လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, June 16, 2014

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

Photo: ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို
စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ
ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း 
သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ
တစ်ခုလို့ ဆိုရမှာပေါ့။

ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင်
ဝိတ်ကိုေ ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသာ (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။ 

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး 
အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို
စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ
ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း
သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ
တစ်ခုလို့ ဆိုရမှာပေါ့။

No Title

Photo: မှတ်ထားနော် သေချာ H phyo

အမှားမကင်းကြပါ

Photo

လူပီသချင်လို့ပါ

Photo: လူပီသချင်လို့ပါ။

အချစ်ကဗျာတစ်ပုဒ်

အချစ်ကဗျာတစ်ပုဒ်
************************
တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။

အိပ်ရေးမဝခြင်း၏ အကျိုးဆက်

Photo: အိပ်ရေးမဝခြင်း၏ အကျိုးဆက်

 
အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့

၁။ ကိုယ်ခံအားနည်းခြင်း

ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း

တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း

အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။

၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း

အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။

၅။ အဆီတက်၍ ဝလာစေခြင်း

အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။

 

ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ  လိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

. အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့

၁။ ကိုယ်ခံအားနည်းခြင်း

ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း

တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

NO SMOKING

[ No Smoking ]
Photo: [ No Smoking ] 

သင့်သူငယ်ချင်းတွေထဲ ဆေးလိပ်သောက်သုံးသူများရှိရင် ဒီသတိပေးစာလေးဝေမျှပေးလိုက်ပါ ။ 

ဆေးလိပ်သောက်ခြင်းကြောင့် Buerger ဘားဂါးလို့ခေါ်တဲ့ သွေးကြောပိတ်ဆို့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ် ။ 

ဒါ့အပြင် ဆေးလိပ်ထဲမှာ ပါတဲ့အဆိပ်တွေကြောင့် ပါးစပ် ကင်ဆာ အာခံတွင်းကင်ဆာ လည်မြိုကင်ဆာမှအစ အဆုတ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ် ။ 

အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ရနိုင်ခြေနည်းပြီး အကယ်၍ မွေးလာခဲ့ရင်လည်းဆေးလိပ်မှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် မွေးရာပါချို့ယွင်းချက်တွေပါလာနိုင်ပါတယ် ။ 

မိမိ တစ်ဦးတည်းသာ ရောဂါခံစားယုံမျှမက မိမိချစ်ခင်ရသော ဘေးမှ မိတ်ဆွေသူငယ်ချင်း မိသားစုများကိုပါ ဆေးလိပ်ငွေ့ရှုစေသလိုဖြစ်တဲ့အတွက် 
ကျွန်တော်တို့အားလုံး ယခုကစ ဆေးလိပ်ဖြတ်ကြပါစို့လား ။ 

Let's try to stop smoking !!!

သက်တန့်ချို
သင့်သူငယ်ချင်းတွေထဲ ဆေးလိပ်သောက်သုံးသူများရှိရင် ဒီသတိပေးစာလေးဝေမျှပေးလိုက်ပါ ။

ဆေးလိပ်သောက်ခြင်းကြောင့် Buerger ဘားဂါးလို့ခေါ်တဲ့ သွေးကြောပိတ်ဆို့တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ် ။

ဒါ့အပြင် ဆေးလိပ်ထဲမှာ ပါတဲ့အဆိပ်တွေကြောင့် ပါးစပ် ကင်ဆာ အာခံတွင်းကင်ဆာ လည်မြိုကင်ဆာမှအစ အဆုတ်ကင်ဆာအထိ ဖြစ်စေနိုင်ပါတယ် ။

သိမှတ်သင့်သော စကားလုံးတစ်ချို့




(က) သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု

(၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း
(၂) စစ်မှန်သော စေတနာ
(၃) ခင်မင်ရင်းနှီးမှု

(ခ) သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု

(၁) အမုန်း
(၂) မာန
(၃) ဒေါသ

(ဂ) သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုဆက်ဆံသင့်သော အရာသုံးခု

(၁) လေးစားမှု
(၂) တန်ဖိုး
(၃) ကျေးဇူး

မေတ္တာ ဂရုဏာ ၀ိုင်းပါ ၀န်းပါ ကူညီပါ



ချစ်လှစွာသော မိတ်ဆွေ သူငယ်ချင်းအပေါင်းကို
နှိုးဆော် တိုက်တွန်းလို့

အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ
ကိုယ်အား ငွေအား တတ်နိုင်သမျှ

ကျွန်တော်နှင့်အတူ ပါဝင်လှူဒါန်းလိုပါက
နေပြည်တော်ရှိ သူငယ်ချင်းများကို မောင်းတီးလိုက်ပါတယ်
ဆက်သွယ်ရန် - 09-420728760

အနာဂတ်ကြယ်ပွင့်လေးများပညာရေး ဖောင်ဒေးရှင်အဖွဲ့မှ
၂၀၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည့်

မှော်ဘီမြောင်းတကာ ကျေးရွာရှိ ပုညကာရီ ဘုန်းတော်ကြီးကျောင်းတွင်
မိဘမဲ့ ကလေးသူငယ်များအား
ပညာသင် ထောက်ပံ့ကြေး ပေးအပ်လှူဒါန်းခြင်းနှင့် အခြားသော ကျောင်းသုံး စာရေး ကိရီယာများ ထောက်ပံ့ပေးခြင်းများကို ပြုလုပ်မည် ဖြစ်ပါသောကြောင့်
ဝိုင်းပါ ၀န်းပါ ကူညီပါဆိုသည့် မွန်မြတ်သော စိတ်နဲ့အညီ

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...