လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 3, 2012

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

by Ei Chaw San (facebook)

 မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်
ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။

လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်

လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်

 

"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပန်းရမှာပါဘဲ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓါတ်ပုံ-Hot News)
    အများသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

    လွှတ်တော်အခွင့်အရေးပူးပေါင်းမှုကော်မတီက ``အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ်တယ်ဆိုတာက လွှတ်တော်ကို ဆိုလိုတာပါလား တစ်ခြားဘယ်သူကို ရည်ရွယ်ပါသေးသလဲ´´ဟုမေးမြန်းရာ----

ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း

နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး (၄)ရပ်စလုံးက ကြိုဆိုနေသော ခရမ်းရောင်ဝတ်စုံနှင့် ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့် အဖြူစွက်ပိုးပ၀ါခြုံကာ ပန်းဖြူ နှစ်ပွင့်ပန်ထားသော  သူမသည် အနက်ရောင်ကားလေးနှင့်   ရောက်ရှိလာသည်။ အညိုရောင် ကတ္တီပါပုံတော် ဖိနပ်ထူထူစီးကာ  ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသော သူမ၏ခြေတစ်လှမ်းသည် သန်း(၆၀)သောပြည်သူများ ၏အနာဂတ်အရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံထား သော အချက် ဖြစ်သည်။ 

အချစ်

အချစ်

ကျေးဇူးတင်ပါတယ်
နင်ငါ့ကိုချစ်ခဲ့ဖူးတယ်
မနေ့ကတောင်ငါ့အလွမ်းတွေ....နင်ဖန်တီးခဲ့သေးတယ်
ဒီနေ့တော့..ကဗျာဆင်မမီတဲ့စာသားတွေကို...ငါထပ်ဖန်တီးတယ်
ချစ်တဲ့သူကတယောက်...ချစ်နေရတဲ့သူကတစ်ယောက်
ငါညည်းနေတယ်ဆိုရင်...ငါမတင်းတိမ်ဘူးလို့
နင်ထင်လိမ့်မယ်

(နင်မသိအောင်)

နင်ချစ်မြဲချစ်နေအောင်
စကားအပိုတွေပြောပြီး
ချစ်တာတွေ...
ချွဲ့နွဲ့တာတွေ...
ငါမလုပ်တက်ဘူး။
နင့်ကြောင့်
ရင်ခုန်သံတွေ..ညံနေရင်တောင်
နင်မသိအောင်..ငါ
ထိန်းချုပ်ထားမယ်။
ဘာပဲဖြစ်ဖြစ်...နင့်ကြောင်
ငါငိုနေရင်တောင်
၇င်ထဲမှာပဲ.ငိုကြွေနေမယ်။
ငါ့ငိုကြွေသံကို
နင်မသိအောင်..မြိုသိပ်ထားမယ်။

Heart ♥ ထိတယ်

Heart ♥ ထိတယ်

နှလုံးသားလေး .. အားနည်းနေတာ..
Heart ♥ ထိ နေ လို့ပါ…
Heart ♥ ထိ နေတာ အပြစ်တော့.. မဟုတ်ပါဘူး..
အချစ်ကို .. ခံစား.. ဘူးမှ နားလည်ပေးကြပါ..

(Heart ♥ ထိတယ)် .. (Heart ♥ထိတယ်..)
ဘိုးဘိုး ..ဘွားဘွား ..တို့လည်း .. Heart ♥ ထိတယ်..
ကိုယ်ကိုယ် … မမ .. တို့လည်း .. Heart ♥ ထိတယ်..
သားသား….. မီမီ.. တွေလည်း … Heart ♥ ထိတယ်..
(Heart ♥ ထိတယ)် .. (Heart ♥ထိတယ်..) …. ဟေ့

ငါ.. ပြန်လာတယ်ဆိုတာ..

ငါ.. ပြန်လာတယ်ဆိုတာ..

သို့ ချစ်ခဲ့ရသောသူ
ငါ.. ပြန်လာတယ်ဆိုတာ
မင်းနဲ့ လုံးဝမတွေ့ရင် မနေနိုင်လို့ပါ..
ငါ့ စိတ် .. ငါ့ ခန္ဓာမင်းအတွက်.. ဘာမှ မဖြစ်ဘူးလို့
မင်း.. မတွေးလိုက်ပါနဲ့ … မင်းကြောင့်ပေးလိုက်ရတဲ့. …
အသည်းတစ်ခြမ်းဟာ.. ငါ့ အသက်ရှင်နေဖို့နဲ့
ငါ့ .. မျှော်လင့်ချက်လမ်းတွေ … ပျောက်ဆုံးသွားမှာကို ..

