မေမြို့ လွမ်းချင်း
လေးပြေ လေအေး လေညှင်းလေးတွေကြား
ကားတွေ ပတ်စီးရင်း အတူပျော်ခဲ့ရတယ်..
မေမြို့ရဲ့ လမ်းဘေးက စစ်တက္ကသိုလ်ရှေ့
ကျောက်ရုပ်တုတွေတောင် ငါတို့ကို သတိရနေတယ်..
ကျောက်ရုပ်တုတွေတောင် ငါတို့ကို သတိရနေတယ်..
ခဏတာအတွက်တော့ မထင်လိုက်ပါနဲ့
တစ်ဘ၀စာ ရင်မှာ စတေကာ မဟုတ်ဘဲ..
တတ်တူးတစ်ခုလို စုတ်ချက်ထင်နေရပီ..
တစ်ဘ၀စာ ရင်မှာ စတေကာ မဟုတ်ဘဲ..
တတ်တူးတစ်ခုလို စုတ်ချက်ထင်နေရပီ..
စိတ်ကူးပေါက်လို့ ရှောက်ရေးတယ် ထင်မနေပါနဲ့...
အိမ်မက်ထက် လက်တွေ့ဘ၀က ပိုနက်တယ်..
ဘ၀လမ်းတွေရဲ့ အချိုးအကွေ့တွေက တကယ်များတယ်..
ဆုံရန်ခဏမှာ တန်ဖိုးထားတဲ့ လူတွေကြောင့် ငါကျေနပ်တယ်..
အခုတော့ ဘာလုပ်မလည်း...
အိမ်မက်ထက် လက်တွေ့ဘ၀က ပိုနက်တယ်..
ဘ၀လမ်းတွေရဲ့ အချိုးအကွေ့တွေက တကယ်များတယ်..
ဆုံရန်ခဏမှာ တန်ဖိုးထားတဲ့ လူတွေကြောင့် ငါကျေနပ်တယ်..
အခုတော့ ဘာလုပ်မလည်း...
မဆုံဖြစ်ခဲ့ရင်တောင် ခွဲကွာခြင်း ဒဏ်ကို
ခံစားရမှာမဟုတ်ဘူး...
ခံစားရမှာမဟုတ်ဘူး...
အခုတော့ အိမ်ပြန်ချိန်နောက်ကျရတဲ့ ကြားထဲ...
အိမ်မြန်ချိန်လမ်းတွေမှာ .. တစ်ယောက်ထဲ ဖြစ်နေတယ်...
အိမ်မြန်ချိန်လမ်းတွေမှာ .. တစ်ယောက်ထဲ ဖြစ်နေတယ်...
အမှတ်ရတယ် မေမြို့ရယ်..
ရင်တွင်းပစ် (လေးစားလျက်) လမင်း..
No comments:
Post a Comment