♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Saturday, February 18, 2012
အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
***************************************************
ယနေ့ IQ မြင့်မားသော ကလေးငယ်များသည် ဖြစ်၍ အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
IQ မြင့်မားလာတဲ့ ကလေးငယ်များ ယနေ့ခေတ်တွင် ပေါ်များလာတာ သိသိသာသာပါပဲ..
ယနေ့ခေတ်ဟာ coumputer ကို ဖတ်မွေးလာသောကြောင့် ညံ့သူမရှိနိုင် ဖျင်းရင်သာ ဘာမှမတတ်နိုင်ပါ..။
အတတ်ပညာ မြန်ဆန်တိုးတက်လာသောကြောင့် အသိပညာမှာလည်း ကြွယ်ဝလာကြပါတယ်..
ယနေ့ခေတ် IQ မြင့်မားသော ကလေးငယ်များကြောင့်
ရှေ့လျှောက်မဲ့ အနာဂတ်အတွက် ကောင်းမွန်သည် ရလဒ် တစ်ခုပင်ဖြစ်သည်ဟု သတိချပ်သင့်၏။
၂ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး IQ မြင့်မားမှုကို လက်တွေ့ကျကျ ကျွန်တော် ဆုံတွေ့ခဲ့ပါတယ်..
ထို ၂ နှစ်သမီးအရွယ် ကလေးငယ်ကလည်း ကျွန်တော့ ပတ်ဝန်းကျင်ကပါ .. အလုပ်သွား အလုပ်ဆင်း ချိန်တိုင်း
ထိုကလေးငယ်ကို မှတ်မှတ်ရရ မြင်ဘူးပါတယ်..
တစ်နေ့ ကျွန်တော့်အလုပ်မှာ အလုပ်ကိစ္စကြောင့် (၈)နာရီ မတင် မှ ပြန်ခဲ့ရပါတယ်..
ပြန်တော့ ကျွန်တော် စီးမဲ့ ကားမှာ ထိုကလေးငယ်ပါလာပါတယ် သူနှင့်အတူ သူ့အမေလည်းပါပါတယ်..
သူ့အဖေကတော့ ကားသမားပေါ့..
ဒါနဲ့ ကားပေါ်အတတ် ကျွန်တော်လည်း ဒီကလေးကို မျက်မှန်းတန်းမိနေတာကြောင့် ကလေးကို စရင် နောက်ရင်း
ဦးဆီလာလို့ ခေါ်လိုက်တော့ ကလေးကလည်း လိုက်ပါတယ်...
ကျွန်တော့် လက်ပေါ်ရောက်တော့ ကလေးစားပီပီးလားလို့ မေးတော့
၂ နှစ်သမီးအရွယ်ကလေးက စာပီပီးတဲ့ ဖြေပါတယ်..
ဘာနဲ့စားလည်းဆိုတော့ ကြက်သားဟင်းတဲ့ ဖြေပါတယ်.. ကျွန်တော် ဒီလောက်တော့ မအံသြသေးပါဘူး ...။
ထိုကလေးငယ် ကျွန်တော့လက်ပေါ်မှာ ငြိမ်ငြိမ်လေးနဲ့ သူခေါင်းလေးကို
ကျွန်တော့ ရင်ဘတ်မှာမှီရင် အတူကားစီးနေစဉ်..။
ရုတ်တရက် လမ်းဘေးက ဘုရားကို ထိုကလေးငယ်မြင်တော့ သူခေါင်းလေး ထောင်လာတာကို သတိပြုမိပါတယ် ကျွန်တော်..
ဘာရယ်မဟုတ် ကျွန်တော် ထိုကလေးငယ်ကို ငေးကြည့်နေပါတယ် .. သူဘာသာသူ လက်အုပ်လေးချီပီး
ကန်တော့တာကို မြင်တွေလိုက်ရချိန် ကျွန်တော် စိတ်မှာ နည်းနည်း အံသြသင့်သွားတယ်..။
ဒါနဲ့ ကျွန်တော် ထိုကလေးကို သမီးက ကန်တော့နေတာလားလို့ မေးလိုက်တော့သူ ရှပ်ပြုံးလေး ပမာ ရယ်ပြတယ်ဗျာ့..
ကျွန်တော်လည်း**** ဟဲ ... ဟဲ****ဲ ဆိုပြီး ကလေးကို နမ်းလိုက်ပါတော့တယ်.။.
တကယ်တော့ ၂ နှစ်သမီးအရွယ်ကလေးတစ်ယောက်ရဲ့ သိတတ်နေတဲ့ စိတ်လေးကို IQ မြင့်မားနေတာလေးကို သတိထား
အံသြသွားမိခဲ့တာပါ.. ကျွန်တော် ဂုဏ်ယူပါတယ် ထိုကလေးရဲ့ အသက်အရွယ် ထက် ဥာဏ်ရည်ဟာ ပို၍ မြင့်မားမှုရှိနေတာကို
ပြောမလားဗျာ.. သတိထားမိခဲ့ပါတယ်.. ။
အရမ်းကို ကောင်းပါတယ် ကျွန်တော်တို့ တုန်းက ၂ နှစ်အရွယ်ဆိုတာ တကယ်ကို
ဘာမှ မသိတဲ့အရွယ်ပါ...
ယနေ့ခေတ် IQ မြင့်မားလာသော ကလေးငယ်များလာသောကြောင့် အနာဂတ်အတွက် ပိုမိုထွန်းလင်းလာဖို့
အင်အားအကောင်းဆုံး ရလဒ်တွေပါလို့ ကျွန်တော်တို့တွေ သတိချပ်သင့်၏။..
ဒါကြောင့် ကျွန်တော်တို့တွေ သူတို့လေးတွေကို လမ်းမှန် ၊ နည်းမှန် ရောက်ဖို့
ခြံစည်းရိုးပမာ သင်ကြားပို့ချဖို့ လိုအပ်ပါတယ်...
ထိုမျှသာ နောင်တစ်ချိန်မှာ ကြယ်ပွင့်လေးတွေများလာပီး အနာဂတ်ကောင်းကင်ကြီးကို
ထွန်းလင်းနိုင်မည် ဧကန်ပင်ဖြစ်သည်။..
*** *** *** **** ***ကျွန်တော်တို့ ဘိုး/ ဘွားခေတ်ကလည်း အနာဂတ်ဟာ မှေးမှိန်တယ်
******************ကျွန်တော်တို့ အဖေ/ အမေ ခေတ်ကလည်း အနာဂတ်ဟာမှေးမှိန်တယ်..
******************ကျွန်တော်တို့တွေ ခေတ်မှာ အနာဂတ်ဟာ အရောင်လေးတော့ တောက်ပလာရုံပါပဲ..
ယနေ့သူတို့လေးတွေ ခေတ်မှာ အနာဂတ်ကောင်းကင် မတောက်ပလာဘူးဆိုရင်
အနာဂတ်ကောင်းကင်ကြီး ဘယ်တော့ တောက်ပလာမည်နည်း..။ (စဉ်းစားပါ)..
ရှေ့နွားဖြောင့်ဖြောင့် သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်မှာပါ...
မှတ်ချက်..........
မိဘကောင်းမှ သားသမီးကောင်းမည်
သားသမီးကောင်းမှ အမိတိုင်းပြည်
အနာဂတ်ကောင်းမည်... ။
လေးစားလျက် ။ လမင်း ....
*********************************************************************
Labels:
ခံစားချက်
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment