လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu
Showing posts with label အတွေးရသ. Show all posts
Showing posts with label အတွေးရသ. Show all posts

Wednesday, October 15, 2014

အောက်ခြေ

 အောက်ခြေ
 အောက်ခြေက ဆိုပြီး
လက်ညိုးတွေ ထိုး
အဆင့်တန်းတွေ ခွဲနေတာ 

ေ  ရေရှည် တည်မြဲဖို့ကျတော့
အောက်ခြေကောင်းတွေရှိမှာ ဖြစ်မှာကို
မေ့ထားချင်ကြတယ် 


ေ ကျော် ကွ တက်
တနပ်စားဥာဏ်လောက်က
ရေရှည်မပြောနဲ့ ရေတိုမှာတောင်
ဆေးပေးလဲ မပြောင်းတဲ့ ဘဝနဲ့


အချိန်ဆိုတဲ့ အနောက်မှာပဲ ကွယ်ပျောက်သွား
ရမယ် ..။

(တေဇဗလ)

မေတ္တာအရိပ်


**********
သစ်ပင်ပေါက်ကလေးတွေဟာ သစ်ပင်ကြီးတွေ အောက်ရောက်နေတဲ့အခါ အရိပ်မိပြီး ရှင်သန်ဖွံ့ ဖြိုးမှု အားနည်းသွားကြပါတယ်။ လောင်းရိပ်မိတဲ့ အရာ တော်တော်များများဟာ ရှင်သန်မှုထက် ကျရှုံးမှု များသွားတာ တွေ့ ရပါလိမ့်မယ်။ ဒီ့အတွက်လည်း လောင်းရိပ်လို့ 
ဆိုရင် လူတွေဟာ ကြောက်ရွံ့ တတ်ကြပါတယ်။


သို့ သော် မေတ္တာနဲ့ မိုးထားတဲ့ အရိပ်ကတော့ သိပ်ကို အေးမြပါတယ်။ ခွန်အားတွေလည်း မျှဝေပေးပါသေးတယ်။ မေတ္တာခြုံရင် လုံတယ်ဆိုသလိုပေါ့၊ မေတ္တာအရိပ်ဟာ အရာရာတိုင်းကိုလည်း လုံခြုံမှုပေးပါသေးတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားတွေရှိတဲ့နေရာတိုင်းမှာအရိပ်ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။
မေတ္တာအရိပ်ကို မိဘတွေနဲ့ သားသမီးတွေကြားမှာ ဖြစ်ပေါ်ပါတယ်။

သံဝေဂ

သံဝေဂ
------
သူ့ ကိုလည်း ငါမပိုင်
ငါ့ကိုလည်း သူမပိုင်
ဘယ်သူ့ ကိုမှ ဘယ်သူမပိုင်
ငါ့ကိုယ်သော်မှ ငါမပိုင်
အချိန်တိုင်က
သူဖြစ်ချင်သလို ဖြစ်
ငါဖြစ်ချင်သလို မဖြစ်
လူကသော်လည်း ဥစ္စာကိုပစ်
ဥစ္စာကသော်လည်း လူကိုပစ်

စင်စစ်မုချ
အမြဲအရှိ အနိစ္စ
ကြောက်စရာ ဒုက္ခ
အစိုးမရ အနတ္တ ပါတကား
ဒီပဲယင်း ဆရာတော်

အစစ်ဟာ အစစ်ပါပဲ

အတုတွေက
အစစ်တွေထက်
ပိုပြီး ပြောင်မြောက်နေပါကိုး

ဒါပေမဲ့ အစစ်ကတော့
အစစ်တွေပါပဲ
အတု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး


Thursday, October 9, 2014

သိစေဖို့ - ၁၀

 

ကိုးကားဖတ်ရှူသမျှ ပြန်လည်မျှဝေခြင်းသာ
 
လူတစ်ယောက်ဟာ ဗီဇကောင်းပြီး မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့  မိတဲ့အခါ ပျက်စီးသွားတတ်တယ်။ ဗီဇမကောင်းပေမယ့် ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ ထိလိုက်မိတဲ့ လူမျိုးကြတော့လည်း လောကမှာ သုံးစားလို့ ရသွားပြန်ရော။

