ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့
အမှန်ပြောရမယ့်အစားလိမ်ပြောတယ်။
တစ်ယောက်နဲ့ တစ်ယောက် ညီညွတ်အောင်
စေ့စပ်ပေးရမယ့်အစား မတည့်အောင်လုပ်တယ်။
ချိုချိုသာသာပြောရမယ့်အစား ရိုင်းရိုင်းစိုင်းစိုင်းပြောတယ
ယဉ်ယဉ်ကျေးကျေးမပြောဘူး။
အကျိုးမဲ့တဲ့ အတင်းအဖျင်းတွေ ပြောတယ်။
လူတွေဟာ နှုတ်နဲ့ မကောင်းမှု အဓမ္မတွေကို လေ့ကျင့်နေကြတယ်။
အဲ့ဒီလို နှုတ်နဲ့ အဓမ္မတွေ ကျင့်သုံးရင် ချမ်းသာသုခ ဝေးလိမ့်မယ်။
ဒါ့ကြောင့် ဓမ္မကို ကျင့်သုံးပါ...။