♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Sunday, April 28, 2013
(ရင့်ကျက်သူဖြစ်ဖို့)
(ရင့်ကျက်သူဖြစ်ဖို့)
(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။
(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။
(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။
(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။
(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။
(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။
မယား ၁ဝ-ဦးမှာ…
နောက်တစ်ခုက
မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း အမျိုးသားကော
အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော မမတို့ပါ ထပ်မှတ်
လိုက်ပါဦး။
မယား ၁ဝ-ဦးမှာ…
၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။
ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက် တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ စိုးလို့။
(ကိုးကားသမျှ ပြန်လည် တင်ပြသည် ) အားလုံးကို လေးစားလျက်

ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။ မှတ်လိုက်ပါဦး။
အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ…
၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။
(နောင်တ - ၁၀ ပါး )
ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။
(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)
ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။
၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။
◄----♥--ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်--♥----►
♥--ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်--♥
(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။
(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

ငါ့ အကျင့်
(ငါ့ အကျင့်)
ပိုင်ဆိုင်ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပါဘုး
စွန့်လွှတ်ဖို့အတွက်လဲ ချစ်ခဲ့တာ မဟုတ်ပါဘူး
အစထည်းက အနိုင် အရှုံး တွက်ချက်ပီး အချစ်ကို စားသုံးဖို့အတွက် မရည်ရွယ်ခဲ့ပါဘူး
အချစ်စစ်ကို တကယ်တွေ့လိုက်ရတဲ့အချိန်မှာ
မင်းနဲ့ ဝေးနေ နီးနေ အမြဲတမ်း ချစ်နေမှာပါ
မင်းကို တန်းဖိုးထားဖို့
မင်းကို ပျော်ရွှင်စေဖို့
မင်းပျော်ဖို့အတွက် အပျော်တွေကို ဖန်တီးပေးချင်သူပါ
မင်းရဲ့ လိုအပ်ချက် ကွက်လပ်တွေကို ငါအမြဲတမ်း ဖြည့်စီး ပေးပြီး နေထိုင်သွားချင်တာ ငါ့အကျင့်ပါ

Subscribe to:
Posts (Atom)
Comment ;
HTML Comment Box is loading comments...