လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, July 9, 2012

မျှမျှတတ လုပ်ကြပါ

  • ဘယ်ခြေတစ်ဖက်တည်း
  • ခုန်ဆွ ခုန်ဆွ လျှောက်ရင် ရယ်စ၇ာပဲ..။
  • ညာခြေတစ်ဖက်တည်း
  • ခုန်ဆွ ခုန်ဆွ လျှောက်ရင်လည်း
  • ရယ်စရာပဲ.။
  • ဘယ်တစ်လှမ်း ၊ ညာတစ်လှမ်း
  • အချိုးညီစွာ လမ်းလျှောက်ရသလို
  • အများအကျိုး ကိုယ်အကျိုး
  • မျှမျှတတ လုပ်ကြပါ..။

နားလည်လား

ဖေ့ဘုတ်မှ တစ်ဆင့် ပြန်လည် ကူး၍ တင်ပြလိုက်သည်.... ။ လေးစားလျက် (လမင်း)
 
ကောင်မလေး ။ ။ ငါက အရပ်လည်းမမြင့်ဘူး။ သူများတွေလို ခန္ဓာကိုယ်လဲ ကြည့်မကောင်ဘူး။
ကောင်လေး ။ ။ ငါလိုချင်တာ မော်ဒယ် တစ်ယောက်မှမဟုတ်တာ။
ကောင်မလေး ။ ။ ငါ လှလည်းမလှဘူး။
ကောင်လေး ။ ။ ငါလိုချင်တာ မင်းသမီး တစ်ယောက်မှ မဟုတ်တာ။
ကောင်မလေး ။ ။ ငါ ထမင်းဟင်းလည်း မချက်တတ်ဘူး။
ိကောင်လေး ။ ။ ငါလိုချင်တာ စားဖိုမှုးတစ်ယောက်မှ မဟုတ်တာ။
ကောင်မလေး ။ ။ ငါ ပညာအရည်အချင်းကလည်း သာမာန်ပဲ။
ကောင်လေး ။ ။ ငါလိုချင်တာ ပညာတတ်လွန်းနေတဲ့ မိန်းမတစ်ယောက်မှ မဟုတ်တာ။
ကောင်မလေး ။ ။ ဒါ ဆို နင်က ဘာကိုလိုချင်တာလဲ။
ကောင်လေး ။ ။ ငါလိုချင်တာ နင့် ကိုပဲ။ ဒါကိုနင်နားလည်လား။
 

မျှော်လင့်ခွင့် (အရင်တုန်းကအရာတွေလည်း အရင်တုန်းကလို မဟုတ်တော့ဘူး)

ငါချစ်တဲ့နင့်ကို
အမြဲတွေ့ချင်တာ
ငါ့အပြစ်လား(ဒါပေမယ့် တွေ့ခွင့်မရပါ)

ငါချစ်တဲ့နင်နဲ့
Phone အမြဲတမ်းပြောချင်တာ
ငါ့အပြစ်လား(ဒါပေမယ့် phone ပြောခွင့်မရပါ)

ငါချစ်တဲ့ နင့်ကို
သ၀န်တိုမိတာ
ငါ့အပြစ်လား(ဒါပေမယ့် နင်နဲ့ငါဘာမှမဆိုင်ပါ)

သင်းကွဲရဲ့ လွမ်းချင်းလင်္ကာ











မြို့ဟောင်းလေး တစ်မြို့ပါ
ဒါပေမဲ့
မင်းရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
အရာအားလုံး လှပနေပါတယ်.. .
အခုတော့ မင်းက
ဟိုးအဝေးမှာ

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...