ဒီဆိုလိုချက် နှစ်ခုမှာ ပူးပေါင်းဆောင်ရွက်ရတဲ့ အနှစ်သာရနှစ်မျိုးကို အားလုံးတွေ့ ရလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်းဆိုတာပါ။ မှားယွင်းတဲ့အပေါင်းသင်းမျိုးကို ရှောင်လိုက်ရင်ကို သူ့ အလိုလို ကောင်းတဲ့ အပေါင်းသင်း ရလာတာပါပဲ။
ဘယ်နေရာမှာပဲ နေနေ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်ကို လုပ်ဆောင်နေရင် လူကောင်းပဲ။

ဘာကြောင့် ဒေါသထွက်ကြတာလဲ

>> ဘာကြောင့် ဒေါသထွက်ကြတာလဲ <<

အကြောင်းတရားများအရ ဖြစ်ပေါ်လာသော အကျိုးတရား(များ)ကို နှစ်သက်ခြင်းမရှိသောအခါ၊ လက်ခံလိုခြင်းမရှိသောအခါ၊ စဉ်းစားတွေးတောမှု မပြုနိုင်သောအခါ၊ ကြောင်းကျိုးဆက်စပ်ဖြေရှင်းဖို့ စိတ်ခိုင်မာမှုမရှိသောအခါ၊ အမြင်ကျယ်မှုမရှိသောအခါ 
ဒေါသ(ပြစ်မှားခြင်း၊ မုန်းခြင်း၊ ဖျက်စီးလိုခြင်းစိတ်) ထွက်တတ်ကြပါတယ်။ 
ကြောက်စိတ်က ထိုသို့ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
စွဲလမ်းစိတ်က ကြောက်စိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
အသိဉာဏ်နုံနဲ့မှုက စွဲလမ်းစိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။

ပညာ
 
 
>> ဘာကြောင့် ဒေါသထွက်ကြတာလဲ <<

အကြောင်းတရားများအရ ဖြစ်ပေါ်လာသော အကျိုးတရား(များ)ကို နှစ်သက်ခြင်းမရှိသောအခါ၊ လက်ခံလိုခြင်းမရှိသောအခါ၊ စဉ်းစားတွေးတောမှု မပြုနိုင်သောအခါ၊ ကြောင်းကျိုးဆက်စပ်ဖြေရှင်းဖို့ စိတ်ခိုင်မာမှုမရှိသောအခါ၊ အမြင်ကျယ်မှုမရှိသောအခါ
ဒေါသ(ပြစ်မှားခြင်း၊ မုန်းခြင်း၊ ဖျက်စီးလိုခြင်းစိတ်) ထွက်တတ်ကြပါတယ်။
ကြောက်စိတ်က ထိုသို့ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။
စွဲလမ်းစိတ်က ကြောက်စိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။
အသိဉာဏ်နုံနဲ့မှုက စွဲလမ်းစိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။

ပညာ

Thursday, October 2, 2014

ရိုးသားမှုရှိပါစေ

နေရာလေးတွေလည်း လိုချင်ကြတယ်။ နာမည်လေးတွေလည်း ရချင်ကြတယ်။
ဒီတော့ နေရာရဖို့ ၊ နာမည်ကြီးဖို့ အတွက်ဆိုရင် လူတွေဟာ ဂုဏ်သိက္ခာဘယ်တော့မှမရှိကြတော့ဘူး။

အခွင့်အရေးကို ရိုးသားကြိုးစားမှုနဲ့ လုပ်မယူဘဲ၊ ဂုဏ်သိက္ခာနဲ့ လဲယူကြတော့
မခက်ပေဘူးလား။ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ နေရာဘယ်လောက်ရရ အထက်တန်စားစိတ်နဲ့ ဘ၀ကို မရပ်တည်သ၍ လူကအလကားပါပဲ။ 


လူအများရဲ့ရင်ထဲမှာ မိမိတို့ က ထာဝရရပ်တည်ချင်ရင် လူတွေရဲ့နှလုံးသားကိုညာပြီးဘယ်တော့မှမယူပါနဲ့ ။

လဲရင် ပြန်ထ ဒါတို့ဘဝ

အရှုံးသမားဆိုတာ လောကမှာလူတိုင်း ဒီနာမည်တပ်ခံရဖူးပါတယ်။
ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့ ။
တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့ တော့ ဘ၀ကို အဆုံးမခံကြနဲ့ ပေါ့။ 
ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။

