လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ချစ်စံအိမ်ကဗျာ. Show all posts
Showing posts with label ချစ်စံအိမ်ကဗျာ. Show all posts

Monday, June 16, 2014

အချစ်ကဗျာတစ်ပုဒ်

အချစ်ကဗျာတစ်ပုဒ်
************************
တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။

Monday, January 6, 2014

ဆန္ဒ

Photo: ပုဂံမှာ ရွှေကြာတွေ 
မြင်ရပင်မယ့် 
မကျွမ်းကျင်တဲ့ ဘာသာစကား 
သင်ကာမထားတော့ 
ထင်ရာ မြင်ရာ တွေးတော်ရာတွေနဲ့ ပုဂံက ဘုရားတွေကို 
အပေါ်စီးကနေ ငေးကြည့်နေတယ် 
တကယ်မထင်ထားတဲ့အတွေး တစ်ချက်က 
ကြင်ရာတစ်ပါးနဲ့ နောက်တစ်ခေါက် ပြန်လာချင်တယ် 
မျှော်ကာထားပင်မယ့် အချစ်ဟောင်းရေ 
အရင်ကပုံစံတွေထက် ပိုကြိုးစားဖို့ အခွင့်ရေးလေး ပေးသနားပါ
ပုဂံမှာ ရွှေကြာတွေ
မြင်ရပင်မယ့်
မကျွမ်းကျင်တဲ့ ဘာသာစကား
သင်ကာမထားတော့
ထင်ရာ မြင်ရာ တွေးတော်ရာတွေနဲ့ ပုဂံက ဘုရားတွေကို
အပေါ်စီးကနေ ငေးကြည့်နေတယ်

တကယ်မထင်ထားတဲ့အတွေး တစ်ချက်က
ကြင်ရာတစ်ပါးနဲ့ နောက်တစ်ခေါက် ပြန်လာချင်တယ်
မျှော်ကာထားပင်မယ့် အချစ်ဟောင်းရေ
အရင်ကပုံစံတွေထက် ပိုကြိုးစားဖို့ အခွင့်ရေးလေး ပေးသနားပါ
 
တစ်ထောင့်တစ်နေရာက(အန်လ်)

Friday, November 29, 2013

နင်ပျော်ရွှင်နိုင်ဖို့

နင်ပျော်ရွှင်နိုင်ဖို့ ..
အားပေးရုံကလွဲပြီး .. ဘာမှ မတက်နိုင်လို့ပါ.. ။

ရိုးသား ဖြူစင်စွာ ချစ်ခဲ့တာကြောင့် ..
နင်လိုအပ်မယ်ဆိုရင်.. ငါအဆင်သင့်ပါ ...။

နင့်အတွက် ငါဆိုတာ မရှိခဲ့ရင်လဲ ....
ငါ့အတွက် နင်ဆိုတဲ့ စိတ်ကြောင့် ..
နင်ပျော်ရွှင်နိုင်ဖို့
အားပေးရုံလေးကလွဲပြီး .... ကျန်တာ ငါ မပေးဆပ်နိုင်ပါဘူး .. ။


နင့်စီက တုန့်ပြန်မှုတွေကို နင့်သဘောတိုင်း လက်ခံရင်း ...
ငါဆိုတဲ့ ကောင်လေးတစ်ယောက်အတွက်
မျှော်လင့်ခွင့်လေးသာရှိရင် .... မျှော်လင့်နေသူပါ ... ။

(အန်လ်)

Tuesday, August 13, 2013

မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ...


မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ...

Photo: ♥ မလာချင်ပါနဲ့ ချစ်သူ .. ငါဘယ်လို ပြောရမလဲ ... ♥

ငါ အရမ်းမောတယ် နင်သိလား .. 
နင့်ရှေ့ရောက်ရင် ငါ ပြုံးနေတဲ့ အပြုံးတွေက အတုဆိုတာ နင်သိလား .. 
တကယ်တော့ ငါ..က  ဟန်ဆောင်ကောင်းတဲ့ကောင်ပါ.. 

အဖြစ်မရှိတဲ့ ငါ့ရင်ခွင်မှာ 
နင်.. နင်နေထိုင်ဖို့အတွက် ပြန်ပြီးစဉ်းစားကြည့်မီတယ်... 
နင့်ကို .. အချိန်နဲ့မျှ အချိန်ပေးနိုင်မယ်လို မထင်ပါဘူး .. 

