လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ကျန်းမာရေးသုတ. Show all posts
Showing posts with label ကျန်းမာရေးသုတ. Show all posts

Monday, June 16, 2014

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

Photo: ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို
စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ
ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း 
သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ
တစ်ခုလို့ ဆိုရမှာပေါ့။

ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင်
ဝိတ်ကိုေ ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသာ (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။ 

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး 
အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို
စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ
ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း
သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ
တစ်ခုလို့ ဆိုရမှာပေါ့။

အိပ်ရေးမဝခြင်း၏ အကျိုးဆက်

Photo: အိပ်ရေးမဝခြင်း၏ အကျိုးဆက်

 
အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့

၁။ ကိုယ်ခံအားနည်းခြင်း

ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း

တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း

အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။

၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း

အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။

၅။ အဆီတက်၍ ဝလာစေခြင်း

အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။

 

ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ  လိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

. အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့

၁။ ကိုယ်ခံအားနည်းခြင်း

ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း

တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

NO SMOKING

[ No Smoking ]
Photo: [ No Smoking ] 

သင့်သူငယ်ချင်းတွေထဲ ဆေးလိပ်သောက်သုံးသူများရှိရင် ဒီသတိပေးစာလေးဝေမျှပေးလိုက်ပါ ။ 

ဆေးလိပ်သောက်ခြင်းကြောင့် Buerger ဘားဂါးလို့ခေါ်တဲ့ သွေးကြောပိတ်ဆို့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ် ။ 

ဒါ့အပြင် ဆေးလိပ်ထဲမှာ ပါတဲ့အဆိပ်တွေကြောင့် ပါးစပ် ကင်ဆာ အာခံတွင်းကင်ဆာ လည်မြိုကင်ဆာမှအစ အဆုတ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ် ။ 

အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ရနိုင်ခြေနည်းပြီး အကယ်၍ မွေးလာခဲ့ရင်လည်းဆေးလိပ်မှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် မွေးရာပါချို့ယွင်းချက်တွေပါလာနိုင်ပါတယ် ။ 

မိမိ တစ်ဦးတည်းသာ ရောဂါခံစားယုံမျှမက မိမိချစ်ခင်ရသော ဘေးမှ မိတ်ဆွေသူငယ်ချင်း မိသားစုများကိုပါ ဆေးလိပ်ငွေ့ရှုစေသလိုဖြစ်တဲ့အတွက် 
ကျွန်တော်တို့အားလုံး ယခုကစ ဆေးလိပ်ဖြတ်ကြပါစို့လား ။ 

Let's try to stop smoking !!!

သက်တန့်ချို
သင့်သူငယ်ချင်းတွေထဲ ဆေးလိပ်သောက်သုံးသူများရှိရင် ဒီသတိပေးစာလေးဝေမျှပေးလိုက်ပါ ။

ဆေးလိပ်သောက်ခြင်းကြောင့် Buerger ဘားဂါးလို့ခေါ်တဲ့ သွေးကြောပိတ်ဆို့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ် ။

ဒါ့အပြင် ဆေးလိပ်ထဲမှာ ပါတဲ့အဆိပ်တွေကြောင့် ပါးစပ် ကင်ဆာ အာခံတွင်းကင်ဆာ လည်မြိုကင်ဆာမှအစ အဆုတ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ် ။

Thursday, April 25, 2013

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

ကြယ်စင် Ref: By Good Health
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

Monday, February 11, 2013

သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ

သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ

အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။
-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

- ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲမှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။

၁။ကိုယ်ဝန်ဆောင် တာနဲ့ ဆရာဝန်နဲ့ တစ်ခါတည်း အပ်ပြီး ဆရာဝန်က ကိုယ်ဝန်ဆောင် သည်ရဲ့ အခြေအနေနဲ့ ပုံစံကို ကြည့်ပြီး လိုအပ်တဲ့ ညွှန်ကြား မှုတွေ ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ ညွှန်ကြားမှုတွေကို အတိအကျ လိုက်နာ ပြုလုပ်ပါ။