ပထမတစ်ကြိမ်ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ်ပြီး ဒုတိယ ခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။ ကြိုးစားနေသ၍ အခွင့်အရေးဆိုတာလည်းရှိနေပါတယ်။

အလင်းတစ်စက်


Friday, July 18, 2014

ယင်ကောင် တိုက်ပွဲ

(ယင်ကောင် တိုက်ပွဲ)
Photo: (ယင်ကောင် တိုက်ပွဲ)

ဘာမှ မရှိတဲ့ 
အိတ်ကပ်ထဲမှာ 
ယင်တစ်ကောင်တောင် လာမနားဘူး 

ပြည့်လျှံနေတဲ့ 
အိတ်ကပ်ဘေးမှာတော့ 
ယင်ကောင်တွေ လာချင်လို့ 
ဝိုင်းနားနေကြဟန် 

ဟန်ဆောင် မျက်လုံးတွေနဲ့ 
သူတို့ ခိုနားဖို့ တစ်ကောင်နဲ့တစ်ကောင် 
လုယက် တိုက်ပွဲ ဝင်နေကြတယ် 

တစ်ချို့အကောင်တွေက 
အတောင်တွေ ကျိုးနေပြီ 
တစ်ချို့အကောင်တွေက ခြေလက်တွေ ထိခိုက်ကုန်နေပြီ 

ပြည့်လျှံနေတဲ့ အိတ်ကပ်ထဲ ဝင်နိုင်ဖို့
ပိုင်ဆိုင်ဖို့ အတ္တကိုယ်စီ ယှဉ်ပြိုင်နေတဲ့ကြားမှာ 

ဂျောင်တစ်ဂျောင်နားက ယင်ကောင်တစ်ကောင်ဟာ 
ဘာမှမရှိတဲ့ အိတ်ကပ်အတွင်းထဲ သွားပြီး
အိပ်စက်အနားယူနေသည် 

လေးစားလျက် (အန်လ်)
ဘာမှ မရှိတဲ့
အိတ်ကပ်ထဲမှာ
ယင်တစ်ကောင်တောင် လာမနားဘူး

  ပြည့်လျှံနေတဲ့
အိတ်ကပ်ဘေးမှာတော့
ယင်ကောင်တွေ လာချင်လို့
ဝိုင်းနားနေကြဟန်

Tuesday, June 3, 2014

( ပုံမသွင်းပါနဲ့)


သူများ မိုးခါးရေ သောက်ရင် ကိုယ်ကလဲ
မိုးခါးရေသောက်ရမယ်တဲ့
သူများ ရေလိုက် ငါးလိုက်နေရင်
ကိုယ်ကလည်း ရေလိုက် ငါးလိုက်နေရမယ်တဲ့

သူတို့ သူတို့တွေ သင်ပေးကြတယ်
သူတို့တွေ ကို သူတို့အထက်က သင်ပေးခဲ့တယ်

လက်ဆင့်ကမ်းအမွေဖြင့် ကျွန်တော်တို့ကို ထက်ကမ်းတယ်
ကျွန်တော်တို့ကလည်း နောက်ထက် လူငယ်တွေကို ထက်ကမ်းတယ် အဲ့လူငယ်တွေကလည်း နောက်ထက် မျိုးစပ်သစ်တွေကို ထက်ကမ်းတယ်

ဖြစ်ခြင်း

 Photo: ကလေးတစ်ယောက်ကို ချီဖို့ အချိန် (၆) လပဲရှိတယ် အဲ့နောက်ပိုင်း သူ့ဟာသူ တွားသွားလိမ့်မယ်

ကလေးတစ်ယောက်ကို ချီဖို့အချိန် (၁)နှစ်ပဲရှိတယ် အဲ့နောက်ပိုင်း သူ့ဟာသူ
လမ်းလျှောက်လိမ့်မယ်

ကလေးတစ်ယောက်ကို အချိန်ကြာကြာဖက်ဖို့ အချိန် (၂) နှစ်ပဲ ရှိတယ် အဲ့နောက်ပိုင်း သူတို့ကိုအချိန် အကြာကြီးအဖက်မခံတော့ဘူး

