လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label ပညာရေးသတင်း. Show all posts
Showing posts with label ပညာရေးသတင်း. Show all posts

Friday, July 18, 2014

အဆုံး




(အဆုံး)

Photo: (အဆုံး)

သွေးမစီးတော့တဲ့ ခန္ဓာကိုယ်လိုပဲ 
ရင်ထဲက စာသားတွေ အန်ချလို့ မရတော့ဘူး 
ဒီလက်တွေ ရေးချနိုင်စွမ်းလည်း မရှိတော့ဘူး 
မျက်လုံးတွေပိတ် နှုတ်ခမ်းပါးတွေ ပြာနှမ်းလာကုန်ပြီ 
အမှောင်ထုက ပိုပြီး ပိုပြီး အားကောင်းလာပြီ 

မျှော်လင့်ချက် အလင်းတန်း ကွယ်ပျောက်သွားတဲ့တစ်နေ့ 
ငါ့ဘေးနားမှာ ရှိမယ့် လူတွေ ဘယ်သူဘယ်ဝါမှန်း သိခွင့်ရတော့မှာ 
မဟုတ်ဘူး အဲ့ဒီနေ့ အေးစက်နေတဲ့ ငါ့လက်ကို တစ်စုံတစ်ယောက် 
ဆုတ်ကိုင်ထားပေးလိမ့်မယ် 

တစ်ထောင့်တစ်နေရာက (အန်လ်) 

 သွေးမစီးတော့တဲ့ ခန္ဓာကိုယ်လိုပဲ
ရင်ထဲက စာသားတွေ အန်ချလို့ မရတော့ဘူး
ဒီလက်တွေ ရေးချနိုင်စွမ်းလည်း မရှိတော့ဘူး
မျက်လုံးတွေပိတ် နှုတ်ခမ်းပါးတွေ ပြာနှမ်းလာကုန်ပြီ
အမှောင်ထုက ပိုပြီး ပိုပြီး အားကောင်းလာပြီ 

ေ မျှော်လင့်ချက် အလင်းတန်း ကွယ်ပျောက်သွားတဲ့တစ်နေ့
ငါ့ဘေးနားမှာ ရှိမယ့် လူတွေ ဘယ်သူဘယ်ဝါမှန်း သိခွင့်ရတော့မှာ
မဟုတ်ဘူး အဲ့ဒီနေ့ အေးစက်နေတဲ့ ငါ့လက်ကို တစ်စုံတစ်ယောက်
ဆုတ်ကိုင်ထားပေးလိမ့်မယ်

တစ်ထောင့်တစ်နေရာက (အန်လ်)

Friday, November 29, 2013

ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ

◄ ပြန်မပြောနဲ့ ပြောရင် သေဒဏ်ပဲ ►

တော်တော်ကို ဆိုးပါတယ်..
စဉ်းစားတွေးခေါ်တတ်ဖို့ ... လမ်းမပြဘဲ .. ။

2 + 2= 5 တဲ့

မနေ့က အင်တာနက်ပေါ်မှာ ကလေးတွေကို စာသင်တာကို ..
ကြည့်လိုက်ရလို့ပါ ...

မဟုတ်ဘူး ဆရာ 2 + 2= 4 ပါ ..

ငါပြောသလိုလုပ်ကွ. ..

Sunday, April 1, 2012

ဆီးကြိုနေသော နွေသင်တန်းများ

ဆီးကြိုနေသော နွေသင်တန်းများ
“ကျောင်းပိတ်ချိန်မှာ ရေ သွားကူးမယ်။ နောက်နှစ်အတွက် ကျူရှင်ကြိုတက်ရမယ်”ဟု ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးကျောင်းမှ အဋ္ဌမတန်းကျောင်း သားတစ်ဦးက နွေရာသီ ကျောင်းပိတ်ချိန်အတွက် ပြင်ဆင် ထားမှုကိုပြောသည်။ အခြေခံ ပညာကျောင်းများ၏ ပညာသင် နှစ်ကုန်လွန်၍ နွေရာသီအားလပ် ရက်ရောက်ရှိ လာသော်လည်း မြို့ကြီးများတွင် နေထိုင်ကြသော ကျောင်းသားအများစုအတွက် နွေရာသီသင်တန်းများက အသင့်ဆီးကြိုနေသည်။
မြို့ပြတွင်နေထိုင်သူများ သည် ငွေကြေးတတ်နိုင်မှုပေါ်မူတည်၍ မိမိရင်သွေးကို အများ တကာထက် ထူးချွန်စေရန် အနု ပညာသင်တန်းများ၊ အားကစားသင်တန်းများ၊ ဘာသာစကားသင် တန်းများ၊ ကွန်ပျုတာကျွမ်းကျင်မှုသင်တန်းများသာမက လာမည့် ပညာသင်နှစ်၏ သင်ခန်းစာများ ကို နွေရာသီကျောင်းပိတ်ကာလတွင်သင်ယူစေ လျက်ရှိကြသည်။ 

Tuesday, February 21, 2012

စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်

  စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်
 
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁
 
စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများ၏ ကျောင်းလခများမြင့်တက်သွားခြင်းကြောင့် ၎င်းကျောင်းများတွင်သွားရောက်ပညာသင်ယူရန် ပြင်ဆင်နေကြသည့် မြန်မာကျောင်း သားများအတွက် အခက်အခဲကြုံ တွေ့နိုင်ကြောင်း စင်ကာပူပညာရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်သည်။