၂။ ကိုယ်ဝန်ဆောင် အတွက် လိုအပ်တဲ့ အစားအစာနဲ့ အာဟာရတွေကို ဂရုစိုက် ကျွေးမွေးပါ။ လိုအပ်တဲ့ အာဟာရဆိုရာမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ရေကို လုံလောက်စွာ ရရှိစေဖို့ လိုပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာ စတာတွေကလည်း ကလေးငယ် အတွက် အကျိုးရှိစေတာ ကြောင့် ဖြည့်စွက် ကျွေးမွေး သင့်ပါတယ်။

၃။ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းကို လုံးဝ မပြုလုပ်ဖို့နဲ့ သင်ကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်သည်ရဲ့ ဘေးမှာ ဆေးလိပ် မသောက်သင့်ပါ။

၎။လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ် နိုင်အောင် ဂရုစိုက် ပြောဆိုပေးပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကြွက်သားကို ဖွံ့ဖြိုးစေပြီး ကလေးမွေးရ၊ ဖွားရလည်း လွယ်ကူ စေနိုင်ပါတယ်။

၅။သင့်ဇနီးဟာ လုပ်ငန်းခွင် ဝင်နေရသူဆိုရင် သင့်ဇနီးသည် အလုပ်နားတဲ့ ရက်တွေမှာ သီချင်း နားထောင်တာမျိုး၊ ရယ်စရာ ဟာသဇာတ်ကား ကြည့်တာမျိုးတွေ ပြုလုပ်ပြီး အပန်းဖြေ နိုင်အောင် စီစဉ်ပေးပါ။ ဒါမှမဟုတ် ဇနီးသည်နဲ့အတူ အချိန်ဖြုန်းတာမျိုး၊ မီးဖိုချောင် အတူဝင်တာ မျိုးတွေ ပြုလုပ်ပါ။

၆။နားလည်မှုနဲ့ အတူ ချစ်ခင်ကြင်နာပါ။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခု ပါပဲ။ သင့်ဇနီးမှာ ဖြစ်ပေါ်နေတဲ့ စိတ်မချမ်းမြေ့မှု တွေကို သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဖြေရှင်း ပေးနိုင်မှာပါ။ နှစ်သိမ့်ပေးပါ။ ဒါဟာ သင့်ဇနီးအတွက် အကောင်းဆုံး အားဆေး တစ်လက် ဖြစ်စေမှာပါ။

လမင်းလေး

http://bit.ly/U84l3f 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

Friday, January 4, 2013

အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ



ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

ကင်ဆာဝေဒနာရှင်များ ရဲယိုသီးစားသုံးပါ










ရဲယိုသီးကို အခြေခံပြီးထုတ်လုပ်ထားသည့် ဆေးတောင့်များနှင့် ဖျော်ရည်များသုံးစွဲခြင်းသည် ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် အကျိုးများစွာရှိနိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသန်းထွန်းက ပြောသည်။”ကင်ဆာရောဂါကို ကုသတဲ့ အခါမှာအသုံးပြုတဲ့ ဆေးဝါးအများစု ဟာလည်း ဒီအပင်ကနေလာတာ ဖြစ်တယ်။ ရဲယိုဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ အစွမ်း အာနိသင် အရှိဆုံးပဲ။ နောက်ပိုင်းမှာ ရဲယိုကနေ ထုတ်လုပ်တဲ့ ကင်ဆာဆေးစွမ်းကောင်းတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်တယ်” ဟု ၄င်းက ဆက်လက် ပြောသည်။ရဲယိုသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ ဟန့်တားစေနိုင်သည့် အဓိကရောဂါများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ် ကင်ဆာများပင် ဖြစ်ကြောင်း သိရသည်။”ရဲယိုသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ခုခံအားစနစ်ကို တိုးတက်အောင် ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင် စွမ်းရရှိလာမှာ ဖြစ်တယ်။

Thursday, January 3, 2013

ချွေးထုတ် ပြီးအဆိပ်ထုတ်နည်း

 Facebook က ဖတ်မီသမျှပြန်လည်ဝေမျှလိုက်သည် လေးစားလျက် (လမင်း)

