အတွက်အချက်တွေနဲ့..
မနက်မနက် ဈေးသွားရတာ
ယောက်ျားတွေကြီးဘဲ .. ထပ်..ထပ် တွေ့မြင်နေရတယ်..
အသားငါး ဟင်းသီးဟင်းရွက်တွေနဲ့
လုံးထွေးရင် မနက်မနက်
မီးဖိုချောင်ထဲမှာ နေ့ နှင့် ည မရွေး
ချက်ကြ ပြုတ်ကြ ရတာ
ကိုယ်ကို စားဖိုမှူးကြီးတွေပါ..
ကလေးကထိန်း .. ကျောင်းက ပို့
ဖေဖေကြီးကို ချစ်တယ်ဟုတ်
အလုပ်ကနား မပြီးသေးဘူးဗျာ
အိမ်နောက်ဖေးကို ထပ်ဝင်ကာ
ခင်မဒီနှမ အတွက် သူချက်ထား..
စားပြီးသောက်ပြီး.. မပြီးသေးဘူးဗျ..
ခင်မဒီနှမအတွက် လက်စွမ်းပြ
စာရင်းဇယားနဲ့ အလုပ်ကများတဲ့
ခင်မဒီနှမ ဇာတ်ကြောတတ်ပါသလား..
နှိပ်ကာထားတော့ ... အမှတ်ကများ
နောက်နေ့တွေလည်း... ဆက်ကာသွား... ဆက်ကာသွား..
( မောင်ပင်ပန်းတယ်လို့ ရှေ့မှာမပြောတာကြောင့်
ကြိတ်ကာ ကြိတ်ကာနှင့်
မယ့်ကို ဦးစားမပေးတော့ဘူး..
မောင်ကြီးဘဲ .. ဦးစားပေးလုပ်ကာ..
ချစ်ပါသလား.... ချစ်ပါသလား..မောင်မေးတော့
မယ်က ချစ်တာပေါ့..ချစ်တာပေါ့..
မေတ္တာပေါ့ပေါ့ကြီးတွေနဲ့.. ခေတ်မှာ မသိမသာ
ကျွန်တော်တို့ ယောက်ျားတွေ တိမ်ပါးသွားတာ
မမြင်ကြဘူးလား... ဒါဟာ... ချစ်ရင်းနဲ့ နစ်သွားတာ
(ယနေ့ မီးဖိုချောင်ထဲက ချက်ကြပြုတ်ကြတာ ဘယ်သူလဲဗျ .. ဘယ်သူလဲဗျ)
တစ်ခုတော့ကောင်းတယ်... (ချက်တတ် ပြုတ်တတ်တဲ့ ယောက်ျားတွေကို ပျိုပျိုနှမတွေက ချစ်တာများတယ် ချစ်တာများတယ်..(ဟီ့)

အခုတော့ ကျွန်တော် လစ်ကာသွားပြီးဗျ..
ရေးခြင်တာတော့ အများကြီးပေါ့ ဖတ်ရှု့ကြသော သူငယ်ချင်းများကို လေးစားလျက် (လမင်း)
No comments:
Post a Comment