မျှော်လင့်နေမယ့်သူပါ
* ခံစားခွင့်ရဖို့  ချစ်ခဲ့တာမဟုတ်ပါသလို
* ငါ့ရဲ့ အလွမ်းတွေက တရားမ၀င်ဖြစ်ခဲ့မယ်လို့ 
* မထင်ခဲ့သူပါ လွတ်လပ်စွာချစ်နိုင်ခွင့်
* လူတိုင်းမှာရှိပါတယ် ချစ်ရသူ
* အတူတူမက်တဲ့ အိမ်မက်တွေကို
* ဘယ်ဂုဏ်ဓန တွေနဲ့ တားတား
* အချစ်ဆိုတဲ့ အရာနဲ့ ဖြတ်ကျော်ပါ
* စက်ဝိုင်းကွင်းမှာ ဆန်ကျင်ဘက်အရပ်ဆီ
* နှစ်ယောက်သွားခဲ့ရင်တောင်
* တစ်ချိန်မှာ ဆုံဆည်ကြမှာပါ
* ချစ်တယ်ဆိုတဲ့ စကားကိုကြားဖို့ 
* အကြိမ်ကြိမ် အရှူံးပေးနေတဲ့သူကို
* မျှော်လင့်ချက်လေး ပေးနိုင်မယ်ဆို
* တစ်ချိန်ချိန်ကျရင် ကိုယ်ရင်ခွင်ကို
* ပြန်လာခဲ့ပါ
စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများ၏
ကျောင်းလခများမြင့်တက်သွားခြင်းကြောင့်
၎င်းကျောင်းများတွင်သွားရောက်ပညာသင်ယူရန် ပြင်ဆင်နေကြသည့် မြန်မာကျောင်း
သားများအတွက် အခက်အခဲကြုံ တွေ့နိုင်ကြောင်း
စင်ကာပူပညာရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်သည်။
စင်ကာပူအစိုးရသည် လာမည့်စာသင်နှစ်မှစတင်၍တက္ကသိုလ်များ၏ ပညာသင်စရိတ်ကို ၄ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းနှင့် ပိုလီကျောင်းများ၏ ပညာသင်စရိတ်ကို ၂၂ရာခိုင် နှုန်းမှ ၂၈ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ “ပိုလီကျောင်းလခတွေက တချို့ပုဂလိကကျောင်းတွေရဲ့ ဒီပလိုမာသင်တန်းကြေးထက်ကို ကျော်သွားပြီ။ အခု သင်တန်းကြေး စင်ကာပူဒေါ် လာ ၅၀၀၀၊ ၆၀၀၀ကနေ ၈၀၀၀လောက်ထိပေးရမယ့် ဘာသာရပ်တွေရှိတယ်။ ဒီတစ်ခါတက်တာကြမ်းတယ်။ နောက်ဆို ပိုက်ဆံချေးပြီး အလုပ်သွားလုပ်သလိုဖြစ်လာမယ်။ ကျောင်းသွားတက်ပြီး အလုပ်လုပ်မယ်ဆိုရင် မကိုက်လောက်တော့ဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။