နင်ကို ပျော်စေချင်တဲ့ ငါ့ရင်ခွင်ဟာ ..
နင် မပျော်ရွှင်ရတဲ့ ရင်ခွင်တစ်ခုဖြစ်မှာ ငါကြောက်လို့ပါ.. ။ 

အလှဆုံး မက်ခဲ့တဲ့ ငါ့စိတ်ကူးထဲက အိမ်မက်က 
နင်နဲ့ နှစ်ကိုယ်တူ ဘ၀လေးအဖြစ် သာယာချင်တာပါ .. ။ 

လက်တွေ့မှာတော့ လာချင်စရာ မလှတဲ့ ငါ့ရင်ခွင်မှာ . 
နင်..နေချင်ပါတယ်ဆိုရင်တောင်.. ငါနေထိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး .. ။ 

ဘာကြောင့်လဲဆိုတော့ နင့်ကို ချစ်တဲ့ အချစ်တွေက .. 
နှိုင်းပြလို့မရအောင် ချစ်ခဲ့လို့ပါ ... ။

ရင်တွင်းဖြစ် (အန်လ်အယ်လ်အေ)

ငါ အရမ်းမောတယ် နင်သိလား ..
နင့်ရှေ့ရောက်ရင် ငါ ပြုံးနေတဲ့ အပြုံးတွေက အတုဆိုတာ နင်သိလား ..
တကယ်တော့ ငါ..က ဟန်ဆောင်ကောင်းတဲ့ကောင်ပါ..

အဖြစ်မရှိတဲ့ ငါ့ရင်ခွင်မှာ
နင်.. နင်နေထိုင်ဖို့အတွက် ပြန်ပြီးစဉ်းစားကြည့်မီတယ်...
နင့်ကို .. အချိန်နဲ့မျှ အချိန်ပေးနိုင်မယ်လို မထင်ပါဘူး ..

နင်ကို ပျော်စေချင်တဲ့ ငါ့ရင်ခွင်ဟာ ..
နင် မပျော်ရွှင်ရတဲ့ ရင်ခွင်တစ်ခုဖြစ်မှာ ငါကြောက်လို့ပါ.. ။

အလှဆုံး မက်ခဲ့တဲ့ ငါ့စိတ်ကူးထဲက အိမ်မက်က
နင်နဲ့ နှစ်ကိုယ်တူ ဘ၀လေးအဖြစ် သာယာချင်တာပါ .. ။

လက်တွေ့မှာတော့ လာချင်စရာ မလှတဲ့ ငါ့ရင်ခွင်မှာ .
နင်..နေချင်ပါတယ်ဆိုရင်တောင်.. ငါနေထိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး .. ။

ဘာကြောင့်လဲဆိုတော့ နင့်ကို ချစ်တဲ့ အချစ်တွေက ..
နှိုင်းပြလို့မရအောင် ချစ်ခဲ့လို့ပါ ... ။
ရင်တွင်းဖြစ် (အန်လ်အယ်လ်အေ)

Saturday, May 11, 2013

နင့်အတွက်နဲ့ ငါ....

စိတ်မကောင်း မဖြစ်ပါနဲ့ သည်းရေ...ဆိုပြီး...
နင့်..ခေါင်းလေးကို ကိုင်ပြီး ချော့တေးလေး ပြောနေပင်မဲ့ ..
နင့်.. မျက်ရည်ကျတိုင်း .. ငါ့..ရင်မှာ ..၀မ်းနည်းနေတယ်.. ။

ဒါဟာ .. ငါတို့နှစ်ဦးကြားမှာ မသိမသာ ကိန်းအောင်းနေတဲ့ ...
အချစ်တွေလို့ ... ငါပြောရတော့မယ်.. ထင်တယ်.. ။

(အန်လ်)

Monday, May 6, 2013

♥--◄ မင်း လိမ္မ်ာအောင်သာနေပါ... ►--♥


နွေဦးရဲ့ လေပူပူတွေထဲမှာ
အိမ်မက်ဆိုတာလည်း မက်ခွင့်တောင်မရပါဘူး ..

အလွမ်းဒဏ်တွေ ဖုံးလွှမ်းနေတဲ့
ငါ့ကမ္ဘာငယ်ဟာ .. ပိုပြီး မှောင်မိုက်ပါတယ်...