သင့်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းတယ် ၊ မျက်နှာမွဲခြောက်တယ် ။ စိတ်လေးလံနေတယ် ဆိုလျှင် ဒါတွေကို ပပျောက်စေဖို့ အထိရောက်ဆုံး နည်းကတော့ ပေါ့ပါး ပျော်ရွှင်စွာ ဆောင်ရွက်နိုင်တဲ့ အဆိပ်အပုပ် ရှင်းထုတ်နည်းပါပဲ. . . . နေ့တိုင်း အချိန်တိုင်းမှာ အဆိပ်အပုပ် ရှင်းထုတ်နည်း တစ်မျိုးမျိုးကို ရွေးချယ်လုပ်ဆောင် ပြီး အကျိုးသက်ရောက်မှု အာနိသင့်ကို လည်း လက်တွေ့ ခံစားကြည့်ပါ. . .

မိမိခန္ဓာကိုယ်ရှိ အဆိပ်အပုပ်များကို ချွေးထုတ်ခြင်းဖြင့် လည်း ရှင်းထုတ်နိုင်ပါသည်
အစာခြေလမ်းကြောင်း၊ ဆီးစွန့်လမ်းကြောင့် နှင့်ချွေးဂလင်းတို့ဟာ ခန္ဓာကိုယ်ရဲ့ အဆိတ်အပုပ် စွန့်ထုတ်ရာ လမ်းကြောင်းကြိး ၃ ခုဖြစ်ပါတယ်. . . အဆိပ်အပုပ်တွေ ရှင်းထုတ်အားမြင့်မားဖို့ ၊ ခန္ဓာကိုယ်ပြင်ပသို့ အချိန်မှီ စွန့်ပစ်နိုင်ဖို့ ဆိုလျှင် ဒီလမ်းကြောင်း ၃ ခု ပွင့်နေရပါမယ်. . . ဒါဟာရောဂါ ကာကွယ်ရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုအပ်ချက်လည်းဖြစ်ပါသည်။.

ချွေးထွက်တဲ့ နည်းနဲ့ အဆိပ်အပုပ်ကို စွန့်ထုတ်တာဟာ ခန္ဓာကိုယ်ပေါ်က မျက်နှာပြင် ဧရိယာ အကျယ်ဆုံးဖြစ်တဲ့ အရေပြားကို အသုံးပြုခြင်းပါပဲ. . . . တစ်ကိုယ်လုံးက အမွေးကျင်းတွေ အားလုံး ပွင့်ပြီး ချွေးတွေ ဖြိုင်ဖြိုင်ကျလာခြင်းဖြင့် ချွေးရည်နဲ့အတူ အဆိပ်အပုပ်များကိုလည်း ပါသွားနိုင်ပါသည်. .

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

From : Myanmar Volunteer 
ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်
ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ 

Monday, December 17, 2012

ဗိုက်ခေါက်ထူ အ၀လွန်သူတွေအတွက် ဆေးနည်း

ကိုးကားမျှ ပြန်လည် ရိုးသားစွာ တင်ပြလိုက်ပါသည် လေးစာလျက် (လမင်း)

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ...သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ... အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်

ကိုးကားသမျှကို ရိုးသားစွာ တင်ပြလိုက်သည်.. ကျန်းမာေ၇းသုတ


ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်
AUNG KHAMKYAW

ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။

နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။

ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
---
Photo: ကိုးကားသမျှကို ရိုးသားစွာ တင်ပြလိုက်သည်.. ကျန်းမာေ၇းသုတ ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ် AUNG KHAMKYAW ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။ နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။ ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ---

Thursday, August 9, 2012

ချောကလက်နို့၏ ကျန်းမာရေး အကျိုးကျေးဇူး..................