ကလေးတစ်ယောက်နဲ့ အိမ်မှာအချိန် တော်တော်ကြာကြာနေဖို့ အချိန် (၁၀)နှစ်
ပဲရှိတယ် အဲ့နောက်ပိုင်း သင်ထက်စာရင် သူတို့သူငယ်ချင်းနဲ့ပဲနေရတာ ပိုနှစ်သက်လိမ့်မယ်

ကလေးတစ်ယောက်ကို ၁၅နှစ်ထိပဲ ကိုယ်ဖိရင်ဖိဂရုစိုက်ပေးလို့ရမှာ အဲ့နောက်ပိုင်း သူတို့ကိုအရမ်း ဂရုစိုက်ရင် တင်းကျပ်တယ်ထင်ချင် ထင်နေလိမ့်မယ်

ကလေးတစ်ယောက်ကို နှစ်၂၀လောက်
ပဲ တွေ့ချင်တွေ့ရလိမ့်မယ် တချို့က အဝေးမှာ အိမ်ထောင်ကျပြီး ခွဲနေရသလို ကိုယ့်ရဲ့သက်တမ်းလဲ ရှိချင်မှရှိမယ် ဘယ်သူမှကြို မသိနိုင်ဘူး

မိသားစုရှိတဲ့သူတိုင်း ကိုယ့်မိသားစုကို အချိန်ပေးဖို့ မမေ့ပါနဲ့ လူ့ဘဝက အချိန်တိုတယ် ရှိတဲ့အချိန်လေးမှာ ပျော်ရွှင်စွာ နေနိုင်ကြပါစေ

Credit to-နှင်းဆီဖြူ
Credit to- Cartoon Kyaw Thu Yein
 
ကလေးတစ်ယောက်ကို ချီဖို့ အချိန် (၆) လပဲရှိတယ် အဲ့နောက်ပိုင်း သူ့ဟာသူ တွားသွားလိမ့်မယ်

ကလေးတစ်ယောက်ကို ချီဖို့အချိန် (၁)နှစ်ပဲရှိတယ် အဲ့နောက်ပိုင်း သူ့ဟာသူ
လမ်းလျှောက်လိမ့်မယ်

ကလေးတစ်ယောက်ကို အချိန်ကြာကြာဖက်ဖို့ အချိန် (၂) နှစ်ပဲ ရှိတယ် အဲ့နောက်ပိုင်း သူတို့ကိုအချိန် အကြာကြီးအဖက်မခံတော့ဘူး

ကလေးတစ်ယောက်နဲ့ အိမ်မှာအချိန် တော်တော်ကြာကြာနေဖို့ အချိန် (၁၀)နှစ်
ပဲရှိတယ် အဲ့နောက်ပိုင်း သင်ထက်စာရင် သူတို့သူငယ်ချင်းနဲ့ပဲနေရတာ ပိုနှစ်သက်လိမ့်မယ်

Tuesday, May 6, 2014

အိုမင်းသွားသောအခါ၌


(အိုမင်းသွားသောအခါ၌)

မိမိ ဘဝကို ချစ်ရင်
နာရီပေါ်က ပုံမှန် လည်ပတ်နေတဲ့ လက်တံလေးတွေကို
မြတ်နိုးထားရမယ်

အသက်ဆိုတာ အချိန်ပေါ်မှာပဲ
ရှေ့ဆက် ကြီးပြင်းလာတာ

နည်းနည်းကြီးလာလျှင်
နည်းနည်း အားစိုက်လာရလေပဲ

ပိုပြီး ကြီးလာလျှင်
ိပိုပြီး ဆင်ခြင် အားထုတ်ရလေပဲ

Tuesday, April 22, 2014

သာက်လိုက်ရတော့မလား

(သောက်လိုက်ရတော့မလား)

လိမ်နိုင်မှ သမာဓိ
ညာနိုင်မှ ပညာရှိ
ကြွားဝါမှ လူရိုး
ခေတ်ဆိုးထဲမှာ သစ္စာထားပြီး မေတ္တာပွားလည်း ဖြစ်လာမှာလားဗျာ။

အများနည်းတူ ခံယူ မိုးခါးရေ အတူတူသောက်လိုက်ရမလား
ဆုံးဖြတ်ပေးပါလား သိကြားမင်းရယ်။

အင်းမလှုပ် အဲမလှုပ် ကျောက်ရုပ်လို ငြိမ်မနေပါနဲ့
ဝရဇိန်လက်နက် ထက်နေအောင်သွေးပြီးဆို
လိမ်ပြီးစား ညာပြီးစား အကြံအဖန် လုပ်ပြီးသွားနေတဲ့

ဘုရားမကြိုက် နတ်မကြိုက် ဒုစရိုက် ကေါင်တွေကို ဖြိုရင်ဖြို မဖြိုရင်လည်း မိုးခါးရေဘဲသောက်ပါရစေတော့...

