လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 6, 2014

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း


(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့ အကောင်းဆုံးအရာပါပဲ။

(၂)သူပြုံးမှကိုယ်ပြုံးမယ့်အစား ကိုယ်က စ၍ ပြုံးလိုက်ပါ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့၊ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲ့ ဆိုတာမရှိပါဘူး။

(၄)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာ
တစ်ခါလောက်ပဲဖြစ်မှာပါ ။

(၅)ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရရှိမှာပါ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင် တော်ပါ
သေးတယ်။

(၇)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။

(၈)"ကံတရားပါကွာ"လို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်း ကတော့လုံးဝယုံကြည်ဖို့ပဲ။

(၁၀)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲ
စေနိုင်တယ်။

(၁၁)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။

(၁၂)လိုအပ်တဲ့အခြေနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး
ထိုင်စောင့်တာဟာ အလကားအချိန်ဖြုန်းနေတာပါပဲ။

(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ။

(၁၄)ဒုက္ခအနီးတွင် သုခရှိ၏။

(၁၅)ဘဝဆိုတာသင်ယူဖြန့် ဝေခြင်းဖြစ်ပြီး လူ့ အဖွဲ့အစည်းကတော့
ကျောင်းပါပဲ ။

(၁၆)ဘဝမြင့်သွားပေမဲ့ ဘဝင်မမြင့်ပါစေနဲ့။

(၁ရ))ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

(၁၈)ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ်။

(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီး
ခြင်းပါပဲ။

(၂၀) ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ။

(၂၁)အချစ်အတွက်နဲ့အသက်ပင်သေသေဆိုပြီး ဂုဏ်ယူမနေကြပါနဲ့၊ အဲဒါမိုက်ရူးရဲဆန်တာပါပဲ။

(၂၂)နားလည်မှုရှိသရွေ့ တော့ မေတ္တာတရားဆိုတာ မွေးဖွားနေဦးမှာပါ။

(၂၃)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာ
ပါပဲ။

ြ ပြန်လည် ကိုးကားမျှဝေခြင်း လေးစားလျက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...