လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, January 6, 2014

မပြတ်သားသူနဲ့ အမှတ်မထားသူ


 

ဆရာမဖြစ်ချင်ပါနဲ့ စရာဖြစ်အောင်ကြိုးစားပါ

ပစ္စည်း ဥစ္စာဆိုတာ မမြဲသောအရာတွေပါ ..
ပုထုဇဉ် လူသားအများစုဟာ ..
ဂုဏ် ရာထူး ရွှေ ငွေ တွေပေါ်မှာ.. အလိုရမက်တွေ အရမ်းရှိကြတယ်..

ရင်ထဲက မေတ္တာစစ်ဟာ ..
ဒီဂရီ မရှိပါဘူး တိုင်းတာလို့ မရပါဘူး ..
ဘယ်ပေတံနဲ့ တိုင်းတာမလဲ .. မြင့်မိုရ်တောင်နဲ့ရော် ယှဉ်ဦးမလား .
နှိုင်းယှဉ်လို့မရပါဘူး .. ။

တစ်ဦးက မေတ္တာ
တစ်ဦးက စေတနာ ဆိုတာ အဓိကပါဘဲ..

စကား

◄ စကား ►

စကားစကား ပြောပါများတော့ ဆန္ဒစောတယ်..
စကားစကား ပြောပါများတော့ အမှားပါလာတတ်တယ်..
စကားစကား ပြောပါများတော့ လောဘ ဒေါသထွက်လာတယ်..
စကားစကား ပြောပါများတော့ တဖြည်းဖြည်း အတ္တဆန်လာတယ်..

မပြောခင်ထည်းက သေချာစဉ်းစားထားမှ တော်ရာချမယ်..။

လေ့လာအားနည်းတော့ မသိဘူးဖြစ်နေတဲ့အချိန်
နည်းနည်းသိလာတဲ့အခါကြတော့လဲ နည်းနည်းရှုပ်လာပြန်သည်..
များများသိလာတဲ့အခါကြရင်တော့ များများရှုပ်လာမလား ... ။

ဖြူစင်ကင်းတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်မီတယ်..
သီချင်းကိုတောင် ပြေးပီး သတိယ ..

Friday, January 3, 2014

အမတ်ကြီးသို့ပေး..စာ


(အမတ်ကြီးသို့ပေး..စာ)

အချစ်မရှိတဲ့ ..သူဟာ
အမြစ်မရှိတဲ့ သစ်ပင်ပမာ
ဘယ်လိုလုပ် ရှင်သန်ကြီးထွားနိုင်မှာလဲ..။

ရတနာကောင်း မှန်သမျှ
တွင်းနက်ကြီးတွေမှာ အောင်းနေတာပါ..
အပေါ်ယံ (ကျောက်စိမ်း ၊ စိန်)တွေထက်
အရောင်အဆင်း အရည်အသွေး ပိုပြည့်တာဧကန်..။


လွယ်လွယ်ကူကူနဲ့ ပင်ပန်းမခံဘူးဆိုရင် မရနိုင်ဘူး
မရထိုက်ဘူးမပြောဘူးနော်
ကြိုးစားရင် ကြိုးစားသလောက်ပေါ့...။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...