လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 6, 2014

ဘီလျံနာ ပရောဖက်ဆာကြီးရဲ့ ငါးမြားခြင်းသင်ခန်းစာ

Photo: ဘီလျံနာ ပရောဖက်ဆာကြီးရဲ့ ငါးမြားခြင်းသင်ခန်းစာ

ဥရောပနိုင်ငံ တစ်ခုမှာပါ။
မြို့ငယ်လေးတစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။

သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။

ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မြားချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက်သွားရတယ်။။

ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မြား။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။

ငါးရလာသူနှစ်ယောက်မှာ တစ်ယောက်ရတဲ့ငါးက အကြီးကြီးပဲ။
ပရော်ဖက်ဆာကြီးက အဲဒီလူမျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“မင်း ငါးက မြားလာတာမှ မဟုတ်ပဲ၊ ဈေးထဲက ၀ယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး” တဲ့
ဟိုလူလည်း ၀န်ခံရတယ်။ ပရော်ဖက်ဆာကြီးက ...
“လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ်”

နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။
“ကဲ မင်းတို့ရဲ့ ငါးမြားခြင်းအတွေ့အကြုံအကြောင်းပြောပါဦး”

တစ်ယောက်ကို မေးတော့ ...
သူက ... မြားတော့ မြှားတာပဲတဲ့၊ ငါးမှ မရှိတာ တဲ့။ ဒါကြောင့်မရဘူး။

နောက်တစ်ယောက်ကျတော့ ...
ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမြားတံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမြားတံလိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရဘူး။

နောင်တစ်ယောက်ကျတော့ ...
ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူမဆွဲတင်ရဲဘူး။ ပြန်လွှတ်သွားမှာစိုးလို့၊ ဒင်းရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမလရလိုက်ဘူး

ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။
ငါးပွက်တဲ့နေရာကို ရှာတယ်၊ ငါးမြားတံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။

ပရော်ဖက်ဆာကြီးက ပြောပြတယ်။

“အောင်မြင်မှုဆိုတာ ငါးလိုပဲ၊ ငါးမြားခြင်းအတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြုတယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။

... အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။
ငါးနောက် တကောက်ကောက်လျှောက်လိုက်နေတဲ့သူ ဘာဖြစ်သလဲ တွေ့တယ် မဟုတ်လား။ 

... ငါးမြားတံချထားသလို မိမိအရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။

... လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။
လာဟပ်မယ့်နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။

မင်းဘက်က အရည်အချင်းဆိုတဲ့ ငါးမြားတံနဲ့ ချိတ်ကို အသင့်ချထားရင်
အောင်မြင်မှုဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ်”

ဥရောပနိုင်ငံ တစ်ခုမှာပါ။
မြို့ငယ်လေးတစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။

သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။

ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မြားချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက်သွားရတယ်။။

ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မြား။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။

အိုမင်းသွားသောအခါ၌

(အိုမင်းသွားသောအခါ၌)

မိမိ ဘဝကို ချစ်ရင်
နာရီပေါ်က ပုံမှန် လည်ပတ်နေတဲ့ လက်တံလေးတွေကို
မြတ်နိုးထားရမယ်

အသက်ဆိုတာ အချိန်ပေါ်မှာပဲ
ရှေ့ဆက် ကြီးပြင်းလာတာ

နည်းနည်းကြီးလာလျှင်
နည်းနည်း အားစိုက်လာရလေပဲ

ပိုပြီး ကြီးလာလျှင်
ိပိုပြီး ဆင်ခြင် အားထုတ်ရလေပဲ

အိမ်ခြေမဲ့ တွေကို အခမဲ့ ဆံပင်ညှပ် ပေးတဲ့ အဖိုးအို

ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။

အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ မနက်တိုင်း ခုံတစ်လုံး၊ ဆံပင်ညှပ် ကပ်ကြေး၊ ဓား အစုံ သယ်လို့ အနီးနားက ပန်းခြံ တစ်ခုကို သွား ပါတယ်။ ပြီးတော့ သူ့ကို တန်းစီ စောင့်ဆိုင်း နေကြတဲ့ အိမ်ခြေ ရာမဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ်ပေး ပါတော့တယ်။ ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူ ပါဘူး။

သူ့ကို လက်ဆွဲ နှုပ်ဆက်ခြင်း၊ ထွေးပွေ့ခြင်းကိုသာ အခကြေးငွေ အဖြစ် သဘော ထားပြီး အိုးအိမ်မဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ် အလှူ ပြုလုပ် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
  (ရိုးရာလေး)
Photo: အိမ်ခြေမဲ့ တွေကို အခမဲ့ ဆံပင်ညှပ် ပေးတဲ့ အဖိုးအို

ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။

အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ မနက်တိုင်း ခုံတစ်လုံး၊ ဆံပင်ညှပ် ကပ်ကြေး၊ ဓား အစုံ သယ်လို့ အနီးနားက ပန်းခြံ တစ်ခုကို သွား ပါတယ်။ ပြီးတော့ သူ့ကို တန်းစီ စောင့်ဆိုင်း နေကြတဲ့ အိမ်ခြေ ရာမဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ်ပေး ပါတော့တယ်။ ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူ ပါဘူး။ 

သူ့ကို လက်ဆွဲ နှုပ်ဆက်ခြင်း၊ ထွေးပွေ့ခြင်းကိုသာ အခကြေးငွေ အဖြစ် သဘော ထားပြီး အိုးအိမ်မဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ် အလှူ ပြုလုပ် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)

.

ထမင်းရည်ကို မှီဝဲပေးဖို့

ထမင်းရည်ကို မှီဝဲပေးဖို့ တိုက်တွန်းအပ်ပါတယ်
Photo: ထမင်းရည်ကို မှီဝဲပေးဖို့ တိုက်တွန်းအပ်ပါတယ်

ခန္ဓာကိုယ် အသားအရည် ၊ မျက်နှာ အသားအရေ ၊ ဆံပင် ဘာပဲဖြစ်ဖြစ်
လှပချင်တယ်ဆိုရင် ထမင်းရေကို နေ့စဉ်နေ့တိုင်း မှီဝဲသင့်ပါတယ်။ ထမင်းရေမှာ ပါဝင်သော ဓာတ်ဟာ အမျိုးသမီးများ အတွက် ကောင်းမွန်စေ ပါတယ်။

ထမင်းရေမှ ရရှိနိုင်သည့် အကျိုးကျေးဇူးတွေ ကတော့

(၁) မျက်နှာအသားအရေကို ကြည်လင်ဝင်းပ စေပါတယ်။

(၂) ဆံပင်အတွက်လည်း ကောင်းမွန်စေပါတယ်။

(၃) ကိုယ်ခန္ဓာအတွက် ကောင်းမွန်ပါတယ်။

(၄) ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။

(၆) အရေးအကြောင်းများ ဖြစ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့

ထမင်းချက်ရင် ရေပိုထည့်ကာ ကျက်တဲ့အခါ ပိုနေတဲ့ အရည်ကို ငှဲ့ပြီး ဖလုံးတစ်ခုနဲ့ ထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာတည်းတွင် အအေးခံပြီးတော့ သောက်သုံးနိုင်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတိုင်း နေ့တိုင်းမှီဝဲ သင့်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

စဉ်းစားပေးပါ

လူတွေ
အလုပ်လုပ်နေကြတယ် ..

တစ်ချို့လူတွေက
လက်ရှိဘဝ ချမ်းသာဖို့အတွက် ..
 
တစ်ချို့လူတွေက
ဘဝအဆက်ဆက်
ချမ်းသာဖို့အတွက်

အဲ .. တစ်ချို့ကျတော့ ..
လက်ရှိဘဝချုပ်ငြိမ်းပြီး
သံသရာမှ လွတ်ငြိမ်းချမ်းသာဖို့ ..

သူငယ်ချင်းတို့ရော

ဘယ်အတွက်
အလုပ်လုပ်နေကြလဲ ...
 
ပြန်လည်မျှဝေသည် လေးစားလျက်

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့ အကောင်းဆုံးအရာပါပဲ။

(၂)သူပြုံးမှကိုယ်ပြုံးမယ့်အစား ကိုယ်က စ၍ ပြုံးလိုက်ပါ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့၊ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲ့ ဆိုတာမရှိပါဘူး။

(၄)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာ
တစ်ခါလောက်ပဲဖြစ်မှာပါ ။

(၅)ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရရှိမှာပါ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင် တော်ပါ
သေးတယ်။

(၇)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။

(၈)"ကံတရားပါကွာ"လို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်း ကတော့လုံးဝယုံကြည်ဖို့ပဲ။

(၁၀)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲ
စေနိုင်တယ်။

(၁၁)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။

ချစ်မရှိ နေ့ရက်များ ကုန်ပါစေသား

ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း

<><> ခင်ပွန်းကြီး ( ၁၀ ) ပါး ကန်တော့နည်း <><>
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ၊ဓမ္မဒေသကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊အဟံဝန္ဒာမိ သဗ္ဗဒါ။ ။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်-
(၁)ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၂) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင်
ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၃) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊
မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၄) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၅) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
(၆) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
(၇) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန်

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...