လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, February 14, 2012

ချစ်သူများနေ့အတွက် လမင်းရဲ့ ရင်ခုန်နှုန်း .ခံစားချက်

• : •♥´¨`♥•.¸ ¸.••♥´¨`♥•.¸ ¸.• : •♥´¨`♥•.¸ ¸.• : •♥´¨`♥•.¸ ¸.• : •♥´¨`♥•.¸ ¸.• : •♥´¨`♥•.¸ ¸.• : •♥´¨`♥•
အချစ်ကို ဘယ်လို ခံစားလည်း ။..။

အချစ်နဲ့ ပတ်သက်လာရင် ကမ္ဘာဦးထဲက အဓိပ္ပါယ်တွေ အမျိုးမျိုးနဲ့ ယနေ့အထိ
တိုင် ၇ှင်သန်နေဆဲပါဘဲ .. ဒါကြောင့်လည်း ကျွန်တော့်ရဲ့ အချစ်ခံစားချက်
လေးကိုလည်း မှန်တယ်လို့ လည်း မယူဆပါဘူး ..

သီးခြားရပ်တည်နေနိုင်စွမ်းရှိတဲ့ (အချစ်) ၇ဲ့ ဂုဏ်သတ္တိကို
ပုံစံအမျိုးမျိုးနဲ့ေ၇းသားဖွဲ့နွဲ့တဲ့ လူတစ်ယောက် အပါအ၀င်ဖြင့်


ကျွန်တော်အတွက် အချစ်ကို ဒီလိုလေး ခံယူထားကြောင်း ရေးဖွဲ့ လိုက်ပါသည်..။

အချစ်ဆိုတာ အဖိုနှင့် အမ ကြား ထပ်တူမကြနိုင်ပါ
လုံးဝကို ညီမျှခြင်းမရှိ ပြောတာပါ..


အဖို နှင့် အမ ဖြစ်နေသောကြောင့် ထိုသူနှစ်ဦးကြား
နားလည်နိုင်ဆုံးနဲ့ လိုအပ်ချက်တိုင်းကို အပြန်အလှန် ပေးစွမ်း
ပေါင်းဆက်လိုက်မှ အချစ်ဆိုတာ ခိုင်မာလာဆဲပါ...

ကိုယ်ဘက်က ပိုချစ်နေရင်တော့ အချစ်ရဲ့ တာဝန်အရ
သူ့ထက်ပို ပေးဆပ်ရမဲ့ အလုပ်ကို လုပ်ရမှာပါ...
(အဲ့ဒီ ပေးဆပ်မှုအောက်တွင် ပျော်မွေ့နေခြင်းသည်)
အချစ်ရဲ့ ထူးခြားသော ဂုဏ်သတ္တိ တစ်ခုပင်ဖြစ်သည်..။


ဒါကြောင့် ကိုယ်ချစ်ကိုမရှာ နှင့် သူချစ်ကို ရှာပါဆိုသည်
ဆိုရိုးစကားဟာ အချစ်ရဲ့ ဥပဒေတစ်ခုအနေဖြင့် ချမှတ်ခြင်း ထားရှိခဲ့တာပါ..။

ဒါကြောင့် ကျွန်တော် ချစ်ရတဲ့ ကောင်မလေးအတွက်ဆို
နားလည် ပေးရင်း .. သူမှ သူဟု နှလုံးသားက တောင်းဆိုခဲ့ရင်
သူ့အတွက် ပေးဆပ်ဖို့ ၀န်မလေးပါဘူးလို့ ခံယူရင်း..။


Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...