရခြင်းအကြောင်းအရင်းမှာ နှုတ်မစောင့်စည်းသောကြောင့်ဖြစ်သည်။လူအချို့သည် မိမိတို့ ကြားခဲ့သမျှကို ပြန်ပြော၏။မိမိတို့ မြင်ခဲ့သမျှကို ပြန်ပြော၏။ သူတို့ ကြားခဲ့သမျှသည် အမှန်စင်စစ် အထင်တွေသာဖြစ်၏။ အကြောင်းအရာ အပြည့်အစုံမဟုတ်။ သူတို့မြင်ခဲ့သမျှသည် အမြင်တွေသာဖြစ်၏ အမှန်တရားမဟုတ် ထိုသို့သော အကြောင်းအရာကို အများသူငါတို့အား ပြန်ပြောကြလျှင် ယခုကဲ့သို့ ရန်ပွဲဖြစ်ကြလိမ့်ပေမည်"

အမတ်ကြီးတို့လဲ ဈေးထဲမှပြန်ထွက်ခွာလာခဲ့လေ၏။

မောင်စိုင်း
http://www.kanaung.net/
တစ်နေ့တော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဈေးတစ်ခုထဲကို လှည့်လာရင်းနဲ့ ဈေးထဲမှာ လျှောက်ကြည့်ကြသတဲ့။လျှောက်ကြည့်ရင်းနဲ့ ဘုရင့်သားက " အမတ်ကြီး ဘာလို့ ဈေးထဲကို ခေါ်လာတာလဲ တခြားသွားစရာနေရာမရှိတော့ ဘူးလား " လို့မေးသတဲ့။

အမတ်ကြီးကတော့ " အရှင့်သား ဈေးဆိုတာက လူအမျိုးမျိုးကြင်လည် ကျက်စားရာဒေသဖြစ်ပြီး အမျိုးမျိုးသော စီးပွားရေး၊လူမှုရေး တွေကို မြင်တွေ့နိုင်မှာ ဖြစ်တယ်"
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...