လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, April 1, 2012

ဆီးကြိုနေသော နွေသင်တန်းများ

ဆီးကြိုနေသော နွေသင်တန်းများ
“ကျောင်းပိတ်ချိန်မှာ ရေ သွားကူးမယ်။ နောက်နှစ်အတွက် ကျူရှင်ကြိုတက်ရမယ်”ဟု ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးကျောင်းမှ အဋ္ဌမတန်းကျောင်း သားတစ်ဦးက နွေရာသီ ကျောင်းပိတ်ချိန်အတွက် ပြင်ဆင် ထားမှုကိုပြောသည်။ အခြေခံ ပညာကျောင်းများ၏ ပညာသင် နှစ်ကုန်လွန်၍ နွေရာသီအားလပ် ရက်ရောက်ရှိ လာသော်လည်း မြို့ကြီးများတွင် နေထိုင်ကြသော ကျောင်းသားအများစုအတွက် နွေရာသီသင်တန်းများက အသင့်ဆီးကြိုနေသည်။
မြို့ပြတွင်နေထိုင်သူများ သည် ငွေကြေးတတ်နိုင်မှုပေါ်မူတည်၍ မိမိရင်သွေးကို အများ တကာထက် ထူးချွန်စေရန် အနု ပညာသင်တန်းများ၊ အားကစားသင်တန်းများ၊ ဘာသာစကားသင် တန်းများ၊ ကွန်ပျုတာကျွမ်းကျင်မှုသင်တန်းများသာမက လာမည့် ပညာသင်နှစ်၏ သင်ခန်းစာများ ကို နွေရာသီကျောင်းပိတ်ကာလတွင်သင်ယူစေ လျက်ရှိကြသည်။ 


