lable
- ကျန်းမာရေးသုတ
- ခံစားချက်
- ချစ်စံအိမ်ကဗျာ
- နည်းပညာ
- ပညာရေးသတင်း
- ရသ
- သတင်း
- သိစေဖို့
- ဟာသ
- အနုပညာ
- အတွေးရသ
- အထွေထွေ
- ရှေးမှူ စကားစုများ
♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Showing posts with label ရှေးမှူ စကားစုများ. Show all posts
Showing posts with label ရှေးမှူ စကားစုများ. Show all posts
Tuesday, January 1, 2013
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)
ဓားရေး ၃၇ ချင်း(စာဆို န၀ဒေး၏ လူးတားမှ)
စာဆို န၀ဒေး၏ လူးတားမှ -
၁။ဓားချီ
၂။ဓားခင်း
၃။ မျက်နှာကာ
၎။ ဓားလှ
၅။ ဓားလျှိုး
၆။ မှောက်ထိုးရပ်
၇။ ရင်ခွဲ
၈။အသားလှန်
၉။ ဓားခုတ်
၁၀။ ဇင်ယော်သုတ်
၁၁။ တဖက်ထိုး
၁၂။ ရှေ့လှည်း
၁၃။ နောက်လှည်း
ဆေးလိပ်လက်ဆောင်
ဆေးလိပ်လက်ဆောင် (မယ်ခွေ)
မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို၊
မီးမကူ၊ နေပူမှာ မတင်အားလို့
ထားရတယ်၊ အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား၊ ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ၀ါချည်ဖြူရက်ကယ်နှင့်
ငယ်ချစ်လင်၊ ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။
ပျဉ်းမငုတ်တို
ဖုထစ်ရွတ်တွ၊
ငှက်ဠင်းတသို့ 
ပျဉ်းမငုတ်တို၊
သက်ကြားအိုသည်
ကုန်းမိုထက်တွင်
တစ်ပင်တည်း။
ခွဆုံအကွေး၊
သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ
အိုင်းအမာသို့ 
ကျယ်စွာဟက်ပက်
ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး၊
မြေပတ်ကြားတွင်
စစ်သားခမောက်၊
ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။
ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
ပိုးစုန်းကြူး ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
တောင်ပံကွန့်မြူး၊
ပိုးစုန်းကြူး၊
အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊
ထွန်းလင်းခဲ့၊
မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊အိပ်နေပါ၊
ရောင်ဝါမပေါ်လွင်။
ထိုနည်းတူစွာ၊လူတို့မှာ၊
ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊အလုပ်ရှိ၊
လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊
အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။
လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ
လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ
ငါးအာရုံဘင်အစု၊
ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊
တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင်အဖျင်းပိုထက်သာပို။
Subscribe to:
Posts (Atom)
Comment ;
HTML Comment Box is loading comments...