လေးစားလျက် ( N/Y)

Monday, March 24, 2014

ပလပ်ဖောင်း ပျိုးခင်း (ပညာဒါန ပြုသူများနှင့် ၀ိုင်းဝန်းကူညီိသူများ ပညာသင်ကြားမှု ခံယူသော သားငယ်/သမီးငယ်များအား) ဂုဏ်ယူကြောင်း


ပလပ်ဖောင်း ပျိုးခင်း

ပညာမသင်ရ ..
တစ်ချို့သော ကလေးလေးတွေဘဝ
အနာဂတ်လေး ကောင်းစားဖို့အရေး ..

ပလပ်ဖောင်းထပ် ပညာတွေ ဝေမျှ
သင်ကာ ပြတဲ့ ဆရာ/ဆရာမများ
မေတ္တာကြီးမားလှပါပေ .. ။

သားတို့ဘ၀ သမီးတို့ဘ၀လေး
ရည်မှန်းချက်လည်း သိပါပြီ
ပျော်စရာ ကမ္ဘာလေးလည်း ရှိလာပြီ..။

Friday, February 21, 2014

အလုပ်ဟူသမျှ....ဂုဏ်ရှိလှ

(အလုပ်ဟူသမျှ....ဂုဏ်ရှိလှ)
Photo: (အလုပ်ဟူသမျှ....ဂုဏ်ရှိလှ)

ချစ်ဘဝလေးထဲ 
ချစ်ရည်းစား ဘဝတောင် 
ချုပ်ချဲမှုလေးတွေ တိုးဝှေ့နေတာ 

လူကြီးမိဘတွေပြောသလို 
အိမ်ထောင်ကျတယ်ဆိုတာ 
ထောင်ကျတာထက်ကို စိုးပါလားပေါ့ 

အခုတော့ လုပ်ကိုင်စားသောက် နေထိုင်မှုကအစ 
ငါးမိနစ်တစ်ခါလည်း ဖုန်းလာတယ် 
ဆယ်မိနစ်တစ်ခါလည်း ဖုန်းလာတယ် 
မစားခင်လည်း ဖုန်းလာတယ် 
စာပီးတော့လည်း ဖုန်းလာတယ် 
အိပ်ချိန်ဆိုလည်း ဖုန်းလာတယ်
နိုးချိန်ဆိုလည်း ဖုန်းလာတယ် 

ဒီဂရုစိုက်မှုလေးတွေ ကျေနပ်စရာကောင်းပေမဲ့
တစ်ရက်ပီးတစ်ရက် အနေကြပ်လာတယ် ချစ်ရေ 

မုန်းတာလည်း မဟုတ်ပါဘူး
ညိုငြင်တာလည်း မဟုတ်ပါဘူး 

ချစ်သမျှလေးနဲ့ ဂရုစိုက်မှုလေးတွေကြောင့် 
ကိုယ့်ဘက်မှာ တာဝန်ပိုပိုကြီးလာသလား 

ညီးထွားနေတာမဟုတ်ပါဘူးအချစ် 
ဒီတာဝန်တွေကို အကောင်းဆုံးမထမ်းဆောင်နိုင်မှာ 
ကြောက်ကြောက်
ချစ်ဘဝလေးထဲ
ချစ်ရည်းစား ဘဝတောင်
ချုပ်ချဲမှုလေးတွေ တိုးဝှေ့နေတာ

လူကြီးမိဘတွေပြောသလို
အိမ်ထောင်ကျတယ်ဆိုတာ
ထောင်ကျတာထက်ကို စိုးပါလားပေါ့


အခုတော့ လုပ်ကိုင်စားသောက် နေထိုင်မှုကအစ
ငါးမိနစ်တစ်ခါလည်း ဖုန်းလာတယ်
ဆယ်မိနစ်တစ်ခါလည်း ဖုန်းလာတယ်
မစားခင်လည်း ဖုန်းလာတယ်
စာပီးတော့လည်း ဖုန်းလာတယ်
အိပ်ချိန်ဆိုလည်း ဖုန်းလာတယ်
နိုးချိန်ဆိုလည်း ဖုန်းလာတယ်

