လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 13, 2015

မင်းသားသုံးပါး နဲ့  ပညာရှိအဖိုးအို

မင်းသားသုံးပါး နဲ့  ပညာရှိအဖိုးအို
xxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်နေသတဲ့။
သူ့ မှာ ဆိုးပေတဲ့ သားတော် သုံးပါလည်း ရှိပါသတဲ့။
ဘုရင်ကြီးက အသက်ကလည်း အိုမင်းလာတော့ သူ့ နေရာ ဆက်ခံမယ့် သားတော်ကို သေချာ ရွေးချယ်မှ ဖြစ်မယ်လို့ တွေးနေပါတယ်။


တစ်နေ့ တော့ ဘုရင်ကြီးဟာ သားတော် သုံးပါးကို ပညာရှိ အဖိုးအိုထံ ဆုံးမစေခြင်း အလိုငှာ စေလွှတ်လိုက်သတဲ့။ မင်းသား သုံးပါး လည်း ဖခင်ကြီးရဲ့ စကားကို မလွန်ဆန် ၀ံ့တာနဲ့  ပညာရှိ အဖိုးအိုထံ ခရီး နင်ခဲ့ကြတယ်။ ဒီလိုနဲ့ အဖိုးအို နေထိုင်တဲ့ ရွာလေးကို ရောက်လာခဲ့တယ်။

သိစေဖို့

သမိုင်းကြောင်းနဲ့ ပက်သတ်လို့  
လူငယ်တွေကို ပြောချင်တာက သမိုင်းကိုလေ့လာပြီး 
ဒီသမိုင်းထဲမှာ နစ်မျောနေဖို့ မဟုတ်ဘူးဆိုတာပဲ။ 

သမိုင်းဆိုတာ ကိုယ့်အလှည့်ကျ ဘယ်လိုကောင်းအောင် ဖန်တီးရမလည်းဆိုတာ သင်ခန်းစာယူဖို့ သာဖြစ်တယ်။

သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်၊ 

ကိုယ့်လူမျိုး ညံ့ခဲ့တာတွေပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။ 
ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်လို့  
ဆရာကြီးအောင်သင်းပြောတာလေး မှတ်သားဖူးတယ်။

သံသယအမြင်

ဂုဏ်တွေ အဆင့်တွေ
ရှိမူ မရှိမူတွေ သံသယအမြင်တွေ
အတူလောက်ကြနေတာမှ
သူထက် ငါက ပိုတယ် ဆိုတဲ့စိတ်တွေ
ငါ့ ရွှေ ငါ့ ပစ္စည်း ငါ့တကား ငါဆိုတော့
မိတ်ဆွေဆိုသည်မှာ
အပေးအယူ အပြန်အလှန် ဆိုတာတွေနဲ့
ပေါင်းသင်းဆက်ဆံ မိတ်ဆွေ ဖွဲ့နေကြတာဆိုတော့
အစစ်ဆိုတာ မြင်နိုင်ပါဦးမလား ။

ပြည့်စုံခြင်းမရှိ ရောင်ရဲခြင်းသာ ရှိသည်

ရ လို သော အရာ ကို
ရပြီးလျှင် ထိုအရာပေါ်၌
ရိုးသွား တတ်သော သဘော ရှိသောကြောင့်
အလိုဆန္ဒ ပြည့်ခြင်း၏ အနောက်၌
ငြီးငွေ့ခြင်းသည် လိုက်ပါလာသည်

စင်စစ် လူသည် အလိုမပြည့်နိုင်ခြင်း ။
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...