လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်


ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။

(၁) ကြိုတင်ပြင်ဆင်ပါ အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်းလေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင်ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဥာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။

အမျိုးသားများအတွက် ရုံးတက် Fashion Style


အမျိုးသားအများစုအတွက် ရုံးတက်ရာမှာ ဖက်ရှင်ကျစေဖို့ ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းလေးတွေကို အကြံပြုလိုက်ပါတယ်။ လူပုံအလယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေကာ စမတ်ကျနေစေမယ့် ဝတ်စားဆင်ယင်မှု ပုံစံလေးတွေပဲဖြစ်ပါတယ်။ ခေတ်မီတဲ့ အမျိုးသားတိုင်းအတွက် အကြိုက်တွေ့စေမှာပါ။

ယူနီဖောင်းဝတ်ရသူဆိုရင်
အမျိုးသားတွေအတွက် ရုံးယူနီဖောင်းတွေမှာ ကုတ်အင်္ကျီကိုသာ ဆင်တူဝတ်စုံအဖြစ် ထားတတ်ကြပါတယ်။ ကုတ်အင်္ကျီမှာ အနက်နဲ့ အပြာကိုသာ သတ်မှတ်လေ့ရှိကြပါတယ်။ အနက်နဲ့ အပြာအတွက်အတွင်းက ဝတ်သင့်တဲ့ အင်္ကျီဟာအနက်နဲ့ ကာကီရောင်လိုင်းစင်းတွေ ဖြစ်သင့်ပါတယ်။ ဒါဆို စတိုင်ပန် ဘောင်းဘီအကျပ်လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

နက်ခတိုင်ရွေးမယ်ဆိုရင်
ဘယ်အဝတ်အစားအရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အပြာရောင်နက်ခတိုင်ကိုရွေးချယ်ပါ။ အပြာရောင်နက်ခတိုင်က ဘယ်လိုအဝတ်အစားအရောင်နဲ့ပဲ ဖြစ်စေ သဘာဝကျစေပါတယ်။

လွယ်အိတ်ထဲက ခဲတံ ၊ ဘောပင် ၊ ပေတံ ၊ စာအုပ် လေး

ချစ်သူ 

မင်းငယ်ငယ်တုန်းက
ခုန်ပေါက်ရင်း ဒို့အတူ ပြေးလွှာသွားတဲ့
ကျောင်းကြီးနဲ့အတူ
မင်းကိုတိုင် လွယ်ထားတဲ့
လွယ်အိတ်လေးထဲက
ဘောပင် ၊ ခဲတံ ၊ ပေတံ ၊ စာအုပ် ဘ၀လေး..
ငါရချင်နေခဲ့တာ
ငါ့မျှော်လင့်ချက် ကမ္ဘာလေးပါ

ငယ်ကချစ် ကြီးမှ နှစ်တစ်ရာလို့
စကားတွေရှိသောလည်း
မင်းရဲ့ ပြောင်းလဲ မြန်ဆန်လွန်းလှတဲ့
စိတ်တွေကို ငါအံ့သြတယ် ချစ်သူ..


အယူအဆ

ဤလမ်းဟောင်းက သွားပါက
အဘယ်သို့သော ခရီးနည်း...
အလျင်လို၍ လမ်းအိုလိုက်ခြင်း
အလျင်လို၍ ဤလမ်းကိုလျှောက်ခြင်း
လမ်းကြမ်း၏ အနားသတ်သည်...

(က) ဥယျာဉ် တစ်ခု
(ခ ) ဖုန်းဆိုးမြေတစ်ခု
(သင်ကြိုက်နှစ်သက်ရာတစ်ခုရွေးပါ.။)

ဘ၀ မှန်လျှင် မဖြောင့်ဖြူး ဟုဆိုပါက
ဖြောင့်ဖြူးညင်သာခြင်းသည် ... ဖြစ်သည်
အမှန်နှင့်အမှားရွေးခြင်းသည်
စာရွက်ပေါ်တွင် လွယ်သလောက်
ဘ၀ပေါ်တွင် ခက်ခဲသည်.။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...