ညာဖက်လက်သူကြွယ် ရှည်လျားသော အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာအန္တရာယ်

ညာဖက်လက်သူကြွယ် ရှည်လျားသော အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာအန္တရာယ်

နောက်ဆုံးပေါ် လေ့လာချက်အသစ် တစ်ရပ်အရ ညာဖက်လက်သူကြွယ် ရှည်လျားသော
အမျိုးသားများသည် ဘ၀တွင် ဆီးကျိတ်ကင်ဆာဖြစ်ရန် အခြားသူများထက် ၃ ဆ
ပိုမိုနီးစပ်ကြောင်း သိရသည်။
အကြောင်းရင်းမှာ ထိုသို့ ညာဖက်လက်သူကြွယ် ရှည်လျားသော မျိုးရိုးဗီဇရှိသူ အမျိုးသားများတွင်
ဆီးကျိတ်ကင်ဆာ ဖြစ်လျှင် သွေးထဲတွင် မြင့်မားစွာ ပေါ်နေတတ်သော prostate
specific antigen (PSA) ဆိုသည့် ဓာတုပစ္စည်းတစ်ခု ပုံမှန်အခြေအနေတွင်ပင်
မြင့်မားစွာ ရှိနေနိုင်သော မျိုးရိုးဗီဇနှင့် ဆက်စပ်ကြောင်း
သွေးဖောက်စစ်ဆေးချက်များ အရ တွေ့ရှိရသောကြောင့် ဖြစ်သည်။

သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း ဇီဝက ( ဆေး -၂ ) မှ ကူးယူဖော်ပြသည်

သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း
ဇီဝက ( ဆေး -၂ ) မှ ကူးယူဖော်ပြသည်

ဝမ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။ အောက်ပါ သဘာဝနည်းလမ်းများနှင့် အချက်အလက်တို့ကို လိုက်နာခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါသည်။

လွမ်းလို့ သေသွားတဲ့ သစ်ပင်

လွမ်းလို့ သေသွားတဲ့ သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။
မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

အတူတူစားချင်တယ်..


မမြင်ရပါက ..ကလစ်လေး တစ်ချက် ပုံပေါ်နှိပ်၍ ကြည့်ပေးစေချင်ပါသည်... ။ လေးစားလျက် လမင်း

အဖိုးကြီး စစ်တမ်း

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။


သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများ

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။
လူဖြစ်ပေမဲ့.......
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။

ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ္ဘာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်
ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက်
ရွှေထီးပေါ့ ။

မိသားစု

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

အဖြစ်ရှိတဲ့ …. မင်း

အဖြစ်ရှိတဲ့ …. မင်း

ကြုံရာမှာတွေး ကြုံရာမှာရေးတာအရည်အချင်းပါ။
အဖြစ်ရှိလို့ရေးလို့ရတာ သိမ်ငယ်ပါနဲ့ကွာ
ချစ်လွန်းရင်း
ရှေ့ဆက်လှမ်း၊ မင်းတက်လမ်းပါ။
ဘာကြောင့်လည်းမမေးနဲ့
မင်းကိုခမ်းခမ်းနားနားထားချင်တာ
ယောက်ျားတစ်ယောက်တန်ဖိုးပါ။

အဖြစ်မှမရှိတဲ့.. ငါ

အဖြစ်မှမရှိတဲ့.. ငါ
ကြုံရာမှာတွေး ကြုံရာမှာရေးနေပင်မဲ့..
အဖြစ်မှမရှိတဲ့.. ငါ့ကိုယ်ငါ.. သိမ်ငယ်မိတယ်.
ချစ်လွန်းလို့ .. အရှေ့ဆက်လျှောက်နိုင်စွမ်းလည်းမရှိ..
ဘာကြောင့်လည်းသိလား …။
မင်းကိုချစ်တဲ့… ငါ့စိတ်တွေဟာ.. မင်းကို
ခမ်းခမ်းနားနား ထားချင်လို့ပဲ…
မင်းတော့ .. တွေးမိလား….
စိတ်ရူးပေါက်လို့.. ချစ်ခဲ့တာမဟုတ်ဘူး..

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...