လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

အစိုးရဝန်ထမ်းများ လစာတိုးပေးရေး ဦးရွှေမန်း တင်ပြ

အစိုးရ၀န်ထမ်းများ လာဘ်ပေး၊ လာဘ်ယူမှု ပပျောက်ရေးအတွက် လစာတိုးမြှင့်ရေး အဆိုတရပ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်၌ ယမန်နေ့က တင်သွင်းရာ အတည်ပြုလိုက်ကြောင်း သိရသည်။

ဝန်ထမ်းများသည် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်းနှင့် အလှူငွေ ကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် အစိုးရက ဆောင်ရွက်ပေးမည့်အဆိုကို ဦးရွှေမန်းက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း (ဓာတ်ပုံ - AP)

ဦးရွှေမန်း၏ အဆိုသည် ၀န်ထမ်းများအတွက် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအကြို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အတွက် မဲဆွယ်စည်းရုံးမှုလည်း ဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “ဒီအချိန်မှာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ရော အစိုးရ အတွက်ပါ ရလဒ်ကောင်းထွက်ဖို့ အရေးအကြီးဆုံး အချိန်ဖြစ်နေတယ်။ ဒီတော့ လုပ်ရပ်ကောင်းတွေ လုပ်ပြချင်တယ်၊ အလုပ်နဲ့မဲဆွယ်တဲ့ သဘောပါ” ဟု ပြောသည်။

ပုဂ္ဂလိကဆရာများအသင်းချုပ် ဖွဲ့စည်းရန်စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁
 
ကျူရှင်ဆရာများ၊ ဘာသာရပ်သင်ဆရာများ၊ ကိုယ်ပိုင်သင်တန်းကျောင်းဆရာများဖြင့် ဖွဲ့စည်းမည့် မြန်မာနိုင်ငံပုဂလိကဆရာများအသင်းချုပ်ကို တရားဝင်ဖွဲ့စည်း တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းသွားမည့် မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ် သည် ဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဆရာဖြစ်လက်မှတ်များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ရှိဥက္ကဋ္ဌတာဝန်ယူထားသော ဒေါက်တာဘိုင်အိုက ပြောသည်။

ဇေကမ္ဘာ ဦးခင်ရွှေကို လယ်သမားများ တရားစွဲတော့မည်





 ဇေကမ္ဘာ ကုမ္ပဏီ ၏ ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်ရွှေကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ လယ်မြေ အသိမ်းခံထားရသော လယ်သမားများက တရားစွဲဆိုမည်ဟု သိရသည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)
လယ်မြေများအား သိမ်းယူခဲ့စဉ်က စပါးစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်းတို့ လုပ်ပိုင်ခွင့်ရခဲ့ကြောင်း၊ ယခုအခါ စိုက်ပျိုးခွင့် မပြုသည့်အပြင် လယ်မြေများမှ အပြီးအပိုင် ထွက်ခွာသွားရန် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ တရားစွဲဆိုရန် ပြင်ဆင် ရခြင်း ဖြစ်သည်ဟု လယ်ဧက ၅၀ အသိမ်းခံထားရသူ ဦးကျော်စိန် က ရှင်းပြသည်။

ဘွဲ့ရအထွေထွေလုပ်သားများ ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေးမည်

ရန်ကုန်၊ ဇန်န၀ါရီ-၃၁
 
ပညာရေးဝန်ကြီးဌာနမှ ခန့်အပ် ထားသည့် ဘွဲ့ရအထွေထွေလုပ်သားများအား မူလတန်းပြဆရာများအဖြစ် ခန့်ထားပေးရန် ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးကြူက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ခန့်ထားပြီးသော ဘွဲ့ရအထွေထွေ လုပ်သားများကို ဆရာအတတ် သင်ကျောင်းသို့ တက်ရောက်ခွင့် ရရှိစေပြီး မူလတန်းဆရာ၊ ဆရာမ အဖြစ် ပြောင်းလဲခန့်ထားနိုင်ပါက ၄င်းတို့ဘ၀ တက်လမ်းပွင့်လင်း လာမည်ဖြစ်ပါ၍  အသက်ကန့်သတ်ချက်နှင့် ကျောင်းဝင်ခွင့်စည်း မျဉ်းများ ပြင်ဆင်ချမှတ်ပေးသင့် ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အမျိုးသားလွှတ်တော်တွင် အဆို တင်သွင်းခဲ့သည်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...