လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 21, 2014

အလုပ်ဟူသမျှ....ဂုဏ်ရှိလှ

(အလုပ်ဟူသမျှ....ဂုဏ်ရှိလှ)
Photo: (အလုပ်ဟူသမျှ....ဂုဏ်ရှိလှ)

ချစ်ဘဝလေးထဲ 
ချစ်ရည်းစား ဘဝတောင် 
ချုပ်ချဲမှုလေးတွေ တိုးဝှေ့နေတာ 

လူကြီးမိဘတွေပြောသလို 
အိမ်ထောင်ကျတယ်ဆိုတာ 
ထောင်ကျတာထက်ကို စိုးပါလားပေါ့ 

အခုတော့ လုပ်ကိုင်စားသောက် နေထိုင်မှုကအစ 
ငါးမိနစ်တစ်ခါလည်း ဖုန်းလာတယ် 
ဆယ်မိနစ်တစ်ခါလည်း ဖုန်းလာတယ် 
မစားခင်လည်း ဖုန်းလာတယ် 
စာပီးတော့လည်း ဖုန်းလာတယ် 
အိပ်ချိန်ဆိုလည်း ဖုန်းလာတယ်
နိုးချိန်ဆိုလည်း ဖုန်းလာတယ် 

ဒီဂရုစိုက်မှုလေးတွေ ကျေနပ်စရာကောင်းပေမဲ့
တစ်ရက်ပီးတစ်ရက် အနေကြပ်လာတယ် ချစ်ရေ 

မုန်းတာလည်း မဟုတ်ပါဘူး
ညိုငြင်တာလည်း မဟုတ်ပါဘူး 

ချစ်သမျှလေးနဲ့ ဂရုစိုက်မှုလေးတွေကြောင့် 
ကိုယ့်ဘက်မှာ တာဝန်ပိုပိုကြီးလာသလား 

ညီးထွားနေတာမဟုတ်ပါဘူးအချစ် 
ဒီတာဝန်တွေကို အကောင်းဆုံးမထမ်းဆောင်နိုင်မှာ 
ကြောက်ကြောက်
ချစ်ဘဝလေးထဲ
ချစ်ရည်းစား ဘဝတောင်
ချုပ်ချဲမှုလေးတွေ တိုးဝှေ့နေတာ

လူကြီးမိဘတွေပြောသလို
အိမ်ထောင်ကျတယ်ဆိုတာ
ထောင်ကျတာထက်ကို စိုးပါလားပေါ့


အခုတော့ လုပ်ကိုင်စားသောက် နေထိုင်မှုကအစ
ငါးမိနစ်တစ်ခါလည်း ဖုန်းလာတယ်
ဆယ်မိနစ်တစ်ခါလည်း ဖုန်းလာတယ်
မစားခင်လည်း ဖုန်းလာတယ်
စာပီးတော့လည်း ဖုန်းလာတယ်
အိပ်ချိန်ဆိုလည်း ဖုန်းလာတယ်
နိုးချိန်ဆိုလည်း ဖုန်းလာတယ်

လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း

(လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း)

မနက်ခင်းအလင်းနှင့်အတူ
ကျွန်တော့် ဘဝနေ့သစ်လေး စပီ
နောက်အရက်ဆိုတာ မရှိပါဘူး
ယခုအချိန်ကိုသာ အားကျ လုပ်ကိုင်နေသူပါ

ဘာကိုမှလည်း မမျှော်လင့်ဘူး
ဘာအတွက်မှလည်း တောင်းတပီး မရှင်သန်ဘူး
ယနေ့အချိန်ကိုသာ အကောင်းဆုံး နေထိုင် ဖြတ်သန်းသူ


မနက်ဖြန်ဆိုတာကို လွမ်းမနေတော့ပါဘူး
နေ့မြင် ညပျောက် လောကင်္ကြီးမှာ
အမှောင်ထုကြီးက ပိုပီး ပိုင်ဆိုင်မှုများပါတယ်
ယခုအချိန်ကိုသာ တတ်သိပညာ တတ်နိုင်သည့် ခွန်အား သိလိုရာ တတ်လိုရာ နည်းပညာများနှင့်တကွ
နည်းသည်ဖြစ် များသည်ဖြစ်စေ ကူညီဖေးမ ပြန်လည်မျှဝေရင်း စီးဆင်းမည်

