( I can not fly ) အခုတော့ အားလုံး ..
အိမ်မက်ပါပဲ ..
ဒဏ်ရာတွေကို ခံစားတက်အောင်..
ပေးခဲ့တာလား ..
အကြောင်းမလှတဲ့ ..
ဘ၀မှာ .. မျှော်လင့်ချက်ဆိုတဲ့ ..
အရှေ့က ပန်းတိုင်ကို .. မျှော်လင့်ရင်း..
အသက်ရှင်နေရတာ အပြစ်လား ..
ငါအများကြီးတွေးဘူးတယ်..
ငါအများကြီး တောင်းတဘူးတဲ့ ..
အိမ်မက်တွေ ..အခု .. ရပ်တန့်နေပါပြီ ..
◄ ချစ်စရာ .. ဓလေ့တစ်ခုပါ .. ► တစ်ချို့က မာနကြီး .. လက်သီးဆိုပဲ ..
တစ်ချို့က .. မသိချင်ယောင်ဆောင် .. ခြင်ထောင် ထောင်တက်ကြတယ်..
တွေ့လို့ နှုတ်ဆက်.. မင်းတော်တော် အလုပ်လက်မဲ့ဖြစ်နေလားတဲ့..
ဟော် .. ကိုယ်ပဲ မှားပါတယ်...
တစ်ခုတော့သိထား .
ဒို့မြန်မာတွေက ..
ခင်မင်မှုရှိတဲ့ လူတွေကို တွေ့ရင် ..
နှုတ်ဆက်တက်ကြတယ်.. မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့တစ်ခုပဲ ..
ထက်ပြောမယ်နော်..
အကျွမ်းတ၀င်ရှိတဲ့ သူတွေကို မြင်ရင်
နှုတ်ဆက်တက်ကြတာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ..ဓလေ့လေး တစ်ခုပါကွာ..။
(အန်လ်)
တကယ်ကို အထင်ကြီးလုပ်ပြီး ..
Promise တွေ ပေးခဲ့တယ်..
ဒါကို ငါက ရှေ့နေကြီးတစ်ယောက်လို ..
အရာအရာ ဖြေရှင်းပေးနိုင်တယ် ထင်ခဲ့လို့..
အပြောကလွယ် တယ်..
လက်တွေ့က ခက်ခဲတယ်ဆိုတာ ..
ငါကြုံမှ သိလိုက်တာလား ..
တကယ်တော့မဟုတ်ဘူး ..
ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်လိုက်တာ ..
အမှားတွေ အထပ်ထပ် ပုံရိပ်တွေ အခုဖြစ်လာတယ်..
(ငါသိလိုက်တဲ့ ◄ ခဲတံ နှင့် ဘော်ပင် ►)
ငယ်ငယ်တုန်းက ..
စာသင်ကျောင်းအရွယ်လေးရောက်တော့ . ..
ခဲတံလေးတွေကို အမြဲတမ်း ကိုင်ထားရတယ်..
အမြဲတမ်းလဲ .. ကုန်သွားလိုက် ၀ယ်လိုက်နဲ့ပေါ့ ..
ဘာကြောင့်လဲ စဉ်းစားမီတယ်..
ဘာမှ မသိသေးတဲ့အချိန်တွေဆိုတော့ ..
အမှားတွေလုပ်တက်လို့ .. ခဲဖျက်လေးနဲ့
ပြင်လိုက် အမှန်ရေးလိုက် ..
ဖျက်လိုက် အမှန်ရေးလိုက် .. ပေါ့ ..
အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင်နေပါ
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး
သူ့နေရာမှာသူ အမြဲရှိနေတယ်.. ။ ဒါကြောင့် အခု စိတ်ချမ်းသာအောင်နေနိုင်မှ
အမြဲစိတ်ချမ်းသာမယ်..။
ကိုယ့်ဘ၀မှာ ဘာအခက်အခဲ ဘာပြဿနာမှမရှိရင် ကောင်းမှာပဲလို့
မျှော်လင့်နေရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး ..။
အရေးကြီးတာက ပြဿနာမရှိဖို့ မဟုတ်ဘူး..။
ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့..။
ငါဟာ လွတ်လပ်တဲ့သူလို့ ပြောချင်ရင် ငါ့စိတ်ချမ်းသာမှုဟာ
ငါ့လက်ထဲမှာ ရှိတယ်လို့ ပြောနိုင်မှ ရမယ်..။ စိတ်မချမ်းသာသေးဘူးဆိုရင်
မလွတ်လပ်သေးဘူး ..။
ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ့ဖို့ မလွယ်ဘူး .. ဆိုပေမယ့်..
