လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 6, 2014

အိုမင်းသွားသောအခါ၌

(အိုမင်းသွားသောအခါ၌)

မိမိ ဘဝကို ချစ်ရင်
နာရီပေါ်က ပုံမှန် လည်ပတ်နေတဲ့ လက်တံလေးတွေကို
မြတ်နိုးထားရမယ်

အသက်ဆိုတာ အချိန်ပေါ်မှာပဲ
ရှေ့ဆက် ကြီးပြင်းလာတာ

နည်းနည်းကြီးလာလျှင်
နည်းနည်း အားစိုက်လာရလေပဲ

ပိုပြီး ကြီးလာလျှင်
ိပိုပြီး ဆင်ခြင် အားထုတ်ရလေပဲ

အိမ်ခြေမဲ့ တွေကို အခမဲ့ ဆံပင်ညှပ် ပေးတဲ့ အဖိုးအို

ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။

အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ မနက်တိုင်း ခုံတစ်လုံး၊ ဆံပင်ညှပ် ကပ်ကြေး၊ ဓား အစုံ သယ်လို့ အနီးနားက ပန်းခြံ တစ်ခုကို သွား ပါတယ်။ ပြီးတော့ သူ့ကို တန်းစီ စောင့်ဆိုင်း နေကြတဲ့ အိမ်ခြေ ရာမဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ်ပေး ပါတော့တယ်။ ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူ ပါဘူး။

သူ့ကို လက်ဆွဲ နှုပ်ဆက်ခြင်း၊ ထွေးပွေ့ခြင်းကိုသာ အခကြေးငွေ အဖြစ် သဘော ထားပြီး အိုးအိမ်မဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ် အလှူ ပြုလုပ် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
  (ရိုးရာလေး)
Photo: အိမ်ခြေမဲ့ တွေကို အခမဲ့ ဆံပင်ညှပ် ပေးတဲ့ အဖိုးအို

ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။

အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ မနက်တိုင်း ခုံတစ်လုံး၊ ဆံပင်ညှပ် ကပ်ကြေး၊ ဓား အစုံ သယ်လို့ အနီးနားက ပန်းခြံ တစ်ခုကို သွား ပါတယ်။ ပြီးတော့ သူ့ကို တန်းစီ စောင့်ဆိုင်း နေကြတဲ့ အိမ်ခြေ ရာမဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ်ပေး ပါတော့တယ်။ ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူ ပါဘူး။ 

သူ့ကို လက်ဆွဲ နှုပ်ဆက်ခြင်း၊ ထွေးပွေ့ခြင်းကိုသာ အခကြေးငွေ အဖြစ် သဘော ထားပြီး အိုးအိမ်မဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ် အလှူ ပြုလုပ် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)

.

ထမင်းရည်ကို မှီဝဲပေးဖို့

ထမင်းရည်ကို မှီဝဲပေးဖို့ တိုက်တွန်းအပ်ပါတယ်
Photo: ထမင်းရည်ကို မှီဝဲပေးဖို့ တိုက်တွန်းအပ်ပါတယ်

ခန္ဓာကိုယ် အသားအရည် ၊ မျက်နှာ အသားအရေ ၊ ဆံပင် ဘာပဲဖြစ်ဖြစ်
လှပချင်တယ်ဆိုရင် ထမင်းရေကို နေ့စဉ်နေ့တိုင်း မှီဝဲသင့်ပါတယ်။ ထမင်းရေမှာ ပါဝင်သော ဓာတ်ဟာ အမျိုးသမီးများ အတွက် ကောင်းမွန်စေ ပါတယ်။

ထမင်းရေမှ ရရှိနိုင်သည့် အကျိုးကျေးဇူးတွေ ကတော့

(၁) မျက်နှာအသားအရေကို ကြည်လင်ဝင်းပ စေပါတယ်။

(၂) ဆံပင်အတွက်လည်း ကောင်းမွန်စေပါတယ်။

(၃) ကိုယ်ခန္ဓာအတွက် ကောင်းမွန်ပါတယ်။

(၄) ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။

(၆) အရေးအကြောင်းများ ဖြစ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့

ထမင်းချက်ရင် ရေပိုထည့်ကာ ကျက်တဲ့အခါ ပိုနေတဲ့ အရည်ကို ငှဲ့ပြီး ဖလုံးတစ်ခုနဲ့ ထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာတည်းတွင် အအေးခံပြီးတော့ သောက်သုံးနိုင်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတိုင်း နေ့တိုင်းမှီဝဲ သင့်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

စဉ်းစားပေးပါ

လူတွေ
အလုပ်လုပ်နေကြတယ် ..

တစ်ချို့လူတွေက
လက်ရှိဘဝ ချမ်းသာဖို့အတွက် ..
 
တစ်ချို့လူတွေက
ဘဝအဆက်ဆက်
ချမ်းသာဖို့အတွက်

အဲ .. တစ်ချို့ကျတော့ ..
လက်ရှိဘဝချုပ်ငြိမ်းပြီး
သံသရာမှ လွတ်ငြိမ်းချမ်းသာဖို့ ..

သူငယ်ချင်းတို့ရော

ဘယ်အတွက်
အလုပ်လုပ်နေကြလဲ ...
 
ပြန်လည်မျှဝေသည် လေးစားလျက်
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...