သွေးသားတွေ လည်ပတ်နေတဲ့
စီးမျှောခြင်း လမ်းကြောင်းမှာ
သစ်ရွက်တွေ မြေမှာခပီး
ကြွေသူ နှလုံးသားအောက်မှာ
ပုန်းခိုနေတဲ့ မင်းပုံရိပ်ဟာ
ငါ့အတွက် ပူလောင်မှုနဲ့အတူ
နာကျင်စေခဲ့မိပါတယ်... ။

မရပ်တန့်နိုင်တဲ့ ငါ့ နှလုံးခုန်သံဟာ
ရှင်လျက်နှင့် ပူလောင်အိုက်စက်ခြင်းကို ခံစားနေရတယ်.... ။

Thursday, April 25, 2013

(ကျောင်းတော်ကြီးမှ ...ဝေးရာဆီ)

ချစ်စံအိမ်လေး



(ချစ်စံအိမ်လေး )

နာကျင်နေပါစေ
ပြန်မလာဘူးဆိုပြီး ထားသွားပါစေ
နင့်တွက် ငါအမြဲတမ်း လက်ကိုင်ထားနိုင်တာလေးက
ခွင့်လွှတ်ချင်းလဲမဟုတ်ဘူး ရယူချင်းလည်းမဟုတ်ဘူး
နားလည်မှုတွေနဲ့ မေတ္တာတရားနဲ့ တည်ဆောက်မဲ့
တို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အချစ်စံအိမ်လေး တစ်ခုပဲ

အန်လ်အယ်လ်အေ

Monday, March 18, 2013

အချစ်ဦး.....

အချစ်ဦး.....

တစ်သက် တစ် ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် 
ငုံ အဆင့်  မို့ 
ရင့်  လို့  ပဲ ၀ါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ် ခနဲ ပဲ ကြွေကြွေ
မြေပေါ်ပဲရောက်ရောက်
ဖွဖွလေးကောက်လို့ 
ပန်းခြောက် ကလေးပဲမြတ်နိုးမယ်။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Sunday, February 3, 2013

မင်းကြောင့်














လိမ်လည်လှည့်ဖြားမှုနဲ့ ပြည့်နှက်နေတဲ့
သစွာမရှိတဲ့ လောကကြီးကို ငါမုန်းတယ်.. ။

ဒါပေမယ့်
ပျံ့လွင့်နေတဲ့ ငါ့နှလုံးသားကတော့
မင်းကို ထာဝရ ရှာနေတုန်းပါပဲ ..။

ရှာမတွေ့တိုင်းလည်း
နာကျင်တဲ့ ပရိဒေ၀မီးတွေ
လောင်မြိုက်တာကို ခံစားနေရပါတယ်.. ။

ဒီအကြောင်းတွေကို
ဒီ့ထက် ပိုပြီးတော့လည်း
မတွေးချင်တော့ပါဘူး ...။


တစ်ထောင့်တစ်နေရာက (လမင်း)

Saturday, February 2, 2013

နှစ်ကိုယ်ကြားပြောတော့မယ်



















အနမ်းပန်းတစ်ပွင့် ပေးပါလားကွယ်..
ပြီးတော့ အနမ်းပွင့်လေးတွေ ပွားကြပါစို့ .. ။

ဟော......... တစ်ပွင့်ကနေ အပွင့်နှစ်ဆယ်ဖြစ်
အဲ့ဒီနောက် ရာပေါင်းများစွာသော အပွင့်များနဲ့ ပေါင်း..။

အဲ့ဒီလို ကလူကျီစယ်ကြတဲ့ သာယာကြည်နူးချိန်လေး တွေဟာ
ဆားငန်ရည်လို မက်မပြေနိုင်ပါဘူးကွယ်.. .။

ဒါပေမယ့် ဒီ့ထက်ပိုပြီး တောင့်တမိတဲ့
အချိန်လေးတွေ ရှိသေးတယ်..