ဆိုင်တွေရောက်လို့ ဘာမှာရမလဲ မသိရင် ချောကလက်နို့ ပူပူတစ်ခွက်ကိုသာ မှာပြီးသောက်လိုက်ပါ။ ချောကလက်နို့တစ်ခွက်မှာ ကျန်းမှာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။
ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း

ချောကလက်နို့ကို သောက်လိုက်တဲ့အခါ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူပြီး အဆီလျော့ကျအောင်နဲ့ အရိုးသန်မာအောင် လုပ်ဆောင်ပေးကြောင်း လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
ချောကလက်နို့မှာ ကယ်လ်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ခန္ဓာကိုယ်မှ အဆီစုပ်ယူနိုင်စွမ်းဟာလည်း လျော့ကျသွားပါတယ်။

ဗီတာမင်ဒီ ပါဝင်ခြင်း
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ အဆီလျော့ကျအောင် လက်တွဲလုပ်ဆောင်ကြပါတယ်။ ဗီတာမင်ဒီဟာ စားလိုက်တဲ့ အစားအသောက်မှ ကယ်လ်စီယမ်စုပ်ယူအားကောင်းအောင် ပံ့ပိုးပေးပါတယ်။ နို့မှာ ဗီတာမင်ဒီများစွာ ပါဝင်တဲ့အတွက် ချောကလက်နို့သောက်တာဟာ နေရောင်ခြည်ထဲနေတာလိုပဲ ဗီတာမင်ဒီကို ရရှိစေပါတယ်။

" လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ "



၂၀၁၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လ များတုန်းက ကမ္ဘောဒီယားမှာ ပုံမှန်မဟုတ်တဲ့ ဖျားနာမှုတွေနဲ့ ကလေးငယ် အယောက် (၅၀)ကျော် သေဆုံးခဲ့ရပြီးနောက် ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO တို့ ပူးပေါင်း အဖြေရှာခဲ့တော့ Hand, foot and mouth disease (HFMD) ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရှိ ခဲ့ရပါတယ်။

တကယ်တော့ HFMD ဟာ သာမန်ရောဂါငယ်မျှသာ ဖြစ်ပြီး တစ်ပတ်ကနေ ဆယ်ရက်ကြာခံစားပြီးရင် ဘာဆေးမှ မသောက်ရပါဘဲ သူ့ဘာသာ ပြန်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ ကလေးတွေ အသေအပျောက်များခဲ့ရခြင်းအပေါ် WHO နဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း သတင်းထုတ်ပြန်ခဲ့ရာမှာ HFMD ခံစားနေရတဲ့ ကလေးအတော်များများ Setroid ဆေးတွေနဲ့ ကနဦးကုသမှု ခံယူ ခဲ့ကြရပြီးနောက် အဲဒီ Steroid ဆေးတွေက EV71 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတဲ့ HFMD လူနာတွေရဲ့ အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တာပါတဲ့။

Question:
လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ (HFMD) ဆိုတာ ဘာလဲ ?

Answer:
ဒီရောဂါဟာ မွေးကင်းစအပါအ၀င် အသက် (၁၀)နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး ဖျားခြင်း၊ ပါးစပ်ထဲမှာ အနာတွေပေါက်ခြင်း၊ လက်၊ ခြေထောက်နဲ့ တင်ပါးတွေမှာ အနီစက်နဲ့ အရည်ကြည်ဖုတွေဖြစ်ပေါ်ခြင်း စတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။

Wednesday, August 8, 2012

အသက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများအနေဖြင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းကြောင်းတွေ့ရှိ


အသက်ငယ်ရွယ်စဉ်၌ ကလေးမွေးဖွားသော မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော် လေ့လာချက်အသစ်တစ်ရပ်အရ အသက်ကြီးမှ ကလေးမွေးဖွားခြင်းတွင်လည်း ကောင်းကျိုးများရှိကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းလေ့လာချက်များအရ အသက်၎ဝသို့မဟုတ် ယင်းထက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများသည် အသက်၂၅နှစ်ခန့်၌ ကလေးမွေးဖွားသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၄၄ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။

သားအိမ်ကင်ဆာ အများစုသည် အသက်၅ဝကျော်နှင့် ၆ဝကျော်အရွယ်များ၌ အဖြစ်များသည်။

Monday, July 30, 2012

နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း လမ်းလျှောက်လျှင် ထိခိုက်ဒဏ်ရာရမှုပိုများ




အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုအရ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း အလုပ်သို့မဟုတ် ကျောင်းသို့ လမ်းလျှောက် သွားသူများတွင် မတော်တဆ ဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၂ဝဝ၄ ခုနှစ်ကထက် သုံးဆပိုတိုးလာကြောင်း တွေ့ရှိရသည်။ မေရီလင်းတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ i Pod နှင့် MP3များ အသုံးပြုခြင်းသည် ကား၊ ရထားများ တိုးတိုက်မိခြင်း အပါအဝင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု လျော့နည်းစေကြောင်း တွေ့ရသည်။ ''လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား MP3သုံးစွဲမှုဟာ များပြားလာပါတယ်။ နားကြပ်တပ်ထားတဲ့ သူတွေဟာ ယာဉ်တိုက်ခံရမှု ပိုများနိုင်ပြီး ဒဏ်ရာရ သေဆုံးမှု ပိုများတာကို တွေ့ခဲ့ရပါတယ်။ နားကြပ်တပ်ပြီး လမ်းလျှောက်တဲ့ သူတွေဟာကား၊ ရထား၊ ထရပ်ကား၊ ဘတ်စကား စတာတွေရဲ့ တိုက်မှုခံကြရပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ သေလောက်တဲ့ ဒဏ်ရာတွေရကြကာ ၅ဝရာခိုင်နှုန်းဟာ ရထားတိုက်ခံခဲ့ရတာကို တွေ့ရပါတယ်''ဟု တွဲဖက်ပါမောက္ခ ဒေါက်တာရစ်ချတ်လီချင်စတိန်း ကရှင်းပြခဲ့ပါသည်။

အသက်ကြီးသူများ ၀မ်းချုပ်ခြင်း သက်သာစေရန်




ဝမ်းချုပ်တာက သင်ထင်သလို အလွယ်တကူ ဖြေရှင်းဖို့တော့ မလွယ်ပါဘူး။ အူလှုပ်ရှားမှု နည်းတာနဲ့ အထိုင်များတာကြောင့် ၀မ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ၀မ်းချုပ်တာက ပိုအဖြစ်များတတ်ပါတယ်။ အသက်ကြီးချိန်မှာ ၀မ်းချုပ်တာက ဆေးဝါးသောက်သုံးရတာ၊ ခွဲစိတ်ကုသမှုခံယူရတာစတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာ၊ အရည် သောက်သုံးမှု နည်းတာတွေကြောင့်လည်း ၀မ်းချုပ်ရတတ်ပါတယ်။ ဒါကြောင့်ဝမ်းချုပ်တာ သက်သာစေဖို့ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ(အထူးသဖြင့် သစ်သီးခြောက်)၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ
(ဥပမာ- ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်)နဲ့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ ကွေကာတို့ကို စားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကလည်း ၀မ်းချုပ်တာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။
လေးစားလျက် (လမင်း)

Thursday, July 26, 2012

ဆောင်းရာသီမှာ ဓာတ်မတည့်မှု မဖြစ်အောင်


ရာသီဥတုအေးမြလာတဲ့အချိန်မှာလူအများစုဟာ အိမ်ပြင်ပမှာထက် အိမ်ထဲမှာ ပိုနေဖြစ်ကြပါတယ်။ အဲဒီအခါ ဖုန်မှုန့်တွေ၊ မှိုတွေ၊ တိရစ္ဆာန်အညစ်အကြေးတွေနဲ့ ထိတွေ့ရတာတွေကြောင့် ဓာတ်မတည့်မှု ဖြစ်နှုန်းပိုများလာပါတယ်။ဓာတ်မတည့်မှုကြောင့် မျက်ရည်ကျတာ၊နှာရည်ယိုတာ၊ ရင်ကျပ်တာ၊ အသက်ရှူကျပ်တာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် အဲဒီလက္ခဏာတွေ မခံစားရစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။

စိုထိုင်းမှုထိန်းစက်ကို ကော်ဇော၊ကြမ်းခင်းပရိဘောဂစတာတွေနဲ့ ဝေးဝေးမှာ ထားပါ။ မှိုပိုး ပေါက်ဖွားကြီးထွားမှု ကို ကာကွယ်ပေးရာရောက်ပါတယ်။

