လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 18, 2014

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

  နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။
(၁) Window + R ကို တွဲပြီး နှိပ်ပါ။
(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး) မှ ပြန်လည်ကာ သိသူကျော်သွား မသိသူဖော်စားပါ လေးစားလျက်

ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်..

မမြင်မကန်းနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတာက အသိမဲ့ဝင့်ကြွားသူရဲ့ လူ့ဘဝဖြစ်တယ်။
စမ်းတဝါးဝါးနဲ့ ကိုယ့်ကိုယ်ကိုလက်လွတ်ဆုံးရှုံးတာက အဆိုးမြင်သူရဲ့ လူ့ဘဝဖြစ်တယ်။
ကိုယ့်ကိုယ်ကိုနားလည်နိုင်ဖို့က တခြားသူကိုနားလည်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုနှစ်သက်နိုင်ဖို့က တခြားသူကို နှစ်သက်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့ကျန်းမာစိတ်ရှိမှ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မယ်၊ မာယာများတဲ့ လောကဓံကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး၊ တစ်ခေါက်တစ်ခါကြုံရတဲ့ အခက်အခဲနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်ဘူး၊ အမြဲတမ်း အကောင်းမြင်စိတ်၊ တည်ငြိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်မယ်၊ ပျော်ရွှင်စိတ်၊ ခိုင်မာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုမယ်။

ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်... တဲ့။


ကိုးကားသမျှ ပြန်လည်မျှဝေသည် လေးစားလျက်
Photo: လူတွေ လူတွေ အားလုံးပဲ သေမှာကို မေ့နေကြတယ်  မေ့မနေကြနဲ့....

သူငယ်ချင်းကောင်းဆိုတာ


Photo: သူငယ်ချင်းကောင်းဆိုတာ 

သူငယ်ချင်းတွေ အပေါ် ဂရုစိုက်တတ်တဲ့ သူတွေဟာ --- " တစ်ခါတစ်ရံမှာတော့ သူတို့ကို ပြန်လည်ပြီး ဂရိုစိုက်စေ ချင်တဲ့ ဆန္ဒမျိုး အလို ရှိနေကြတယ် "

သူငယ်ချင်းတွေ အပေါ်  ရယ်မော ပျော်ရွှင်အောင် လုပ်ပေး သူတွေဟာ ----- " တစ်ခါတစ်ရံ မှာတော့ သူတို့ရဲ့ ရင်ထဲမှာတော့ နာကျင်စွာ ခံစားနေရတယ် "

သူငယ်ချင်းတွေ အပေါ်  သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေကြ သူတွေဟာ ----- " တစ်ခါတစ်ရံမှာတော့ သူတို့ရင်ထဲမှာ သူငယ်ချင်းကောင်းကို အလိုရှိနေတယ် "

သူငယ်ချင်းကောင်းဆိုတာ အမှားကို ထောက်ပြပြီး သင့်ကို မိဘ တစ်ယောက်လို ဆူပူပြော ဆိုကာ အမှန်တရားကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်း များနဲ့ ကြုံတွေ့ကာ ဘဝ လမ်းခရီးတွေကို အတူတကွ ဖြတ်ကျော်နိုင်ပါစေ။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး) 

သူငယ်ချင်းတွေ အပေါ် ဂရုစိုက်တတ်တဲ့ သူတွေဟာ --- " တစ်ခါတစ်ရံမှာတော့ သူတို့ကို ပြန်လည်ပြီး ဂရိုစိုက်စေ ချင်တဲ့ ဆန္ဒမျိုး အလို ရှိနေကြတယ် "

သူငယ်ချင်းတွေ အပေါ် ရယ်မော ပျော်ရွှင်အောင် လုပ်ပေး သူတွေဟာ ----- " တစ်ခါတစ်ရံ မှာ
တော့ သူတို့ရဲ့ ရင်ထဲမှာတော့ နာကျင်စွာ ခံစားနေရတယ် "

သူငယ်ချင်းတွေ အပေါ် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေကြ သူတွေဟာ ----- " တစ်ခါတစ်ရံမှာတော့ သူတို့ရင်ထဲမှာ သူငယ်ချင်းကောင်းကို အလိုရှိနေတယ် "

သူငယ်ချင်းကောင်းဆိုတာ အမှားကို ထောက်ပြပြီး သင့်ကို မိဘ တစ်ယောက်လို ဆူပူပြော ဆိုကာ အမှန်တရားကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်း များနဲ့ ကြုံတွေ့ကာ ဘဝ လမ်းခရီးတွေကို အတူတကွ ဖြတ်ကျော်နိုင်ပါစေ။

www.yoyarlay.com
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...