လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

♥ ( အချစ်ဆိုတာ ) ♥

အချစ်ဆိုတာ...
အမြဲတမ်း စိတ်ရှည် သည်းခံ ကြင်နာတယ်..။
ဘယ်တော့မှ မနာလိုမဖြစ်ဘူး..။
မရိုင်းစိုင်းဘူး
တစ်ကိုယ်ကောင်း မဆန်ဘူး..။
မစော်ကားဘူး ၊ ဒေါသမဖြစ်ဘူး

အချစ်က....
ခွင့်လွှတ်ဖို့ ယုံကြည်ဖို့ မျှော်လင့်ဖို့
ဘာပဲ ဖြစ်လာဖြစ်လာ ခံနိုင်ရည်ရှိဖို့
အမြဲတမ်း အဆင်သင့်ဖြစ်နေလေရဲ့..။


တစ်ထောင့်တစ်နေရာက (လမင်း)

** ငါ့ အချစ်တွေပေါ့မှာကြောက်လို့ ဆားခပ်ပေးပါ..**♥


Dynamo ရေပေါ်လမ်းလျှောက်တာလောက်တော့
ထိုင်ပါ ငိုသွားမယ်..
ငါက ရေပေါ်မှာ ထိုင်ပါချထားတာ..
နင် မအံ့သြဘူးလား.. မေးချင်တယ်...။

နင့်အတွက်ဆို အရာအားလုံး ငါပြောရဲတယ်..
ကျန်စစ်သားသာ ရှိနေရင် သူနဲ့အတူ စစ်ကစားပြအုန်းမယ်..
အနော်ရထားရှိအုန်းမယ်ဆို.. ထီးနန်းတွေကို အပြိုင်လုအုန်းမယ်.


နင်ယုံကြည်မှလည်း ယုံကြည်ပေါ့..
ငါက နင့်အတွက် ငါပေးအပ်နိုင်တဲ့ .. သတ္တိလို့ ပြောလို့ရတယ်..

♥-- စောင့်ကြိုလျက်ရှိပါစေ..♥

နှလုံးသားဝေဒနာ
အတိတ်မှာသာ ရှိခဲ့ရင်
ကန့်လန့်ကာချဆီးတား
ပြီးဆုံးသွားပါစေတော့လေ..။

အနာဂတ်အချစ်အတွက်
အနှောင့်အယှက် မဖြစ်ပါစေနဲ့

အသစ်အသစ် .... အချစ်တွေ
အပြစ်ကင်းမဲ့စွာ လာလို့နေ
စောင့်ကြိုလျက်ရှိပါစေ..။

တစ်ထောင့်တစ်နေရာက (လ♥မင်း)

(အမှန် / အမှား ) = ပုထုဇဉ်

အရှုံးမပေးချင်တဲ့ စကားလုံးတွေနဲ့
သုံးနှုန်းပြီး ကျွန်တော်ရေးပြခြင်သေးတယ်...

အမှန်တွေလား အမှားတွေလား
ရောယှက်နေတဲ့ ဘ၀မှာ အမှန်အမှားကို
မကွဲခြားနိုင်လို့ အသုံးမကြတဲ့ ကောင်ဖြစ်ရတယ်.. ။


ပုထုဇဉ်ပါလို့ ပြောကြတယ်
မှားတဲ့အခါလဲ မှားပါစေတော့
မှန်တဲ့အခါလဲ မှန်ပါစေတော့
လူဆိုတာ အမှားမကင်းနိုင်ကြပါဘူး...။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...