Friday, July 13, 2012

ကလေးကျန်းမာရေး (သိကောင်းစရာ)


မွေးကင်းစကလေးတွေ ငိုတာကိုတော့ မိဘတိုင်းရှောင်လွဲလို့ ရမှာမဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင် ညသန်းခေါင် ကျော်ကြီးမှာ ထငိုတာတို့၊ မအိပ်ဘဲ ငိုပဲငိုနေတာတို့တောင် ရှိပါတယ်။ ကလေးဟာ ဘာကြောင့်ငိုရတာလဲနဲ့ မိဘတွေ ဘာလုပ်ပေးလိုက်ရင် အငိုရပ်ပြီး ကျေနပ်သွားမလဲဆိုတာ သိစေဖို့ ကလေးအများစု ငိုရတဲ့အကြောင်းရင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁။ ဗိုက်ဆာလို့
မွေးကင်းစ ကလေးအများစုဟာ နာရီအနည်းငယ်ခြားခြားပြီး ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ ချက်ချင်း နို့မစို့ရရင် ဒေါသထွက်ကာ ငိုကြွေးတတ်ပါတယ်။ ဒါကိုမိခင်က သိနားလည်ကာ ကလေးကို နို့တိုက်ကျွေး ပေးသင့်ပါတယ်။

၂။ လေတက်ချင်လို့
နို့စို့နေချိန်နဲ့ နို့စို့ပြီးတဲ့အခါ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးပါ။ လေထတာနဲ့ အစာမကြေတာတွေကြောင့် ကလေးအများစုဟာ ငိုကြွေးတတ်ပါတယ်။

၃။ နေရခက်လို့
သေးစိုဘောင်းဘီ၊ သေးစိုအနှီးတွေက ကလေးကိုနေရခက်စေပြီး ငိုကြွေးစေပါတယ်။ ကလေးဟာ သေးစိုနေလို့ ငိုသလား ဆန်းစစ်ပြီး ခြောက်သွေ့ သန့်ရှင်းအောင် လဲလှယ်ပေးပါ။

ပုံမှန်ထက် ပိုမိုတောက်ပသော မျက်နှာအပြင်အဆင် ဖြစ်စေရန်


မျက်နှာအလှ ပြင်ဆင်ရာမှာ ပုံမှန်ထက် ပိုပြီး တောက်ပတဲ့ ပြင်ဆင်မှု ဖြစ်စေဖို့အတွက် အရောင်တူရောစပ်မှုတွေကို ပြုလုပ်ရမှာပါ။ အနီရောင်နဲ့ လိမ္မော်ရောင်ကတော့ မျက်နှာကို ပိုပြီးတောက်ပနေစေတဲ့ အရောင်မျိုးဖြစ်ပြီး နှုတ်ခမ်းကို ထပ်မံဖြည့်စွက်ပြီး ဆိုးပေးလို့ရတဲ့ အရောင်မျိုးတွေပဲ ဖြစ်ပါတယ်။ သင့် အသားအရေအရောင်ပေါ်မူတည်ပြီး အရောင်ရွေးချယ်ရမယ်ဆိုပေမယ့် အရောင်ရောစပ်မှုကြောင့်လည်း သင့်မျက်နှာကို ပိုပြီးတောက်ပကာ လှပနေစေမှာပါ။

အနီနဲ့လိမ္မော်ရောင် ရောစပ်မှု
အနီရောင်နှုတ်ခမ်းနီကို အရင်ဆုံး ဆိုးပြီးမှ လိမ္မော်ရောင်သန်းတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို အနားသတ်ဆိုးပေးတာကြောင့် သင့်နှုတ်ခမ်းသားအရောင်ကို ပိုမိုတောက်ပနေအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို ခြယ်သမယ်ဆိုရင်လည်း အနီရောင် အရင်ဆိုးပြီးမှ လိမ္မော်ရောင်နဲ့ လိုက်ညှိပေးပါ။

ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်


ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။

(၁) ကြိုတင်ပြင်ဆင်ပါ အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်းလေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင်ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဥာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...