လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, August 13, 2013

(ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ)

(ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ)

ကျွန်တော် ဘာရေးရမလဲ
သမိုင်းကြောင်းလဲမမှီ
နိုင်ငံကို တိုးတက်အောင် ကြိုးစားနေတာ ဘာတွေလဲ 


၈၈ အရေးခင်းတောင် မမှီပဲ နောက်ပိုင်း မွေးလာတဲ့ ကလေးတွေက ဘယ်သူကို ဖအေ ခေါ်ရမလဲ 
ဘာမှလဲမသိ သိတဲ့သူတွေကလဲ မင်းတို့လူုငယ်တွေပဲ ကြိုးစားပါတဲ့ တော်တော်ကို ရှုံးတာပဲ 
ပုံစံခွက်ကြီးထဲမှာ ကျွန်တော်တို့ လူငယ်တွေ ရိုက်သွင်းခံထားရတာပဲ 

နိုင်ငံရေးလဲမသိ ဘာသာရေးလဲ ကောင်းကောင်းမသိတဲ့ 
ဒီခေတ် လူငယ်တွေ အပြစ်တင်မှာ မင်းတို့တွေ ကြိုးစားပါတဲ့ ရယ်တောင်ချင်တယ် 
သူတို့တွေ ခေတ်တုန်း ကတည်းက သိပီး ရေလိုက်ငါးလိုက်နေတာကို အပြစ်မြင် စေချင်တယ် 

ကျွန်တော်တို့ အခုလူငယ်တွေကို လုပ်ဆန်းပါ ကြိုးစားဆန်းပါ ဒါဆိုရင်မေးချင်ပါတယ် 
သမိုင်းမှီတဲ့လူကြီးတွေ မှားမှန်သိရဲ့နဲ့ ဦးလေးတို့က ဘာကြောင့်မလုပ်ခဲ့တာလဲ 
အခုအနေအထားရ စဉ်စားရမယ်ဆို သိရင်တောင် လုပ်ပိုင်ခွင့်ဆိုတာ မရှိသေး တာပဲ 

အများကြီး သိချင်ပေးမဲ့ အခုခေတ်လူငယ်တွေ ကျိန်းသေတာက ပုံစံခွက်ကြီးထဲမှာ အရိုက်ခံနေရတာပဲ အခုမွေးဖွားလာတဲ့ ကလေးလေးတွေက ဥာဏ်ကောင်းပါတယ် စိုးတာက သမိုင်းကြောင်းတွေကို မသိသေးတာပဲ 

လူကြီးတွေက လူကြီးပေါင်းစုံ မှန်တာတွေပဲ ကြားနေရတော့ ဘယ်သူ့ကို ဖအေ ခေါ်ရမလဲ အခုတော့ ကျွန်တော်တို့လဲ ပုံစံ ခွက်ထဲကအတိုင် ဖြစ်ရတော့မှာလား အမှန် အမှားက သိသိသာသာ ကွဲပြားပါတယ် ဆောက်သုံးမကျတာက သိသိရဲ့နဲ့ လုပ်ထုံးလုပ်နည်းအတိုင် လုပ်နေသေးတာပဲ ဘာမှမသိသေးသော 

လူငယ်တွေအတွက် (အန်လ်အယ်လ်အေ)

လောကနဲ့ သင်

◄ လောကနဲ့ သင် ►

Photo: ◄ လောကနဲ့ သင် ►

တလောကလုံး မင်းကို မုန်းနေလဲ .. 
မင်းကတော့  ပြုံးနေဖို့လိုတယ်.. 

လူတွေအကုန်လုံးကတော့ မင်းကို ဘယ်ချစ်မလဲ .. 
မင်းကတော့ ပြုံးမြဲတိုင်း ပြုံး

အမုန်းတွေကို ချည်နှောင်မထားနဲ့ .. 
အထုံးတွေကို ဖြေပါ..  ။ 

လောကနဲ့ သင် 
သင်နဲ့ လောက တစ်သားတည်းကျဖို့တော့ မစဉ်းစားနဲ့ 
အားလုံးဟာ သူ့အပူနဲ့ သူ 

လေးစားလျက်(အန်လ်အယ်လ်အေ)

တလောကလုံး မင်းကို မုန်းနေလဲ ..
မင်းကတော့ ပြုံးနေဖို့လိုတယ်..

လူတွေအကုန်လုံးကတော့ မင်းကို ဘယ်ချစ်မလဲ ..
မင်းကတော့ ပြုံးမြဲတိုင်း ပြုံး

အမုန်းတွေကို ချည်နှောင်မထားနဲ့ ..
အထုံးတွေကို ဖြေပါ.. ။

လောကနဲ့ သင်
သင်နဲ့ လောက တစ်သားတည်းကျဖို့တော့ မစဉ်းစားနဲ့
အားလုံးဟာ သူ့အပူနဲ့ သူ

လေးစားလျက်(အန်လ်အယ်လ်အေ)

နေရာတစ်ခု

◄ နေရာတစ်ခု ►

Photo: ◄ နေရာတစ်ခု ►

တကယ်တော့ လူငယ်တွေဟာ .. 
ပန်းကလေးတွေလိုပါပဲ . .. 

ဖူးချိန်တန်မှာ ဖူးတယ် .. 
ပွင့်ချိန်တန်မှာ ပွင့်ပြီး ... ခွန်အားရှိသလောက်

ကောင်းကင်ကြီးကို မျက်နှာချင်းဆိုင်.. ရင်ဆိုင်ပြီး
အမြင့်ကိုတက်နေချိန်မှာပဲ ... မြေပေါ်ကို ပြန်ကာ ကြွေချခံလိုက်ရတယ်.. ။ 

တစ်ချို့ အနည်းစု ပန်းကလေးတွေကတော့ ကောင်းကင်ကြီးကို လက်လှမ်းမှီသွားခဲ့ပြီး .. 
အများစုကတော့ နောက်ဆုံး မိမိရဲ့ ဇာတိ မြေပေါ်မှာပဲ .. နိဂုံးချုပ်သွားခဲ့ရတယ်..။

(လေးစားလျက်) အန်လ်အယ်လ်အေ
တကယ်တော့ လူငယ်တွေဟာ ..
ပန်းကလေးတွေလိုပါပဲ . ..

ဖူးချိန်တန်မှာ ဖူးတယ် ..
ပွင့်ချိန်တန်မှာ ပွင့်ပြီး ... ခွန်အားရှိသလောက်

ကောင်းကင်ကြီးကို မျက်နှာချင်းဆိုင်.. ရင်ဆိုင်ပြီး
အမြင့်ကိုတက်နေချိန်မှာပဲ ... မြေပေါ်ကို ပြန်ကာ ကြွေချခံလိုက်ရတယ်.. ။

တစ်ချို့ အနည်းစု ပန်းကလေးတွေကတော့ ကောင်းကင်ကြီးကို လက်လှမ်းမှီသွားခဲ့ပြီး ..
အများစုကတော့ နောက်ဆုံး မိမိရဲ့ ဇာတိ မြေပေါ်မှာပဲ .. နိဂုံးချုပ်သွားခဲ့ရတယ်..။

(လေးစားလျက်) အန်လ်အယ်လ်အေ

Saturday, June 1, 2013

► ၀င်ခဲ့လေကွယ် . . .◄


► ၀င်ခဲ့လေကွယ် . . .◄

လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။

“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်မှာ အခြေခံပါရဲ့။

သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...