\_/ာ.. အရက်တစ်ခွက်နှင့် အချစ်.....♥♥
အရောင်အသွေး မပြည့်စုံတဲ့
ညဉ်းနက်ခေါင်လယ်မှာတော့
ကြယ်ရောင်တွေက ငါ့အတွက် သက်သေပေါ့
နင့်ကို သတိယတိုင်းလည်း
ငါ... မတတ်တစ်ခေါက် ကဗျာကယာတွေရေးမိတယ်..။
နင့်..အမြင်မှာ ငါ..ဟာ တန်ဖိုးနည်းပြီး
ဂရုစိုက်မှုမရှိတဲ့ကောင်လို့ နင်ထင်ပင်မဲ့ ..
နင့်ရဲ့ ဆန့်ကျင်ဘက် အတွေးမှာရှိတဲ့ ငါဟာ...
ငါ့အသက်ထက် နင့်ကို တန်ဖိုးထားနေသူပါ
♥--*- နှလုံးသား တစ်စုံ ရှိခဲ့သည်-*--♥
ဟော်...
ကျွန်တော်သိပြီ...
ကမ္ဘာဦးအစထည်းက အဖို နှင့် အမ ချပေးထားတာ ...
ထီးကျန်မှု့ကို မလိုလားလို့ပဲ... ။
ဒါကြောင့် လူတွေဟာ.. တစ်ယောက်ထည်းနေဖို့ဆိုတာ .. မဖြစ်နိုင်ဘူး ..
တစ်ယောက်ထည်း နေထိုင်မယ်ဆိုရင် .. ကြာလာလေလေ .. ရူးရူး ပေါပေါကြီး ..
ဖြစ်လာနိုင်လေပဲ... ။
(အိမ်မက်)
တတ်ကျွမ်းသမျှလေးနဲ့ ..
ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း...
လျှောက်လာခဲ့တာ ...
အရှေ့ကမ်းစပ်နားက စပြီး ..
တံတားမရှိတော့ .. ခြေလှမ်းတွေ ရပ်တန့်လိုက်ရတယ်..
တွေးတော်ပြီး ကြံကာစနေပါတယ်..
ပျံသန်းဖို့အတွက်. .. ဘာတွေလိုအပ်မလည်း ..
ဟိုဘက်ကမ်းက လက်ယက်ခေါ်နေတဲ့ ..
အိမ်မက်တွေဆီကို ... အမြန်ရောက်ချင်ပင်မဲ့ ..
ဒီနေရာမှာ.. ခြေလှမ်းတွေ ရှေ့မဆက်နိုင်သေးတာ ..
အခုချိန်ထိပါ... ။ ....
(အန်လ်အယ်လ်အေ)ရဲ့ အိမ်မက်တွေကို တကယ်ဖြစ်ခွင့်ရချင်နေပါပြီ..။
9/5/13
3
စိတ်မကောင်း မဖြစ်ပါနဲ့ သည်းရေ...ဆိုပြီး...
နင့်..ခေါင်းလေးကို ကိုင်ပြီး ချော့တေးလေး ပြောနေပင်မဲ့ ..
နင့်.. မျက်ရည်ကျတိုင်း .. ငါ့..ရင်မှာ ..၀မ်းနည်းနေတယ်.. ။
ဒါဟာ .. ငါတို့နှစ်ဦးကြားမှာ မသိမသာ ကိန်းအောင်းနေတဲ့ ...
အချစ်တွေလို့ ... ငါပြောရတော့မယ်.. ထင်တယ်.. ။
(အန်လ်)