ပြောလည်း ပြောပြချင်တယ်..
ရှက်လည်း ရှက်တယ်.. ။

မှေးစက်ရာဝင်မှ နှစ်ကိုယ်ကြား
ပြောတော့မယ်ကွယ်..နော်.. ။
 
တစ်ထောင့်တစ်နေရာက (လမင်း)
http://www.nllamin.blogspot.com

Thursday, January 17, 2013

(အပြစ်မမြင်ပါဘူး ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်တော့မယ်)



  




နင်.. ပျော်ရင် ပီးတာပဲ ဆိုတဲ့ စိတ်နဲ့
နင်.. နဲ့ ပတ်သက်ပြီး ပြောတဲ့
နင့်.. မကောင်းကြောင်းတွေ ငါ နားထဲမဆန့်
တီးတိုး ပြောဆိုတဲ့ လူတွေရဲ့
တံတွေးအောက်မှာ ငါ .. ခေါင်းငှတ်နေမိတယ်.. ။

တစ်ခါတစ်ခါ သူက အဲ့သလို မဟုတ်ပါဘူးလို့
နင့်ကို ကာကွယ်စေချင်တဲ့ စိတ်အပြင်
အရပ် (လေး) မျက်နှာရှိ မျက်လုံးတွေနဲ့
ငါ .. ရင်ဆိုင်ပြောဆိုခဲ့တာ နင့်ကို ချစ်လို့ပါ..။

Friday, January 11, 2013

"တော်ပါတယ် ချစ်သူ.."

နင်တော်ပါတယ်
ငါ့ကို အရုပ်တစ်ရုပ်လို
လှလှပပ ကစားခဲ့နိုင်လို့

နင်တော်ပါတယ်....
ငါ့ကို မျက်ရည်ကျအောင်
လုပ်ခဲ့နိုင်လို့

နင်တော်ပါတယ်.....
ငါ့ဘ၀ ကို
ပြောင်းပြန်ဖြစ်အောင်
လုပ်ခဲ့နိုင်လို့

နင်တော်ပါတယ်.....
ငါ့ကို မုန်းတတ်အောင်
သင်ပေးနိုင်လို့

ပူစီ ကိုက်တဲ့ချစ်သူ *-♥












ကိုယ်ထက် ငယ်သူကို
ချစ်မိတာ အပြစ်တော့ မတင်ပါဘူးဗျာ..

တစ်ခါတစ်ခါ လာပြန်သည်
စိတ်စိုး စိတ်ကောက်တွေနဲ့
အဆုံးမသတ်တော့တဲ့
နေ့ / ညများထဲ အလှုပ်မဟုတ်တဲ့ ကိစ္စတွေ
လာလာနှောက်နေတာ ရပ်တန်းကရပ်ပါတော့
ငယ်သူမို့ ချစ်ရတဲ့သူရေ

Friday, January 4, 2013

♥-*မင်းရှိပါစေ*-♥


 

မခမ်းနားတဲ့ ငါ့ဘ၀အခန်းထဲ
မကြောက်တန်း မင်းလှမ်းလာခဲ့တာ
ငါအတိုင်းမသိ ၀မ်းသာမိတယ်
ဒါတင်မက ငါ့ဘ၀ကို မင်းက
ရည်မှန်းချက်ကောင်းကောင်းနဲ့ ခမ်းနားသွားအောင်လဲ
နင် ဖန်တီးပေးခဲ့တယ်....

ချစ်သူ ... ဖေးမကူညီ နားလည်ပေးတဲ့ စိတ်နဲ့
ကြင်နာမှုပါပေးလို့ ..ဒီဘ၀နဲ့တင်မဟုတ်
နောက်ဘ၀များစွာလဲ..
ငါ ဘေးနား ... မင်းရှိပါစေ ..
(ဆုတောင်းနေမိတယ်)
(ဆုတောင်းနေမိတယ်)

 လမင်း

Monday, December 17, 2012

♠♠..အိပ်မောကျနေတဲ့.... ငါ့ညများ.. ♠♠

ဝိုးတိုးဝါးတာ.. ညများစွာက...
ငါ့ကို. .စစ်မှန်တဲ့ ..မနက်ဖြန်ကို ခေါ်ဆောင်မသွားဘူး..

လမ်းတွေက ပျောက်...
မှောင်မိုက်တဲ့ညမှာ.. အသက်လုနီးပါ.. ပြေးလွှာနေရတာ..

နေရောင်ခြည်ရဲ့ ထိတွေမှုတွေနဲ့..
နွေးထွေးမှုတွေ.. ကင်းမဲ့တဲ့ ..အမှောင်မှာ ငါလမ်းတွေပျောက်နေတယ်..

ဒါအိမ်မက်လား.. ငါဆိုတာရော ရှိသေးလား .. သို့မဟုတ် ( )
အလားတူ. .. ကျန်တဲ့သူတွေရော..
သွားလာလှုပ်ရှားနေလား .. .

