လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, July 30, 2012

လူ့ဘ၀ခရီး ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှ

လူ့ဘ၀ခရီး ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှ၏ ဟုဆိုကြသည် ။ ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့် ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊ နည်းနည်းပါးပါးကြုံသူရှိမည် ။ ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။ သည်လိုပင် ကျွန်တော်တို့ နားလည်ထားကြပါသည် ။ သို့သော် နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။ကံကြမ္မာဆိုး ဟူသည်ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ ၌ကား …..ပရိဟေတ - ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲတဲ့ ။ချစ်သောသူ တစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ် ကွယ်ပျောက်သွားတဲ့ အခါ ၊အချိန်မတန်မီမှာ နှုတ်ဆက်သတိ မပေးပဲ ခွဲခွာပြေးသောအခါ ၊ နေ့လည်ကြောင် တောင်တောင် နေရောင်ကွယ် ပျောက်သလို ကျွန်တော်တို့ ဘ၀ မှောင်အတိ ကျရသည် ။တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ ကွယ်၍ မှောင်မိုက်လေသည်လား ၊

လောကဓံသည် ငါ့ကိုသာ သဲသဲမဲမဲ ရိုက်ပုတ်လေသည်လား ။ ငါသာဒုက္ခသတ္တ၀ါ ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။ ကျွန်တော်တို့အာရုံတွေသည် ငါထဲကမထွက်နိုင်တော့သနားစရာငါထဲက မထွက်နိုင်တော့ ။ သနားစရာ `ငါ´ကလေးအတွက်ကျွန်တော် တို့ကြေကွဲ မဆုံးနိုင်တော့ပါ ။ စင်စစ် ကျွန်တော်တို့ ချည်းသာမဟုတ်ပါ ။ပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊ နှလုံးသည်းပွတ်ကို ခွဲထုတ်ပေးလိုက်ရသလို ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။နံဘေးမှ ဖြတ်သန်းသွားသူတိုင်း ၏ မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီ ရေးထားသည်ကိုမြင်ရလိမ့်မည် ။ လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေ့ ရမည်လော ။ မဟုတ်ပါ ။ လောကဓံတရားဟုခေါ်သည့် လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။ ပစ္စည်း ဥစ္စာ ရခြင်း မရခြင်း ၊ အခြံအရံ ရှိခြင်း မရှိခြင်း ၊ ကဲ့ရဲ့ ခံရခြင်း ၊ချီးမွမ်း ခံရခြင်း ၊ ချမ်းသာခြင်း ဆင်းရဲခြင်း ။ အကောင်းလေးပါး ၊ အဆိုးလေးပါး ။လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။ လောကလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။

မိန်းမကို ချစ်ခြင်း



ခင်ဗျားက ခင်ဗျား မိန်းမကို အပြင်ပန်း စိုးမိုးရင်၊
အတွင်းကျကျမှာ
ခင်ဗျား တပ်မက်သူက ခင်ဗျားကို စိုးမိုးတာပါ။
ဒါလူရဲ့ သဘောသဘာဝပါပဲ။
တခြားတိရစ္ဆာန်တွေမှာ အချစ် မေတ္တာ မရှိဘူး၊
ဒါသူတို့ ယုတ်ညံ့တာကို ပြတယ်။
မိန်းမက ပညာရှိကို လွှမ်းမိုးတယ်၊
ပညာမဲ့က မိန်းမကို လွှမ်းမိုးတယ်၊
သူတို့မှာ တိရစ္ဆာန် ရိုင်းပြမှုက ပါရှိနေတာကိုးလို့
တမန်တော်က မိန့်တယ်။
အချစ်နဲ့ နူးညံ့မှုဟာ လူ စိတ်တွေ ဖြစ်တယ်။
အမျက်နဲ့ ရမက်က တိရစ္ဆာန်စိတ်တွေ ဖြစ်တယ်။

နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း လမ်းလျှောက်လျှင် ထိခိုက်ဒဏ်ရာရမှုပိုများ




အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုအရ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း အလုပ်သို့မဟုတ် ကျောင်းသို့ လမ်းလျှောက် သွားသူများတွင် မတော်တဆ ဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၂ဝဝ၄ ခုနှစ်ကထက် သုံးဆပိုတိုးလာကြောင်း တွေ့ရှိရသည်။ မေရီလင်းတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ i Pod နှင့် MP3များ အသုံးပြုခြင်းသည် ကား၊ ရထားများ တိုးတိုက်မိခြင်း အပါအဝင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု လျော့နည်းစေကြောင်း တွေ့ရသည်။ ''လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား MP3သုံးစွဲမှုဟာ များပြားလာပါတယ်။ နားကြပ်တပ်ထားတဲ့ သူတွေဟာ ယာဉ်တိုက်ခံရမှု ပိုများနိုင်ပြီး ဒဏ်ရာရ သေဆုံးမှု ပိုများတာကို တွေ့ခဲ့ရပါတယ်။ နားကြပ်တပ်ပြီး လမ်းလျှောက်တဲ့ သူတွေဟာကား၊ ရထား၊ ထရပ်ကား၊ ဘတ်စကား စတာတွေရဲ့ တိုက်မှုခံကြရပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ သေလောက်တဲ့ ဒဏ်ရာတွေရကြကာ ၅ဝရာခိုင်နှုန်းဟာ ရထားတိုက်ခံခဲ့ရတာကို တွေ့ရပါတယ်''ဟု တွဲဖက်ပါမောက္ခ ဒေါက်တာရစ်ချတ်လီချင်စတိန်း ကရှင်းပြခဲ့ပါသည်။

အသက်ကြီးသူများ ၀မ်းချုပ်ခြင်း သက်သာစေရန်




ဝမ်းချုပ်တာက သင်ထင်သလို အလွယ်တကူ ဖြေရှင်းဖို့တော့ မလွယ်ပါဘူး။ အူလှုပ်ရှားမှု နည်းတာနဲ့ အထိုင်များတာကြောင့် ၀မ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ၀မ်းချုပ်တာက ပိုအဖြစ်များတတ်ပါတယ်။ အသက်ကြီးချိန်မှာ ၀မ်းချုပ်တာက ဆေးဝါးသောက်သုံးရတာ၊ ခွဲစိတ်ကုသမှုခံယူရတာစတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာ၊ အရည် သောက်သုံးမှု နည်းတာတွေကြောင့်လည်း ၀မ်းချုပ်ရတတ်ပါတယ်။ ဒါကြောင့်ဝမ်းချုပ်တာ သက်သာစေဖို့ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ(အထူးသဖြင့် သစ်သီးခြောက်)၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ
(ဥပမာ- ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်)နဲ့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ ကွေကာတို့ကို စားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကလည်း ၀မ်းချုပ်တာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။
လေးစားလျက် (လမင်း)
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...