လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

အဆုတ်ကင်ဆာအကြောင်း သိထားသင့်သည်များ




အဆုတ်ကင်ဆာက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပေမယ့် အမျိုးသားတွေမှာ ပိုဖြစ်နှုန်းများတာကို တွေ့နေရပါတယ်။

အမျိုးသားတွေက ဆေးလိပ်သောက်သုံးမှုများလို့ ဖြစ်ရတယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး ရောဂါအကြောင်း တိတိကျကျ သိနားလည်ကာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စေဖို့ အများသိထားသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

အဆုတ်ကင်ဆာ ဖြစ်စေသော အကြောင်းရင်းများ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ အဓိကကတော့ ဆေးလိပ်သောက်တာဖြစ်ပြီး အဆုတ်ကင်ဆာဖြစ် သူ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှု စစ်တမ်းတွေအရ သိရပါတယ်။

မိမိကိုယ်တိုင် ဆေးလိပ်သောက်တာအပြင် သူတစ်ပါးသောက်တဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းအထိ မြင့်လာနိုင်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်သောက်တိုင်း ကင်ဆာဖြစ်သလားဆိုရင်တော့ ဆေးလိပ်သောက်သူချင်း ယှဉ်ကြည့်မယ်ဆိုရင် မျိုးရိုးမှာ ကင်ဆာဖြစ်သူ ရှိတဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

ကျောက်မီးသွေးအမှုန် (Asbestos) တွေ၊ Radon ဓာတ်ငွေ့စက်ရုံမှ အမှုန်၊ အငွေ့တွေ ရှူရှိုက်မိရင်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေရှိပြီး စက်ရုံ၊ ကား၊ အလုပ်ရုံတွေက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းမှု ဖြစ်စေကာ အဆုတ်ကင်ဆာ ဖြစ်ပွားမှု များစေပါတယ်။



အဆုတ်ကင်ဆာ၏ လက္ခဏာများ အဆုတ်ကင်ဆာ ဖြစ်ခါစ အစောပိုင်းမှာ အများအားဖြင့် ဘာလက္ခဏာမှ မပြသတတ်ပါဘူး။

တချို့လူတွေက ကျန်းမာရေး စစ်ဆေးမှု ခံယူရင်း ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးရာမှ တွေ့ရှိတတ်ကြပါတယ်။ အဆုတ်ကင်ဆာ ရောဂါဖြစ်ပြီး အနီးအနားက အဆုတ်တစ်သျှူးတွေထံ ပျံ့နှံ့လာတဲ့ အခါမှာတော့ ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ မောတာ၊ ရင်ကျပ်တာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးရင်း သွေးပါတာတို့ ဖြစ်နိုင်ပါတယ်။ အနီးအနားရှိ တခြားတစ်သျှူးတွေကို ပျံ့နှံ့ရင်တော့ ပခုံးနာတာ၊ အသံပြောင်းတာ၊ အစာမျိုရခက်တာ စတာတွေဖြစ်ပြီး တခြားအင်္ဂါတွေကို ပျံ့နှံ့ရင်တော့ မျက်စိဝါးတာ၊ ခေါင်းကိုက်တာ၊ လေဖြတ်တာ၊ အားနည်းတာ၊ ထုံကျဉ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်အပြောင်းအလဲ ဖြစ်တာတို့ ခံစားရနိုင်ပါတယ်။

အဆုတ်ကင်ဆာအား သံသယရှိသင့်သော အခြေအနေများ အောက်ပါ အခြေအနေတွေမှာ အဆုတ်ကင်ဆာ ဖြစ်နေသလား ဆိုတာကို သံသယရှိပြီး ဆရာဝန်နဲ့ ပြသတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

ကြာရှည် ချောင်းဆိုးတာ၊ အရင်က ပုံမှန်ချောင်းဆိုးနေရာမှ ပိုဆိုးလာတာ၊ သလိပ်ထဲ သွေးပါတာ၊ ရင်ဘတ်အောင့်တာ၊ မကြာခဏ အဆုတ်အတွင်း ပိုးဝင်ရောင်ရမ်းမှု ဖြစ်တာ၊ အကြောင်းတစ်ခုခု မရှိဘဲ ပိန်သွားတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ အသက်ရှူရ ခက်ခဲတာ၊ မောတာ၊ ရင်ကျပ်တာ အဆုတ်ကင်ဆာရောဂါ ရှာဖွေခြင်း အဆုတ်ကင်ဆာရောဂါ ရှာဖွေဖို့ အတွက် ကင်ဆာဖြစ်ပွားရာ နေရာပေါ် မူတည်ပြီး ရင်ဘတ်ဓာတ်မှန် ရိုက်စစ်ဆေးတာ၊ အဆုတ်အသားစ ယူစစ်ဆေးတာ စတဲ့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ် စစ်ဆေးနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါ ကာကွယ်မှု ကင်ဆာရောဂါ အများစုဟာ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ပါတယ်။



အဆုတ်ကင်ဆာ မဖြစ်စေဖို့ ဆေးလိပ်မသောက်ရပါဘူး။ ဆေးရွက်ကြီး ငုံတာ၊ ဝါးစားတာတို့ကို ရှောင်ရပါမယ်။ တချို့ လုပ်ငန်းခွင်တွေမှာ လိုအပ်ရင် အကာအကွယ် ဝတ်စုံ၊ နှာခေါင်းစည်း၊ လက်အိတ်၊ အကာအကွယ် မျက်မှန် စတာတွေကို ညွှန်ကြားချက်အတိုင်း တိတိကျကျ ဝတ်ဆင်ရပါမယ်။

ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုများနေရင် နှာခေါင်းစည်း အုပ်ထားပေးရပါမယ်။ အဆီအအိမ့်များတဲ့ အစာနဲ့ အသား၊ ထပ်ခါတလဲလဲ ကြော်ထားတဲ့ အစာ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေ၊ ကျပ်တင်ထားတဲ့အစာ၊ မီးကင်ထားတဲ့ အစာ၊ ငရုတ်သီးခြောက်မှာ ပါတဲ့ မှိုတွေ၊ ဆိုးဆေးပါတဲ့ အစာတွေ၊ ပိုးသတ်ဆေး ဖျန်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှောင်ကြဉ်ရပါမယ်။

တစ်နေ့မှာ အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ကင်ဆာမျိုးရိုးရှိပါက တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် ခံယူဖို့ လိုအပ်ပါတယ်။



ကေအမ်

By Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...