စင်ကာပူအစိုးရသည် လာမည့်စာသင်နှစ်မှစတင်၍တက္ကသိုလ်များ၏ ပညာသင်စရိတ်ကို ၄ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းနှင့် ပိုလီကျောင်းများ၏ ပညာသင်စရိတ်ကို ၂၂ရာခိုင် နှုန်းမှ ၂၈ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ “ပိုလီကျောင်းလခတွေက တချို့ပုဂလိကကျောင်းတွေရဲ့ ဒီပလိုမာသင်တန်းကြေးထက်ကို ကျော်သွားပြီ။ အခု သင်တန်းကြေး စင်ကာပူဒေါ် လာ ၅၀၀၀၊ ၆၀၀၀ကနေ ၈၀၀၀လောက်ထိပေးရမယ့် ဘာသာရပ်တွေရှိတယ်။ ဒီတစ်ခါတက်တာကြမ်းတယ်။ နောက်ဆို ပိုက်ဆံချေးပြီး အလုပ်သွားလုပ်သလိုဖြစ်လာမယ်။ ကျောင်းသွားတက်ပြီး အလုပ်လုပ်မယ်ဆိုရင် မကိုက်လောက်တော့ဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။

Thursday, February 16, 2012

ပုဂ္ဂလိကဆရာများအသင်းချုပ် ဖွဲ့စည်းရန်စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁
 
ကျူရှင်ဆရာများ၊ ဘာသာရပ်သင်ဆရာများ၊ ကိုယ်ပိုင်သင်တန်းကျောင်းဆရာများဖြင့် ဖွဲ့စည်းမည့် မြန်မာနိုင်ငံပုဂလိကဆရာများအသင်းချုပ်ကို တရားဝင်ဖွဲ့စည်း တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းသွားမည့် မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ် သည် ဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဆရာဖြစ်လက်မှတ်များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ရှိဥက္ကဋ္ဌတာဝန်ယူထားသော ဒေါက်တာဘိုင်အိုက ပြောသည်။

ဘွဲ့ရအထွေထွေလုပ်သားများ ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေးမည်

ရန်ကုန်၊ ဇန်န၀ါရီ-၃၁
 
ပညာရေးဝန်ကြီးဌာနမှ ခန့်အပ် ထားသည့် ဘွဲ့ရအထွေထွေလုပ်သားများအား မူလတန်းပြဆရာများအဖြစ် ခန့်ထားပေးရန် ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးကြူက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ခန့်ထားပြီးသော ဘွဲ့ရအထွေထွေ လုပ်သားများကို ဆရာအတတ် သင်ကျောင်းသို့ တက်ရောက်ခွင့် ရရှိစေပြီး မူလတန်းဆရာ၊ ဆရာမ အဖြစ် ပြောင်းလဲခန့်ထားနိုင်ပါက ၄င်းတို့ဘ၀ တက်လမ်းပွင့်လင်း လာမည်ဖြစ်ပါ၍  အသက်ကန့်သတ်ချက်နှင့် ကျောင်းဝင်ခွင့်စည်း မျဉ်းများ ပြင်ဆင်ချမှတ်ပေးသင့် ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အမျိုးသားလွှတ်တော်တွင် အဆို တင်သွင်းခဲ့သည်။

တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်ထပ်တိုးခြင်း၏ နောက်ဝယ်

 
 
အစိုးရသစ်လက်ထပ်ပညာရေး ပြုပြင်ပြောင်းလဲမှုအနေဖြင့်တက္ကသိုလ်ပညာသင်နှစ်များ တစ်နှစ်စီ တိုးမြှင့်ရန် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲလျှက်ရှိသည်။ပညာသင်နှစ်များတိုးမြှင့်ရန်တိကျ သောဆုံးဖြတ်ချက်၊ကြေညာချက် ထွက်ရှိ မလာသေးသော်လည်း ယင်းအစီအစဉ်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ထားပြီး ဖြစ်သလို သက်ဆိုင်ရာ တက္ကသိုလ်များတွင်လည်းကြိုတင် ပြင်ဆင်မှုများရှိနေပြီဖြစ်သည်။

တက္ကသိုလ်ပညာသင်နှစ် များကို လွန်ခဲ့သည့်ဆယ်နှစ်ကျော်က တစ်နှစ်စီလျှော့ချခဲ့ပြီးနောက် ယခုချိန်တွင်နိုင်ငံတကာ တက္ကသိုလ်များနည်းတူပညာသင်နှစ်များ ပြန်လည် သတ်မှတ်ရန်စီစဉ်နေခြင်းဖြစ်သည်။ ယခုပညာသင်နှစ်မှ စတင်၍ကွန်ပျုတာတက္ကသိုလ်ပညာသင်နှစ်များကိုတစ်နှစ်တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် လာမည့်နှစ်တွင်     အခြားသော တက္ကသိုလ်များ၏ပညာသင်နှစ်ကို တိုးမြှင့်သတ်မှတ်မည့် အလားအလာရှိနေသည်။

စာသင်ခန်းထဲက ကြိမ်လုံးနှင့် ယနေ့ပညာရေး

 
 
အခြေခံပညာ  မူလတန်းကျောင်းဝင်းအတွင်းတိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေသည်။ စာသင်ခန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ မိမိထိုင်ခုံနေရာတွင် တည့် တည့်ထိုင်၍ ရှေ့တွင်စာပြနေသောဆရာမ၏ သင်ကြားပို့ချချက်များ ကို ငြိမ်သက်စွာခံယူနေကြသည်။ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်း
လေးအတွင်း စာသင်ခန်းတစ်ခု၏  မြင်ကွင်းဖြစ်သည်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...