လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း


ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း(Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးမှုတယ်လို့ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှုအား ကောင်းစေခြင်း စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေမှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Via: General Knowledge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...