တစ်ခြားနေရာမှာ ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး ..။
ကိုးကားဖတ်ရှုသမျှ ပြန်လည်မျှဝေလိုက်ပါတယ်.. လေးစားလျက်
ဘ၀ကို ကျေနပ်မှုဘယ်လောက်ရတယ်ဆိုတာ
ခန့်မှန်းချင်ရင် အကောင်းဆုံးအချက်က ကိုယ့်ကိုယ်ကို ဘယ်လောက်
ကျေနပ်သလဲ ဆိုတဲ့ အချက်က အကောင်းဆုံးပဲ .. ။
မိသားစုဘ၀က အကောင်းဆုံးအချက် မဟုတ်ဘူး ..။
မိတ်ဆွေ အပေါင်းအသင်းက အကောင်းဆုံးအချက် မဟုတ်ဘူး ..။
ဝင်ငွေက အကောင်းဆုံးအချက် မဟုတ်ဘူး ..။
အဲဒါကို ကြည့်ရင် တစ်ခြားအချက်တွေ ဘယ်လောက်ပဲ ..
ပြည့်စုံနေပါစေ.. ကိုယ့်ကိုယ်ကို ကိုယ် မကျေနပ်တဲ့သူ အားမရတဲ့သူက ..
စိတ်ချမ်းသာမှု ပြည့်ပြည့်၀၀ မရနိုင်ဘူး ..။
ကိုယ်နဲအမြဲတန်းရှိနေတာ ကိုယ်ပဲ..။ ဘယ်သွားသွား အမြဲ ကိုယ်နဲ့ ပါနေတယ်..။
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ
ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ
လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့
မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး
ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ်
စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂) ငါ ဘယ်သူ့ကိုမှ
ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင်
ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့်
စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်
သတိထားပါတယ်။
စိတ်ချမ်းသာချင်ရင်စိတ်အကြောင်းကိုနားလည်ဖို့လိုတယ်။
စိတ်...အကြောင်းကိုစာဖတ်ရုံနဲ့တကယ်နားမလည်နိုင်ဘူး။အထောက်အပံ့တော့ရမယ်။
ကိုယ့်စိတ်ကိုကိုယ်တည့်တည့်ကြည်ထားတတ်မှ ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။
လူ့ဂုဏ်သိက္ခာနဲ့စိတ်ချမ်းသာမှုဟာဆက်စပ်နေပါတယ်။
လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ရနိုင်တယ်။ကိုယ်ကျင့်တရား
ကောင်းတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။ ကိုယ်ချင်းစာတတ်တဲ့သူ၊ကူညီတတ်တဲ့သူ၊ ရိုးသားတဲ့သူဟာစိတ်ပို ချမ်းသာတယ်။
◄သိစေဖို့ (၄)►
မလိုအပ်တဲ့အတွေးတွေကို
မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှုရမယ်။"
အပျော်အပါးကို ဦးစားပေးပြီးတော့
ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို
မလုပ်တဲ့သူဟာ ရေရှည်မှာ
မပျော်နိုင်တော့ဘူး။
ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ ဖြစ်မှာပဲ။
ငွေကြေးချမ်းသာရင် ပစ္စည်းတွေ
အများကြီး စုမိလိမ့်မယ်။
ဒါပေမယ့် စိတ်ထားကောင်းမှ
အဲ့ပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့
သုံးနိုင်မယ်။
(ကောင်းလိုရာလေးများ ပြန်လည်မျှဝေလိုက်ပါသည်) လေးစားလျက်
ဗျာဒိတ်တော်ခံယူခန်း
လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌
သီတင်းသုံးနေစဉ် ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို
လှူဒါန်းကာ ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ
သံဃာတော်ခြောက်သောင်းတို့အား ဆွမ်းဘုန်းပေးကြွရောက်ရန်
အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့ ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး
ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်၍ မိမိအလိုရှိသော ဆု....
“ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော ကုသိုလ်စေတနာကြောင့်
အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး များကို
ချီးကျူးမြှောက်စား တော်မူပါဘုရား” ဟု လျှောက်ထားတောင်းပန်လိုက်သည်။ ထိုအခါ
ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို
စောင့်ရှောက်သောအားဖြင့်.... “ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ
္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည်
ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး
ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။
ထိုသို့ဗျာဒိတ်တော်ရအပြီး နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊
မေတ်္တာတရားများပွားများ၍ အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည်
လှည့်လည်ကာ ဖြစ်ကြလေသည်။
(၁) ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်
(၂) ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်
(၃) ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်
(၄) ဗာရာဏသီပြည်၌ နန်္ဒိယမင်းကြီး အဖြစ်
(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌ ကဿပနွယ်ဖြစ်သော
မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သောအခါ
မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့် မိဘတို့၏သဘောအတိုင်း
အိမ်ရာထူထောင်ခဲ့သည်။
ေေေေေေေ တောထွက်ခန်း
မိဘနှစ်ပါးဆုံးပါးသွားပြီးနောက်
တနေ့သ၌ ဇနီးမောင်နှံနှစ်ဦးစလုံးသည် “ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့”ဟု
အကြံရလျှက် ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍
တစ်ဦးကိုတစ်ဦးဆံချပေးပြီး ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍
တောထွက်ကြလေသည်။ ထိုသို့ တောထွက်လာကြပြီးနောက် တောမြိုင်တခု၌
လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍
ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့် တပြိုင်နက်
မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။