လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, September 14, 2012

ငါ့ရဲ့ ... ငါးရှဥ့်လေး.. *--♥--*

မင်းကို ငါ့ရဲ့ ဘေးနားမှာ
တစ်ဘ၀စာအဖြစ် ခေါ်ထားတာ
ဘာလို့ မပျော်ရွှင်တာလည်း ချစ်သူ..။
ငါ့ရဲ့ အချစ်တွေက အတင်းကြပ်ကြီး
မင်းရဲ့စိတ်ကို ချုပ်နောင်ထားသလို
မင်းခံစားနေရလို့လား ..။

ဒါဆို သိခံပြီးတော့
ဒီတစ်ခါလည်း နေပေးပါအုံးဟာ..
ငါ ..တောင်းပန်ပါတယ်.. ။


နင့်ကတော့ ငါ့ရဲ့ ဘေးနားကနေ
အမြဲတမ်း ထွက်ခွာဖို့ ကြိုးစားနေတယ်
နင့်ကိုချစ်တဲ့ ငါ့မှာတော့
မနက်ဖြန် မနက်ဖြန်တိုင်း
စီုးရိမ်စိတ်တွေနဲ့
နင့်ထွက်သွားမှာကို ကြောက်နေတယ်...။
ဒီတစ်ခါလည်း နင့် ငါ့ဘေးနားက
ထွက်ခွာမသွားပါနဲ့လို့ .. ငါတောင်းပန်ပါတယ်..

နင်သာဒီတစ်ခါထွက်ခွာသွားရင်.. ဘယ်တော့မှ မနီးစပ်နိုင်တော့ဘူး..
နင် ငါ့ဘေးနားက ထွက်ခွာမသွားပါနဲ့လို့ ငါတောင်းပန်ပါတယ်...
ဘာဖြစ်လို့လည်းဆိုတော့ ( နင့်ဟာ ငါ့ရဲ့ ငါးရှဥ့်လေး..)

လေးစားလျက်(လမင်း) ... 14-9-2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...