Wednesday, January 8, 2014

သူတို့လေးတွေကို ဘောင်မခက်ပါနဲ့

 

ငယ်တုန်းက စာသင်ကြားအချိန်မှာ ..
တစ်ခါတစ်ခါ ကျောင်းက စာကြည့်တိုက်တွေထဲ
သွားပြီးလေ့လာဖတ်ရှုရပါတယ်..

ဒါပင်မဲ့ ဆရာ/ဆရာမတွေက
သူတို့လေးတွေကို ရွှေသွေးနဲ့ မိုးသောက်ပန်းလောက်ပဲ ..
ပေးဖတ်တတ်ကြတယ်..

စာကြည့်တိုက်ထဲမှာ
ဟိုဟာ မကိုင်နဲ့ ဟိုနေရာမသွားရဆိုပြီး
တားမြစ်ချက်လေးတွေ နဲ့ပေါ့..

Monday, January 6, 2014

စိတ်ဝင်စားပါ

@ စိတ်ဝင်စားပါ @
Photo: @ စိတ်ဝင်စားပါ @ 

ကိုယ့်ကိုကိုယ်မှ စိတ်မဝင်စားရင်
သူများနဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ
ဒေါမပွနဲ့…

ကိုယ့်မိသားစုကိုမှ စိတ်မဝင်စားရင်
သူများမိသားစုနဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ
မျက်နှာမငယ် မသေးသိမ်နဲ့…

ကိုယ့်ရွာ/ရပ်ကွပ်ကိုမှစိတ်မဝင်စားရင်
သူများရွာ/ရပ်ကွပ်နဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ အမြတ်မထွက် ဒေါသမကြီးနဲ့…

ကိုယ့်ဘာသာ/လူမျိုးမှစိတ်မဝင်စားရင်
သူများဘာသာ/လူမျိုးနဲ့ယှဉ်တဲ့အခါ
နိမ့်ကျခါမှ စိတ်ဆိုးမာန်ဆိုး မကောင်းမကြံနဲ့…

ကိုယ့်နိုင်ငံ/တိုင်ပြည်ကိုမှစိတ်မဝင်စားရင်
သူများနိုင်ငံ/တိုင်းပြည်နဲ့ယှဉ်တဲ့အခါ
နိမ့်ကျခါမှ လက်သီးကိုဆုပ်
အံကိုကြိတ်လို့ နိုင်ငံသီချင်း 
အော်ကာမငြီးနဲ့…

ဒို့လူမျိုးတွေမညီညွတ်ခဲ့လို့
ဒို့လူငယ်တွေ နိုင်ငံအရေးစိတ်မဝင်စားလို့
နိုင်ငံအချင်းအချင်းယှဉ်ပြိုင်တဲ့အခါ
အရည်အချင်းပြည့်လည်းအနှိမ်ခံရတယ်
ကိုယ့်မြေပေါ်မှာ မထီမဲ့မြင်
အပြုခံရလို့ မျက်ရည်တွေလည်းကျခဲ့ရတယ်

ထလော့မြန်မာ အိုမြန်မာတို့
ထလော့လူငယ် ဒို့လူငယ်တွေ
နောင်တစ်ခေတ်မှာ ထင်ပေါ်ရဖို့
ဒို့နိုင်ငံရေး စိတ်ဝင်စားစို့…
ကိုယ့်ကိုကိုယ်မှ စိတ်မဝင်စားရင်
သူများနဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ
ဒေါမပွနဲ့…

ကိုယ့်မိသားစုကိုမှ စိတ်မဝင်စားရင်
သူများမိသားစုနဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ
မျက်နှာမငယ် မသေးသိမ်နဲ့…

ကိုယ့်ရွာ/ရပ်ကွပ်ကိုမှစိတ်မဝင်စားရင်
သူများရွာ/ရပ်ကွပ်နဲ့ယှဉ်တဲ့အခါ နိမ့်ကျခါမှ အမြတ်မထွက် ဒေါသမကြီးနဲ့…
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...