လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, April 1, 2012

တောင်းပန်ခြင်း

တောင်းပန်ခြင်း
ချစ်ဘ၀လေးတော့
ကျုပ်ရေးပရစေဗျာ..
နိုင်ငံတကာ အရေးလည်းမရ
ဒီမိုကရေစီ အရေးလည်း မရ..
သူ့ဘာသာ ဖြစ်နေကြတာ.

သံသရာမှာ မိတ်ဆွေတို့....
ဖြစ်ချိန်တန် လျှင်ဖြစ်
ပျက်ချိန်တန် ရင်ပျက်ကြတော့..
လောကရဲ့ သဘာဝ ဓိမံတာ“

ခါးမျက်ရည်..



♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အချစ် ဆိုတာ ဘောင်ခတ်ထားလို့မရဘူး။
အချစ် ဆိုတာ မေ့ဖျောက်ထားလို့မရ ဘူး။
အချစ် ဆိုတာ တားဆီးလို့ မရဘူး။
ငါသူ့ကို အချစ်ကြီးချစ်မိသွားတယ် သူကတော့ငါ့ကို စိတ်ထဲတောင်မရှိဘူးထင်တယ်..

ဆီးကြိုနေသော နွေသင်တန်းများ

ဆီးကြိုနေသော နွေသင်တန်းများ
“ကျောင်းပိတ်ချိန်မှာ ရေ သွားကူးမယ်။ နောက်နှစ်အတွက် ကျူရှင်ကြိုတက်ရမယ်”ဟု ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးကျောင်းမှ အဋ္ဌမတန်းကျောင်း သားတစ်ဦးက နွေရာသီ ကျောင်းပိတ်ချိန်အတွက် ပြင်ဆင် ထားမှုကိုပြောသည်။ အခြေခံ ပညာကျောင်းများ၏ ပညာသင် နှစ်ကုန်လွန်၍ နွေရာသီအားလပ် ရက်ရောက်ရှိ လာသော်လည်း မြို့ကြီးများတွင် နေထိုင်ကြသော ကျောင်းသားအများစုအတွက် နွေရာသီသင်တန်းများက အသင့်ဆီးကြိုနေသည်။
မြို့ပြတွင်နေထိုင်သူများ သည် ငွေကြေးတတ်နိုင်မှုပေါ်မူတည်၍ မိမိရင်သွေးကို အများ တကာထက် ထူးချွန်စေရန် အနု ပညာသင်တန်းများ၊ အားကစားသင်တန်းများ၊ ဘာသာစကားသင် တန်းများ၊ ကွန်ပျုတာကျွမ်းကျင်မှုသင်တန်းများသာမက လာမည့် ပညာသင်နှစ်၏ သင်ခန်းစာများ ကို နွေရာသီကျောင်းပိတ်ကာလတွင်သင်ယူစေ လျက်ရှိကြသည်။ 

ကောင်းရာဘုံကို ရောက်ပါစေ...

ကောင်းရာဘုံကို ရောက်ပါစေ...
သေတာကို မနာလို ဖြစ်စရာလား..
တကယ်ကို မနာလို ဖြစ်မိပါတယ်..
သေပုံက (ထူး) လို့ပါ...
ရုတ်တရက် မို့...
ရွှေရင်မှာ တကယ်၊(ဆို့) ပေမယ်..
ဝေဒနာကို မခံစား....
သေခင်မှာ တရား (ဦး) သူမို့...
(ကူး) ပါလိမ့် မြတ်နိဗာန်...


မျှော်ရ.....မျှော်ရ ....မျှော်ရ..

မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာဗျ.....
ဖုန်းဈေးကျမယ်ဆိုလည်း... မျှော်ရ...
လစာတိုးမယ်ဆိုလည်း ... မျှော်ရ..
ဆင်းရဲသား ပပျောက်မယ်ဆိုလည်း မျှော်ရ...
အင်တာနက် လိုင်းကောင်းမယ်ဆိုလည်း .. မျှော်ရ...
*******************မျှော်ရ....
*******************မျှော်ရ....
*******************မျှော်ရ....


