1. Start>>Control panel ကို အရင်သွားလိုက်ပါ။
2. Control Panel ထဲရောက်ရင်တော့ Appearance and Personalization ထဲက Change the thame ကို ကလစ်လုပ်လိုက်ပါ။
3. ပြီးနောက် window color ကို ကလစ်လုပ်ပေးလိုက်ပါ။
4. Window color and Appearance box လေး ပေါ်လာပါလိမ့်မယ်။
တစ်ချို့စက်တွေမှာတော့ ကြားခံတစ်ဆင့်ပေါ်ပါလိမ့်မယ်။ window color ကို ကလစ်ပေးလိုက်တာနဲ့
မိမိတို့အသုံးပြုနေတဲ့ window တွေရဲ့ အရောင်လေးတွေကို ရွေးနိုင်ရန် ကာလာ လေးများ ပေါ်လာပါလိမ့်မယ်။
အဲံဒါအခါမှာ Advance Appearance Setting ကို ထပ်၍ နှိပ်ပေးမှသာ Window color and Appearance box လေး ပေါ်လာပါလိမ့်မယ်။
အောက်က ပုံလေးကိုကြည့်ပါ။
အဲ့ဒိ ပုံလေးမှာ Item ဆိုတဲ့နေ၇ာလေးမှာ Desktop ဆိုတာလေးကို မြင်နေရမှာပါ။
မြှားလေးကိုဖွင့်ချပြီး Icon လို့ရွေးလိုက်တာနဲ့ သူ့ရဲ့အောက်ဘက်က font ဆိုတဲ့ အကွက်လေးကမီး လင်းလာမှာပါ။
အဲ့ဒိမှာ ZawGyi font ကို ရွေးပေးလိုက်ရင် အဆင်ပြေပါပြီ။
အားလုံးပြီးတဲ့အခါ Apple ကို ကလစ်လုပ်လိုက်ပါ။ ခဏတောင့် စောင့်ရမည် ဖြစ်ပါတယ်။
ပြီးနောက် ok ကို ကလစ်ပေးလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment