လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

ကျွန်းခံခြင်း

သံသရာတစ်လျောက်မှာ
အဖန်တစ်ရာ သေလောက်တဲ့ ဒဏ်ရာတွေနဲ့
လူငယ်တစ်ယောက် လမ်းတွေ ပျောက်ရှခဲ့ရ...ပြီ
သူရဲ့ .. ဘ၀ သူ့ရဲ့ ... အလှ
သူရဲ့ .. အလင်း သူ့ရဲ့ ... နံနင်ခင်းတွေလည်း
ဘာတစ်ခုမှ လင်းလင်းထင်းထင်း မရှိတော့ဘူး...

သူ့ရဲ့ နှလုံးသားထဲမှာတော့

သူ့ရဲ့ အချစ်က .. သူ့ ဘဝ
သူ့ရဲ့ အချစ်က .. သူ့ အလှ
သူ့ရဲ့ အချစ်က .. သူ့ အလင်း
သူ့ရဲ့ အချစ်က .. သူ့နံနက်ခင်းလို့
ထင်မှတ်ခဲ့ပေမယ့် ...

အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်

အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
မျှော်လင့်ချက်မဲ့တဲ့ အတွေးတစ်ခွက်
မော်ဒန် သကြားနှစ်ဇွန်းခတ်လို့
ဇိမ်ရှိရှိ သောက်သုံးချင်ပေမဲ့
ရည်ရွယ်ရာမဲ့တဲ့ ဘဝခြေလှမ်းတွေအောက်က
သဲသောင်ပြင်ထက် လောင်ချမိသလို
အဓိပ္ပာယ်မဲ့လို့ ပန်းတိုင်ပျက်သုဉ်းနေဆဲ...။

ဒါဟာ...
ဘဝအတွက် လျှောက်လှမ်းသော
ခြေလှမ်းအစ အသက်မဝင်လှတဲ့ အပြုံးနဲ့
ဟန်လုပ်သရုပ်ဖော်တဲ့ တဒင်္ဂတွေမို့
ပြီတော့လည်း ပြီသွားတာပဲ
ဘယ်သွားဘယ်လာ ခြေလှမ်းသာ ထင်ကျန်ခဲ့
အရာမရောက်တဲ့ ငါ့အတွက်တော့
လေလွင့်ငှက်တကောင်လို ပန်းတိုင်ပျောက်ဆုံးနေဆဲ...။

ဆိုဒ်ကြီး ဂိုက်ကြီး ဘော်ဒီများအတွက် ဖက်ရှင်

ကိုယ့်ရဲ့ ဖက်ရှင်ကို ဘယ်လိုဆင်မလဲ ဆိုတာ ထိုင်မစဉ်းစားခင် ကိုယ့်ရဲ့ ဘော်ဒီ အနေအထားကို ကောင်းစွာ သိနေဖို့ဟာ လွန်စွာအရေးကြီးလှတဲ့ အချက်ဖြစ်ပါတယ်။

ဆိုဒ်ကြီးခြင်းဆိုသည်မှာ

ကိုယ်ထည်အရိုးအဆစ်ကြီးမားတဲ့ ခန္ဓာကိုယ် ပိုင်ရှင်တွေဟာ အမျိုးအစား အတော်လေး ကွဲပြားလှပါတယ်။ အရပ်ရှည်ရှည်နဲ့ မြင့်မားထောင်မောင်းတဲ့ စိုးမြတ်သူဇာလိုမျိုး၊ ဝဝပုပုနဲ့ ကိုယ်ထည်ဆိုဒ်ကြီးတာက တစ်မျိုး၊ ဗလတောင့်တောင့်နဲ့ကတစ်မျိုး စသဖြင့် အမျိုးအစားက အတော်လေးကွဲပြားပါတယ်။ ယေဘုယျအားဖြင့် မိမိကိုယ်ကို ဆိုဒ်ကြီးထဲကမှန်း ဘယ်လိုသိနိုင်သလဲဆိုရင် သာမန်ဆိုဒ်ထက် ကြီးတယ်ဆိုရင် ဆိုဒ်ကြီးထဲကလို့ ယူဆရမှာ ဖြစ်ပါတယ်။
ဘယ်ဘော်ဒီအမျိုးအစားပဲဖြစ်ဖြစ် အဝတ်အစား ဝယ်ယူတဲ့နေရာမှာ ဒီဇိုင်း၊ အဆင်လှတာထက် ကိုယ်တိုင်းကျဖို့ကို အရင်ဆုံး ဦးစားပေးထားပြီး ရွေးချယ်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းဟာ အထူးသဖြင့် ဆိုဒ်ကြီးတဲ့လူတွေအတွက် ပိုပြီးတော့ သင့်တော်ပါတယ်။

လှပတဲ့ သတို့သမီးလေးဖြစ်စေဖို့

မင်္ဂလာဆောင်မဲ့ သတို့သမီးများအတွက် ထိန်းသိမ်းနည်းတွေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဖော်ပြလိုက်ပါတယ်။

လက်သည်း
လက်သည်းအလှအတွက် မင်္ဂလာပွဲ မတိုင်ခင်တစ်ရက် အလိုလောက်မှ အလှပြင်၊ ညှပ်တာပိုပြီး လတ်ဆတ် လှပစေပါတယ်။ နောက်တစ်ချက်က လက်သည်းအရောင် ဆိုးတဲ့အခါ အရောင်တောက်တောက်တွေ ရှောင်ရှားပေးပါ။

အသားအရေထိန်းသိမ်းဖို့
တစ်နေ့ကို လိမ္မော်သီး ၃-၄ လုံးလောက်စားသုံးပေးပါ။ ကျန်းမာပြီး ရွှမ်းစိုတဲ့ အသားအရေ ရဖို့အတွက် ဗီတာမင်စီဟာ မရှိမဖြစ်လိုအပ်ပါတယ်။
မနက်နဲ့ညတစ်ကြိမ်စီ Cleanser, Mositurzer တို့ သုံးပေးပါ။ မနက်ပိုင်းမှာ Cleanser သုံးပြီး ညပိုင်းမှာ မိတ်ကပ်ဖျက်တဲ့ဟာနဲ့ ပြန်ဖျက်ဖို့ မမေ့ပါနဲ့။
နေပူထဲမထွက်ခင် မိနစ်နှစ်ဆယ် အလိုလောက်ကစပြီး နေရာင်ကာ ခရင်မ်လိမ်းပေးပါ။ ထီးဆောင်းပါ။
ဗြူတီပါလာ သွားလေ့ရှိတယ်ဆိုရင် တစ်လတစ်ကြိမ်သွားပြီး မျက်နှာကို ပေါင်းတင်ပေးပါ။
နေ့စဉ်မိနစ်နှစ်ဆယ်ခန့် ကာယလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးပါ။ ဝက်ခြံနဲ့ ကြာဆူး တွေဟာ စိတ်ဖိစီးမှုကြောင့်လည်း ထွက်လေ့ရှိပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။ မင်္ဂလာပွဲမတိုင်ခင် လေးငါးရက်အလိုကတည်းက မျက်နှာကို ပေါင်းတင်ထားရင် ပိုအဆင်ပြေပါတယ်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...