အားလုံးကိုလေးစားလျက် (အန်လ်)

ပစ်တိုင်းထောင်

Photo: *** ပစ်တိုင်းထောင် ***

ပစ်တိုင်းထောင်လေး ပုတိုတို
မျက်နှာ ပြုံးချိုချို
ပစ်ချင်သလို ပစ်လို့ချ
ကျရာ ထောင်လို့ထ။

သူ့ဘ၀နှင့် သူ့ဖြစ်ထွေ
အံ့သြ လောက်ပါပေ
ခြေတွေ လက်တွေ မရှိပဲ
ကိုယ်ထူ ကိုယ်ထမြဲ။

အခက်အခဲ သူရင်ဆိုင်
စိတ်ဓာတ် မယိမ်းယိုင်
အနိုင်မခံ ရှုံးမပေး
အပြေး ပြိုင်ချင်သေး

ဆရာကြီး ဇ၀န
ပစ်တိုင်းထောင်လေး ပုတိုတို
မျက်နှာ ပြုံးချိုချို
ပစ်ချင်သလို ပစ်လို့ချ
ကျရာ ထောင်လို့ထ။

သူ့ဘ၀နှင့် သူ့ဖြစ်ထွေ
အံ့သြ လောက်ပါပေ
ခြေတွေ လက်တွေ မရှိပဲ
ကိုယ်ထူ ကိုယ်ထမြဲ။

အခက်အခဲ သူရင်ဆိုင်
စိတ်ဓာတ် မယိမ်းယိုင်
အနိုင်မခံ ရှုံးမပေး
အပြေး ပြိုင်ချင်သေး

ဆရာကြီး ဇ၀န

Tuesday, January 14, 2014

အမေများနေ့ ဘာကြောင့်ဖြစ်

အမေများနေ့ ဘယ်လိုဖြစ်လာတာလဲ? ဖြစ်ပေါ်လာပုံကို ပြောကြတာချင်း မတူကြဘူး။ မြန်မာပြည်မှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ထားတယ်။ တချို့နိုင်ငံရဲ့ အမေများနေ့အကြောင်းကို အင်တာနက်မှာ ရှာပြီး ဘာသာပြန်မျှဝေလိုက်ပါတယ်။



သမိုင်းပညာရှင်များရဲ့ခန့်မှန်းချက်အရ မိခင်များနေ့ကို ရှေးဂရိလူမျိုးတွေ Rhea နတ်သမီးကို ပူဇော်ပသရာက စခဲ့တယ်လို့ ဆိုပါတယ်။ ရောမခေတ်မှာလည်း မိခင်များနေ့ အထိမ်းအမှတ်ပွဲပုံစံ ကျင်းပခဲ့ကြတယ်။ အဲဒီပွဲက မယ်တော် Magna Mater နတ်ကို ပူဇော်ပသတာပဲဖြစ်တယ်။ ရောမမြို့က Palatine Hill မှာ မယ်တော်Magna Materအတွက် အမှတ်တရဆောက်ထားတဲ့ ကျောင်းဆောင်ရှိတယ်။ ဒီလိုပူဇော်ပွဲကို ဘီစီ ၂၅ဝခုနှစ်က စခဲ့ပြီး Festival of Hilaria လို့ အမည်ခေါ်တွင်ခဲ့တယ်။ မတ်ခ်ျလမှာ ကျင်းပပြီး ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ ၃ရက်ကြာ ကျင်းပတယ်လို့ဆိုပါတယ်။

နိုင်ငံတိုင်း မိခင်များနေ့ ကျင်းပတာချင်း မတူကြဘူး။ ဒါပေမဲ့ တချို့နိုင်ငံ ဥပမာ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ တူရကီ၊ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံတို့က နှစ်စဉ်နှစ်တိုင်းရဲ့မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ကို ကျင်းပလေ့ရှိတယ်။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...