ယင်းကဲ့သို့ ဈေးကွက်တောင်းဆိုမှုအနေအထားကြောင့် သက် ဆိုင်ရာနွေရာသီ သင်တန်းအမျိုး မျိုးသည် တစ်နှစ်ထက် တစ်နှစ် များပြားလာသလို နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ် ထုတ် ဂျာနယ်များမှတစ်ဆင့် အ ပြိုင်အဆိုင် ဈေးကွက်သို့ ထိုးဖောက်လျက်ရှိကြသည်။
““ကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ အမျိုးမျိုးပေါ် လာတာကောင်းပါတယ်။ဒါပေမဲ့ ကောင်းကောင်းတော့ ရွေးချယ်ဖို့ လိုတာပေါ့။ ကိုယ်တတ်နိုင်တဲ့အတိုင်း အတာရယ်၊ သင့်တင့်တဲ့ ကျောင်းရယ် ဖြစ်ဖို့လိုတယ်။ တစ် ခါတလေကြတော့ မိဘတွေက ဈေးကြီးရင်ပြီးရော ရွေးတယ်၊ တချို့က ဈေးသက်သာတယ်၊ ကြော်ငြာကောင်း တယ်။ ရွေးလိုက် တယ်ပေါ့။ တကယ်တော့ မိဘ တိုင်းက ဒါတွေကိုသိဖို့ မလွယ်ပါ ဘူး။ ဒါပေမဲ့ ကိုယ့်သားသမီးအ တွက်မျက်ခြည်မပြတ်လေးဖြစ်နေရင်တော့ အကောင်းဆုံးပါပဲ”ဟု နွေရာသီသင်တန်းကျောင်းများ အပြိုင်အဆိုင်ပေါ် ထွက်လာမှုနှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
အနုပညာစိတ်ဝင်စားသော ကျောင်းသားလူငယ်များအတွက် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အနု ပညာအထက်တန်းတို့မှ နွေရာသီ သင်တန်းများဖွင့်လှစ်ရန် သင်တန်း သားများဖိတ်ခေါ်နေသလို ပုဂလိက အနုပညာသင်တန်းများ ကလည်း နွေရာသီသင်တန်းများ အတွက် ပြင်ဆင်နေကြသည်။ “မတ်လ ၅ ရက်စဖွင့်မယ်။ အသက်ငါး နှစ်နဲ့အထက်ပေါ့။ သင်တန်းကြေးက တစ်လကို(ကျပ်) နှစ်သောင်းခွဲ။ အရင်ကတော့ သင်တန်းသားများတယ်။ အခုက သင်တန်းတွေ များလာတော့ ဘယ်လိုလာမလဲမသိဘူး” ဟု Sun Flower Art Gallery မှ ပန်း
ချီဆရာဦးမောင်မောင်သိမ်းက ပြောသည်။ နွေရာသီ ကျောင်းပိတ်ချိန် တွင် ကျောင်းသားများ အဓိက တက်ရောက်ကြသော သင်တန်းများမှာ ဘာသာစကားနှင့် ကွန်ပျူတာပညာရပ်များဖြစ်သည်။ အင်္ဂလိပ် နှင့် တရုတ်ဘာသာစကားမှာ နွေ ရာသီကာလ၏ ပေါ်ပြူလာဖြစ် သည့် သင်တန်းများဖြစ်ပြီး ပုဂ္ဂလိ ကဘာသာ စကားသင်တန်းကျောင်းများနှင့် အင်တာနေရှင်နယ်ကျောင်းများက နှစ်စဉ်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ယခုနှစ်တွင် ဗြိတိသျှကောင် စီ(မြန်မာ)သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကလေးငယ် များတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်းကို မတ်လတတိယပတ်မှ ဧပြီလထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်တစ်သိန်းခွဲဖြစ်သည်။ ထို့ပြင် ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် အသင်းဝင်ကတ်ပြုလုပ်မည့် အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်များအတွက် ပျော်ရွှင် ဗဟုသုတရဖွယ် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နွေရာသီအင်္ဂလိပ်စာသင် တန်းများသည် သက်ဆိုင်ရာသင် တန်းကျောင်းပေါ်မူတည်၍ ကျပ် သောင်းဂဏန်းမှ ကျပ်သုံးသိန်း ခွဲထိပေးသွင်းတက်ရောက်ရမည် ဖြစ်သည်။ မန္တလေးမြို့မှ ကျောင်း သားနှစ်ဦး၏ မိခင်က“အကြီးကောင်ကိုတော့ ဘော်ဒါပို့မယ်။ အငယ်ကောင်ကိုတော့ အင်္ဂလိပ်စာသင်တန်းတက်ဖို့ စဉ်းစားထားတယ်”ဟု နွေရာသီတွင် မိမိရင်သွေးများအ တွက် ပြင်ဆင်ထားမှုကို ပြောသည်။
နွေရာသီသင်တန်းတွင် ကျောင်းသားလူငယ်များ စိတ်ဝင် စားသော သင်တန်းတစ်ခုမှာ ရေ ကူးသင်တန်း ဖြစ်သည်။ ရေကူး အားကစားသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သလို ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသဖြင့် ယောကျာင်္းလေးအများစု တက် ရောက်သင်ယူလေ့ ရှိသည်။ “စာမေးပွဲပြီးတာနဲ့ လာ တက်လို့ရပြီ။ တနင်္လာကနေ သောကြာနေ့ထိ တစ်လခွဲလောက် ဆို တက်တယ်။ အတတ်သင်တာ ကျပ်သုံးသောင်းပါ။ မနှစ်က သင်တန်းချိန်ခြောက်ချိန်ရှိတာ တစ်ချိန်ကို သင်တန်း သားငါးဆယ် လောက်ရှိတယ်။ ဒီနှစ်တော့ ဘယ်လိုလာမလဲမသိဘူး”ဟု သထုံလမ်းရှိ တက္ကသိုလ်ရေကူးကန်မှ ၀န်ထမ်းတစ်ဦးကပြောသည်။
ခေတ်ကာလစနစ် ပြောင်းလဲမှုကြောင့် ကျောင်းသားများ၏ နွေရာသီကျောင်းပိတ်ကာလ အသုံးပြုမှုပုံစံ ပြောင်းလဲလာလျက် ရှိနေသည်။ အထူးသဖြင့် မြို့ကြီးများတွင် နေထိုင်သောကျောင်းသားများအနေ ဖြင့် ကိုယ်ပိုင်အချိန် အသုံးပြုရမှုထက် သင်တန်းများအတွက် အချိန်ပေးရမှုမြင့်တက်နေပြီဖြစ်သည်။ “အန်တီတို့တုန်းကတော့ နွေရာသီဆိုတာ စိတ်အပန်းဖြေတဲ့ အချိန်ပေါ့။ အားရပါးရ ကိုယ်လုပ်ချင်တာကို လုပ်ခဲ့တဲ့အချိန်ပေါ့။ သီချင်းဝါသနာပါရင် သီချင်းနားထောင်မယ်။ စာတွေရေးမယ်။ အားကစားလုပ်မယ်။ အခုတော့ အဲ့ဒါတွေ လုပ်ဖို့အပြင် တခြား ပညာပါထပ်သင်ရတဲ့အချိန် ဖြစ် နေပြီ။ ကွန်ပျုတာဆိုရင်လည်း ကျောင်းတက်နေချိန် မသင်အား ရင် အခုချိန်မှာ သင်ရမယ်။ အင်္ဂ လိပ်စာဆိုတာကလည်း ကျောင်း စာအပြင် ထပ်သင်ဖို့လိုအပ်နေ ပါတယ်။ ကျောင်းပြီးမှ သင်မယ်ဆိုရင်လည်း အားလုံးနောက်ကျ ကုန်မယ်။ ဆယ်တန်းလည်း အောင် ပြီးရော ဒီအတတ်တွေ တတ်ပြီး သား ဖြစ်နေရမယ်”ဟု ပညာရေး ကျွမ်းကျင်သူက အကြံပြုသည်။
ပြိုင်ဆိုင်မှုပြင်းထန်မည့် အနာဂတ်အတွက် ကျောင်းသား လူငယ်များ၏ အရည်အသွေးမြှင့် တင်ထားရန် လိုအပ်လာခြင်း ကြောင့် ကျောင်းသားမိဘများအနေဖြင့် သား သမီးပြုစုပျိုးထောင်စရိတ်များ တိုးမြှင့်အသုံးပြုရတော့မည်ဖြစ်သည်။ “သင်တန်းတွေ ပေါ်လာ တာ ကလေးတွေအတွက် ကံ ကောင်းတာပေါ့။ တချို့မိဘတွေအတွက် တော့ ကံဆိုးသလားတော့ မသိဘူး။ ကျောင်းပိတ်လို့ ငွေကုန်သက်သာသွားမယ်ဆိုတာ မရှိတော့ဘူး။ ထပ်ကုန်ဖို့က တန်းစီနေပြီ”ဟု ပညာရေးကျွမ်းကျင်သူက ဆိုသည်။
>နေလင်းထွန်း
အတွဲ (၁၀)၊ အမှတ်(၅၀)

ပြန်လည်မျှဝေလိုက်ပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...