လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 21, 2014

လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း

(လောကပင်လယ်ပြင်ထဲသို့ စီးဝင်ခြင်း)

မနက်ခင်းအလင်းနှင့်အတူ
ကျွန်တော့် ဘဝနေ့သစ်လေး စပီ
နောက်အရက်ဆိုတာ မရှိပါဘူး
ယခုအချိန်ကိုသာ အားကျ လုပ်ကိုင်နေသူပါ

ဘာကိုမှလည်း မမျှော်လင့်ဘူး
ဘာအတွက်မှလည်း တောင်းတပီး မရှင်သန်ဘူး
ယနေ့အချိန်ကိုသာ အကောင်းဆုံး နေထိုင် ဖြတ်သန်းသူ


မနက်ဖြန်ဆိုတာကို လွမ်းမနေတော့ပါဘူး
နေ့မြင် ညပျောက် လောကင်္ကြီးမှာ
အမှောင်ထုကြီးက ပိုပီး ပိုင်ဆိုင်မှုများပါတယ်
ယခုအချိန်ကိုသာ တတ်သိပညာ တတ်နိုင်သည့် ခွန်အား သိလိုရာ တတ်လိုရာ နည်းပညာများနှင့်တကွ
နည်းသည်ဖြစ် များသည်ဖြစ်စေ ကူညီဖေးမ ပြန်လည်မျှဝေရင်း စီးဆင်းမည်

အားလုံးကိုလေးစားလျက် (အန်လ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...