ငါ့ ခေါ်သံတွေနဲ့ .. ငါ့ အော်သံတွေ... ပဲ..
ငါ ပြန်ပြန်ကြားနေရတယ်.. ဘာသဘောတွေနဲ့ ..ရောနှောထားတဲ့ ကံကြမ္မာစိုး.ရဲ့
ဖုံးလွှမ်းမှုအောက်ကို ကျရောက်နေတာဘဲ..

ကမ္ဘာသစ်တစ်ခုရှိအုန်းမယ်ဆို.. ငါ .. ငါ... ငါ... ငါ...
နိုးထချင်ပါတယ်.. နံနက်ဖြန်များ..
 
မူပိုင် (လမင်း)

Wednesday, November 21, 2012

♥ ( အချစ်ဆိုတာ ) ♥

အချစ်ဆိုတာ...
အမြဲတမ်း စိတ်ရှည် သည်းခံ ကြင်နာတယ်..။
ဘယ်တော့မှ မနာလိုမဖြစ်ဘူး..။
မရိုင်းစိုင်းဘူး
တစ်ကိုယ်ကောင်း မဆန်ဘူး..။
မစော်ကားဘူး ၊ ဒေါသမဖြစ်ဘူး

အချစ်က....
ခွင့်လွှတ်ဖို့ ယုံကြည်ဖို့ မျှော်လင့်ဖို့
ဘာပဲ ဖြစ်လာဖြစ်လာ ခံနိုင်ရည်ရှိဖို့
အမြဲတမ်း အဆင်သင့်ဖြစ်နေလေရဲ့..။


တစ်ထောင့်တစ်နေရာက (လမင်း)

** ငါ့ အချစ်တွေပေါ့မှာကြောက်လို့ ဆားခပ်ပေးပါ..**♥


Dynamo ရေပေါ်လမ်းလျှောက်တာလောက်တော့
ထိုင်ပါ ငိုသွားမယ်..
ငါက ရေပေါ်မှာ ထိုင်ပါချထားတာ..
နင် မအံ့သြဘူးလား.. မေးချင်တယ်...။

နင့်အတွက်ဆို အရာအားလုံး ငါပြောရဲတယ်..
ကျန်စစ်သားသာ ရှိနေရင် သူနဲ့အတူ စစ်ကစားပြအုန်းမယ်..
အနော်ရထားရှိအုန်းမယ်ဆို.. ထီးနန်းတွေကို အပြိုင်လုအုန်းမယ်.


နင်ယုံကြည်မှလည်း ယုံကြည်ပေါ့..
ငါက နင့်အတွက် ငါပေးအပ်နိုင်တဲ့ .. သတ္တိလို့ ပြောလို့ရတယ်..

♥-- စောင့်ကြိုလျက်ရှိပါစေ..♥

နှလုံးသားဝေဒနာ
အတိတ်မှာသာ ရှိခဲ့ရင်
ကန့်လန့်ကာချဆီးတား
ပြီးဆုံးသွားပါစေတော့လေ..။

အနာဂတ်အချစ်အတွက်
အနှောင့်အယှက် မဖြစ်ပါစေနဲ့

အသစ်အသစ် .... အချစ်တွေ
အပြစ်ကင်းမဲ့စွာ လာလို့နေ
စောင့်ကြိုလျက်ရှိပါစေ..။

တစ်ထောင့်တစ်နေရာက (လ♥မင်း)

အလွမ်း သင့် လက်တစ်စုံ

ချစ်သူ..
မျှော်ကာ ကမ်းလှမ်းထားပင်မဲ့
ကြင်နာအနမ်းများ .. ဝေးလွင့်ပါပေ၏

မြင်သာ ခိုးနမ်းခွင့်မရခင်...
ထင်သာစွာ ရင်ထဲက ခံစားချက်ကို ပြသခဲ့လေသည်..။

မြင်သာစွာ မကြည့်လိုက်တဲ့
မင်းအပြုမှုတွေ ကြောင့် .. .မမှီကာ လှမ်းလိုက်ရတဲ့..
ပန်းတစ်ပွင့်လို ...

ခူးစွတ်မရလိုက်တော့ ..
နမ်းခွင့်တောင် မကြုံလိုက်ရသေးပါဘူး ...

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...