လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 22, 2013

ငါပေးမဲ့ စကားလေးတစ်ခွန်း

နင် လိုအပ်တဲ့အချိန်တိုင်း
ငါ့ကို ခေါ်သာခိုင်းပါ...။

ဒါက ငါချစ်တဲ့ နင့်အတွက်
ပေးနိုင်တဲ့ ပေးဆပ်ချင်းတစ်ခု အတွက်ပဲ.. ။

စောင်းမြောင်းပြီး ကြည့်မနေပါနဲ့
ငါ့အပေါ် မင်းထားတဲ့ ခံယူချက်ကို
မင်း ဟန်ပန် အမှုအရာနဲ့ ငါ... အလုံးဆုံမသိပေမဲ့
ငါ မြင်ယောင်နေပါတယ်.. ။


ဘာမှ ပြည့်စုံချင်းမရှိတဲ့ ငါလိုကောင်မှာ
မင်းတက်မက်စရာ ဘာရှိမှာလဲ ...  ဒါကို ငါသိပါတယ်.. ။

ဘ၀ = တိုက်ပွဲ

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပမာ
သဘာဝကြီးက ပေးတဲ့
လောကအလှတရားကြီးလည်း ရှိသေး၏

ရှုံးတစ်လဲ့  / နိုင်တစ်လဲ့ အဆုံးမရှိတဲ့
မိုးသားပြင်ထဲ လဲတဲ့သူက လဲ
ပြေးတဲ့ သူကပြေး

မျက်စိရှေ့မှာတင်
သေဆုံးခြင်း ၊ မွေးဖွားလာခြင်းတွေ
အမြောက်အများကြား
ရှိသောသူသည် ပျောက်လိုက်
ပျောက်သောသူသည် ပြန်ပေါ်လိုက်နဲ့

(ဘ၀စာမျက်နှာတစ်ခုရဲ့ မွန်မြတ်ချင်း) မှတ်တရ ဓာတ်ပုံများ


(ဘ၀စာမျက်နှာတစ်ခုရဲ့ မွန်မြတ်ချင်း) မှတ်တရ ဓာတ်ပုံများ

ပြောသလောက်မလွယ်..
လွယ်သလောက် မလုပ်နိုင်..
အများတကာကြား .. ပြောကာနေပင်မဲ့ ..
အများအကျိုးတို့ ထမ်းပိုးလို့ .. ။

ပရဟိတလုပ်ငန်းမှာ ..
တစ်ထောင့်တစ်နေရာကဖြင့် အားဖြည့်ပါဝင်ခွင့်ရလို့.
ဘ၀ရဲ့ စာမျက်နှာမှာ အမှတ်တရတစ်ခု ပမာ.. ။

မမှန်မကန်တဲ့ ... လေလိုင်းကနေ...
မမြင်ဘူး မတွေ့ဘူးပဲ ...
စိတ်တူ ကိုယ်တူ ၀ါသနာ မတူရင်တော့..
ပရဟိတဆိုတာလည်း ဝေးပြီပေါ့ .... ။

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။


အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

(၂ဝ)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ငါပျောက်ကွယ်သွားမှာစိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
မနက်စာကိုပြင်ဆင်ရင်း ငါ့နဖူးကိုတစ်ချက်နမ်းပြီး “သိပါတယ်...ထပါတော့ လူပျင်းလေးရယ်”လို့ ချစ်စနိုးနဲ့နင်ပြောခဲ့တယ်။

(၃ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန်လျှောက်မလည်နဲ့၊ မှာတဲ့ပစ္စည်းတွေလည်း ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင်ရယ်ပြီးပြောခဲ့တယ်။

(၄ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ပန်းကန်တွေသိမ်းရင်း “ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး” လို့ နင်စိတ်မရှည်စွာပြောခဲ့တယ်။

(၅ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
သိုးမွှေးကိုထိုးရင်း “တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစောသေစေချင်နေတယ် မဟုတ်လား”လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး..မြေးတွေတောင်ကြီးနေပြီ အပြောကမက်တုန်း” လို့ နင်ပြောခဲ့တယ်။

(၇ဝ) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ခုန်ပေါ်မှာတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅ဝက ဓာတ်ပုံတွေကို ငါတို့ကြည့်နေကြခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကိုဆုတ်ကိုင်ရင်း ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။ အကြင်နာတွေပြည့်နေတဲ့မျက်လုံးနဲ့ ငါ့ကိုနင်ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာက လှနေဆဲပါ။

(၈ဝ) အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
နင်လဲလျောင်းနေတယ်...ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်းနင်ပြောခဲ့တယ် “ငါ.....နင့်....ကို...ချစ်...တယ်”တဲ့။ ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။

အချစ်စစ်က အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်က အကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်က နေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲလိုတယ်။


မူရင်းလင့်-- http://blog.yam.com/awwwvvvv/article/35051504

နိုင်းနိုင်းစနေ(Wednesday, October 11, 2006)
.
အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မှုမရှိဘူး။

(၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
ခေါင်းကိုငဲ့ မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ရင်
အဲဒါ ဘာအဓိပ္ပာယ်လဲလို့ ငါ့ကို နင်မေးခဲ့တယ်။

(၁၅)နှစ်အရွယ်တုန်းက ငါ နင့်ကိုချစ်တယ်လို့ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပာယ်မဲ့ လုံးချေကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။

ရွှေမြန်မာပြည် စည်းကမ်းညီဖို့

အများတကာ ပြည်သူလူထုကြားမှာ
သတိပေး အသိပေး
ကြော်ငြာဆိုင်းဘုတ်တွေ  ပြသထားသော်လည်း
မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်များနေတာကြောင့်
အသေအပျောက်တွေ များနေတယ်... ။

အသိပေး နှိုးဆော်ပင်မဲ့
စည်းကမ်းမဲ့ နေထိုင်ပြုမှုသူတွေကြောင့်
သတင်းစာရဲ့ စာမျက်နှာ ပေါ်တွေမှာ
အသေအပျောက်တွေနဲ့ ဆင့်ကဲ ဆင့်ကဲ
ကား လေး/ ငါး စီး ဆင့်တိုက်တာတွေ
ဆိုင်ကယ် မဆင်မခြင် မောင်းနင်းမှုတွေကြောင့် မှောက်တာတွေ
ဆိုင်ကယ်နှင့် ကားတိုက်တာတွေ အစရှိသည့်.... ။

စည်းကမ်းမဲ့ မောင်းနင်းခြင်းတွေ များပြားတာကြောင့်
မဖြစ်သင့်ဘဲနဲ့  ယာဉ်တိုက်မှုတွေ
ခဏ.. ခဏ ကြားနေ မြင်နေရတာ .. စိတ်တွင် ဘ၀င်မကျချေ..။

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...