လာခြင်းကောင်း၍ ပြန်ခြင်းချမ်းမြေ့ကြပါစေ

မပြစ်မှားအပ်သော အနန္တော အနန္တငါးပါး ၊ ခင်ပွန်းကြီး(၁၀)ပါး ဖြစ်သော--
၁.. ဘုရား
၂.. ပစ္စေကဗုဒ္စါ
၃.. ရဟန္တာ
၎.. အဂသာဝက
၅.. အမိ
၆.. အဘ
၇.. အလေးပြုအပ်သောဆရာ
၈.. အတတ်သင်ပေးသောဆရာ
၉.. တရားဟောပြသောဆရာ
၁၀.. မိမိကို ကူညီတတ်သူ
(ဘုရားရဟန္တာ ပစ္စေကဗုဒ္စါ အဂသာဝက မိနှင့်ဘ အလေးပြုအပ် အတတ်ကိုပင် ဟောလျှင်တရား သုံးပါးဆရာမြတ်၊ ပေးစွန့်တတ် ဆယ်ရပ်ခင်ပွန်းကြီး)

အတွေးစလေးတစ်ခု**♫♫

အတွေးစလေးတစ်ခု
အတွေးစလေးတစ်ခုကြောင့်..
အရေးမလှဘူးဆိုရင် ထားလိုက်ပါ..
တကယ်တော့ မင်းနဲ့ငါ နီးစပ်ဖို့
မရေရာဘူးကွာ..
ဘ၀မှာ တစ်ခါလောက်
ချစ်တဲ့သူနဲ့ အတူနေရမဲ့ တစ်ရက်လေး ရမယ်ဆိုရင်..
နောက်တစ်ကြိမ် မျှော်လင့်ခွင့်မရှိပင်မဲ့..
မျှော်လင့်နေသူပါ...

ရင်တွင်းပစ် (လေးစားလျက်) လမင်း

♥ ပျောက်ရှခဲ့တာ ♥

ဘ၀မှာ နာကျင်စရာကောင်းတဲ့
လမ်းတွေ လျှောက်လှမ်းခဲ့ရသလို..
တစ်ခါတစ်ရံမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ
ကန္ဒီပါလမ်း ပန်းခင်းလမ်းလို့ မဆို...
ကိုယ်တို့ အိမ်နောက်ဖေး လှမ်းကျဉ်းလေး ဖြစ်ပါစေ..
အတိတ်မှာ အမှတ်တရ ကျန်ရစ်ထားခြင်းလို့ပါ...

မေမြို့ လွမ်းချင်း***♪♪



မေမြို့ လွမ်းချင်း

လေးပြေ လေအေး လေညှင်းလေးတွေကြား
ကားတွေ ပတ်စီးရင်း အတူပျော်ခဲ့ရတယ်..
မေမြို့ရဲ့ လမ်းဘေးက စစ်တက္ကသိုလ်ရှေ့
ကျောက်ရုပ်တုတွေတောင် ငါတို့ကို သတိရနေတယ်..

♫ ** သံယောဇဉ်ဖြတ်တဲ့**♥



♫ ** သံယောဇဉ်ဖြတ်တဲ့**♥

သံဇဉ်တွေနဲ့တောင် ပြောပြလိုက်ချင်တယ်...
အရုပ်ကလေးတွေမှ မဟုတ်ဘဲ..
မိုးချိန်းတိုင်း မိုးနဲ့အတူ ငိုခဲ့ရတယ်..လေ
ဆောင်းရောက်တိုင်း ဆောင်းနှင့်အတူ.. ချမ်းအေးနေရတယ်.. လေ
နွေရောက်တိုင်း နွေနှင့်အတူ.. ပူလောင်နေရတယ်.လေ.. (နေ ဆယ် စင်းလို)
Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...