လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 6, 2014

ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း

<><> ခင်ပွန်းကြီး ( ၁၀ ) ပါး ကန်တော့နည်း <><>
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ၊ဓမ္မဒေသကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊အဟံဝန္ဒာမိ သဗ္ဗဒါ။ ။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်-
(၁)ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၂) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင်
ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၃) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊
မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၄) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၅) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
(၆) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
(၇) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန်


ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
(၈) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊
ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌
(၉) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြော ပြသ
ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
(၁၀) ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်း
ချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌
ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါဧ။်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား
အရှင်ဘုရား။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...